Tuesday, September 18, 2007

မြောက်ဥက္ကလာပ၊ ကန်ဘဲ့မှသည် ၂၇ လမ်းသို့ …

ဒေါက်တာလွဏ်းဆွေ

မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးတွင် အလုပ်သင်ဆရာဝန်အဖြစ် ကျနော် တာဝန်ထမ်း ဆောင်ကာစ ၁၉၉၅ ခုနှစ် မိုးတွင်းပိုင်းလောက်က ဖြစ်သည်။ တညနေတွင် အလုပ်သင်ဆရာဝန်များ နေထိုင် သည့် အဆောင်အောက်ထပ်ရှိ ကျနော့်အခန်းသို့ စီနီယာတန်းမှ အစ်ကိုတယောက်ပေါက်ချလာသည်။ သူက ကျနော်နှင့် ဆေးတက္ကသိုလ် (၂) မဂ္ဂဇင်း အတူတူလုပ်ခဲ့ကြရင်း ရင်းနှီးနေသူဖြစ်သည်။ သူက ခန်းဆီးစကို လှပ်၍ အခန်းထဲ ခေါင်းပြူကြည့်ကာ “ဟာ ဗိုလ်လွဏ်း စာဖတ်နေတာလား” ဟု မေးရင်း ကျနော့်ကို အားနာ သည့် အကြည့်နှင့် နှုတ်ဆက်သည်။ ကျနော်က ပက်လက်ကုလားထိုင်မှ ကြွလိုက်ရင်း “အထွေအထူးမဟုတ် ပါဘူး။ ငှားထားတဲ့ မဂ္ဂဇင်းတွေ ထိုင်ဖတ်နေတာ။ ကဲ အစ်ကို ဘာကိစ္စရှိလို့လဲ ပြော။ ကျနော် ဘာအကူအညီ ပေးရမလဲ” ဟု ပြန်မေးလိုက်သည်။ သူက “ဒီနေ့ ဂျူတီကျနေလို့ ကိုယ့်ဆေးခန်းကို ဗိုလ်လွဏ်း ရလီဗင် သွား ပေးနိုင်မလား” ဟု ကျနော့်ကို မေးသည်။ ကျနော်က “ရပါတယ်၊ အစ်ကို့ဆေးခန်းက ဘယ်နားမှာလဲ” ဟု ပြန် မေးမှ သူက ၀မ်းသာသွားသည့်ဟန်နှင့် အခန်းထဲဝင်လာကာ သူ ဖွင့်ထားသည့် ဆေးခန်းနေရာကို မြေပုံဆွဲပြ သည်။ ထို့နောက် မနေ့က သူ့ဆေးခန်းကို လာပြသည့် လူနာတချို့အကြောင်းနှင့် စမ်းသပ်ခ၊ ဆေးဖိုးယူပုံယူ နည်းကို ကျနော့်အား ပြောပြသည်။ ပြီးသည်နှင့် ကျနော့်ကို ဆေးခန်းသော့ ပေးပြီး “ကျေးဇူးပဲကွာ” ဟုပြော ကာ သူ ထွက်သွားတော့သည်။

အမှန်စင်စစ်မူ အလုပ်သင်ဆရာဝန်ဘ၀တွင် ဆေးကုသခွင့်လိုင်စင် မရှိသေးသဖြင့် ဆေးခန်းဖွင့်ခွင့်မရှိပါ။ သို့ သော် အခြေအနေအရ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မှ ဖြစ်မည့်သူများနှင့် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံး ချချင်သူများကတော့ နားလည်မှုဖြင့် ထိုသို့ ဆေးခန်းဖွင့်လှစ်ကာ လုပ်ကိုင်ခြင်းမျိုး၊ တယောက်မအားပါက တ ယောက်က အစားသွားပြီး ဆေးခန်းထိုင်ပေးခြင်းမျိုး ကျနော်တို့ အလုပ်သင်ဆရာဝန်ဘ၀တွင် ရှိပါသည်။ ကျ နော်ကမူ ကိုယ်ပိုင်ဆေးခန်းမဖွင့်ဘဲ အလုပ်သင်ဆရာဝန်လစာနှင့် အိမ်ကပို့သည့် ငွေကို ပေါင်းပြီး ကျောင်း သားဘ၀ကလိုပင် အခန့်သင့်သုံးကာ အားလပ်ချိန်အများစုကို စာဖတ်ခြင်း၊ တခါတရံ သူငယ်ချင်းများနှင့်အတူ ပိုကာဆွဲခြင်း၊ တချပ်မှောက်ကစားခြင်း၊ ယမကာမှီဝဲခြင်းတို့ဖြင့် အချိန်ဖြုန်းကာ ဖြတ်သန်းခဲ့ပါသည်။

ဆေးခန်းသို့ ကျနော်ရောက်သွားချိန် မှောင်ရီေ၀၀ိုးတ၀ါး၌ မိုးဖွဲဖွဲအောက်တွင် လူရှစ်ဦး၊ ကိုးဦးခန့် ထီးဆောင်း သူဆောင်း မိုးကာချုံသူချုံကာ ရပ်စောင့်နေကြသည်ကို တွေ့ရသည်။ သူ၏ ဆေးခန်းကို မြောက်ဥက္ကလာ ဆင် ခြေဖုံးရပ်ကွက်ကလေးတခုထဲတွင် တလမ်းဝင်တလမ်းထွက်နှင့် အတော်ရှာယူခဲ့ရသည်။ ၈ ပေ X ၁၂ ပေခန့် ရှိသည့် ဓနိမိုး၊ ၀ါးထရံကာ တဲပုပုကလေးထဲသို့ သော့ဖွင့်ပြီး ကျနော် ၀င်သွားချိန်တွင် “ဒီနေ့ ဆရာ မလာဘူး လား မသိဘူး” ဆိုသည့် အသံကို သဲ့သဲ့ကြားရသည်။

မှောင်မဲနေသည့် တဲကလေးအတွင်း ကျနော်က ဖယောင်းတိုင်မီးထွန်းရင်း “ဒီကနေ့ ဆရာ ဂျူတီကျနေလို့ ကျ နော် သူ့အစား လာထိုင်ပေးတာပါ” ဟု ရှင်းပြမှ လူနာများ ဆေးခန်းထဲသို့ ၀င်ထိုင်ကြသည်။ ကျနော်က လူနာ တဦးစီကို စမ်းသပ်ကာ ဆေးထိုး၊ ဆေးပေးပြီးတိုင်း သူ၏မှတ်တမ်းစာအုပ်ကို ကြည့်ပြီး သူ ယူထားသည့် နှုန်း အတိုင်းပင် ကုသခကို တောင်းသည်။ သူယူထားသည့် နှုန်းထားကလည်း များများစားစားမဟုတ်။ ဆေးဖိုးအ ရင်းတွင် စမ်းသပ်ခ (၂၀) ကျပ်ကိုသာ ထည့်ပေါင်းပြီး တောင်းထားခြင်းဖြစ်သည် (ထိုအချိန်က အထူးကုဆ ရာဝန်ဆိုလျှင် လူနာတဦးကို စမ်းသပ်ခ ၁၀၀ ကျပ် ယူသည်)။ လာပြသည့် လူနာ (၂၀) ခန့်အနက် မိုးရာသီမို့ တုပ်ကွေးဝေဒနာ ခံစားနေကြရသူများက အများစုဖြစ်သည်။ တီဘီရောဂါသံသယရှိသူနှင့် ငှက်ဖျားရောဂါခံ စားနေရသူ လူနာအချို့လည်းပါသည်။ သွေးပေါင်ကျပြီး အားနည်းနေ၍ အကြောဆေးလာသွင်းသူ လူနာအ ချို့လည်းပါသည်။ လူနာအများစုကို အ၀တ်အစား နွမ်းနွမ်းဖတ်ဖတ်နှင့် တွေ့ရပြီး လူနာရာဇ၀င် မေးမြန်းချက် အရ လက်လုပ်လက်စားများ၊ အစိုးရ၀န်ထမ်းများဖြစ်သည်ဟု သိရသည်။

တယောက်ပြီးတယောက် ကြည့်ရှုပေးနေရင်း အသက် (၄၀) အရွယ် အမျိုးသမီးလူနာတဦး၏ အလှည့်ရောက် လာသည်။ မေးမြန်းကြည့်သည့်အခါ အလုပ်အကိုင်အဖြစ် မြောက်ဥက္ကလာ (ဈ) ဈေးထဲတွင် ဟင်းသီးဟင်း ရွက် ပျံကျရောင်းသည်ဟု သိရသည်။ ဈေးရောင်းရင်း မိုးမိပြီး အအေးပတ်ကာ တုပ်ကွေးကွေးနေခြင်းဖြစ် သည်။ ဆေးထိုးပြီးနောက် သောက်ဆေးပေးရင်း ကုသခ (၄၅) ကျပ်ကျကြောင်း ပြောသည့်အခါ ထိုအမျိုးသ မီးက လက်ထဲတွင် ကျစ်ထားသည့် (၁) ကျပ်တန် ငွေစက္ကူအကြွေတွေကို စားပွဲပေါ်ချပေးရင်း “ဆရာ အစိတ် ပဲပါလို့ ကျန်တာ နောက်နေ့မှ ပေးပါရစေ” ဟု တောင်းပန်တိုးလျှိုးသည့် လေသံနှင့် ခပ်တိုးတိုး ပြောသည်။

ဖယောင်းတိုင်မီးရောင်အောက်ရှိ သူမ၏မျက်နှာကို တလှည့် စားပွဲပေါ်ရှိ ကျပ်တန်တွေကို တလှည့် စိုက်ကြည့် ရင်း ကျနော် စက္ကန့်အနည်းငယ်မျှ တွေနေမိသည်။ ထို့နောက်မှ “ရတယ်အမ၊ ပိုက်ဆံတွေ ပြန်ယူသွားပါ၊ နောက်နေ့လည်း လာမပေးပါနဲ့တော့၊ သောက်ဆေးကို ဆေးပတ်လည်တဲ့အထိ ပေးလိုက်မယ်၊ ဆေးကိုသာ မှန်မှန်ဆက်သောက်၊ လုံးဝပျောက်မယ်” ဟု ကျနော် ပြောလိုက်သည်။ သူမက ကျပ်တန်တွေကို ပြန်ယူပြီး နောက် ကျနော့်ကို အတင်းထိုင်ကန်တော့နေ၍ မကန်တော့ဖို့ အတင်းဆွဲထူကာ ပြန်ခိုင်းလိုက်ရသည်။ ဆေး ခန်းအများစုသည် သောက်ဆေးကို တရက်စာသာ ပေးလေ့ရှိပြီး နောက်တနေ့ ပြန်ချိန်းတတ်ကြသည်။ ကျ နော်လည်း ကျန်သည့်လူနာများကို ဆေးခန်းအများနည်းတူ တရက်စာသာ သောက်ဆေးပေးပြီး နောက်တနေ့ ပြန်ချိန်းလိုက်သည်။ ထိုအမျိုးသမီးတဦးတည်းကိုသာ အားနာစိတ် သိမ်ငယ်စိတ်တွေဝင်ပြီး နောက်တနေ့ လာမပြတော့မည်ကို စိုးရိမ်၍ သောက်ဆေး တပတ်စာ ပေးလိုက်ခြင်းဖြစ်သည်။

အပြန်တွင် မိုးဖွဲဖွဲအောက်၌ ထီးတဖက်ကိုင်ကာ စက်ဘီးနင်းရင်း ထိုအမျိုးသမီး၏ မျက်နှာကို ပြန်မြင်ယောင် နေမိသည်။ လူအများစုကြီးက ဆင်းရဲနေကြပြီး ဆင်းရဲ၍ ဖြစ်ရသည့် ရောဂါဝေဒနာများကို ခံစားနေကြရသူက အများစုဖြစ်နေသည့် အခါသမယတွင် ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး ဆေးကုစားဖို့ ကျနော် အသည်းမာနိုင်ပါ့မလား ဟုလည်း တဆက်တည်း စဉ်းစားနေမိသည်။ ထိုနေ့သည် ကျနော်၏ ဘ၀တွင် ပထမဆုံးအကြိမ်အဖြစ် အခ ကြေးငွေယူပြီး ဆေးကုသဖူးသည့် နေ့လည်းဖြစ်သည်။

• • • • • •

၁၉၉၆ ခုနှစ် သြဂုတ်လကုန်တွင် ကျနော်၏ အလုပ်သင်ဆရာဝန်ဘ၀ ပြီးဆုံးခဲ့ပြီးနောက် ဆေးခန်းဖွင့်ဖို့ မဖွင့်ဖို့ ကျနော် စဉ်းစားပါသည်။ မိဘများထံမှ လက်ဖြန့်တောင်းသုံးရသည်ကိုလည်း လိပ်ပြာမလုံတော့သဖြင့် ကိုယ် ပိုင်ဆေးခန်းဖွင့်ပြီး ဆေးကုကာ ၀င်ငွေရအောင်ရှာဖို့ ဆုံးဖြတ်လိုက်ပါသည်။ သို့ဖြင့် စက်တင်ဘာလဆန်း ပိုင်းမှစပြီး တောင်ဥက္ကလာနှင့် ရန်ကင်းအစပ် ကန်ဘဲ့ဘူတာရုံအနီးရှိ မိုးကောင်းဘုရားလမ်းမကြီးပေါ်တွင် (၆) လစာချုပ်ဖြင့် အခန်းငှားကာ ဆေးခန်းဖွင့်လိုက်ပါသည်။ ညနေ (၅) နာရီမှ ည (၈) နာရီအထိ ကျနော် ဆေး ခန်းသွားထိုင်ပါသည်။

ကျနော်သည် ထိုစဉ်က အလုပ်နှစ်ခုကို တပြိုင်နက်တည်း လုပ်ဖြစ်ခဲ့ပါသည်။ ကျန်တခုက နေ့ခင်းပိုင်းအလုပ် ဖြစ်ပြီး ကျနော် ၀ါသနာပါသည့် စာပေလုပ်ငန်းဖြစ်ပါသည်။ ရန်ကုန်မြို့လယ်ခေါင်ရှိ (၂၇) လမ်း အောက်ဘ လောက်တွင် ရုံးခန်းဖွင့်လှစ်ကာ ကျနော်၏ ဖခင် ထူထောင်ထားသည့် မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းကို တာ ၀န်ခံအယ်ဒီတာအနေနှင့် စတင်တာဝန်ယူ လုပ်ကိုင်နေခြင်းဖြစ်ပါသည်။ အလုပ်နှစ်ခုစလုံးသည် စတင်လုပ် ကိုင်ကာစဖြစ်၍ အရှုံးပေါ်ပါသည်။ စာပေစိစစ်ရေးရုံးမှ အပြစ်ပေးအရေးယူခြင်းခံရမှုကြောင့် (၆) လ ရပ်နား ထားခဲ့ရသည့် မြားနတ်မောင်မဂ္ဂဇင်းကို အယ်ဒီတာအသစ်ဖြစ်လာသည့် ကျနော်က ပြန်လည်အသက်သွင်းနေ ရချိန်ဖြစ်သလို ဆေးခန်းမှာလည်း ဖွင့်လှစ်ကာစဖြစ်၍ လူနာတဦးစ နှစ်ဦးစသာ လာသေးသည့်အချိန်ဖြစ်ပါ သည်။

လုပ်ရင်းကိုင်ရင်း လေးလခန့် ကြာသည့်အချိန်တွင် မြားနတ်မောင်မဂ္ဂဇင်းသည် ဈေးကွက်တွင် အခြေအနေ ပြန်ကောင်းလာသလို ဆေးခန်းမှာလည်း လူနာ (၁၅) ယောက်ကျော် အယောက် (၂၀) ခန့်အထိ ကုသရသည့် အနေအထား ဖြစ်လာပါသည်။ ထိုအချိန်က လူနာတဦးလျှင် စမ်းသပ်ခ၊ ဆေးဖိုးအပါအ၀င် ကုသခကို (၈၀) သို့မဟုတ် (၁၀၀) ကျပ်ခန့် ယူပါသည်။ အထူးကုဆရာဝန်တယောက် စမ်းသပ်ခ (၂၀၀) ကျပ်ခန့် ယူနေ ချိန်တွင် ကျနော်တို့လို အထွေထွေကုဆရာဝန်များက စမ်းသပ်ခ (၄၀) ကျပ်ခန့် ယူသည့်သဘောဖြစ်ပါသည်။

သို့သော် ကြာလာသည်နှင့်အမျှ ကျနော့်တွင် ဆေးကုသပြီး အသက်မွေးဖို့မသင့်သည့် အားနည်းချက်တွေရှိ နေမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိလာပါသည်။ ထိုအားနည်းချက်များအနက် သိသာသည့်အချက်မှာ ဆေး ကုသပေးပြီးလျင် လူနာများထံမှ ကုသခတောင်းရန် နှုတ်ဆွံ့နေတတ်ခြင်းဖြစ်ပါသည်။ ဆေးခန်းသို့လာပြသည့် လူနာများတွင် ဆင်းရဲသားက အများစုဖြစ်သဖြင့် ကျနော့်စိတ်ထဲ၌ ငါတောင်းလိုက်တာ များသွားမလား၊ လူ နာဆီမှာ ပါမှပါပါ့မလားဆိုသည့် ချီတုံချတုံဖြစ်မှုများနှင့် အမြဲတစေ ရင်ဆိုင်နေရခြင်းအပေါ် ကျနော် စိတ် ကျဉ်းကျပ်နေမိသည်။ မကြာခဏဆိုသလို တောင်းနေကျအတိုင်း (၈၀) တောင်းလိုက်လျှင် (၅၀) သာပါသည့် လူနာ၊ (၁၀၀) တောင်းလိုက်လျှင် (၆၀) သာပါသည့် လူနာများနှင့် ကြုံရပါသည်။ ထိုသို့သော မရှိဆင်းရဲသား လူနာများနှင့်ကြုံလျှင် ကျနော့်မှာ အသည်းမမာနိုင်တော့ဘဲ “မပေးပါနဲ့တော့” ဟုပြောကာ ကုသိုလ်ယူလိုက်ရ ပါတော့သည်။ “မသက်သာသေးရင် နောက်နေ့ အလကား လာကုပါ” ဆိုသည့် စကားလည်း ပါးစပ်မှ အော်တို မစ်တစ် ထွက်သွားတတ်ပါသေးသည်။

နောက်အားနည်းချက်တခုမှာ လူနာများက တောင်းဆိုသည့်တိုင် ကျနော်က မလိုအပ်ဘူးဟုထင်လျှင် အ ကြောဆေးပုလင်းကြီးများ ချိတ်မပေးတတ်ခြင်းဖြစ်ပါသည်။ ထိုသို့ မလိုအပ်ဘဲ လုပ်ပေးခြင်းဖြင့် ရသည့်ငွေအ ပေါ် ကျနော် လိပ်ပြာမသန့်၍ ဖြစ်ပါသည်။ ဆေးကုသမှုနယ်ပယ်တွင် အကြောဆေးပုလင်း ချိတ်ပေးခြင်းသည် မရှက်တမ်း ၀န်ခံရပါက စီးပွားရေးအရ တွက်ခြေကိုက်သည်ဟုပင် ဆိုရပါမည်။ ကျနော်က လူနာကို သေ သေချာချာ စမ်းသပ်ကြည့်ပြီး သွေးပေါင်ချိန်ကြည့်ကာ သွေးပေါင်ချိန်ကောင်းမွန်နေလျှင် အားဆေးသောက် ဖို့သာ ညွှန်တတ်ပါသည်။ အချို့လူနာများသည် ဘာမှထွေထွေထူးထူးမဖြစ်ပါဘဲနှင့် အကြောဆေးပုလင်းလေး ချိတ်လိုက်ရမှ နေထိုင်ကောင်းသည့်သဘောမျိုး ဆိုက်ကိုဝင်နေတတ်ကြပါသည်။ ထိုသို့သော လူနာများက ကျနော့်ဆေးခန်းသို့ မလာကြတော့ဘဲ မျက်စောင်းထိုးရှိ ဆေးခန်းသို့သွားကာ အကြောဆေးပုလင်းတွေ အပြိုင်အဆိုင် ချိတ်ကြပါတော့သည်။ အဆိုပါဆေးခန်းမှ ဆရာဝန်သည် သူတို့ တောင်းဆိုသည်ကို အသာတ ကြည် လိုက်လျောသည့်အတွက် ကျနော့်ထက် သဘောပိုကောင်းသည်ဟုလည်း ထိုလူနာများ မှတ်ယူကြပုံ ပေါ်ပါသည်။ အဆိုပါဆေးခန်းတွင် အကြောဆေးပုလင်းချိတ်နေကြသည့် လူနာများ ဆေးခန်းနှင့် မဆံ့သည့် အတွက် ဆေးခန်းရှေ့၌ပင် ပက်လက်ကုလားထိုင်တွေ ခင်းကာ ကြိုးတန်းလန်းတွေနှင့် ချိတ်ပေးနေသည်ကို နေ့စဉ် မြင်တွေ့နေရပါသည်။

တညနေတွင် အသက် (၃၀) ကျော် အမျိုးသားတဦး ပေါင်ကွတကွတဖြင့် လမ်းလျှောက်ကာ ကျနော့်ဆေး ခန်းထဲသို့ ၀င်လာပါသည်။ သူ့ကို ကြည့်ရသည်မှာ ရှက်ရွံ့သည့်ပုံ ပေါ်နေပါသည်။ သူ ခံစားနေရသည့် ဝေဒနာ ကိုလည်း သူ့ဘာသာ သိနေပုံပေါ်သည်။ ကျနော် စမ်းသပ်ကြည့်သည့်အခါ ညာဖက်ပေါင်ခြံတွင် ကျောက်ခဲလို မာတင်းနေသည့် အကျိတ်ကြီး အတန်းလိုက် ခုနေသည်ကို တွေ့ရပါသည်။ ကာလသားရောဂါပိုးတွေရှိသည့် ပြည့်တန်ဆာများနှင့် အကာအကွယ်မယူဘဲ လိင်ဆက်ဆံရာမှ ကူးစက်လာခြင်းဆိုသည်ကို လူနာအားမမေး ဘဲနှင့် ပြောလို့ရနေသည်။ အရပ်အခေါ်အတိုင်းဆိုလျှင် ဖာကျိုးသည်ဟုပင် ရိုင်းရိုင်းပြောရမည့် အနေအထား ဖြစ်သည်။ ထို့ကြောင့်လည်း လူနာက သူ့ဝေဒနာကို သူသိကာ ရှက်ရွံ့နေခြင်းဖြစ်ပုံပေါ်သည်။

ကျနော်က လူနာအား စမ်းသပ်ပြီးနောက် သူ၏ ရောဂါအတွက် ပရိုကိန်းပင်နယ်စလင် အသားဆေး တရက် တလုံးနှုန်း (၂၁) ရက်ခန့်ထိုးမှ သက်သာမည်ဖြစ်ကြောင်း၊ ငွေကြေးကုန်ကျမှုတော့ နည်းနည်းရှိမည်ဖြစ် ကြောင်း ရှင်းပြသည်။ လူနာက တတ်နိုင်ကြောင်း၊ အခုလိုဖြစ်နေသည့်အတွက် မိန်းမနှင့်ပင် ကွဲတော့မလိုဖြစ် နေကြောင်း ရင်ဖွင့်ပြောပြသည့်အတွက် ဆေးစမ်းကာ ပင်နယ်စလင်တလုံး စထိုးပေးလိုက်သည်။ သူပြီးလျှင် အိမ်ထောင်အတွက် စိတ်ချရအောင် မိန်းမကိုပါ ဆေးထိုးဖို့ လိုချင်လိုမည်ဖြစ်ကြောင်း ပြောလိုက်သည်။

ယနေ့အချိန်အထိ ပင်နယ်စလင်ဆေးကို အပြင်ဆေးခန်းဖွင့်လှစ်ကုသသည့် ဆရာဝန်အများစုက ထိုးမပေး ကြပေ။ ပင်နယ်စလင်သည် မတည့်သည့် လူနာဆိုလျှင် ရှော့ခ်ရကာ သေစေတတ်သောကြောင့် အပြင်ဆေး ခန်းဖွင့်သည့် ဆရာဝန်အများစုက ရမှာနှင့် စွန့်စားရမှာ မကာမိသည့်အတွက် အရဲစွန့်ပြီး မထိုးပေးကြခြင်းဖြစ် သည်။ ထိုလူနာအားလည်း အခြားဆေးခန်းများက ဆေးရုံသို့ သွားရောက်ကုသဖို့ ညွှန်းပုံပေါ်ပါသည်။ သူက ဆေးရုံသွားရမည်ကို ရှက်ရွံ့သောကြောင့် အမျိုးသားဆရာဝန် ကုသသည့် ကျနော်၏ ဆေးခန်းသို့ အားကိုး တကြီး ရောက်လာခြင်းဖြစ်ကြောင်း ပြောပြပါသည်။ ဆေးထိုးပြီးနောက် ကုသခ (၉၀) ကျပ်ပေးပြီး ညာဖက် တင်ပါးကို ပွတ်ကာပွတ်ကာနှင့် ထိုလူနာ ပြန်သွားပါတော့သည်။

တပတ်ခန့် ဆေးထိုးပြီးသည့်အခါ လူနာ၏ ပေါင်ခြံမှ ကျောက်ခဲလို မာတင်းနေသည့် အကျိတ်တန်းကြီး ပျော့စ ပြုလာပါသည်။ ကျနော်လည်း မိမိ၏ ကုသမှု ထိရောက်ခြင်းအပေါ် ကျေနပ်မှုဖြစ်ကာ အားရ၀မ်းသာ ဆေး ဆက်ထိုးပေးနေဖြစ်ပါသည်။ လူနာကလည်း တနေ့ (၉၀) ကျပ် မှန်မှန်ပေးနေပါသည်။ (၁၁) ရက်မြောက် ဆေးထိုးရမည့်နေ့တွင် လူနာက ဆိုင်းမဆင့်ဗုံမဆင့် “ဆရာ ကျနော့်အခြေအနေက သက်သာပါတယ်။ ဒါပေ မယ့် မိန်းမပါ အဖြူတွေ အရမ်းဆင်းပြီး တကိုယ်လုံးကိုက်ခဲနေတယ်။ မိန်းမက သူ အဲသလိုဖြစ်ရတာ ကျနော့် ကြောင့်လို့ စွပ်စွဲပြီး လင်မယားချင်း ရန်ဖြစ်တယ်။ အဲဒါနဲ့ သူ့ဆီက ပိုက်ဆံတောင်းမရတော့လို့ ဒီကနေ့ ဆေး ဖိုးကို အကြွေးမှတ်ထားပေးပါ ဆရာ။ နောင်ကျရင် ကျနော် မှန်မှန်လာဆပ်ပါ့မယ်” ဟု ကျနော့်ကို တောင်းပန် ပြော ပြောပါတော့သည်။

သူပြောတာကို နားထောင်ပြီး ကျနော် ရုတ်တရက် ကြောင်စီစီဖြစ်သွားပါသည်။ ခဏကြာမှ ကျနော်က “ဟာ ဗျာ ကျနော်က ငွေတိုးချေးစားတဲ့သူ မဟုတ်ပါဘူး။ ဆေးပတ်လည်တဲ့အထိသာ မှန်မှန်ဆက်ထိုးပါ။ အကြွေး ဆပ်ရမှာကြောက်ပြီး လာမထိုးဘဲတော့ မနေပါနဲ့။ နောက်ရက်တွေမှာ ခင်ဗျားမိန်းမကိုပါ ခေါ်ခဲ့။ သူ့ကိုပါ ထိုးဖို့ လိုမယ်” ဟု ပြောလိုက်မှ လူနာလည်း ပေါ့ပါးသွားပုံရပြီး ပြန်သွားပါသည်။ နောက်ရက်များတွင် လင်မယား နှစ်ယောက်စလုံး ဆေးမှန်မှန် လာထိုးပါသည်။ ပြန်ခါနီးတိုင်း “နောက်မှ ယူပါနော် ဆရာ” ဟု လင်မယားနှစ် ယောက်စလုံး တယောက်တလှည့်စီ ပြောနေကြသဖြင့် ကျနော်ကပင် သူတို့ကို ပြန်အားနာနေမိသည်။ အမျိုး သားမှာ ပင်နယ်စလင် (၂၁) လုံး မပြည့်မီမှာပင် အကျိတ်က လုံးဝနီးပါး ချပ်သွားပြီး လမ်းကောင်းကောင်း လျှောက်လာနိုင်ပါသည်။ အမျိုးသမီးမှာလည်း (၇) လုံးထိုးပြီးနောက် အဖြူဆင်းတာ လုံးဝရပ်သွားပြီး အကိုက် အခဲပါ လုံးဝပျောက်သွားသဖြင့် (၁၀) လုံးအထိ ဆက်ထိုးပေးကာ ရပ်လိုက်ပါသည်။

သူတို့လင်မယား ရောဂါပျောက်ကင်းသွားပြီးနောက် တလခန့်အကြာတွင် ကျနော်ဖွင့်သည့် ဆေးခန်း စာချုပ် ပြည့်သွားပါသည်။ စာရင်းချုပ်လိုက်သည့်အခါ နောက်ထပ် (၆) လ ထပ်ငှားရန် မတတ်နိုင်တော့သည့်အတွက် ဆေးခန်းကို အပြီးအပိုင်ပိတ်ပြီး ကျနော် နေ့ခင်းပိုင်းလုပ်သည့် မဂ္ဂဇင်းလောကထဲသို့ပင် ခြေစုံပစ်ဝင်တော့ မည်ဟု ဆုံးဖြတ်လိုက်ပါတော့သည်။ သည်လိုနှင့် ဖေဖေါ်ဝါရီလကုန်ခါနီး ရက်တရက်တွင် ဆေးခန်းရှိပစ္စည်း များကို (၂၇) လမ်းသို့ ပြန်သယ်ရန် သိမ်းဆည်းနေမိသည်။

ထိုစဉ် ကျနော် ကုသပေးခဲ့သည့် လူနာလင်မယားနှစ်ယောက် ဟထားသည့် တံခါးကို တွန်းဖွင့်ကာ ဆွဲခြင်း လေးဆွဲပြီး ဆေးခန်းထဲသို့ ၀င်ချလာပါသည်။ ရောက်ရောက်ချင်းပင် လူနာအမျိုးသားက “ဆရာ ဆေးခန်းရွှေ့ တော့မယ် သတင်းကြားလို့ ကျနော်တို့လင်မယား ဆရာ့ကို လာကန်တော့တာ။ ကျနော်တို့လင်မယားကို လိပ် စာလေးပေးခဲ့ပါဦး။ ပြေလည်တဲ့အခါ အကြွေးဆပ်ရင်း ဆရာ့ဆီ ၀င်ခဲ့ချင်လို့ပါ။ နောက် တခုခုဖြစ်ရင်လည်း ဆရာ့ဆီ လာကုချင်လို့ပါ” ဟုပြောကာ နာနတ်သီးနှင့် ငှက်ပျောသီးများ ထည့်ထားသည့် ဆွဲခြင်းကို ကျနော့် ရှေ့ချပြီး လင်မယားနှစ်ယောက်စလုံး မပြောမဆိုနှင့် ထိုင်ကန်တော့ပါတော့သည်။

ကျနော့်ထက် အသက်ကြီးသူများဖြစ်၍ အကန်တော့ခံရန် ကျနော်က အကြောက်အကန် ငြင်းဆန်သော်လည်း နှစ်ယောက်စလုံးက လက်မခံဘဲ အတင်းဦးကုန်းချနေသဖြင့် မတတ်သာဘဲ ကြည့်နေလိုက်ရတော့သည်။ ကျ နော်က သူတို့ စိတ်မကောင်းဖြစ်မှာစိုး၍ ဆေးခန်းပိတ်လိုက်ကြောင်း မပြောတော့ဘဲ (၂၇) လမ်း လိပ်စာကို ရေးပေးကာ ကြုံရင်ဝင်ခဲ့ဖို့ ပြောလိုက်ပါသည်။ သူတို့လင်မယား ပြန်ရန်အထတွင် “အကြွေးလာဆပ်ဖို့ လိပ်စာ ပေးတာမဟုတ်ဘူးနော်။ အကြွေးအကြောင်း မေ့ပစ်လိုက်တော့” ဟု လူနာအမျိုးသားကို ပုခုံးပုတ်နှုတ်ဆက် ရင်း ပြောလိုက်ပါသည်။ လင်မယားနှစ်ယောက် ကျနော့်ကို ပြန်လည်နှုတ်ဆက်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်သွား ကြပါသည်။

ထိုနေ့က ပစ္စည်းသိမ်းအပြီး ရန်ကုန်မြို့ထဲသို့ အပြန်တွင် (၄၃) ဟိုင်းလတ်ကား နောက်ခန်း၌ ထိုင်စီးရင်း လူ နာလင်မယား ကန်တော့သွားသည့် နာနတ်သီးနှင့် ငှက်ပျောသီးများကို အတန်ကြာ ကျနော် ငုံ့ကြည့်နေမိပါ သည်။ ထိုအခိုက် တကြိမ်တခါမျှ မခံစားခဲ့ရဖူးသော ပီတိတခုကို ကျနော် ထူးထူးခြားခြား ခံစားလိုက်ရပါ သည်။ ထိုသို့ ဖော်မပြတတ်အောင်ဖြစ်ရသည့် ပီတိထူးကို ခံစားရပြီးနောက် စိတ်ထဲတွင်လည်း အလွန်အမင်း ပေါ့ပါးလန်းဆန်းသလို ဖြစ်သွားပါသည်။ လွတ်လပ်ပွင့်လင်းသည့် မိုးကောင်ကင်တခုအောက်သို့ ကျနော်တို့ အားလုံး အတူတကွ ရောက်ရှိကြသည့်အခါတွင်လည်း အခြေအနေပေးပါက ထိုကဲ့သို့သော ပီတိထူးမျိုးကို ကျနော် ထပ်မံခံစားခွင့် ရချင်နေမိပါသည်။

ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီးဖြစ်ပါသည်)

5 comments:

နှင်းယုလွင် said...

Hi saya,
I feel like I can't do like this too, so except for some re-leavings, I never thought of running my own clinic.
I know how much percentage of their daily earnings have to spend for health. I feel very easy when I think about how they will eat in their family after they have paid for their health problems.
Because I had experience of selling rice in my aunt's shop. At first i actually do not believe this kind of things happening in Yangon. Very young children who reach the shop, eat the raw rice as soon as they reached. I can't imagine what kind of hunger drove them to do that. They can only buy about 2 tins of rice for whole family, and they come to buy rice when it is about the time of each meal. It was happening in 1997-1998 in Pazuntaung township of Yangon.
I really don't dare to imagine how things are now in these families.

Anonymous said...
This comment has been removed by the author.
Anonymous said...

ဆရာ
ဖတ်ပြီးတော့ငိုချင်လာတယ်။ကျေးဇူးလည်းတင်ပါတယ်ဆရာရယ်...
အခုလိုမမျှော်လင့်ပဲ ဆရာကိုပြန်တွေ့ရတာဝမ်းသာတယ်...။
ဆရာ့မဂ္ဂစင်းတွေအိမ်မှာရှိပါတယ်...
သပြေ၊ကြီးပွားရေး၊ဓန၊ရွှေအောင်လံ မဂ္ဂစင်းတွေလည်း အိမ်မှာသိမ်းထားပါတယ်။
စာရေးဆရာတွေကိုချစ်ပြီး၊ စာပေကိုမြတ်နိုးပြီး၊စာရေးဆရာတွေရဲ့ဘ၀ကိုနားလည်သူပါ ။
အဖေကိုယ်တိုင်တမျက်နှာဝတ္တုတိုလေးတွေရေးပြီး၊
ရတဲ့စာမူခနဲ့ကျွန်မကိုကျောင်းထားပေးခဲ့တာပါ။
အခုတော့...ဦးဝင်းငြိမ်းတည်းဖြတ်တဲ့ရွှေအမြူတေပဲအိမ်မှာဝယ်သိမ်းတော့တယ်။
အဓိကပြောချင်တာက...ဆရာ့စာတွေပြန်ဖတ်ရလို့ဝမ်းသာကျေးဇူးတင်ပါတယ်။

ဆရာကျန်းမာချမ်းသာပါစေ
ဆွိ ( Australia)

pee said...

Most of the doctors want to get respect as king from people but they respect just money,dont respect people.You are the just a few good doctors.In third countries..i pay the money to the doctor that he want,if he doesnt take car me,i will sue him.Should be like this in our country for money doctor.

Unknown said...

Hi friend ,
Where are you now ? I just saw your Web site
yesterday night . Now I ' m working in Malaysia for nearly 1 year .
Sam Min Hla is asking me about you and our friends .
We can see in conference call at skype -----drmyint1
and Lets talk later .
Keep in touch with me.
Ph..0143313749
Myint Lwin