Friday, October 5, 2007

အေး ... ဒါလည်း ဟုတ်သားပဲ

ဂျင်ဂလိ

သူငယ်ချင်း(က)နဲ့ (ခ)နှစ်ယောက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး တီးတိုးပြောဆိုနေ။
(က) ။ ။ ဟေ့ … ကြားပြီးပြီလား သူငယ်ချင်း။
(ခ) ။ ။ ဘာသတင်းလဲကွ … မင်းကလည်း အရင်းမပါ အဖျားမပါနဲ့။
(က) ။ ။ နအဖစစ်ခွေးတွေ ပစ်သတ်လိုက်လို့ … ဂျပန်သတင်းထောက် သေသွားတဲ့ သတင်းလေကွာ။
(ခ) ။ ။ သြော် … အဲဒါလား။ ကြားပြီးပါပြီကွာ … ဒါပေမယ့် … ။
(က) ။ ။ ဒါပေမယ့် … ဘာဖြစ်လဲကွ။
(ခ) ။ ။ တောက် … နည်းနည်း လွဲသွားတယ်ကွာ။
(က) ။ ။ ဘယ်လို လွဲသွားတာလဲကွ။
(ခ) ။ ။ တောင်ကိုးရီးယားကလူသေရင် ပိုကောင်းမှာကွ။ ဒါမှ နအဖ မြန်မြန်ဆင်းပြေးရမှာ။
(က) ။ ။ ဘာဆိုင်လို့လဲကွ၊ မင်းကလည်း …။
(ခ) ။ ။ ဟ … ဆိုင်တာပေါ့ကွ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်ကိုးရီးယားသားလေကွာ။ သူ့အမျိုးကိုထိမှ ပိုနာပြီး နအဖကို ဖိအားများများ ပိုပေးမှာပေါ့ကွ။
(က) ။ ။ အေး … ဒါလည်း ဟုတ်သားပဲ။

No comments: