Monday, September 24, 2007

အမှန်တကယ် အကြမ်းဖက်အဖျက်သမားတွေက နအဖစစ်အုပ်စုဝင်တွေပါ

မီဒီယာမောင်

ဧပြီလ(၉)ရက်နေ့ နံနက်(၉)နာရီခွဲက နအဖစစ်အုပ်စုရဲ့ ပြန်ကြားရေးဝန် ဗိုလ်ကျော်ဆန်းနဲ့ ရဲချုပ်ခင်ရီ ဦးဆောင် တဲ့ သတင်းထုတ်ပြန်ရေးကော်မတီက သတင်းစာရှင်းလင်းပွဲ(၃-၂၀၀၆)ကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြား ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲ အခမ်းအနား ကျင်းပ ပုံကို (နအဖရဲ့အကျင့်အတိုင်း ဖြတ်ညှပ်ကပ်လုပ်ပြီး) မြန်မာရုပ်မြင်သံကြားသတင်းကနေ ပြန်လည်ပြသပါတယ်။ ဗိုလ်ကျော်ဆန်းဟာ သတင်းစာရှင်းလင်းပွဲ ကျင်းပတဲ့ပုံစံကို အရင်ဗိုလ်ခင်ညွန့်လက်ထက်ကနဲ့ မတူအောင် (ပိုပြီး လွတ်လပ်ပွင့်လင်းသယောင်) လုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် သေသေချာချာ နားဆင်ကြည့် ရှုမယ်ဆိုရင်တော့ အနှစ်သာရမပြောင်းလဲဘဲ အရင်သတင်းစာရှင်းလင်းပွဲတွေအတိုင်း ပြည်သူတွေကို လိမ်ညာ လှည့်ဖျား ၀ါဒဖြန့်ချိဖို့ ကျင်းပပြုလုပ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ထူးထူးခြားခြားတွေ့မြင်ရတာတွေကတော့ …

(၁) ပြည်တွင်း၊ ပြည်ပစာနယ်ဇင်းတွေက သတင်းထောက်တွေကို အတော်များများ တွေ့ရတာဖြစ်ပါတယ်။ အရင် ဗိုလ်ခင်ညွန့်လက်ထက်တုန်းက ပြည်တွင်းက စာနယ်ဇင်းသမားတွေကို တက်ရောက်ခွင့်မပေးဘဲ နိုင်ငံခြားသ တင်းထောက်တွေကိုပဲ တက်ရောက်ခွင့်ပေးတာဖြစ်ပါတယ် (အဲဒီတုန်းက သတင်းစာရှင်းလင်းပွဲတွေကို တက် ရောက်ခွင့်ရတဲ့ နိုင်ငံခြားသတင်းထောက်တဦးပြောပြတာကို အမှတ်ရနေမိတယ်။ သူက ‘သူတို့သတင်းစာ ရှင်း လင်းပွဲကလည်းဗျာ ကျနော်တို့ အထက်ကို ပြန်မေးပါဦးမယ်တို့၊ အဲဒီကိစ္စကိုစုံစမ်းပြီး နောက်အပတ်ကျမှ ဖြေ ကြားပေးပါမယ်တို့နဲ့ ဘာမှတိတိကျကျ ဖြေကြားတာမရှိဘူး။ ဖြေရင်လည်း ကိုယ်မေးတာကို မဖြေဘဲ သူတို့ဖြေ ချင်ရာကို ဖြေတာပဲ။ ဘယ်လိုမျက်နှာပြောင်တဲ့ ကောင်တွေမှန်း မသိပါဘူးဗျာ’ ဆိုပြီး ညည်းတွားပြောဆိုပါတယ်)။ အခုတော့ ပြည်တွင်း၊ ပြည်ပက အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေရဲ့ နိုင်ငံရေးအရ မှန်ကန်တဲ့ ထိုးနှက် တိုက်ခိုက်မှုတွေကို အလူးအလဲခံနေရတဲ့ နအဖဟာ သတင်းစာရှင်းလင်းပွဲကို ပုံစံပြောင်းပြီး ပြည်တွင်းစာနယ်ဇင်း တွေက အယ်ဒီတာတွေ၊ သတင်းထောက်တွေကိုပါ ဖိတ်ကြားလာပါတယ်။ အဲဒီလိုဖိတ်ကြားရတဲ့ အကြောင်းအ ရင်ကတော့ နအဖရဲ့လိမ်လည်လှည့်ဖျားတဲ့ ၀ါဒဖြန့်ချိမှုတွေကို ပြည်တွင်းကစာနယ်ဇင်းတွေမှာ ထည့်သွင်းပြီး ပြည်သူလူထုကို အယုံသွင်းပေးစေချင်တာကြောင့်ပါ။ အဓိကကတော့ ပြည်တွင်းစာနယ်ဇင်းသမားတွေကို ဖိတ် ကြားတာဟာ အသုံးချချင်လို့ ဖိတ်ကြားတာပါပဲ။ အဲဒါကိုမရိပ်မိဘဲ ဘုမသိဘမသိ အမြီးနှံ့ပြီး ဗိုလ်ကျော်ဆန်းကို ဖော်လံဖားချင်နေတဲ့ စာနယ်ဇင်းသမား စုန်းပြူးတချို့ကိုလည်း တွေ့နေရပါတယ်။ ဒါပေမယ့် နအဖစစ်အုပ်စုရဲ့ လိမ်လည်လှည့်ဖျားမှုတွေကို (၁၇)နှစ်ကျော်ခံလာပြီးတဲ့ ပြည်သူလူထုဟာ သူတို့ဘယ်လိုပဲ ပုံစံပြောင်းပြီးလိမ်လိမ် လိမ်မှန်းကို အလိုလို သိမြင်သဘောပေါက်ပြီးသား ဖြစ်နေပါပြီ။ အဲဒါကြောင့်မို့ တီဗွီသတင်းလာချိန်ဆိုရင် အများစုက တီဗွီပိတ်ထားကြပါတယ်။ အဲဒီအကြောင်းကို နအဖအဖွဲ့အစည်းအဝေးမှာ အ မှန်အတိုင်းတင်ပြခဲ့တဲ့ ဗိုလ်ချုပ်ဇော်ထွန်းကို အလုပ်ကဖြုတ်ပစ်ခဲ့တာဟာ ထင်ရှားတဲ့သာဓကတခုဖြစ်ပါတယ်။ တီဗွီဖွင့်ကြည့်တဲ့ လူအ နည်းစုကလည်း သူတို့ဘာတွေလိမ်မလဲဆိုတာကို သိချင်လို့ စောင့်ကြည့်ခြင်းသာဖြစ်ပါတယ်။ အဲဒီတော့ နအဖ စစ်ခေါင်းဆောင်တွေခမျာ သတင်းစာရှင်းလင်းပွဲ တခါလုပ်လိုက် လူလိမ်တွေဆိုတာ ပိုမိုပေါ်လွင်သွားလိုက် ဆိုသ လို ဖြစ်နေပါတော့တယ်။

(၂) ဒုတိယအချက်အနေနဲ့ကတော့ သတင်းစာရှင်းလင်းပွဲမှာ နအဖမွေးထားတဲ့ သတင်းပေး (အင်ဖော်မာ) တွေ ကို သက်သေတွေအဖြစ် ပြောဆိုဖြေကြားခိုင်းတာပဲ ဖြစ်ပါတယ်။ နအဖရဲ့ သတင်းပေး အင်ဖော်မာတွေဆိုတာ ဒီ ကနေ့ ချွတ်ခြုံကျပြီး ဆင်းရဲမွဲတေနေတဲ့ မြန်မာပြည်မှာ အကြံကုန်တဲ့အဆုံး ဂဠုန်ဆားချက်ကြသူတွေပါ။ တည့် တည့်ပြောရရင် ထမင်းကလည်းငတ် အလုပ်ကလည်းမလုပ်ချင်ဆိုတဲ့ အချောင်သမားလူပျင်းတွေ ၀င်လုပ်ကြတဲ့ အောက်တန်းအကျဆုံးအလုပ်ပါ။ တနည်းအားဖြင့် ပြည်သူတွေကို အကြီးအကျယ်ဖိနှိပ်နေတဲ့ နအဖစစ်အုပ်စုကို သက်ဆိုးရှည်အောင် လုပ်ဆောင်ပေးနေတဲ့ ပြည်သူ့သစ္စာဖောက် သူလျှိုဒလန်တွေပဲ ဖြစ်ပါတယ်။ ဗိုလ်ကျော် ဆန်း ကလေးတွေးတွေးပုံက အဲဒီလို သူတို့မွေးထားတဲ့ အင်ဖော်မာ၊ သူလျှိုဒလန်တွေ ထွက်ဆိုဖြေကြားရုံနဲ့ လူ တွေယုံလိမ့်မယ်လို့ တွေးထင်နေခြင်းပါပဲ။ ယုတ္တိမရှိတဲ့ လိမ်ဆင်တွေနဲ့ သတင်းစာရှင်းလင်းပွဲကို ခင်းကျင်းလာ ခြင်းဟာ (နဂိုကမှ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကိုမရတဲ့) နအဖအတွက် မရှိတဲ့သိက္ခာကို ပိုမိုကျဆင်းစေ တာပဲ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲရဲ့ အဓိကဆိုလိုချက်ကတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစု တွေဟာ မြေပေါ်မြေအောက် အကြမ်းဖက်အဖျက်သမားတွေဖြစ်တယ်။ ပြည်ပဆရာကြီးများနဲ့ လက်ဝေခံအ ပေါင်းအပါများရဲ့ ပြည်ပတိုက်ကွက်၊ အန်အယ်လ်ဒီနဲ့ အပေါင်းအပါတသိုက်ရဲ့ ပြည်တွင်းတိုက်ကွက်နဲ့ အကြမ်း ဖက်သမားများရဲ့ မြေအောက်တိုက်ကွက်များနဲ့ နိုင်ငံတော်အစိုးရကို သုံးဖက်ညှပ်တိုက်နေတယ် (နအဖရဲ့ စွပ်စွဲ ပေါက်ကတော့ တရွာလုံးနဲ့ ငါ့ကြီးတော်နဲ့ မတည့်တာ တရွာလုံးမကောင်းလို့ဆိုတဲ့ အပေါက်မျိုးဖြစ်နေတယ်)။ အဲဒီ အကြမ်းဖက်အဖျက်သမား (Terrorist)တွေ တကျိတ်တည်း တဥာဏ်တည်းပူးပေါင်းပြီး နိုင်ငံတော်နဲ့ ပြည်သူလူ ထုအပေါ် ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ ယုတ္တိမရှိတဲ့ ဇာတ်လမ်းတွေဆင်ပြီး လိမ်ညာ ရှင်းလင်းတာပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် နအဖရဲ့ရိုးအီနေတဲ့ (ဘယ်သူမှ အယုံအကြည်မရှိတဲ့) ဓာတ်ပြား ဟောင်းကြီးကို ဗိုလ်ကျော်ဆန်းက ဖုံခါပြီး ပုံစံတမျိုးနဲ့ ဖွင့်ပြခြင်းသာဖြစ်ပါတယ်။

တကယ်တော့ နအဖရဲ့သတင်းစာရှင်းလင်းပွဲဟာ သူခိုးက လူဟစ်ပြနေတဲ့ ပွဲပဲဖြစ်ပါတယ်။ အမှန်တကယ် လူလိမ် အကြမ်းဖက်အဖျက်သမားတွေက နအဖစစ်အုပ်စုဝင်တွေသာဖြစ်တယ် ဆိုတာကို ပြည်သူလူထုကရော နိုင်ငံတ ကာကပါ သိရှိပြီးဖြစ်ပါတယ်။ ပြည်တွင်းပြည်ပက အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ တိုက်ပွဲဝင်နေတာဟာ နအဖ ခုတုံးလုပ်ပြောဆိုနေသလို နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ် တိုက်ခိုက်နေတာမဟုတ်ဘဲ နိုင်ငံတော်နဲ့ ပြည် သူလူထုအကျိုးအတွက် တိုင်းပြည်ကိုဖျက်ဆီးနေတဲ့ နအဖစစ်အုပ်စုပြုတ်ကျရေးကို ဦးတည်တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။ နအဖစစ်အုပ်စုဝင်တွေကို လူလိမ်အကြမ်းဖက်အဖျက်သမားတွေလို့ ပြောဆိုရခြင်းမှာ သက်သေအ ထောက်အထားတွေ ခိုင်ခိုင်မာမာရှိပြီးဖြစ်ပါတယ်။ အချက်(၃)ချက်နဲ့ သေသေချာချာရှင်းပြပါမယ်။

(က) နအဖဟာ လူလိမ် - နအဖစစ်ခေါင်းဆောင်တွေဟာ သူတို့ကိုယ်တိုင်ဦးစီးကျင်းပပေးတဲ့ ၁၉၉၀ပြည့်နှစ် ရွေး ကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းမပေးဘဲ အခု အချိန်အထိ လက်နက်အားကိုးနဲ့ မျက်နှာပြောင်တိုက်အုပ်ချုပ်နေလို့ လူလိမ်တွေအဖြစ် ပြည်သူလူထုကရော နိုင် ငံတကာကပါ တရားဝင်သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ ကျန်တဲ့ အသေးအဖွဲ လိမ်ဆင်တွေကတော့ ပြောမဆုံး ပေါင် တောသုံးတောင်ပါပဲ။

(ခ) နအဖဟာ အကြမ်းဖက် - နအဖဟာ ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ကို အာဏာလွှဲမပေးတဲ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို အပြစ်မဲ့ဖမ်းဆီးခြင်း၊ အဖွဲ့ချုပ်ရုံး တွေကို ချိတ်ပိတ်ခြင်း၊ အတိုက်အခံနိုင်ငံရေးသမားတွေကို အပြစ်မဲ့ဖမ်းဆီးထောင်ချခြင်း၊ လူအခွင့်အရေးချိုး ဖောက်ခြင်း၊ ပြည်သူတွေကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းဆိုတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို (၁၇)နှစ် လုံးလုံး ကျူးလွန်နေတာဖြစ်ပါတယ်။ ပိုပြီးသိသာထင်ရှားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကတော့ နယ်စပ်ဒေသတွေ မှာ နအဖစစ်တပ်က တိုင်းရင်းသားလူမျိုးစုတွေအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခြင်း၊ လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုအောင်လှိုင်ဝင်းကို အပြစ်မဲ့ဖမ်းဆီးနှိပ်စက်ရာက သေဆုံးသွား ခြင်း၊ အတင်းအဓမ္မ လုပ် အားပေးခိုင်းစေခံရခြင်းအပေါ် သတ္တိရှိရှိ ခုခံတိုက်ပွဲဝင်ခဲ့တဲ့ ထန်းမနိုင်ရွာသူ မစုစုနွေးကို တရားလက်လွတ်အမှုဆင်ပြီး ထောင်ချခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စီးလာတဲ့ကားကို တက္ကသိုလ်ရိပ် သာလမ်းမှာ နအဖလက်ကိုင်တုတ် ကြံ့ဖွံ့အဖွဲ့ဝင်တွေက တုတ်တွေနဲ့ ၀ိုင်ရိုက် ခြင်း၊ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ဒီပဲယင်းလူသတ် ကွင်းကြီးဖန်တီးပြီး အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကို နအဖလက်ပါးစေတဦး က လက်သီးနဲ့ဝင်ထိုးခြင်း၊ နိုင်ငံရေးအကျဉ်းသား ကိုသက်နိုင်ဦးကို နအဖစေခိုင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေ ၀ိုင်းဝန်းရိုက်နှက်ရာက သေဆုံးသွားခြင်း … စတဲ့ဖြစ်ရပ်ဆိုးတွေဟာ နအဖကို အကြမ်းဖက်သမား အဖြစ် သေချာပေါက်သတ်မှတ်နိုင်တဲ့ သက်သေသာဓကတွေပဲ ဖြစ်ပါတယ်။

(ဂ) နအဖဟာ အဖျက်သမား - နအဖဟာ ပြည်တွင်းမှာ ဗုံးတွေပေါက်ကွဲတဲ့အခါတိုင်း ပြည်တွင်းပြည်ပက အ တိုက်အခံအင်အားစုတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်ကိုသာ အပြစ်ပုံချလေ့ရှိပါတယ်။ တကယ်တော့ အဲဒီလို ဗုံးဖောက်ခွဲပြီး အဖျက်လုပ်ရပ်တွေကို လက်ရဲဇက်ရဲကျူးလွန်နေသူတွေဟာ နအဖစစ်အုပ်စုဝင်တွေသာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့လုပ်စာကိုစားပြီး ပြည်သူတွေကို ကျေးဇူးကန်းတဲ့ လုပ်ရပ်တွေ အမြဲတစေ လုပ်ဆောင် ခဲ့တာပါ။ အဲဒီလို ဗုံးဖောက်ခွဲတဲ့လုပ်ရပ်တွေဟာ နအဖစစ်ခေါင်းဆောင်တွေရဲ့ပထွေး အာဏာရှင်ဗိုလ်နေ၀င်း လက်ထက်ကတည်းက သူတို့အာဏာမြဲဖို့အတွက် ကျင့်သုံးခဲ့တဲ့ အကြံပက်စက်တဲ့ နည်းလမ်းဟောင်းတွေ ဖြစ်ပါ တယ်။ ပြည်သူတွေကို ကျီးလန့်စာစားဖြစ်အောင်လုပ်ပြီး တိုင်းပြည်မငြိမ်သက်ဘူးလို့ အကြောင်းပြကာ လက်နက် ကိုင်အုပ်ချုပ်ချင်လို့ ခဏခဏဗုံးခွဲဖျက်ဆီးတဲ့ အဖျက်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နအဖစစ်ခေါင်း ဆောင်တွေဟာ ပြည်သူတွေကိုမဆိုထားနဲ့ သူတို့စစ်အုပ်စုဝင်အချင်းချင်းကိုတောင် အာဏာစားခွက်လုရင်း ဗုံးခွဲ သတ်ဖြတ်ခဲ့တာ ဗိုလ်ချုပ်တင်ဦး လုပ်ကြံသတ်ဖြတ်ခံရတာကိုကြည့်ရင် သိသာပါတယ်။ အဲဒီလို သူတို့အာဏာ တည်မြဲရေးအတွက် (ပြည်သူတွေကို ကျီးလန့်စာစားဖြစ်စေပြီး လက်နက်ကိုင်အုပ်ချုပ်ဖို့အတွက် အကြောင်းပြ ကောင်းအောင်) ဟိုနားဗုံးခွဲ ဒီနားဗုံးခွဲပြီး အဖျက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့အတွက် နအဖစစ်ခေါင်း ဆောင်တွေကို ပြည်သူလူထုကရော နိုင်ငံတကာကပါ အဖျက်သမားတွေအဖြစ် အခိုင်အမာ ပြောဆိုရတာ ဖြစ်ပါ တယ်။ နောက်ထပ်အဖျက်သမားအဖြစ် ထပ်ဆင့်ခိုင်လုံစေတဲ့ အချက်ကတော့ (၁၇)နှစ်ကျော်ကြာ လက်နက်အား ကိုးနဲ့ အုပ်ချုပ်ခဲ့စဉ်အတွင်း တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု … စတဲ့ ကဏ္ဍအသီးသီးကို ရစရာမရှိအောင် ဖျက်ဆီးပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ပြည်တွင်းပြည်ပမှာရှိတဲ့ အတိုက်အခံဒီမိုကရေစီအင်အားစုတွေ၊ လက်နက်ကိုင် အဖွဲ့အ စည်းတွေဟာ နအဖစွပ်စွဲသလို အကြမ်းဖက်အဖျက်သမားတွေမဟုတ်ဘဲ မြန်မာပြည်လွတ်မြောက်ရေးအတွက် အနစ်နာခံ တိုက်ပွဲဝင်နေကြသူတွေသာ ဖြစ်ပါတယ်။ စွပ်စွဲတဲ့ နအဖစစ်အုပ်စုဝင်တွေကသာ အမှန်တကယ် လူ လိမ်အကြမ်းဖက် အဖျက်သမားတွေဖြစ်ကြောင်း အထက်ပါ အချက်(၃)ချက်နဲ့ သက်သေပြလိုက်ရပါတယ်။

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)

No comments: