Friday, October 5, 2007

နအဖအောက်လမ်းဂိုဏ်းခေါင်းဆောင်ရဲ့ ကြောက်မက်ဖွယ် အသံဖိုင်

သန်းရွှေရဲ့လက်ရုံး အောက်လမ်းဂိုဏ်းခေါင်းဆောင် သင်္ကန်းအရေခြုံတဦးရဲ့ တိုင်းမှူးများနဲ့ဝန်ကြီးများ မည် သို့မည်ပုံ လုပ်ဆောင်ရမည်ကို တိုက်ရိုက်အမိန့်ပေးနေတဲ့ အသံဖိုင်

http://www.mediafire.com/download.php?fimcbgy0yfy" ကို click ၍ BOODAW VOICE.mp3 ကို download လုပ်ယူပြီး နားဆင်ပါ။


မြန်မာနိုင်ငံသားအားလုံး အထူးသတိပြုရန်

မြန်မာနိုင်ငံတွင် သာသနာနေ၀င်ချိန်ရောက်အောင် တွန်းပို့ရန် အာဏာကို အရူးအမူးမက်နေကြသော စစ်မိစ္ဆာတချို့ ကြိုးပမ်းနေကြသည်ကို သက်သေခံမှတ်တမ်းများ ရရှိထားပြီဖြစ်ပါသည်။

သန်းရွှေနှင့် အပေါင်းအပါတို့သည် သူတို့ဘ၀တွင် တခါမျှ မစံစားဖူးသည့်ဥစ္စာ၊ အာဏာစည်းစိမ်တွေကို စွန့်လွှတ်ရ မည်စိုး၍ ဗေဒင်၊ ယတြာများနောက် တကောက်ကောက် လိုက်နေခဲ့သည်မှာ ကမ္ဘာတလွှား ခေါင်းဆောင်များသည် ပင်လျှင် သိခဲ့ကြပြီးဖြစ်ပါသည်။ ရန်ကုန်က အီးတီဆီမှလည်း တိုင်းပြုပြည်ပြုအဆင့်လောက် အကြံဥာဏ်သွား တောင်းလိုတောင်း အင်းအိုင်ခလှည့်လက်ဖွဲ့တတ်သည့် ဘိုးတော်ပေါ်ပြီဆိုလျှင်လည်း နိုင်ငံအဆင့် သတ်မှတ်ကိုး ကွယ်တာတွေ လုပ်နေတာလည်း ကြာပြီဖြစ်ပါသည်။

အောက်လမ်းဆရာများ၊ အခါတော်ပေးယတြာနိုင်သည်ဆိုသည့် သင်္ကန်းအရေခြုံများကိုလည်း တိုင်းပြည်၏ တိုင်းပြု ပြည်ပြုဆုံးဖြတ်နိုင်သည့် ပုရောဟိတ်များအဖြစ်မွေး၍ တကယ့်စာတတ်ပေတတ် သီလနှင့်ပြည့်စုံသည့် သံဃာစစ် စစ်များကဲ့သို စစ်မိစ္ဆာများက ဆည်းကပ်နေကြပါသည်။ အဲဒီသင်္ကန်းအရေခြုံ အောက်လမ်းဆရာများသည် ၄င်းတို့ အနေချောင်၊ အစားချောင်ရေး၊ အာဏာရှိရေးအတွက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် အပေါင်းအပါတစု တိုင်းပြည်ကို အုပ်ချုပ်နိုင်ဖို့ ဓာတ်ရိုက်၊ ဓာတ်ဆင် ယတြာမန်းတရားများဖြင့် သူတို့၏တန်ခိုးအစွမ်းများအား တိုင်းမှူး၊ တပ်မှူး၊ ၀န် ကြီးများကို ပြသထားရာ စစ်သားများသည် အထူးကြောက်ရွံ့ ကိုးကွယ်နေကြရသည်လည်း ဖြစ်ပါသည်။

စစ်မိစ္ဆာများသည် သာသနာတော်တွင် နာမည်ရ သီလ သမာဓိ အကျင့်သိက္ခာနှင့် ပြည့်စုံသည့် ဆရာတော်ကြီးများ ကိုပင် ပစ်ပယ်၍ အာဏာအတွက် အောက်လမ်းဂိုဏ်းများနှင့် ပူးပေါင်းပြီး ဘယ်အရာမျိုးကိုမဆို လုပ်ရလုပ်ရ၊ ရင် ဆိုင်ရရင်ဆိုင်ရ သဘောဆောင်နေကြပြီ ဖြစ်ပါသည်။ သို့အတွက် သာမန်လူမဆိုထားနှင့် ဘုရားသားတော် သံဃာ များကိုပင်လျှင် အာဏာထိပါးလာမည်ဆိုလျှင် သတ်ရဖြတ်ရမည့် သဘောထားနေကြပြီး လက်တွေ့လည်း အ ကောင်အထည်ဖေါ်နေပြီ ဖြစ်ပါသည်။

ခိုင်လုံသည့် စစ်တပ်တွင်းသတင်းများအရ ဘိုးတော်၊ နတ်ကတော် ၊ အောက်လမ်းဂိုဏ်းဆရာများမှလည်း သားသုံး သားသည် လက်ရှိသန်းရွှေစစ်အုပ်စု၏ အာဏာနှင့်တည်ငြိမ်မှုကို ထိခိုက်လာမည်မို့ အမြစ်ဖြတ် အပြတ်ရှင်းရမည်ဟု မိန့်ဆိုထားသည့်အတွက် စစ်သားစစ်စစ်များနှင့် မိသားစုများ၏ အနာဂတ်ဘ၀ပင်လျှင် လုံခြုံမှုမရှိတော့သည်ကို တပ်မတော်သားများ အမြန်သိရှိရန် လိုအပ်နေပြီ ဖြစ်ပါသည်။

တိုင်းပြည်၏ အုပ်ချုပ်မှုရေးရာအ၀၀ကို အောက်လမ်းဘိုးတော်များ၏ စေလိုရာစေလက်ထဲ ထိုးအပ်ထားခြင်းသည် စစ်တပ်နှင့် ပြည်သူအတွက်သာမက နိုင်ငံတော်၏ရှေ့ရေး၊ အမျိုး ဘာသာ သာသနာ၏ ရှေ့ရေးအတွက်ပါ အလွန် ရင်လေးစရာဖြစ်သည်ကို လက်တွေ့မြင်တွေ့နေရသည်များကနေ ရှုမြင်သုံးသပ်နိုင်ပါသည်။

နိုင်ငံတကာမျက်နှာစာတွင်လည်း မှော်ကဝေပညာအားကိုးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသာမက သူတို့ကို အမြဲရှေ့က ရပ်ပေးလာသည့် တရုတ်ပြည်ကိုပင် သန်းရွှေနှင့် မိစ္ဆာစစ်အုပ်စုဝင်များမှ ဂရုမစိုက်တော့သည်ကို တွေ့ရမည် ဖြစ်ပါ သည်။

ဗေဒင်ကိန်းခန်းအရ ဒီနှစ်လည်မှသည် အောက်တိုဘာလကုန်အထိ တိုင်းပြည်တွင် အပြောင်းအလဲ သေချာပေါက် ဖြစ်ရမည် ဖြစ်သည့်အတွက် ဤအပြောင်းအလဲကို ကျော်လွှားနိုင်ရန် သန်းရွှေသည် စည်းရိုးဆည်ပေါက် တိုင်းပြည် ၏ ခေါင်းဆောင်များအား စတေးခြင်းအပါအ၀င် သာသနာစတေးခြင်းနည်း၊ ဆည်များကန်များ ဖေါက်ချခြင်းနည်း လမ်းများနှင့် အပြင်းအထန် ယတြာချေနေကြပါသည်။

ဒီပဲယင်းလူသတ်ကောင် စိုးဝင်းမြွှာညီနောင်သည်လည်း သန်းရွှေအာဏာတည်မြဲရေး ယတြာအတွက် ကိုယ်တိုင်စ တေးခံပေးခဲ့ကြခြင်းဖြစ်ကြောင်း စစ်တပ်အတွင်းမှ သတင်းတိတိကျကျရခဲ့ပါသည်။ တိုင်းပြည်ဥသျှောင် ဖြစ်နေသည့် အောက်လမ်းဂိုဏ်းဆရာများ၏ အကူအညီနှင့် ရေဆေးသုတ်သင်ခြင်းမျိုး ဖြစ်ရအောင် မိုးရေကြီးအောင် မိုးခေါ်ခြင်း၊ ၀န်ကြီးများအပါအ၀င် အမိန့်ပေးသည့် တိုင်းမှုး၊ တပ်မမှုး၊ အဆင့်အထိ သန်းရွှေ၏ အောက်လမ်းဂိုဏ်းခေါင်း ဆောင်များသည် သင်္ကန်းအရေခြုံပြီး တပ်မတော်၏ အမိန့်ပေးစည်းအားချိုးဖောက်ကာ တိုက်ရိုက်အမိန့်ပေး ခိုင်းစေ နေကြပြီဟု တပ်တွင်းမှ သတင်းတိတိကျကျ ရထားပါသည်။

ယခုလည်း တိုင်းပြည်အတွင်း၌ ပြည်သူများအား ထိန်းချုပ်နိုင်ရန်၊ စစ်တပ်အတွင်း တပ်တွင်းပုန်ကန်မှု မဖြစ်စေရန် ဘီလူးရုပ်များအား တိုင်းပြည်နေရာအနှံ့ ထုလုပ်ချထားရန် စီစဉ်နေကြသည်ကို သတင်းအတိအကျ ရရှိထားပါသည်။ စစ်သားအတုများ၊ သံဃာအတုများ၊ ကျောင်းသားအတုများသည် ဘီလူးရုပ်နှင့် အင်းစမကွက်များကို ဆေးမှင် ကြောင်များအနေနှင့် ထိုးကွက်ချထားပြီး အချင်းချင်း အမြင်မှောက်မှားပြီး အမေ၊ အဖေ၊ နှမ မသိလောက်အောင် ဖြစ်ကာ အကြမ်းဖက်မှုများ လုပ်ကိုင်နိုင်အောင်လည်း စံနစ်တကျ စီစဉ်နေပြီဖြစ်ပါသည်။

မြန်မာ့ရုပ်ရှင်ဗွီဒီယိုလောကအား အသုံးပြု၍ စုန်းကဝေ၊ သရဲများအား ယုံ-ကည်ကိုးကွယ်လာစေရန် စည်းရုံးနေကြ ပါသေးသည်။ မြန်မာပြည်တွင် အစိမ်းသရဲမွေးခြင်း ကိစ္စများသည်လည်း စွမ်းအားရှင်နှင့် ကြံ့ဖွတ်များကြား ခေတ် စားလာသည့် ပြဿနာတရပ် ဖြစ်နေခဲ့သည်ကို မေလအတွင်း၌ မြန်မာပြည်တွင်းထုတ်ဝေသည့် Weekly Eleven သတင်းဂျာနယ်တွင် လူသတ်ရသည်အထိ ဖြစ်ခဲ့ရေMကာင်း တစွန်း တစ သိနိုင်လိမ့်မည် ဖြစ်ပါသည်။

အချုပ်ဆိုရသော် သန်းရွှေသည် ရှေးခေတ်က အာဏာရှိခဲ့သည်h ပဒေသရာဇ်ဘုရင်ရူးရူးကာ သူ၏ ခါးပိုက်ဆောင် စစ်တပ်ကိုပင် အားမကိုးတော့ဘဲ အောက်လမ်းခေါင်းဆောင်များ၊ ဘိုးတော်များ၊ နတ်ဆရာများနှင့် ပူးပေါင်းပြီး စုန်း ကဝေမြန်မာနိုင်ငံတော်ကြီး တည်ထောင်နေသည်ကို တွေ့မြင်နေကြရပြီ ဖြစ်ပါသည်။

စစ်တပ်တွင်းမှ ပြည်သူ့စစ်သားကြီးတဦးသည် အလွန်မခံမရပ်နိုင်ဖြစ်ပြီး အောက်လမ်းနည်းအရ ပြုစား သစ္စာဆိုခိုင်း နေသည့်ကြားက လျှို့ဝှက်စွာပေးပို့လာသည့် သန်းရွှေ၏လက်ရုံး အောက်လမ်းဂိုဏ်းခေါင်းဆောင် သင်္ကန်းအရေခြုံ တဦး၏ တိုင်းမှူးများနှင့် ၀န်ကြီးများအား မည်သို့မည်ပုံ လုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်ရိုက်အမိန့်ပေးနေသည့် အသံဖိုင်အပြည့်အစုံအား ကျွန်ုပ်တို့ ဒီမိုကရေစီရေးတိုက်ပွဲဝင် ရဲဘော်များအချင်းချင်း၌ ၀ိဝါဒကွဲပြားသွားစေနိုင်သည့် အတွက် မလိုလားအပ်သော ပြဿနာများ၊ တွေဝေမှုများအား ကာကွယ်လိုသဖြင့် ဖြတ်တောက်ထားခဲ့သည်ကို နား လည်ပေးရန်နှင့် ထိုဘုရားထူးခံ သင်္ကန်းအရေခြုံဘိုးတော်မှ နအဖစစ်အစိုးရအဖွဲ့ဝင်နှင့် မိသားစုများအား သပိတ် မှောက်သံဃာနှင့် အတိုက်အခံများကို မည်သို့မည်ပုံ သုတ်သင်ဖယ်ရှားရှင်းလင်း၍ အမြစ်ပြတ်ချေမှုန်းရမည်တို့ကို ပြောကြားနေသည့် အသံအချို့အား ပူးတွဲအသံဖိုင်ဖြင့် မြန်မာပြည်သူပြည်သားများ၊ မြန်မာ့တပ်မတော်သားများ၊ ဒီမို ကရေစီအင်အားစုများသို့ တင်ပြလိုက်ပါသည်။

ထိုအောက်လမ်းဂိုဏ်းခေါင်းဆောင်၏ မိန့်ကြားချက်များအပြည့်အစုံကို နောင်တချိန် သမိုင်းမှတောင်းဆိုခဲ့သော် ကျွန်ုပ်တို့မှ မှတ်တမ်းအဖြစ် ထားရှိထားမည် ဖြစ်ပါသည်။

မြန်မာ့ဒီမိုကရေစီသတင်းဌာန
အောက်တိုဘာလ-၄ရက်၊ ၂၀၀၇ ခုနှစ်။

2 comments:

ခွန်မြလှိုင် said...

http://khunmyahlaing.blogspot.com/2007/10/blog-post_05.html

ခွန်မြလှိုင် said...

ဒီတရားဟာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ ကိုယ်တော်တိုင် ဟောကြားခဲ့တဲ့ ဝေသာလီ ရတနသုတ်လာ တရားတော် အတိုင်းသာ ဖြစ်ပါတယ်။ နီးစပ်ရာ တေးသံသွင်းဆိုင်များမှာ ဒီတရား ခွေကို ၀ယ်ယူပြီး တရားတော်နာရင်း မြန်မာပြည်မှာ ခုလက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ကြီးသုံးပါးကို ရှောင်ရှား နှိမ်နင်း နိုင် ကြပါစေ။