Tuesday, October 16, 2007

ရထားဝန်ကြီး အောင်မင်းနှင့် ပတ်သက်ပြီး အတည်မပြုရသေးသော သတင်းများထွက်
မိုးမခ အထောက်တော် ၀၀၃၊ အောက်တိုဘာ ၁၅၊ ၂၀၀၇

ပဲခူးမှ ဆရာတော်ဆိုသူ တဦးက စစ်အာဏာပိုင်အချို့ကို အတိုက်အခံများအား ပြတ်ပြတ်သားသား အရေးယူရန် ပြောကြားခဲ့သည့် အသံခွေတစ်ခု မြန်မာအင်တာနက် စာတိုက်များတွင် စက်တင်ဘာ နောက်ဆုံးအပတ်က ပြန့် နှံ့ခဲ့သည်။ ထိုအသံခွေထဲမှ တရားနာနေသူမှာ ရထားဝန်ကြီး အောင်မင်း ဖြစ်သည်ဟု စာဖတ်သူ ပေးစာမှတဆင့် သိရှိရပါသည်။
ယခုအခါ ထိုစစ်ဝန်ကြီး အောင်မင်းနှင့် ပတ်သက်ပြီး အတည်မပြုရသေးသော သတင်းမဵား ပြည်တွင်းမှ ထပ်မံ ကြားသိရသဖြင့် တင်ပြလိုက်ရပါသည်။
ရထားဝန်ကြီး အောင်မင်းသည် ကွယ်လွန်သူ စစ်ဝန်ကြီးချုပ် စိုးဝင်း၏ လက်ရုံးတဦး ဖြစ်ကြောင်း၊ ယခု သံဃာသ ပိတ်ကို ရက်စက်စွာနှိမ်နင်းရာတွင် တက်ကြွစွာ အမိန့်ပေးညွှန်ကြားသူများထဲတွင် တဦးပါဝင်ကြောင်း၊ ၄င်းပိုင် ဆိုင်သည့် Sunday Mart ဈေးဆိုင်မဵားကို ရန်ကုန်နှင့် နေပြည်တော်အနှံ့တွင် ဖွင့်လှစ်ထားကြောင်း၊ ရထားဝန် ကြီးဌာနပိုင် မြေယာမဵား၊ အဆောက်အဦမဵားကို ဌားရမ်းရောင်းချရန် ပြင်ဆင်လျက်ရှိကြောင်း၊ ထို့အပြင် သံဃာ တော်မဵားကို သွေးမြေကျအောင် နှိမ်မင်းပြီးသည့်နောက် မြိုႚရွာများ၏ ပြင်ပ၊ လမ်းပန်းခက်ခဲသော နေရာမဵားသိုႚ ဘုန်းကြီးကျောင်းများကို ပြောင်းရွှေႚနေရာချထားရန် စီစဉ်နေသူတဦး ဖြစ်ကြောင်း၊ ရန်ကုန်မြိုႚပြင်တွင် ဇုံ ၁၊ ၂၊ ၃ သတ်မှတ်ထားပြီး ဖြစ်ကြောင်း စသည်ဖြင့် မိုးမခသိုႚ ပြည်တွင်းက သတင်းပိုႚပါသည်။
မြန်မာတိုင်းမ်စ် စာစောင်အဆိုအရမူ အထက်ပါ ဆန်းဒေးမတ်တ်ကို ပိုင်ဆိုင်သူမှာ ဦးညွန်ႚ၀င်း ဖြစ်သည် ဟု ဆောင်းပါးတခုတွင် ဖော်ပြထားသည်ကို တွေႚရပါသည်။ မိုးမခမှ ထပ်မံအတည်ပြုနိုင်ပါက ဆက်လက် ဖော်ပြပေးပါမည်။
ယခုအခဵိန်တွင် နအဖ စစ်အာဏာပိုင်များ၏ စီးပွားရေး၊ လူမှုရေးနှင့် မိသားစု ကွန်ယက်များကို မြန်မာ ပြည်သူများက သပိတ်မှောက်သည့် အပြုအမူများ တိုးပွားလာလျက်ရှိရာ၊ ပြည်တွင်းတွင် ဂျေဒိုးနတ် ကော်ဖီဆိုင်၊ ထူးကုမ္ပဏီပိုင် လုပ်ငန်းမဵားနှင့် အဲယားပုဂံတိုႚမှာ သပိတ်မှောက်စာရင်းတွင် ထိပ်ဆုံးမှရှိသည်။ မြန်မာလေကြောင်း မှာမူ ဥရောပမှ အာမခံလက်မှတ် ထုတ်မပေးသဖြင့် အားပေးသူ မရှိသလောက် ဖြစ်နေသည်။

အင်တာနက် ၂၄ နာရီ ပြန်သုံးခွင့်ရပြီ
မဇ္ဈိမ (၁၅-၁၀-၀၇)
မြန်မာပြည်အတွင်း စက်တင်ဘာ လကုန်ပိုင်းတွင် ပြတ်တောက်သွားပြီး ယခု လဆန်းပိုင်းက အချိန်ပိုင်းသာ ပြန် လည် အသုံးပြုနိုင်သော အင်တာနက် ဆက်သွယ်ရေးလိုင်းကို ယမန်နေ့မှ စတင်ကာ ၂၄ နာရီ သုံးစွဲလာနိုင်ပြီဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း သံဃာတော်များနှင့် ပြည်သူများ၏ ဆန္ဒပြပွဲများ ဖြစ်ပေါ်နေပုံကို သတင်း အ ချက်အလက်၊ ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ အဓိက စီးဆင်းသွားလာရာ လမ်းကြောင်းဖြစ်သည့် အင်တာနက် ဆက်သွယ်ရေးလိုင်းကို နအဖ စစ်အစိုးရက လကုန်ပိုင်းတွင် ဖြတ်တောက်ခဲ့ပြီး ယခုလဆန်းပိုင်း၌ ဖွင့်ချီပိတ်ချီ အ တန်တန် ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က ၂၄ နာရီကြာ သုံးစွဲနိုင်ခြင်း ဖြစ်သည်။
“ရပြီ။ မနေ့က စရတယ်။ မြို့ထဲက ကျနော့်ဆိုင်ကိုတော့ ပိတ်ထားသလို၊ တခြားဆိုင်တွေလည်း ပိတ်ထားတာတွေ ရှိတယ်။ အင်တာနက် လာသုံးတဲ့ လူတွေလည်း အေးအေးဆေးဆေး သုံးလို့ ရပါတယ်။ အခုထိတော့ အေးဆေး တယ်လို့ ပြောရမှာပေါ့” ဟု အင်တာနက် ဆိုင်ပိုင်ရှင် လူငယ်တဦးက ပြောသည်။
ယခုလို ပြန်လည် ဖွင့်ပေးလိုက်ခြင်းသည် တိုင်းပြည်အတွင်း အခြေအနေများ တည်ငြိမ်သွားပြီဟူသည့် သဘော ကို နအဖ စစ်အစိုးရမှ ပြသလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု သူက ပြောဆိုသည်။
အင်တာနက် ကဖေးဆိုင်များတွင် သုံးစွဲသူများကို စောင့်ကြည့်ရန် အတွက် ရဲအိုင်တီ (ရဲနည်းပညာ) အဖွဲ့ကို စစ် အစိုးရက ဖွဲ့စည်းထားပြီး မသင်္ကာသည့် ဆိုင်များတွင် လာရောက် စောင့်ကြည့်ခြင်း၊ လာရောက် သုံးစွဲသူများ အ နေဖြင့် နိုင်ငံရေးနှင့် ပတ်သက်သည့် အင်တာနက် စာမျက်နှာများအတွင်း ဝင်ရောက် ကြည့်ရှူပါက မှတ်သားထား နိုင်ရန်အတွက် ကွန်ပြူတာ Screen Shot နည်းပညာကိုလည်း အချို့ဆိုင်များတွင် ထည့်သွင်းထားသည်ဟု သိရ သည်။
“သူတို့ ပြောထားတာကတော့ လုပ်ထားရမယ် ပြောတာပဲ။ ကျနော့် ဆိုင်မှာတော့ မလုပ်ထားပါဘူး။ လုပ်တဲ့ ဆိုင် တွေလည်း လုပ်ထားကြတယ်။ အခုထိတော့ မလုပ်ဘဲ နေလို့တော့ ရသေးတယ်ဗျ” ဟု အင်တာနက်ကဖေး ပိုင် ရှင် လူငယ်က ဆက်ပြောသည်။
ယခုလို အင်တာနက်လိုင်းများ ပြန်လည် ဖွင့်ပေးလိုက်သလို၊ ဆန္ဒပြပွဲများ ဖြစ်ပွားစဉ်ကပင် လုံခြုံရေး တင်းကျပ်ခဲ့ သည့် ရန်ကုန်မြို့တွင် ယခုအခါ ညမထွက်ရ အမိန့်ကို ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ၁ နာရီကြာစီ လျှော့ချ လိုက်ပြီး၊ လုံထိန်းများကို နေရာအနှံ့ မတွေ့ရသော်လည်း အရပ်ဝတ်နှင့် ထောက်လှမ်းရေးများက လူစည်ကားရာ နေရာများ၌ ရှိနေသေးကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုကြသည်။
“ကျမတို့ ဘက်ကိုလည်း ညတိုင်း စစ်ကားတွေ လှည့်နေတာ ရှိသေးတယ်။ ၃ စီးလောက်လာပြီး နောက် ၁ နာရီ လောက် ဆိုရင် ၅ စီးလာရင် လာသွားတယ်။ ညတိုင်းတော့ ပတ်နေတာပဲ။ တခုရှိသေးတာက စွမ်းအားရှင်တွေကို လည်း စက်ဘီး တယောက်တစီး ဝေပေးထားတယ်တဲ့။ ညတိုင်း ၁၁ နာရီ ကျော်ပြီဆိုရင် လျှောက်ပတ်နေတာပဲ” ဟု လှိုင်သာယာမြို့နယ်မှ ကျောင်းသူတဦးက ပြောသည်။
နေ့ခင်းအချိန်များတွင် မြို့တွင်း၌ လုံခြုံရေး စောင့်ကျပ်မှုများ လျော့ပါးသွားသော်လည်း အာဏာပိုင်များက လူဖမ်းပွဲကို ဆက်လက် ကျင်းပနေဆဲ ဖြစ်ကြောင်းနှင့် ယခုလ ၁၁ ရက်နေ့ ညက လှိုင်သာယာမြို့နယ် ၁ ရပ်ကွက် မြခွာညိုလမ်းမှ အနောက်ပိုင်း တက္က သိုလ် ဓာတုဗေဒ ကျောင်းသား တဦးကိုလည်း နေအိမ်သို့ လာရောက်ရှာဖွေကာ ဖမ်းဆီး သွားခဲ့သည်ဟု သူက ဆက်ပြောသည်။
“ကိုရဲတံခွန်ကို ၁၁ ရက်၊ ၁ဝ လ မနက် ၃ နာရီလောက်မှာ အိမ်ထဲ ဝင်ဖမ်းသွားတယ်။ လာဖမ်းတဲ့ လူတွေက မယက ဥက္က ဌ ခင်သိန်းမောင်။ ရယက အတွင်းရေးမှူး ကိုတင်စိုးနီနဲ့ အောင်ဆန်းဦး။ စအဖတွေ ပါတယ်။ အားလုံး ၈ ယောက်လောက် ရှိတယ်” ဟု သူက ပြောသည်။
ကိုရဲတံခွန် ဖမ်းဆီးခံရသည့် သတင်းနှင့် ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီခြား အတည်ပြုချက် မရသေးပါ။
မြန်မာပြည်၏ ဒုတိယမြို့ကြီးတခုဖြစ်သော မန္တလေးမြို့တွင်လည်း ရန်ကုန်မြို့ကဲ့သို့ လုံခြုံရေး စောင့်ကြပ်သူများကို လျှော့ချခြင်း၊ ပိတ်ထားသည့်လမ်းများ ပြန်ဖွင့်ပေးခြင်း လုပ်ဆောင်နေသည်ကို တွေ့နေရသည်ဟု မန္တလေးမြို့ခံ တဦးကလည်း ပြောသည်။
“အခုအခြေအနေကတော့ ငြိမ်သွားပြီလို့ သူတို့ မတွက်ထားလောက်ဘူး။ သို့သော် သူတို့ဘက်က နိုင်နင်းသွားတဲ့ အနေအထား ရှိခဲ့တယ် ဆိုတော့ အခုအခြေအနေမှာ စစ်သားတွေ ဒီလောက်သုံးစရာ မလိုလို့ ခဏပြန် ဖြုတ်ထားတဲ့ သဘောပါပဲ။ ဗြုန်းခနဲ တခုခု ဖြစ်လာတယ်ဆိုရင် ပြန်ခေါ်လို့ရအောင် အဆင်သင့် လုပ်ထားမှာပဲ” ဟု သူက ပြောသည်။

ဆွမ်းကပ်သူ စာပေ၊ အနုပညာရှင်များကို စစ်အစိုးရက လုပ်ပိုင်ခွင့်ပိတ်ပင်
မဇ္ဈိမ (၁၅-၁၀-၀၇)

စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် စာပေ၊ အနုပညာရှင် အချို့၏ အနုပညာ လုပ်ပိုင်ခွင့်များကို အာဏာပိုင်များက ပိတ်ပင်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က ရွှေတိဂုံ ဘုရားရှိ ကြေးသွန်းဘုရားတွင် ကံဆောင် သပိတ်မှောက် ခဲ့သည့် သံယာတော်များကို ဆွမ်းကပ်ရာတွင် ပါဝင်ခဲ့သည့် အနုပညာရှင် အချို့ဖြစ်သည့် စာရေးဆရာ မာဂျေ အ ပါအဝင် စာရေးဆရာမ သန်းမြင့်အောင် (နာရေး ကူညီမှုအသင်း၊ ဒုဥက္ကဌ)၊ ကိုစိုးဝင်းငြိမ်း (ဒီဇိုင်း ပညာရှင်နှင့် ဓာတ်ပုံ ပညာရှင်)၊ ကိုဦးဆွေ (စာရေးဆရာနှင့် Middle Line - တာဝန်ခံ အယ်ဒီတာ) ၊ ဘောလုံး ဆောင်းပါးရှင် ကိုဇော်သက်ထွေး၊ ရုပ်ရှင်သရုပ်ဆောင် ဟာသမင်းသား ဖိုးဖြူ၊ ကာတွန်း ရေးဆွဲသူ အော်ပီကျယ်နှင့် လူထုဒေါ်အ မာ တို့ကို အနုပညာရှင် လုပ်ပိုင်ခွင့်များ အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်။
“ဆရာ မာဂျေဆိုရင် ကြေးသွန်းဘုရားမှာ ဘုန်းကြီးတွေကို ဆွမ်းကပ်တဲ့ အထဲမှာ ပါတယ်လို့ သူတို့ ဓာတ်ပုံထဲမှာ ပါတဲ့ အတွက်ကြောင့် ပိတ်လိုက်တယ်လို့ ပြောတယ်” ဟု ရန်ကုန်ရှိ စာပေ အသိုင်းအဝိုင်းမှ စာရေးဆရာ တဦးက ပြောသည်။
ယခုလို စာပေနှင့် အခြား အနုပညာရှင်များကို တရားဝင် အကြောင်းကြားခြင်း မရှိသော်လည်း၊ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ ဆင်ဆာဘုတ်အဖွဲ့က သူတို့၏ ကလောင်အမည်ပါ စာမူများကို ထည့်သွင်း ထုတ်ဝေသော ဂျာနယ်၊ မဂ္ဂဇင်းများကို စိစစ်ရေး တင်သောအခါ မည်သည့် အကြောင်းပြချက်မှ ပေးခြင်း မရှိဘဲ၊ ဖြုတ်ချခံရသည်ဟု သိရသည်။
“ဘောလုံးသတင်း ရေးတာတောင်၊ ပြည်တွင်း ဘောလုံးသတင်း ရေးတာမဟုတ်ဘူး။ နိုင်ငံတကာက ဘောလုံးသ မားတွေ အကြောင်းနဲ့ သူတို့ရဲ့ ကစားပုံကို ရေးတာ။ ဆင်ဆာ ထိနိုင်စရာ တစုံတရာ မရှိဘူး။ ဒါပေမယ့် စာပေစိ စစ်ရေးမှာ တင်လိုက်တော့ ပြန်ပါမလာတော့ဘူး” ဟု အပတ်စဉ်ထုတ် ဂျာနယ်တခုမှ အယ်ဒီတာ တဦးက ပြော သည်။
ယခုလို လုပ်ပိုင်ခွင့်များကို ပိတ်ပင်လိုက်ခြင်းသည် စာရေးသူ၊ အနုပညာရှင်များ၏ ကလောင်သွားတင်မက၊ စာ ရေးသူ အနုပညာရှင်များ၏ အသက်ကို သတ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း ဝါရင့်မဂ္ဂဇင်း အယ်ဒီတာ တ ဦးက ယခုလို ဝေဖန်ပြောဆိုလိုက်သည်။
“ကလောင်နာမည်တခု မွေးဖွားဖို့၊ လာဖို့အထိ ပြုစုလာခဲ့ရတာ လွယ်တဲ့ခရီး မဟုတ်ပါဘူး။ ဘဝနဲ့ရင်းပြီး စာရေး လာခဲ့ကြတဲ့ စာပေ အနုပညာရှင်တွေကို အခုလို ပိတ်လိုက်တာဟာ ကလောင်သေအောင် လုပ်လိုက်တာ ဖြစ် တယ်။ လူကိုပါ သတ်လိုက်တာနဲ့ အတူတူပါပဲ” ဟု သူက ပြောသည်။

မစ္စတာဂမ်ဘာရီ ထိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံ
NEJ/ TNA / ၁၅ အောက်တိုဘာ ၂၀၀၇
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီသည် ထိုင်းနိုင်ငံ၌ ရောက်ရှိနေပြီး ထိုင်းအစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့် ယနေ့တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးသည်။
မစ္စတာဂမ်ဘာရီသည် ယနေ့နံနက်ပိုင်း၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နစ်ဖိဘွန်ဆွန်ဂရာနှင့် သွားရောက်တွေ့ဆုံ၍ မွန်းလွဲပိုင်း၌ ထိုင်းဝန်ကြီးချုပ် စူရာယွတ်ချူလာနွန်ကို သွားရောက်တွေ့ဆုံသည်။
မြန်မာပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် နီးကပ်စွာ အတူပူးပေါင်း လုပ် ကိုင်ခြင်းဖြင့် ရှေ့တိုးဆောင်ရွက်နိုင်မည်ဟု ကုလသမဂ္ဂအနေဖြင့် ယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် မစ္စတာဂမ်ဘာရီက သတင်းထောက်များကို ပြောကြားသည်။
၎င်းက “ကျနော်တို့ ပိုမိုကောင်းမွန်လာအောင်လုပ်နိုင်ပါတယ်။ ထိုင်း၊ တရုတ်၊ အင်ဒိုနီးရှားနိုင်ငံတို့ အပါအ၀င် ကျ နော်တို့အားလုံးပဲပေါ့။ ကျနော်တို့လုပ်နိုင်သလောက် အကောင်းဆုံးလုပ်နေပါတယ်။ ပြီးတော့ မြန်မာအစိုးရက လူ့ အခွင့်အရေး ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်သူတွေရဲ့ သာယာဝပြောမှုကို အပြည့်အ၀ လေးစားလိုက်နာဖို့ တောင်းဆို ပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးမှုရှိနေဆဲဖြစ်ပြီး ခြိမ်းခြောက်မှုများသည် အလွန်အမင်း ထိတ်လန့်စရာ ကောင်းကြောင်း၊ ကမ္ဘာ့အဖွဲ့အစည်းများနှင့် မြန်မာအာဏာပိုင်တို့အကြား ပူးပေါင်းဆောင်ရွက်လို စိတ်နှင့် စေ့စပ်ညှိနှိုင်းချင်စိတ်တို့မှာ ဆန့်ကျင်ဘက် ဖြစ်နေကြောင်းလည်း မစ္စတာဂမ်ဘာရီက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံ၌ အဖမ်းအဆီးများ ဆက်လက်ဖြစ်ပေါ်နေခြင်းကို လက်မခံနိုင်ကြောင်း၊ လူ့အခွင့်အရေး ချိုး ဖောက်မှုများကို ရပ်တန့်ရန်၊ အင်တာနက် ပိတ်ပင်ထားမှု ရုပ်သိမ်းပေးရန်၊ ညမထွက်ရအမိန့် သတ်မှတ်ချိန် လျော့ချပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်တို့ကို မြန်မာစစ်အစိုးရထံ တောင်းဆိုကြောင်း လည်း ၎င်းက ဆက်လက်ပြောကြားသည်။
မစ္စတာဂမ်ဘာရီသည် ထိုင်းနိုင်ငံခရီးစဉ်အပြီး မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့သို့ ဆက် လက်သွားရောက်၍ မြန်မာနိုင်ငံပြဿနာ အဖြေရှာနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများမှ အစိုးရခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးရန်ရှိသည်။

No comments: