မီဒီယာမောင်
တကမ္ဘာလုံးရဲ့ ကဲ့ရဲ့ပြစ်တင်ရှုတ်ချမှုတွေကို မျက်နှာပြောင်တိုက်ရင်ဆိုင်ပြီး အရှက်မရှိ တိုင်းပြည်ကို ဗိုလ်ကျစိုးမိုး နေတဲ့ နအဖစစ်အာဏာရူးတစုရဲ့ အစိုးရဆိုတဲ့အဖွဲ့ထဲမှာ သနားစရာအကောင်းဆုံး သကောင့်သားနှစ်ဦးကတော့ နိုင်ငံခြားရေးဝန်ကြီးဆိုသူ ဗိုလ်ဥာဏ်ဝင်းနဲ့ ပြန်ကြားရေးဝန်ကြီးဆိုသူ ဗိုလ်ကျော်ဆန်းတို့နှစ်ဦးပဲ ဖြစ်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီနှစ်ယောက်ကပဲ မကြာခဏ လူရှေ့ထွက်ပြီး နအဖရဲ့ မဟုတ်မဟတ် လုပ်ဇာတ်တွေကို လုပ်ကြံလီစယ်ပြီး ပြောပေးဆိုပေးနေရလို့ပါပဲ။ ဗိုလ်ဥာဏ်ဝင်းက နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေကြားထဲ အဆူအ ဆဲအငေါက်ခံကာ မျက်နှာပြောင်ပြောင်နဲ့ သွားလိမ်ပေးရပြီး နောက်တယောက်ဖြစ်တဲ့ ဗိုလ်ကျော်ဆန်းကတော့ ပြည်တွင်းကနေ အရှက်မဲ့စွာ ရှေ့မျက်နှာနောက်ထားပြီး ဗြောင်လိမ်ပေးနေရလို့ပဲဖြစ်တယ်။
နအဖရဲ့ ပြန်ကြားရေးဝန်ကြီးအဆက်ဆက်မှာ ဗိုလ်ကျော်ဆန်းကိုတော့ အရင်မောင်တွေနဲ့မတူ တမူထူးခြားတယ် လို့ပဲ ပြောရမယ်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့လက်ထက်ကျမှ ဘယ်သူက ရူးကြောင်ကြောင် အကြံ ပေးလိုက်မှန်းမသိတဲ့ ‘မီဒီယာကို မီဒီယာနဲ့တုန့်ပြန်ကြ’ ဆိုတဲ့ သွေးရူးသွေးတန်းမူဝါဒတခုကို ထုတ်ပြန်လာလို့ပဲ ဖြစ်ပါတယ်။ နအဖဟာ ၁၉၈၈ခုနှစ် စက်တင်ဘာလမှာ လက်နက်အားကိုးနဲ့ အာဏာကိုအတင်း အဓမ္မရယူခဲ့တဲ့ အချိန်ကတည်းက ပြည်ပအသံလွှင့်ဌာနတွေအပေါ် မိုးလုံးပြည့်မုသာဝါဒတွေလို့စွပ်စွဲပြီး အလေနထော အောက် တန်းကျတဲ့ အရေးအသားတွေနဲ့ သူတို့ပိုင်သတင်းစာတွေကနေ တုန့်ပြန်ရေးသားခဲ့တာဖြစ်ပါတယ်။ အခုအချိန်ကျ မှ အဲဒီမူဝါဒထုတ်ပြန်လာတာကိုကြည့်ရင် နအဖစစ်အာဏာရူးတွေဟာ ပြည်ပမီဒီယာတွေရဲ့ ထိုးနှက်မှုကို အခုအ ချိန်မှာ အလူးအလဲ ခံနေရတယ်ဆိုတာ ပေါ်လွင်တယ်။
သူတို့အနေနဲ့ (၁၇)နှစ်လုံးလုံး ကလောင်ဝှက်အမျိုးမျိုးသုံးပြီး ပြည်ပမီဒီယာတွေအပေါ် တုန့်ပြန်ရေးသားခဲ့ပေမယ့် အမှားအမှန်ကို ခွဲခြားသိမြင်တတ်တဲ့ မြန်မာပြည်သူလူထုက သူတို့ရဲ့ဝါဒဖြန့်ချိမှုတွေကို လက်မခံကြဘူးဆိုတာ တဖြေးဖြေး ရိပ်မိလာပုံရတယ်။ အဲဒါကြောင့်မို့ နအဖဘက်တော်သား ဖော်လံဖားကလောင်ရှင်တွေရဲ့ ရေးသားမှု တွေနဲ့ချည်း မလုံလောက်တော့ဘူးလို့ သုံးသပ်ပြီး အခုလို ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကမီဒီယာသမားတွေအပေါ် သူ တို့ဘက်က ကူညီရေးသားပေးဖို့ အကူအညီတောင်းခံတာလို့ပဲမြင်တယ်။ အလူးအလဲခံနေရတဲ့အတွက် ကယ်ကြ ပါဦးလို့အော်ပြီး အကူအညီတောင်းတဲ့သဘောပေါ့။
နအဖသက်တမ်းတလျှောက်မှာ သူတို့ရဲ့ ဇွတ်အတင်းအဓမ္မ ၀ါဒဖြန့်ချိမှုတွေကို ပြည်သူတွေက လက်မခံဘဲ ပုံစံအ မျိုးမျိုးနဲ့ တုန့်ပြန်ခဲ့ကြပါတယ်။ လူအများစု သတင်းစာယူတာဟာ စီးပွားရေးကြော်ငြာတွေနဲ့ နာရေးသ တင်းတွေ ဖတ်ဖို့လောက်သာဖြစ်တယ်။ နအဖသတင်းစာတွေမှာ ရေးသားတဲ့ ဆောင်းပါးတွေကို လူတော်တော်များများက လှန်တောင်မကြည့်ကြဘဲ ကျော်ဖတ်ကြတယ်။ တချို့စာဖတ်သူတွေကျတော့လည်း သူတို့ဆောင်းပါးတွေထဲမှာ ကိုးကားဖော်ပြတဲ့ မိုးလုံးပြည့်မုသာဝါဒတွေကိုဖတ်ရမှပဲ အမှန်တွေကို သိရတော့တယ်ဆိုပြီး သေသေချာချာလုံး စေ့ပတ်စေ့ ဖတ်ကြတယ်။ အဲသလိုဖတ်တာဟာ သူတို့ရဲ့ဆောင်းပါးတွေကို ထောက်ခံလို့ဖတ်တာ မဟုတ်ပါဘူး။ ပြည်ပမီဒီယာတွေအပေါ် သူတို့ဘာတွေ မဟုတ်မဟတ် ရေးထားသလဲဆိုတာကို သိချင်လို့ ဖတ်ကြတာဖြစ်တယ်။ ရုပ်မြင်သံကြားဆိုရင်လည်း နအဖသတင်းတွေလာတဲ့အချိန်ဆို လူတွေကတီဗွီတွေကို ပိတ်ထားကြတယ်။ သ တင်းနဲ့ ပေါ်လစီသီချင်းတွေလွှင့်အပြီး ကိုးရီးယားကားတို့၊ တရုတ်ကားတို့ လာတဲ့အချိန်ကျမှပဲ တီဗွီကို ပြန်ဖွင့်ကြ တယ်။ ပြီးတော့ သူတို့ရဲ့ ၀ါဒဖြန့်ချိရေးစာသားတွေကို လူတွေက အပြောင်အပျက်လုပ်ပြီး တီးတိုးနောက်ပြောင် ကြတယ်။ ဥပမာ - ‘ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးမည်’ဆိုတာကို ‘ဘယ်သူခွဲခွဲတို့မကွဲ ငါတို့ဘာသာပဲ ကွဲ အောင်ခွဲမည်’၊ ‘တပ်မတော်သာအမိ တပ်မတော်သာအဖ’ဆိုတာကို ‘တပ်မတော်ဟာမိထွေး တပ်မတော်ဟာပ ထွေး (ဒါကြောင့်မို့ ပြည်သူတွေကို ဒီလောက်နှိပ်စက်နေတာ)’၊ ‘ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး သည် နိုင်ငံသားတိုင်း၏ အဓိကတာဝန်ဖြစ်သည်’ ဆိုတာကို ‘ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မပေါ်ပေါက်ရေး သည် နအဖ၏ အဓိကတာဝန်ဖြစ်သည်’ ဆိုတာမျိုးပေါ့။ အများကြီးပါပဲ။
နအဖဘက်က တုန့်ပြန်ရေးသားပေးခဲ့တဲ့ ဖော်လံဖားအများစုကတော့ များသောအားဖြင့် နာမည်အရင်း ဒါမှမ ဟုတ် ပရိသတ်သိပြီးသား ကလောင်နာမည်တွေနဲ့ မရေးကြပါဘူး။ ကလောင်ဝှက်တွေနဲ့ ရေးကြတာများတယ်။ ဥ ပမာ - ပေါက်စ၊ မောင်ကာဠု စသဖြင့်ပေါ့။ နောက်ပိုင်းမှာ အခွင့်အရေးတွေရလို့နဲ့ တူတယ်။ ကလောင်နာမည်အ ရင်းတွေနဲ့ရေးလာတဲ့ နအဖဘက်တော်သားတွေ ရှိလာတယ်။ တက္ကသိုလ်မြတ်သူ၊ တက္ကသိုလ်တင်ခ၊ ကေတုနီ လာ၊ မောင်ပန်းမွှေး၊ ချစ်နိုင်(စိတ်ပညာ)၊ ဒေါက်တာမြမြ၀င်း၊ ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)တို့ အ များစုရေးကြတယ်။
ပုဂ္ဂလိကစာနယ်ဇင်းတွေကိုလည်း အာဏာနဲ့ခြိမ်းခြောက်အနိုင်ကျင့်ပြီး အစပိုင်းမှာ ဒို့တာဝန်အရေးသုံးပါးတို့၊ ပြည် သူ့သဘောထား(၄)ရပ်တို့ကို ထိပ်ဆုံးစာမျက်နှာကနေ အတင်းအကျပ်ထည့်ခိုင်းတယ်။ နောက်ပိုင်းမှာတော့ နအ ဖသတင်းစာမှာဖော်ပြပြီးသား ဆောင်းပါးတွေကိုပါ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ မထည့်မနေရ ထည့်ခိုင်းလာတော့ တယ်။ ဒါပေမယ့် ပုဂ္ဂလိကစာနယ်ဇင်းတွေက သူတို့ရဲ့ဆောင်းပါးတွေကို ဖော်ပြပုံကိုကြည့်ရင် မထည့်ချင်ဘဲနဲ့ စိတ်မပါလက်မပါ ထည့်နေရတယ်ဆိုတာ ပေါ်လွင်တယ်။ သူတို့ဆောင်းပါးတွေကို စာလုံးပွိုင့်သေး သေးကလေး တွေနဲ့ ဖြစ်ကတတ်ဆန်း စာစီပြီးတော့ပဲ ဖော်ပြကြတယ်။ မတတ်သာလို့ ထည့်ပေးရတာ ပါရင်ပြီးရော ဆိုတဲ့သ ဘော၊ စာမျက်နှာမပုပ်အောင်ဆိုတဲ့ သဘောပေါ့။
အခုနောက်ပိုင်း ဗိုလ်ကျော်ဆန်းက ‘မီဒီယာကို မီဒီယာနဲ့တုန့်ပြန်ကြ’လို့ သွေးရူးသွေးတန်း ထအော်ပြီး မက်လုံး ပေးစည်းရုံးတဲ့အခါမှာတော့ ပုဂ္ဂလိကစာနယ်ဇင်းဖြစ်တဲ့ ပေါ့ပ်ဂျာနယ်တွေက အယ်ဒီတာချုပ်နှစ်ဦးက ဖော်လံဖား ပြီး ၀င်ရေးပေးနေကြတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကတော့ အချစ်၊ မဟာ၊ ကောင်းသတင်းဂျာနယ်တွေရဲ့ အယ်ဒီတာချုပ်ဆိုသူ မြတ်ခိုင်နဲ့ ပေါ်ပြူလာဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဆိုသူ ဟိန်းလတ်တို့ဖြစ်တယ်လို့ သိရပါ တယ်။ သူတို့နှစ်ဦးဟာ သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက် စာပေစိစစ်ရေုးံးကို အလျော်အစား ပြန်ပေးတဲ့ အနေနဲ့ ရေးပေးရတာလို့လည်း ကြားရပါတယ်။ ဘာပြစ်မှုတွေလဲဆိုတော့ ဟိန်းလတ်ရဲ့ ပြစ်မှုက ပေါ်ပြူလာဂျာ နယ်ကို ပေးပို့တဲ့ ဆောင်းပါးတွေကို သူ့ကလောင်နာမည်တပ်ပြီး တခြားမဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့တဲ့ စာပေအလွဲသုံး စားမှုကြီး (တော်တော် ရှက်စရာကောင်းတဲ့ အမှု) ပဲ ဖြစ်ပါတယ်။ အဲဒီအမှုကို စာနယ်ဇင်းတွေက ၀ိုင်းပြီးတော့ မ ရေးအောင် စာပေစိစစ်ရေးက အကာအကွယ်ပေးခဲ့လို့ အလျော်အစား ပြန်ပေးတဲ့အနေနဲ့ ရေးပေးရတာဖြစ်တယ် လို့ သိရပါတယ်။
မြတ်ခိုင်ကတော့ ဗွီဒီယိုမင်းသမီး ဆောင်းအိနြေ္ဒထွန်းကို လက်ထပ်ခွင့်တောင်းခံခဲ့တဲ့အပေါ် မင်းသမီးကရိုက်ကွင်း မှာ ဖွင့်ချလိုက်လို့ စာနယ်ဇင်းတွေ ၀ိုင်းရေးမှာကိုကြောက်ပြီး စာပေစိစစ်ရေးရုံးကို သွားရောက် အကူအညီတောင်း ခံတဲ့အခါ စာပေစိစစ်ရေုးံးက မရေးကြဖို့ အကာအကွယ်ပေးလိုက်တယ်လို့ ပြည်တွင်းက စာနယ်ဇင်းမိတ်ဆွေတ ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီအပေါ် အလျော်ပေးတဲ့အနေနဲ့ ရေးပေးရတာလို့ ခိုင်လုံတဲ့သတင်း ရပ် ကွက်က ကြားရပါတယ်။ နောက်တချက်က မြတ်ခိုင်ဟာ သူဖော်လံဖားခဲ့တဲ့ မီးရထားဝန်ကြီးဟောင်း ဦးဝင်းစိန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ပစ်ရမယ်လို့ ကြိမ်းဝါးသူ)နဲ့ ဒုတိယ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်းတို့ ပြုတ်သွားပြီးတဲ့နောက် အခုပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်း ကို ဖော်လံဖားဖို့ ကြိုးစားရင်း ပြည်ပမီဒီယာတွေကို တုန့်ပြန်တဲ့ ဆောင်းပါးတွေ ရေးပေးနေတာလို့လည်း သိရပါ တယ်။ မြတ်ခိုင်ရေးတဲ့ ဆောင်းပါးကို အိုင်ဒီယာမဂ္ဂဇင်းက ရောင်စုံစာမျက်နှာတွေနဲ့ကို ဝေေ၀ဆာဆာ ဖော်ပြပေး ခဲ့ပါတယ်။ ဟိန်းလတ်နဲ့မြတ်ခိုင်တို့နှစ်ဦးဟာ စာပေစိစစ်ရေးရုံးက ညွှန်ကြားရေးမှူးဆိုသူ ဗိုလ်မှူးတင့်ဆွေနဲ့ ခေါင်း ချင်းဆိုင်ပြီး ‘မျိုးချစ်မီဒီယာသမားတဦး’ ဆိုတဲ့နာမည်နဲ့ ပြည်ပမီဒီယာသမားတွေကို တုန့်ပြန်တိုက်ခိုက်တဲ့ ဆောင်း ပါးတွေ ရေးသားပေးနေတယ်လို့ သိရပါတယ်။
နအဖဖော်လံဖားတွေအနေနဲ့ အဖိနှိပ်ခံပြည်သူလူထုကို သစ္စာဖောက်ပြီး မဟုတ်မဟတ်တွေကို လုပ်ကြံလီစယ်ပြီး ရေးသားနေပေမယ့် ပြည်သူလူထုကတော့ သူတို့ရဲ့ဝါဒဖြန့်မှုတွေကို ဆန့်ကျင်မြဲဆန့်ကျင်လျက်ပါပဲ။ ပြည်သူလူထု က နအဖနဲ့ပူးပေါင်းတဲ့ စာရေးဆရာမှ မဟုတ်ပါဘူး။ နအဖနဲ့ ပေါ်ပေါ်ထင်ထင်တမျိုး၊ မသိမသာတဖုံ ပူးပေါင်းတဲ့ ဘယ်အနုပညာရှင်ကိုမဆို သူတို့ရဲ့အနုပညာတွေကို အားမပေးတော့တဲ့နည်းနဲ့ ဆန့်ကျင်ကြတာကို တွေ့ရပါ တယ်။ နအဖသက်တမ်းတလျှောက်မှာ ပြည်သူလူထုက တိတ်တဆိတ်ဆန့်ကျင်လို့ မှေးမှိန်ကျဆုံးသွားတဲ့ အနုပ ညာရှင်တွေ ဒုနဲ့ဒေးပါပဲ။
တကယ်တော့ ပြည်ပမီဒီယာတွေဟာ ပြည်သူလူထုတွေသိမှာစိုးလို့ နအဖကဖုံးဖိထားတဲ့ သတင်းမှန်တွေကို တင် ဆက်ပေးနေခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို တင်ဆက်ပေးနေတဲ့အပေါ်မှာ အနာပေါ်တုတ်ကျ ဖြစ်နေရသူကတော့ နအဖစစ်အာဏာရူးတွေပါ။ ပြည်ပမီဒီယာတွေက အမှန်တရားတွေကို ထုတ်လွှင့်တင်ဆက် ပေးနေတဲ့အတွက် ပြည်သူလူထုက သူတို့အပေါ် မကျေမနပ်ဖြစ်မှု ပိုမိုကြီးထွားလာပြီး ထပ်မံအုံကြွလာမှာကို နအဖအနေနဲ့ အကြီးအ ကျယ် စိုးရိမ်နေပုံပေါ်တယ်။ အဲဒါကြောင့်မို့ ပြန်ကြားရေးဝန် ဗိုလ်ကျော်ဆန်းက အခုလို ‘မီဒီယာကို မီဒီယာနဲ့ တုန့် ပြန်ကြ’ ဆိုပြီး သွေးရူးသွေးတန်း လျှောက်အော်နေခြင်းဖြစ်ပါတယ်။ ဗိုလ်ကျော်ဆန်းအနေနဲ့ ဘယ်လိုပင် သွေးရူး သွေးတန်း အော်နေပါစေ သေချာတာတခုကတော့ ဘယ်မီဒီယာသမားမဆို ပြည်သူတွေရဲ့ ခံစားမှု၊ ပြည်သူတွေ ရဲ့ ဆန္ဒသဘောထားကို ဆန့်ကျင်ရင်၊ ပြည်သူတွေကို ဖိနှိပ်တဲ့ဘက်က ရပ်တည်ပြောဆိုရေးသားရင် ပြည်သူလူ ထုရဲ့ ဒဏ်ခတ်မှုကို သေချာပေါက် ခံရလိမ့်မယ်ဆိုတဲ့အကြောင်း စေတနာနဲ့ သတိပေးစကား ပြောကြားလိုက်ရ ပါတယ်။
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)
Wednesday, October 10, 2007
သွေးရူးသွေးတန်း ဗိုလ်ကျော်ဆန်း
Subscribe to:
Post Comments (Atom)
1 comment:
ပြည့်အင်အားသည် ပီကင်းမှာသာရှိသည်။
Post a Comment