Saturday, December 18, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၁၂-၂၀၁၀)

- မြန်မာ့ညူကလီးယားကိစ္စ လာရောက်စစ်ဆေးဖို့ IAEA တောင်းဆို click
- နျူကလီယားစီမံကိန်းနေရာများကို လေ့လာခွင့်ပေးရန် စစ်အစိုးရကို တောင်းဆို click
- ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးဆိုးဝါး click
- ရန်ကုန် အင်တာနက်ဆိုင်တချို့ အပိတ်ခံရ click
- ပဲခူး မူစလင်ရှေးဟောင်းသုဿန်ကိစ္စ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ကန့်ကွက် click
- ပဲခူး မူစလင်သုဿာန် ဖျက်ဆီးတာ ရပ်နားထားပေမယ့် စိုးရိမ်နေရဆဲ click
- NLD ခေါင်းဆောင်ပိုင်း ပြင်ဆင်ဖွဲ့စည်းမှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော click
- အမေရိကန်သမ္မတဟောင်းရဲ့ ဇနီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြော click
- လော်ရာဘုရှ်နှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ဖုန်းဆက်သွယ် click
- “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” လွတ်လပ်တဲ့အာရှအသံမှ စီစဉ်တင်ဆက်သော အပတ်စဉ် အမေးအဖြေ အစီအစဉ် (ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၀) click
- NLD ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ တိုးချဲ့ဖွဲ့စည်း click
- ပါတီတွေ ပူးပေါင်းမှ အလုပ်ဖြစ်မယ်လို့ မွန်ပါတီ ပြော click
- ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် click
- လူ့အခွင့်အရေး နဲ့ ကျန်းမာရေးအခြေအနေ (သတင်းသုံးသပ်ချက်) click
- ရွှေ့ပြောင်းအလုပ်သမားနေ့ ချင်းမိုင်နှင့် မဲဆောက်မှာ ကျင်းပ click
- မဲဆောက်မှာ ပြုလုပ်တဲ့ ရွှေ့ပြောင်း အလုပ်သမားများနေ့ ချီတက်ပွဲနဲ့ အခမ်းအနား (ဓာတ်ပုံ) click
- ဓည၀တီ မြို့တောင်ဟောင်းကို ဖြတ်ပြီး ရထားလမ်း ဖောက်တော့မယ် click
- နယူးယောက်စ်နဲ့ လော့စ်အိန်ဂျလိစ်က မြန်မာအသိုင်းအ၀ိုင်းသတင်းများ click
- ‘စမ်းမြသီတာ’ က ကောင်းသောလက်များ (ဆောင်းပါး) click
- ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်တွေကို အိုင်ဗရီကို့စ် သမ္မတ နှင်ထုတ် click
- အိုင်ဗရီကို့စ် ရွေးကောက်ပွဲ အနိုင်ရသူကို အာဏာလွှဲပေးဖို့ ပြင်သစ် တောင်းဆို click
- တင်းမာမှုတွေ လျော့ပါးစေဖို့ တောင်နဲ့ မြောက်ကိုရီးယားအပေါ် တရုတ် ဖိအားပေး click
- စစ်ရာဇ၀တ်မှု စုံစမ်းရေးအဖွဲ့တွေကို သီရိလင်္ကာ ၀င်ခွင့်ပြု click
- ရန်ကုန်မှာ တပ်မတော်သားတွေကို ပြည်သူဘက် ရပ်ပေးဖို့ စာတွေ ကြဲချ click
- ပဲခူးမြို့ခံ အစ္စလာမ်ဘာသာဝင်များ ဒေါသထွက်နေကြ click
- မြန်မာ့နိုင်ငံရေး အိန္ဒိယ ဝေဖန်ချက် ဝီကီလိစ်တွင် ပေါက်ကြား click
- ကရင်နယ်ခြားစောင့်တပ်ရင်း (၃) ရင်းမှ အဖွဲ့ဝင် (၁၀) ဦးကျော် ဒီကေဘီအေနှင့် ကေအဲန်ယူတပ်များထံ လာရောက်ပူးပေါင်း click
- မြန်မာပြည်စစ်မြေပြင်မှ ဂေါရခါး စစ်သူရဲကောင်းကြီး အသက် (၉၃) နှစ်တွင် ကွယ်လွန် click
- ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို သိသာသည့် တိုးတက်မှုဟု ဆို click
- အင်တာနက်ဆိုင်များတွင် စီစီတီဗွီ ကင်မရာများ တပ်ဆင်ရတော့မည် click
- အန်အယ်လ်ဒီ လူကြီးပိုင်း၏ ဦးဆောင်မှုကို ရပ်နားခိုင်းမည်မဟုတ် click
- ကရင်နီဒုက္ခသည်စခန်းတွင် ရွေးကောက်ပွဲကျင်းပ click
- မွန်ပါတီက စုံညီအစည်းအဝေး ပြုလုပ် click
- သြစတြေးလျ သံအရာရှိနှင့် တိုင်းရင်းသားပါတီများ တွေ့ (ချင်အမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်နှင့် ဆက်သွယ် မေးမြန်းချက်) click
- နေပြည်တော် တည်ဆောက်ရေး လက်ဝါးကြီးအုပ်ထားသည့် ကုမ္ပဏီများ အကျိုးဖြစ် click
- ရခိုင်ဓည၀တီ မြို့တော်ဟောင်းကို ရထားလမ်း ဖြတ်ဖောက်ပြီ click
- မောင်တော ဂျပန် BAJ ဆောက်လုပ်ရေးရုံး မီးလောင် click
- ‘အရုဏ်ဦးမှာ ဖူးသည့်ကြာ’ ဂယက် မငြိမ်သေး click
- မန်းမဂ္ဂဇင်း၊ အနဂ္ဂ၊ ဈာန်လျှောမယ့် မြန်မာပြည် လျှပ်စစ်မီး click
- ဒီဇင်ဘာ (၁၈) ရက် နောက်ဆုံးရ သတင်းတိုများ click
- Charles Tilly’s Framework နှင့် လူထုတိုက်ပွဲ (ဆောင်းပါး) click
- ကိုယ်ထူးကိုယ်ချွန်ရတော့မယ့် ပညာရေး (ဆောင်းပါး) click
- ဒီဇင်ဘာ နိုင်ငံတကာကာတွန်းများ click

“တနေ့ တလံ ပုဂံဘယ်ရွေ့” (ကာတွန်း မောင်မောင်ဆန်း - မိုးမခ၀က်ဘ်ဆိုက်)

အပြည့်အစုံသို့...

‘မန်းရောဘတ်ဘဇန်’ မှ ‘ဆရာတီးမသေ’ သို့ ...

ဆရာ ...

စာရေးလိုက်ပါတယ်။ ရေးဖို့ လိုအပ်လာပြီဖြစ်လို့ပါ။ မြန်မာနဲ့ ကရင်သတင်းမီဒီယာ (Website နဲ့ Blog) တွေ ကနေ နိုဝင်ဘာလ (၃၀) ရက်နေ့က ဆရာနဲ့ ဗိုလ်မှူးချုပ် စောထင်မောင်တို့ ဦးစီးတဲ့ (KNU-KNLA) အဖွဲ့က ရဲဘော် (၆) ယောက်ကို လူမဆန်စွာ ရက်ရက်စက်စက် ဓားနဲ့ ခုတ်သတ်၊ မီးရှို့ခံလိုက်ရတဲ့ သတင်းနဲ့ ဓာတ်ပုံ တွေ ဖတ်ရှုတွေ့မြင်လိုက်ရတဲ့အတွက် စိတ်မကောင်းခြင်းဖြစ်ရသလို ဒေါသလည်း ထွက်ရပါတယ်။ ကျနော့် သွေးသားထဲက တူသားတွေ လူမဆန်စွာ အသတ်ခံလိုက်ရတယ်လို့ ခံစားရပါတယ်။ ကျနော့်လိုပဲ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် ကရင်တမျိုးသားလုံးလည်း ကြေကွဲစွာ ခံစားရသလို လူစိတ်ရှိတဲ့၊ လူပီသတဲ့ ဗမာညီကို မောင်နှမများနဲ့ လူမျိုးစုံပြည်သူတွေလည်း ခံစားရမယ်လို့ ယူဆပါတယ်။

ကျနော့်အတွေးအခေါ်ထဲမှာ (ဗမာ့တပ်မတော် စစ်စည်းကမ်းဥပဒေထဲမှာ စစ်သုံ့ပန်းတွေကို ဘယ်လိုပြုမူဆက် ဆံရမယ်၊ စစ်နဲ့မသက်ဆိုင်တဲ့ မှီခိုသူ အမျိုးသမီး၊ ခလေး၊ သက်ကြီးရွယ်အို) တွေကို ဘယ်လိုဆက်ဆံပြုမူရ မယ်ဆိုတာ မပါလို့၊ မသိလို့၊ စစ်တက္ကသိုလ်တွေမှာ မသင်ရလို့ ဒီလို လူမဆန်တဲ့ လူသတ်မှုမျိုးကို ကျူးလွန် လိုက်တာလားလို့ တွေးခေါ်မိတယ်။

ခုဖြစ်စဉ်က စစ်မြေပြင်မှာ ဖမ်းမိတာမဟုတ်ဘူး။ စစ်သုံ့ပန်းတွေ မဟုတ်ဘူး။ နအဖနဲ့ ငြိမ်းချမ်းရေးယူထားတဲ့၊ အပစ်အခတ်ရပ်ထားတဲ့၊ အေးအေးဆေးဆေးနေတဲ့ တပ်ကို တမင်သက်သက် လာရောက်အနိုင်ကျင့်၊ ဗိုလ်ကျ စော်ကားဖမ်းဆီးပြီး ဓားနဲ့ထိုး၊ မီးရှို့ အစဖျောက်လိုက်တဲ့ လူသတ်မှုသက်သက်ဖြစ်တယ်။ လူမဆန်တဲ့၊ တပ်မ တော်မပီသတဲ့ ဓားပြလုပ်ရပ်ဖြစ်တယ်။ ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုးကို တစိုက်မတ်မတ်လုပ်လာတဲ့ ရန်သူရဲ့ လူတန်းစား (လက္ခဏာ) ကို သိထားသင့်တယ်။ ဒီရန်သူဟာ ...

(၁) မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်။
(၂) ဖက်ဆစ်တွေဖြစ်တယ်။
(၃) နိုင်ငံတော်လက်ဝါးကြီးအုပ်ဓနရှင်တွေဖြစ်တယ် ...လို့ သတ်မှတ်တယ်။

(၁) နအဖဟာ မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်

နအဖတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်ဟာ ဗမာ (၉၉) ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ စစ်အုပ်စုဖြစ် တယ်။ ကျန်တဲ့လူမျိုးတွေကို လူတွေလို့ သဘောမထားတဲ့၊ သူတို့သာလျှင် ကြီးမြတ်တယ်၊ အုပ်ချုပ်သူတွေဖြစ် တယ်၊ မင်းမျိုးတွေဖြစ်တယ်၊ ကျန်လူမျိုးတွေကို ကျွန်မျိုး၊ အရိုင်းအစိုင်းတွေလို့ သဘောထားတယ်။ ငါတို့သာ လျှင် တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေ၊ နိုင်ငံတော်ရဲ့ လေထု၊ ရေပြင်နဲ့ ကုန်းပိုင်းကို ငါတို့ ပိုင်တယ်။ ငါတို့မှာ ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ တပ်မတော်ကြီးရှိတယ်။ ငါတို့ဟာ စတုတ္တဗမာနိုင်ငံတော်ကို တည် ထောင်နေတဲ့ သန်းရွှေမင်းဆက်ဖြစ်တယ်လို့ ခံယူနေသူ၊ ဘ၀င်မြင့် စိတ်ကြီးဝင်နေသူဖြစ်တယ်။

ဒါကြောင့် ဒီအုပ်စုဟာ လက်နက်အားကိုးတဲ့၊ တဗိုလ်တမင်း၊ ငါ့မင်းငါ့ချင်း စစ်အာဏာရှင် မဟာဗမာဖက်ဆစ် တွေဖြစ်တယ်လို့ သတ်မှတ်တယ်။ ဒီအုပ်စုကို အမိမြေက အပြတ်ဖယ်ရှားဖြစ်ရမယ့် နောက်ဆုံးစစ်ခုံရုံးတင်ပြီး ကြိုးပေးသတ်ပစ်ရမယ့် အုပ်စုဖြစ်တယ်။ ဒီလိုအုပ်စုကိုမှ (ရွှေသမင်) ထင်ပြီး ကိုးကွယ်မိတော့ အပစ်မဲ့ ရဲဘော် (၆) ယောက် လူစိတ်ကင်းမဲ့စွာ အချောင်အသတ်ခံလိုက်ရတာဟာ ဆရာတို့မှာ လုံးဝတာဝန်ရှိတယ်။ ဒီလုပ် ရပ်ဟာ နအဖနဲ့ ဆရာတို့ ငြိမ်းချမ်းရေးရယူမိခဲ့တဲ့ ငြိမ်းချမ်းရေး (ဆုလာဘ်) နဲ့ နအဖက ပေးတဲ့ ကောင်းကြီးမင်္ဂ လာတပါးပေါ့။ ဒါဟာ ပထမအဆင့်ပဲ ရှိသေးတယ်။ နောင်ဆက်တိုက်လာမယ့် နအဖရဲ့ ငြိမ်းချမ်းရေးဆုလာဘ် တသီကြီးရှိပါသေးတယ်။ ကျနော်တို့ စောင့်ကြည့်နေပါတယ်။

(၂) နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်

နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်ဆိုတာ မတရားစွပ်စွဲတာမဟုတ်ဘူး။ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းစစ်က သက်သေပြနေပါတယ်။ ကရင်ပြည်ထဲ ကျူးကျော်ဝင်ရောက်လာပြီဆိုရင် (ဖက်ဆစ်ဂျပန်) တွေထက်ဆိုးတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်တယ်။ ရွာတွေ မီးရှို့တယ်။ ရွာပေါင်း (၅) ထောင်ကျော် မီးရှို့ခံလိုက်ရပြီးဖြစ် တယ်။ ကရင့်သမီးပျိုးတွေကို (မုဒိန်း) ကျင့်တယ်။ အများစုအုပ်စုလိုက် (မုဒိမ်း) ကျင့်ပြီး သတ်ပစ်တယ်။ စာ သင်ကျောင်း၊ ဘုရားကျောင်းတွေ မီးရှို့တယ်။ လမ်းမှာတွေ့တဲ့ ဘယ်သူ့ကိုမဆို ပစ်သတ်တယ်။ လူတွေကို ပေါ်တာဆွဲတယ်၊ မနိုင်ဝန်တွေ ထမ်းခိုင်တယ်၊ ကရင်ပြည်သူတွေ ပိုင်ဆိုင်တဲ့ ကြက်၊ ဘဲ၊ ၀က်၊ ကျွဲ၊ နွား အိမ် မွေးတိရိစ္ဆာန်တွေကို ခိုးဝှက်စားသောက်ကြတယ်။ လူထုရဲ့ တောင်ယာ၊ ဥယျာဉ်ခြံတွေကို ဖျက်ဆီးတယ်၊ မိုက်ကြေးခွဲ (ဓားပြ) တိုက်တယ်။ ဒါတွေဟာ ဖက်ဆစ်တွေရဲ့ လုပ်နည်းကိုင်နည်းတွေဖြစ်တယ်။ ဖက်ဆစ် (ဂျ ပန်) တွေဆီက စစ်ပညာ အပြည့်အ၀ သင်ကြားခဲ့တာဖြစ်တယ်။ ဒါကြောင့် နအဖတွေကို ဖက်ဆစ်တွေလို့ သတ်မှတ်ရတာဖြစ်တယ်။ ဒီနအဖဖက်ဆစ်တွေဟာ ပြည်သူလူထုအတွက် ကောင်းတာ ဘာတခုလုပ်ခဲ့လို့လဲ ... ဆရာ။ ဒါတွေကို ဆရာနဲ့ တပ်မဟာ (ရ) က တပ်မှူးဟောင်းတွေ သိကြပါတယ်။ သိရက်နဲ့ ဘာကြောင့် ဒီလို စစ်အုပ်စုဖက်ဆစ်တွေနဲ့ နားလည်မှုယူကြရတာလဲဗျာ။ ဆရာတို့ ခုထိ ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ တော် လှန်တဲ့ သစ္စာတရား (၄) ပါး သို့မဟုတ် မူ (၄) ချက်ကို ဆက်လက်ကိုင်စွဲထားတုန်းဘဲလား ...။

ဒီဖက်ဆစ်တွေဆီက ကျနော်တို့ လိုလားတဲ့ ကရင်ပြည် တောင်းလို့ရမယ်လို့ ဆရာတို့ ထင်ထားသလား။ လုံးဝ မရနိုင်ဘူးဆရာ။ ကရင်ပြည် မပြောနဲ့ (တခရိုင်)၊ (တမြို့နယ်) တောင် အုပ်ချုပ်ခွင့်မရနိုင်ဘူး။ (ထိုကော့ကိုး) လို နေရာကွက်ကွက်ကလေးမှာ နေခွင့်ပေးမယ်၊ မသေရုံတမယ်(ကားပါမစ်)လေး ချပေးမယ်၊ နောက်ဆုံး ဖက် ဆစ်တွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆရာတို့အဖွဲ့ကို လက်နက်ဖြုတ်ဖို့ (နယ်ခြား စောင့်တပ်) ခေါင်းစဉ်အောက်မှာ လက်နက်တွေ သိမ်းယူလိုက်မှာဖြစ်တယ်။ မယုံမရှိနဲ့ဆရာ။ ကြာကြာမစောင့်ရပါဘူး။ လပိုင်းလောက် စောင့် ကြည့်ပါ။

ဖက်ဆစ်တွေနဲ့ ဆရာတို့ ရေရှည်ပေါင်းလို့ မရနိုင်ဘူးဆရာ။ သူတို့ခိုင်းတဲ့ နယ်ခြားစောင့်တပ် မလုပ်ဘူးဆိုရင် ဆရာတို့ ဘာဆက်လုပ်မှာလဲ။ လက်နက်ချမလား၊ အညံ့ခံမလား၊ နအဖ ဖက်ဆစ်တွေကို ဦီးညွတ်အလေးပြုမ လား။ တပ်မင်းဗိုလ်မှူးချုပ် လင်းထင်လို အသတ်ခံမလား၊ (KRC - Karen Revolutionary Council) က ဖါး တီ မူးဆိုးကော်ကစာ စောဟန်တာသာမွှေးဆို ပညာရေးအထူးအရာရှိအဆင့်နဲ့ပဲ ဘ၀နိဂုံးချုပ်ခဲ့ရတာ ဆရာ မှတ်မိပါလိမ့်မယ်ထင်ပါတယ်။ သူမဆုံးမီ ကျနော့်အဖေကို အမှာစကားပါးခဲ့သေးတယ်။ မန်းဘဇန်ကို ပြော လိုက်ပါတဲ့၊ ကျနော် မှားသွားပြီ တဲ့၊ ဆရာနဲ့ တပ်မဟာ (ရ) က တပ်မှူးဟောင်းတွေ ခုလက်ရှိ တပ်မဟာ (ရ) မှူး ဗိုလ်မှူးချုပ် သူရစောဂျော်နီကို ပြောလိုက်ပါ (ကျနော်တို့ မှားသွားပြီ)လို့ ပြောလာမယ့် စကားကို ကျနော် မကြားချင်ဘူးဆရာ။ ကျနော် အကြားချင်ဆုံးစကားကတော့ အတွင်းစည်းရောက်နေတဲ့ ငါတို့တပ်တွေက နအ ဖ ဖက်ဆစ်တွေရဲ့ စခန်းကြီးတခုကို သိမ်းလိုက်ပြီ ... ဆိုတဲ့ (Message) ပဲဆရာ။ ဆရာတို့ ရွေးစရာလမ်းက တော့ ဒေါ်စုဖေဖေ မိန့်ကြားခဲ့သလို (လွတ်လပ်ရေးကို တောင်းလို့ ရရင်ရ မရရင်ချ) ဆိုတဲ့ စကားကို လက်တွေ့ အကောင်အထည်ဖော်ပါဆရာ။ ဒီနအဖ ဖက်ဆစ်တွေ ကျနော်တို့ လိုချင်တဲ့ (ကရင်ပြည်) ဘယ်တော့မှ မပေး ဘူး။ ဒီကောင်တွေ ကရင်ပြည် ပေးလာမယ်လို့ ဘယ်တော့မှ စိတ်ကူးမယဉ်နဲ့ဆိုတာ လက်နက်အဖြုတ်မခံရ ခင် သတိပေးလိုက်တာပါ။

(၃) နအဖတွေဟာ နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်တွေဖြစ်တယ်

နအဖတွေကို (နိုင်ငံတော်လက်ဝါးကြီးအုပ်ဓနရှင်) လို့ သတ်မှတ်ရတာက နိုင်ငံတော်အာဏာကို သေနတ်တေ့ ရယူထားပြီး နိုင်ငံတော်ရဲ့ သယံဇာတ အားလုံးကို လက်ဝါးကြီးအုပ်ပြီး စစ်အုပ်စုရဲ့ မျိုးနွယ်စုတွေအတွက် လုပ် ကိုင်နေလို့ သတ်မှတ်ရတာဖြစ်တယ်။ နိုင်ငံတော်မှာ ဒီမိုကရေစီမရှိဘူး၊ တရားမျှတမှုမရှိဘူး၊ တန်းတူမှုမရှိဘူး၊ ဥပဒေစိုးမိုးမှုမရှိဘူး၊ လူမျိုးတွေရဲ့ ရပိုင်ခွင့်မရှိသလို ပြည်သူတွေရဲ့ ရပိုင်ခွင့် အားလုံးဆုံးရှုံးနေပြီဖြစ်တယ်။ အ ထက်ပါအချက် (၃) ချက်နဲ့ အနည်းဆုံး ပြည့်နေလို့ ‘နအဖ’ ကို (မဟာဗမာလူမျိုးကြီးဝါဒီ၊ ဖက်ဆစ်စစ်အာဏာ ရှင် နိုင်ငံတော်လက်ဝါးကြီးအုပ်ဓနရှင်) လို့ သတ်မှတ်လိုက်တာဖြစ်တယ်။

ဆရာ ...

နောက်ဆုံးပြောလိုတာက ကျဆုံးသွားတဲ့ ရဲဘော် (၆) ယောက်အတွက် ကျနော်တို့ ၀မ်းနည်း ယူကျုံးမရဖြစ်ရ ပါတယ်။ သေနတ်ကိုင်ထားတဲ့ ကရင်ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ရုံမကဘူး၊ တိုင်းပြည်တ၀ှန်းလုံးရှိ လူ မျိုးစုံပြည်သူတရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ပါ တာဝန်ရှိတယ်။ တပြည်လုံးကို မကာကွယ် သေးမီ မိမိတို့အဖွဲ့ရဲ့ အသက်လုံခြုံမှုကို အရင်ဆုံး လုပ်ဆောင်ပါ။ ရှိပြီးသားလက်နက်တွေကို ကျစ်ကျစ်ဆုပ် ထားပါ။ ကရင်အချင်းချင်း သွေးမြေကျမှု မဖြစ်အောင် စောင့်ထိန်းပါ၊ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သြ၀ါ ဒကို မြေ၀ယ်မကျ စွဲကိုင်ပါလို့ မှာကြားရင်း နိဂုံးချုပ်ခွင့်ပြုပါ။

မန်းရောဘတ်ဘဇန်
ဒီဇင်ဘာလ (၁၅) ရက်၊ ၂၀၁၀

အပြည့်အစုံသို့...

မိခင် သူတော်စင်

မိခင် သူတော်စင်
ကမာပုလဲ

မေမေ …
ခု မေမေ ရောက်ရှိနေတဲ့ အရပ်မှာ
အီလက်ထရောနစ်စနစ်နဲ့ စာတွေ ပို့လို့ရသလား
အပြည်ပြည်ဆိုင်ရာ ကွန်ရက်နဲ့ ၀က်ဘ်တွေ၊ ဘလောဂ့်တွေ ကြည့်လို့ရပါသလား
ဂူဂယ်ရော ရပါသလား မေမေ။

ဇော်ဂျီဖောင့်ရှိရင်
ဂူဂယ်မှာ ‘ကမာပုလဲ’ လို့ ရိုက်ထည့်လိုက်
အမေ့ကို ပစ်ခွာသွားတဲ့
သားရဲ့ အသုံးမကျတဲ့ မျက်ရည်တွေ
အဲဒီမှာ မေမေ တွေ့ရပါလိမ့်မယ်။

မရယ်နဲ့နော် မေမေ ...
မုန့်ဟင်းခါးဟင်းရည်နဲ့ ထမင်းကြမ်းထဲ
ကြွက်ချေးခဲကလေးတွေ ပေါ်အလာ
အမေနဲ့ သား
တယောက်မျက်နှာ တယောက်ကြည့်
ဟားတိုက်ရယ်မောခဲ့တာတွေ …
ခု မေမေ ရောက်နေတဲ့အရပ်မှာ
မုန့်ဟင်းခါးတပွဲ ဘယ်လောက်ပေးနေရပါသလဲ မေမေ။

မေမေရေ ...
ဒေါ်အောင်ဆန်းစုကြည် တဖန်ပြန်လွတ်လာပြန်တယ်
ကိုမင်းကိုနိုင်နဲ့ ကိုသူရက ထောင်ထဲနှစ်ရှည်
ခု ကျနော် ရောက်နေတဲ့ လက်ရှိအရပ်မှာ
“တကယ်ချစ်တဲ့သူတွေဟာ သုံးစားမရတော့ဘူး” မေမေ
သစ္စာတရားတဲ့ …
ကျနော့်ကို အရူးတယောက်လို
ဟားတိုက်ရယ်မောလွှတ်လိုက်ကြတယ်။

အစကတည်းက
နှလုံးသားမဲ့ခဲ့တာ …
မေမေ့သားဟာ
ကိုယ်ဘာကောင်မှန်းလည်း
သေချာမသိခဲ့တဲ့ကောင်ပါ မေမေ။

ရှိပါစေတော့ မေမေ ...
သားကိုယ်တိုင် နှုတ်တိုက်သင်ပေးခဲ့တဲ့
ဘုရားစာတွေ မေမေ ရွတ်ဆိုနေဆဲလား …
ကျနော် သိနားမလည်တဲ့ နောင်တမလွန်ဘ၀မှာ
အမေ့ရင်ခွင် ငြိမ်းချမ်းမှုတွေနဲ့ အတိပြီးနေပါရဲ့လား
ဒီဇင်ဘာလရဲ့ ဆောင်းညတွေမှာ
ခရစ်တော်အတွက် ...
ကလေးတွေ သီချင်းလိုက်ဆိုနေကြတယ် မေမေ
အဲဒီကလေးတွေထဲမှာ
မတူကွဲပြားတဲ့ ကိုးကွယ်မှုဘာသာတရားတွေ
ချစ်ချင်းမေတ္တာတရားနဲ့ စုရုံးပေါင်းစည်းနေကြပေါ့။

မေမေ …
ခု မေမေ ရောက်ရှိနေတဲ့အရပ်မှာ
ယုဒ သစ်ပင်တွေ မရှိဘူးမဟုတ်ပါလား
မေမေဟာ ကျနော့်အတွက်
သူတော်စင်စစ်စစ် … ဖြစ်နေဆဲပါ မေမေ ...။ ။

* ၀က်ဘ် = website
* ဘလောဂ် = blog
* ဂူဂယ် = google.
* ယုဒ = ဘုရားသခင်၏ တမန်တော်ဖြစ်သူ ယေရှုခရစ်တော်အပေါ် သစ္စာဖောက်ခဲ့သောသူ
* “တကယ်ချစ်တတ်တဲ့သူဟာ သုံးစားမရတော့ဘူး” (ယက်ဗ်တူရှင်ကို၏ ဇီမာလမ်းဆုံ ကဗျာမှ
...)

ကမာပုလဲ
၁၅၊ ၁၂၊ ၂၀၁၀

အပြည့်အစုံသို့...

Friday, December 17, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၁၂-၂၀၁၀)

- အာဆီယံအဖွဲ့ဝင်အဖြစ် မြန်မာကို လက်မခံသင့်ခဲ့ကြောင်း လီကွမ်ယူ ပြောခဲ့ click
- ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုတို့ဟာ ၂၀၁၀ ရဲ့ ထူးခြားချက် click
- သမ္မတဟောင်း ဘုရှ်ကတော် ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက် click
- ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်က ဆုလက်ခံရန် ဖိတ်ကြား click
- ဒေါ်အောင်ဆန်းစုကြည်၏ ကဏ္ဍ ပြီးဆုံးသွားပြီဟု အိန္ဒိယအရာရှိ ပြောဆို click
- ‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ် အမေးအဖြေ အစီအစဉ် click
- NLD ဗဟို ဥပဒေပြုအဖွဲ့ တိုးချဲ့ click
- ကိုမင်းကိုနိုင် ခြေလက်ကိုက်ခဲရောဂါ ခံစားနေရ click
- ထောင်ဒဏ် နှစ်စေ့၍ တွံတေး NLD အဖွဲ့ဝင် ဦးချစ်ခင် လွတ်မြောက် click
- လွတ်လာသော နိုင်ငံရေးအကျဉ်းသား ထောင်အတွေ့အကြုံ ပြောပြ click
- အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ဇိုမီးတော်လှန်ရေးအဖွဲ့နှင့် တွေ့ဆုံ click
- မီဇိုရမ်းပြည်နယ်ရောက် မြန်မာလူဦးရေ သန်းခေါင်စာရင်းကောက်ယူ click
- နိုင်ငံရေးအရ မဖြေရှင်းပါက တိုက်ပွဲပိုဖြစ်လာမည်ဟု ဒီကေဘီအေ ပြော click
- ကရင်ဒုက္ခသည် မိသားစု (၅) စု ဂျပန်နိုင်ငံတွင် ပထမဆုံး အခြေချခွင့်ရရှိ click
- နိုင်ငံရေးအကျဉ်းသား (၁၇) ဦး လွတ်မြောက် click
- ဒုက္ခသည် လိုအပ်ချက်များ ပြည့်မီရေး မလေးရှား ကြိုးစားနေရဆဲ click
- မန္တလေးက တိုက်ခန်းများ တိုင်းရဲက လျော်ကြေးမပေးဘဲ ရုတ်တရက် ဖယ်ခိုင်း click
- ပဲခူးမြို့ ရှေးဟောင်း အစ္စလာမ်သုသာန် ဖျက်ခံရ click
- ကော့သောင်းမြို့တွင် လူ့အခွင့်အရေးဆွေးနွေးပွဲ ပြုလုပ် click
- တောင်းရမ်း စားသောက်နေရသော မြန်မာကျောင်းဆရာအိုများ၏ လူမှုဒုက္ခများ click
- ကရင်နီ စုပေါင်းကျောင်းသားပွဲတော် ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပ click
- အာဏာကို ဘယ်သူပိုင်သလဲ (ဆောင်းပါး) click
- ၂၀၁၁ နှစ်သစ်သို့ မကူးမီ ပို့သလိုက်သော မေတ္တာများ (ဆောင်းပါး) click
- အမှိုက်ပုံကြောင့် သောက်သုံးရေကန် ပျက် (ရုပ်သံ) click
- ဖေ့စ်ဘွတ်တီထွင်သူကို Person of the Year အဖြစ် တိုင်းမ်မဂ္ဂဇင်း ရွေးချယ် click
- ဂျူလီယံအဆန့်(ဂ်ျ) အမေရိကန်ကို လွှဲပေးခံရမည့်ကိစ္စ စိုးရိမ် click
- ဂိုဏ်းအုပ်တွေကို အကျပ်ကိုင်တဲ့ကိစ္စ ဗာတီကန် ရှုတ်ချ click
- ဂျပန်မှာ စစ်တပ် ပြင်ဆင်ဖွဲ့စည်းမယ်လို့ ကြေညာ click
- ဂျပန် ကာကွယ်ရေးလမ်းညွှန်အသစ် ပြဌာန်း click
- တရုတ်ဒုံးကျည် အရေအတွက်နှင့် ပစ်ခတ်နိုင်မှု အကွာအဝေးပြဇယား click
- တရုတ်ပညာရေးစနစ်နဲ့ တရုတ်ဘွဲ့ရများ (ဆောင်းပါး) click
- ရိုဆယ်လီမက်ထရို ပြောတဲ့ မြန်မာ့သမိုင်း သင်ကြားရေး (အင်တာဗျူး) click
- မြန်မာနိုင်ငံတွင် ကမ္ဘာသိ နာမည်ကျော် ဘိန်းဘုရင် မရှိတော့သော်လည်း မူးယစ်ဆေး တိုးပွားနေ click
- ဒီကေဘီအေနဲ့ နအဖ နိုဝင်ဘာ (၁၇) ရက်နေ့ ညတိုက်ပွဲ click
- နအဖနှင့် BGF ပေါင်းပြီး ရွာသားတဦးကို သတ်ဖြတ် click
- မာနယ်ပလောတိုက်ပွဲကြောင့် ရွာသားများ တိမ်းရှောင် click
- တိုက်ပွဲကြောင့် ရွာသား (၃၀၀) ကျော် ထိုင်းဘက် ထွက်ပြေး click
- တိုက်ပွဲအတွက် ပြင်ထားရန် ပြည်သူ့စစ်များကို စစ်အစိုးရ ညွှန်ကြား click
- အိန္ဒိယ ပြည်ထဲရေးဝန်ကြီးနှင့် ဇိုမီးတော်လှန်ရေးအဖွဲ့ တွေ့ဆုံ click
- နိုင်ငံရေးအကျဉ်းသား (၉) ဦး လွတ်မြောက် click
- နိုင်ငံရေးအကျဉ်းခံ (၁၆) ဦး လွတ်မြောက် click
- စွမ်းအားရှင်များ၏ ဖမ်းဆီးထောင်ချခံခဲ့ရသည့် အဖွဲ့ချုပ်ဝင်များ လွတ်မြောက် click
- ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ပြီးဆုံးဟု အိန္ဒိယ ပြော click
- ဒု-ပင်လုံညီလာခံ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန် မေးဖြေ click
- ဒေါ်အောင်ဆန်းစုကြည် လေဘေးကူငွေ ကမကထလုပ် ဖြန့်ဝေသူများအဖွဲ့ မြေပုံသို့ ရောက်ရှိ click
- ဒေါ်အောင်ဆန်းစုကြည် သတင်းများ မီဒီယာတွင် ပိတ်ပင် click
- စစ်အစိုးရ ၀ါဒဖြန့်ရုပ်ရှင် မီဒီယာကို ဝေဖန်မည် click
- ပဲခူးက မူစလင်သုဿာန်ဟောင်း ဖျက်ဆီးခံရ click
- နိုင်ငံရေးပါတီများ ရေရှည်အတွက် စီးပွားရေးလုပ်ငန်း တည်ထောင် click

“လျှောက်သောလမ်းမှာ ...” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းတွင် ကုန်တင်ခဈေးများ ထပ်တက် click
- ရန်ကုန်-ယူနန် မြန်နှုန်းမြင့် ရထားလမ်း ဖောက်မည် click
- မိုးကြောင့် မွန်မှာ စပါးအပျက်များ click
- ဂီရိပြီးနောက် ငပလီကမ်းခြေ နိုင်ငံခြာဧည့်သည်များ လာရောက် လည်ပတ်မူ များပြား click
- ထိုင်း အလုပ်သမား လက်မှတ်အသစ် ဖွင့်ပေးရန် တောင်းဆို click
- ခေတ်နဲ့အညီ ပြန်လည်ဆန်းသစ်လာတဲ့ ကချင်ရိုးရာ ရက်လုပ်ထည် click
- ကျောင်းက ကောက်ခံသည့် ငွေမထည့်နိုင်သူများကို ဆရာမက ရိုက်နှက် click
- အာဆီယံ တက္ကသိုလ်များဘောပွဲ မြန်မာ မလေးကို နိုင် click
- ဒီဇင်ဘာ (၁၇) ရက် နောက်ဆုံးရ သတင်းတိုများ click
- ဒီဇင်ဘာလ (၁၇) ရက် နိရဉ္စရာ ရုပ်သံသတင်း click
- သောကြာစကားဝိုင်း (ဒီဇင်ဘာ ၁၇၊ ၂၀၁၀) click
- ချင်းမိုင် နာရေးကူညီမှုအသင်း (ရုပ်သံ) click
- အန္တရာယ်ကြားက ရွှေ့ပြောင်းလုပ်သား ကိုယ်ဝန်ဆောင်တို့ဘဝ (ဆောင်းပါး) click
- ကိုယ်ဝန်ဆောင်ကျောင်းသူတွေ ပညာဆက်သင်ခွင့်ပေးမယ့် ဥပဒေသစ် click

အပြည့်အစုံသို့...

ကဗျာဆရာ ကြည်မောင်သန်း၏ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကဗျာ (၅) ပုဒ်

(ပြည်တွင်းမှ ကျွန်ုပ်တို့၏ ရဲဘော်တဦး ပေးပို့သည်)

အပြည့်အစုံသို့...

ဝတ်လစ်စလစ်ကမ္ဘာ

ဝတ်လစ်စလစ်ကမ္ဘာ
အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)

ကြည့်နေ …
ကြည့်ပြော …
ကြည့်စား …
ကြည့်သွား …
သိတယ်မဟုတ်လား
ခေတ်ကြီးက
လီကွမ်ယူလည်း
အပြောမတော်
ကမ္ဘာကျော် အတင်းပြောသူကြီးဖြစ်
ကိုသန်းရွှေရဲ့ လိုဏ်ခေါင်းတွေလည်း
မြေလျှိုးရာကနေ မိုးကိုပျံ
အိုယန်းကီးကြီးလည်း
မကုန်းရဘဲ ဖုံးထားသမျှတွေပေါ်
သြော် …
တော်တော်မလွယ်တဲ့ခေတ်
အားလုံး ... ၀တ်လစ်စလစ်ဖြစ်ကုန်ပါပေါ့လား။

ခေတ်ကြီးရဲ့ ကောင်းကွက်ကလေးကတော့ ...
ဝါသနာပါရင်
ကိုယ်တိုင် ဒါရိုက်တာ
ကိုယ်တိုင် ဇာတ်ညွှန်း
ကိုယ်တိုင် သရုပ်ဆောင်
ကိုယ်တိုင် ကင်မရာမင်း
ကိုယ်တိုင် တည်းဖြတ်
ကိုယ်တိုင် ထုတ်လုပ်သူ
(မိဘဘိုးဘွားဆီက နှိုက်ယူစရာမလို)
အားလုံးသော ကိုကို မမတွေ
မင်းသား မင်းသမီးဖြစ်နိုင်တဲ့ခေတ်
မပူနဲ့ … ယူကျုဘ်ရှိပြီကွဲ့လေ။

ဒါပေမယ့် …
နည်းပညာချောက်ကမ်းပါး
မိုးဟေကိုလေးလည်း သတိထား
ပဲရစ်ဟီလ်တန်လည်း သတိထား
စန္ဒီမြင့်လွင်လေးလည်း သတိထား
ဘရစ်တနီစပီးယားစ်လည်း သတိထား
နန္ဒာလှိုင်လေးလည်း သတိထား
ဂျနီဖာလိုပက်ဇ်လည်း သတိထား
ချစ်စနိုးဦးလေးလည်း သတိထား
ကင်မ်ဂါဒါရှိန်းလည်း သတိထား
မေနန်းခေါင်လေးလည်း သတိထား
မယ်စကြ၀ဠာလေးတွေလည်း သတိထား
အားလုံး အားလုံးသော ညီမလေးတွေ၊ အစ်မကြီးတွေလည်း သတိထား
ချစ်တုန်း ပြုံးပြုံး မုန်းတော့ မီးတဟုန်းဟုန်းတဲ့
(ဘာကိုမှ …)
အလွယ်ကူ မယုံစားလေနဲ့။

အထူးသဖြင့်တော့
သန်းတုပ်ရင်း အတင်းပြောတာ
“အဲဒါ … တို့ရိုးရာဟေ့” ဆိုတဲ့
ကျုပ်တို့ ရွှေမြန်မာများ
အလကားနေ ချက်တင်မပွားနဲ့
အလကားနေ ဖေ့စ်ဘွတ်ခ်မသွားနဲ့
အလကားနေ ဂျီတော့ခ်မပြောနဲ့
အလကားနေ တွီတာမသုံးနဲ့
အလကားနေ စကိုင်းပီမပြောနဲ့
စကား စကား ပြောပါများ
ဘုရား … ဘုရား အစက ဒီလိုမှန်းမသိလို့ပါဗျား ဖြစ်ကုန်မယ်။

ဟော … အခုလည်းကြည့်ပါလား
အသေအချာ ဖွက်ထားတဲ့ ဒီကဗျာ
ဘယ်ကဘယ်လို အတောင်ပေါက်
အင်တာနက်ပေါ် ရောက်လာရပြန်တာလဲ။ ။

အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)

အပြည့်အစုံသို့...

Thursday, December 16, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၆-၁၂-၂၀၁၀)

- မြို့တိုင်းမှာ ပျောက်ကျားစစ် ဆင်နွှဲသွားမည်ဟု ဒီကေဘီအေ ပြော click
- နယ်ခြားစောင့်တပ် ဒီကေဘီအေတချို့ ပြန်တိုက်တဲ့ ဒီကေဘီအေကို လာပေါင်း click
- ကလေးစစ်သားနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှု ရှိနေဆဲ click
- တွေ့ဆုံဆွေးနွေးရေး အချိန်မဝေးတော့ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆွေးနွေးရန် အင်ဒိုဝန်ကြီး တိုက်တွန်း click
- မြန်မာ့ဒီမိုကရေစီရေး ဆွစ်သံအမတ်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး click
- သြစတြေးလျ လေ့လာရေးအရာရှိနှင့် အဖွဲ့ချုပ်ခေါင်းဆောင်တို့ တွေ့ဆုံ click
- မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ ပညာရေး မြှင့်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- NLD နှင့် CRPP အဖွဲ့ ကျောက်ဖြူမှာ လေဘေး အကူအညီပေး click
- ရခိုင်လေဘေးဒုက္ခသည်များအတွက် အဖွဲ့ချုပ်ဝင်များ သွားရောက်ကူညီနေ click
- မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကိစ္စ နော်ဝေကို ရှုတ်ချ click
- ဇိုမီးအဖွဲ့ကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီးနဲ့ မဏိပူဝန်ကြီးချုပ် လာတွေ့ click
- နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်မည် click
- ကျားဖြူပါတီ အထွေထွေညီလာခံ မပြီးပြတ် ဗဟိုကော်မတီ ဆက်လက်ဆွေးနွေး click
- ကြံ့ခိုင်ရေးကိုယ်စားလှယ်တဦးကို မဲခိုးမှုဖြင့် တသီးပုဂ္ဂလအမတ် တရားစွဲမည် click
- ကြံ့ဖွံ့ကို တိုင်သူ ပြန်လည်တရားစွဲခံရ click
- ခွဲထွက်လိုသော စိုးရိမ်မှုကို ဘယ်လို ပြောင်းမလဲ (ဆောင်းပါး) click

“လှေကြုံစီးပါရစေ” (ကာတွန်း ဇော်ဒီဒီ - နေ့သစ်မီဒီယာ)
- မြန်မာ့ကျွန်းသစ်လုံးရေ သုံးထောင်ကျော် ထိုင်း ဖမ်းဆီး click
- မြန်မာဘက်မှ ခိုးသွင်းသော သစ်လုံး (၃) ထောင်ကျော် ဖမ်းမိ click
- ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ကိုယ်ရေးအရာရှိကို လာဘ်ထိုးပြီး လိုင်စင်မဲ့ကားနဲ့ စစ်တောင်းတံတားကို ဖြတ်စဉ် အဖမ်းခံ ရ click
- လောင်ဂျန်း ရေကာတာကြာင့် လူ (၁၆,ဝဝဝ) ကျော် ထိခိုက် click
- တရုတ်နယ်စပ် ကုန်သွယ်ရေး မျှတမှုမရှိ click
- ရန်ကုန်နဲ့ ယူနန် မြန်နှုန်းမြင့် ရထားလမ်း ဖောက်တော့မည် click
- ထားဝယ်ရေနက်ဆိပ်ကမ်း စဆောက်တော့မည် click
- သီရိမင်္ဂလာဈေး ရွှေ့ပြောင်းမိန့်ကြောင့် ဈေးသူဈေးသား အခက်တွေ့ click
- ထိုင်းနိုင်ငံရှိ အလုပ်သမားများ လစာတိုး၊ မြန်မာဘက်က ကျွန်းသစ်များ မှောင်ခိုသွင်း click
- နေပြည်တော်မှာ ခွေးတွေတောင် ရူးကုန်ပြီနဲ့ အထက်အမိန့်အရ တဒေါ်လာ ငွေ (၁,၀၀၀) နှုန်း အခွန်ဆောင် ရမယ် click
- အာဆီယံ တက္ကသိုလ်ဘောလုံးပွဲ မြန်မာက မလေးရှားအသင်းကို နိုင် click
- ပရီးမီးယားလိဂ်ထွက် နှစ်ဦးကို ဇေယျာရွှေမြေ ကမ်းလှမ်း click
- ဓမ္မရသကျောင်း (ဖီးနစ်-အရီဇိုးနား) ဘုံကထိန်အောင်ပွဲ ကျင်းပခဲ့ (ဓာတ်ပုံ) click
- Myanmar Child Aid ရန်ပုံငွေအဖွဲ့က မိဘမဲ့ကလေးများ စာသင်ကျောင်းကို ဦးစားပေးသွားမည် click
- ဖိုးဖွားအမွေ ၀မ်းစာငွေ (ဆောင်းပါး) click
- ၀ီကီလိခ် ထူထောင်သူ အာမခံနဲ့ ပြန်လည်လွတ်မြောက် click
- Julian Assange အာမခံနဲ့ လွတ်လာ click
- ၀ီကီလိခိစ် ထူထောင်သူ အာမခံဖြင့် လွတ်တော့မည် click
- ဟောင်ကောင် ကမ္ဘာလှည့်ခရီးသည် သေဆုံးမှု ဖိလစ်ပိုင် လျော်ကြေးပေး click
- အမေရိကန် နိုင်ငံရေးသမား Bill Richardson မြောက်ကိုရီးယားကို ရောက် click
- တရုတ်နဲ့ အိန္ဒိယ ဒေါ်လာ ဘီလျံ (၁၀၀) ဖိုး ကုန်သွယ် click
- ကိုမင်းကိုနိုင် ကျန်းမာရေး ချို့ယွင်းနေ click
- ဒေါ်အောင်ဆန်းစုကြည်ကြောင့် လူမှုရေးလုပ်ငန်းများ အဟန့်အတားဖြစ်ဟု ပြော click
- အရက်မူးသည့် တပ်ကြပ် ပစ်ခတ်၍ ရခိုင်ဒေသခံတဦး သေဆုံး click
- သေဆုံးသူ လူငယ် အသုဘ ကျောက်ဖြူတွင် ပြုလုပ် click
- တိုက်ပွဲကြောင့် မာနယ်ပလောဒေသမှ ရွာသားများ ထိုင်းဘက်ခြမ်းထွက်ပြေး ရောက်ရှိ click
- စစ်အစိုးရတပ်များ ရှမ်းပြည်မြောက်ပိုင်း၌ စစ်ရေးမငြိမ်သက်မှု ပိုလာ click
- သျှမ်းပြည် (မြောက်ပိုင်း) ထွက် ပြောင်းသယ်ယူခွင့် ပိတ်ပြီး ကုမ္ပဏီ ဈေးနှိမ်ဝယ် click
- မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားရေး နော်ဝေအစိုးရ ပတ်သက်နေ click
- မြ၀တီနယ်စပ်ဂိတ် ပိတ်ထားသော်လည်း အခြားနယ်စပ်ဂိတ်များ ထပ်ဖွင့်မည် click
- အခွန်ကောက်ခံမှု များလာသည့်အတွက် ကုန်သည်များ အခက်တွေ့ click
- တရုတ်ကုန်စည်ဈေးကွက် မြန်မာပြည်တွင် တိုးချဲ့ click
- စစ်သမိုင်းပြတိုက် နေပြည်တော်သို့ ရွှေ့ click
- အချိန်အခါမဟုတ် မိုးကြောင့် စပါး ပျက်စီး click
- ရခိုင်ပြည်နေ့ အခမ်းအနား ရန်ကုန်တွင် ကျင်းပ click
- သျှမ်းစာပေပညာရှင် စိုင်းဖှ နှစ် (၆၀) ပြည့်မွေးနေ့ ဂုဏ်ပြုစာကြည့်တိုက် ရန်ကုန် ကိုးမိုင်သျှမ်းကျောင်း၌ ဖွင့် လှစ် click
- ဒီဇင်ဘာ (၁၆) ရက် နောက်ဆုံးရ သတင်းတိုများ click
- မင်္ဂလာနှင့် နိုင်ငံရေး (၁၈) (သရော်စာ) click
- ၂၀၁၁ မြန်မာပြည် (ဆောင်းပါး) click
- နွေ (အေအိုင်ဒီအက်စ်ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ) click
- အမေရိကန် ဟိမ၀န္တာဖွင့်ခြင်းနဲ့ ဘက်လိုက်ခြင်းရသ (ဆောင်းပါး) click
- အများပြည်သူအတွက် အများပြည်သူကောင်းမှု (ဆောင်းပါး) click
- Jingle All The Way - သံစဉ်နဲ့ ကမ်းလက်များဆီသို့ (သတင်းဆောင်းပါး) click
- ရှပ်နီခေါင်းဆောင် (၁၁) ယောက်ကို ဖမ်းဝရမ်းသစ် ထုတ်ဖို့ ကြိုးပမ်း click
“၂၀၁၀ ကော်မရှင်” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)

အပြည့်အစုံသို့...

နောက်ဆုံး ကချင်ခံကတုပ် (ရုပ်သံ)

ရုပ်သံသတင်း - မဇ္ဈိမ၀က်ဘ်ဆိုက်

အပြည့်အစုံသို့...

နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ် (နိုဝင်ဘာလ၊ ၂၀၁၀ ခုနှစ်)

Nightingale Health Journal (Nov-2010)

အပြည့်အစုံသို့...

Wednesday, December 15, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၁၂-၂၀၁၀)

- ရခိုင်ပြည်နယ်နေ့ကို ရုံးပိတ်ရက် မသတ်မှတ်၍ ကျောင်းသားများ ကျောင်းမတက်ဘဲ သပိတ်မှောက် click
- ကျောက်ဖြူတွင် လူငယ်တဦးကို စစ်တပ်က ပစ်သတ် click
- စစ်တပ်က ပစ်ခတ်လို့ ရခိုင်က လူငယ် သေဆုံး click
- နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းမှ ဗိုလ်ကြီးစောဒိုစိုး (စောဃော်သကူး) တပ်ဖွဲ့ဝင် (၉) ဦးနဲ့အတူ ဒီကေဘီ အေထံ လာရောက်ပူးပေါင်း click
- (၁၇) နှစ်နီးပါး ရပ်ဆိုင်းထားသည့် အခွန်ငွေ ကေအိုင်အိုအဖွဲ့ ပြန်ကောက် click
- အမေရိကန်မှ ကရင်နီအမျိုးသမီးတဦး အဓမ္မ ပြုကျင့်ခံရ click
- မြန်မာလူ့အခွင့်အရေးချိုးဖောက်မှုမှာ နော်ဝေးအစိုးရ ပတ်သက်နိုင် click
- မြန်မာနိုင်ငံမှာ နော်ဝေအစိုးရ ရင်းနှီးမှုလုပ်ထားဟု လူ့အခွင့်အရေးအဖွဲ့ ဝေဖန် click
- မြန်မာမှာ နော်ဝေ ရင်းနှီးမြှုပ်နှံမှုကို ERI ဝေဖန် click
- နိုင်ငံရေးသမားတွေကို ဘာကြောင့်ပဲ လွှတ်လွှတ် ဝေဖန်စရာမရှိ click
- ပိုလန်၊ ဗြိတိန်၊ ဆွီဒင်သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အင်ဒိုနီးရှားအစိုးရ ထောက်ခံ click
- မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်အခန်းကဏ္ဍ အင်ဒို ထောက်ခံ click
- လန်ဒန်က ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့အရေး ဆွေးနွေး click
- NLD မုန်တိုင်းဒုက္ခသည်ကူညီရေးအဖွဲ့ ကျောက်ဖြူမြို့နယ်မှာ ကူညီ click
- စစ်ကြောင့် ထွက်ပြေးလာသူများကို ဒုက္ခသည်အဖြစ် ထိုင်းက မယူဆ click
- ဖျာပုံထောင်မှ ကိုရွှေမောင် မျက်စိကုရန် လိုအပ် click
- ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ညီလာခံ ပြီးစီး၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ် click
- ကျားဖြူပါတီ ကော်မတီနှစ်ခုဖွဲ့ click
- ၂၁ ရာစု ပင်လုံညီလာခံ ရခိုင်ပါတီ ထောက်ခံ click
- မြန်မာစစ်ဗိုလ်ချုပ်တွေ အသိဉာဏ်နည်း၊ လီကွမ်ယူ ထင်မြင် click
- မြန်မာစစ်ဗိုလ်ချုပ်များ မိုက်မဲထုံထိုင်းဟု လီကွမ်ယူ ဝေဖန် click
- မြန်မာစစ်အစိုးရကို ထုံထိုင်းသူများအဖြစ် စင်ကာပုဝါရင့်ဝန်ကြီး ရှုမြင် click
- စစ်ခေါင်းဆောင်တွေဟာ ထုံထိုင်းမိုက်မဲသူတွေလို့ လီကွမ်ယူ မှတ်ချက်ချ click
- မြန်မာဗိုလ်ချုပ်ကြီးများလုံခြုံရေး အမေရိကန်က အာမခံရန် အကြံပြုချက် WikiLeaks ဖော်ပြ click
- မြန်မာစစ်အစိုးရနဲ့ နျူကလီးယားစီမံကိန်း (သတင်းသုံးသပ်ချက်) click
- မြန်မာနိုင်ငံကို တရားမဝင် ပစ္စည်းတင်သွင်းသည့် ကနေဒါ လေယာဉ်ကုမ္ပဏီ အမှုကြားနာ click
- နေပြည်တော်တွင် လယ်ယာမြေ သိမ်းဆည်းခံရသူများ ဗိုလ်ချုပ်မှူးကြီးထံ တိုင်ကြား click
- စက်ရုံအတွက် ဇေကမ္ဘာကုမ္ပဏီ လယ်သိမ်းမှု ဒေသခံတွေ မကျေနပ် click
- ဈေးသစ်ကို ပြောင်းရွှေ့ခိုင်းသည့်အတွက် ဈေးသည်များ စိတ်မချမ်းသာ click
- ဆန်စပါးအသင်းက လယ်သမားနဲ့ တွဲလုပ်ဖို့ နည်းရှာ click
- တရုတ်ပြည်ကို ငှက်ပျောသီး တင်ပို့ခွင့် ပြန်ပေး click
- ရှမ်းနှစ်သစ်ကူး မိုင်းလားတွင် ကျင်းပ၊ ငြိမ်းအဖွဲ့များ တွေ့ဆုံ click
- ခွဲစိတ်ခန်းအတွက် နိုင်ငံရေးအကျဉ်းသားမိသားစုအချို့ (၁၀) ဒေါ်လာ ရန်ပုံငွေ လှူဒါန်း click
- ရွှေ့ပြောင်းကလေးငယ်များကို အခမဲ့ ပိုလီယို ဆေးတိုက် click
- HIV ပိုး ကူးနိုင်တဲ့နည်းနဲ့ မကူနိုင်တဲ့ နည်းများ click
- အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပွဲ မြန်မာ ဆင်နွှဲ click
- လှေစီးပြေး (၃၀) ခန့် သြစတြေးလျ ရေပြင်မှာ သေဆုံး click
- ဘိန်းဘုရင် ဝေရှောက်ခန် ဖမ်းမိဖို့ ထိုင်းနိုင်ငံတွင်း အရှိန်မြှင့် လုပ်ဆောင် click
- အီရတ်အပေါ် ပိတ်ဆို့မှု ကုလ ပြန်ရုပ်သိမ်း click
- လီကွမ်ယူက မြန်မာအစိုးရကို မိုက်မဲထုံထိုင်း ဒုံးဝေးသူများဟု ပြော click
- ဗိုလ်ချုပ်မှူးကြီးကို ထုံပေပေဟု လီကွမ်ယု ပြော click
- မြန်မာစစ်ခေါင်းဆောင်များကို လုံခြုံရေး အာမခံချက်ပေးဖို့ အမေရိကန် ပြော click
- ဒေါ်အောင်ဆန်းစုကြည် တက်ကြွလူငယ်များနှင့် တွေ့ဆုံမည် click
- အလင်းဝင် သတင်းဖော်ပြချက် ၀ါဒဖြန့်ခြင်းဖြစ်ဟု DKBA ပြော click
- ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး တန့်ယန်းမြို့နယ် ပြည်သူ့စစ်များအား ခေါ်တွေ့ click
- ရခိုင်ပြည်နယ်နေ့ ကျယ်ကျယ်ပြန့်ပြန့် မကျင်းပနိုင် click
- ဂီရိမုန်တိုင်းသင့်ဒေသတွင် မိုးကြီး၍ လေပြင်းထပ်တိုက် click
- တရုတ်ရေကာတာကြောင့် ရှမ်းလူထု ဒုက္ခဖြစ် click
- တရုတ်နိုင်ငံ လောင်ဂျန်းရေကာတာ သစ်ကြောင့် သောင်းနှင့်ချီသော ရှမ်းရွာသားများ ဒုက္ခရောက် click
- တာချီလိတ်မြို့သစ် တိုးချဲ့ရန် လူထုမြေကွက် သိမ်းယူပြီး အကွက်ပိုင်း၍ ပြန်လည်ရောင်းချ click
- နမ့်ခမ်းအနီးရွာရှိ လက်ဖက်ခြံများကို ရဲစိုက်ခင်းအဖြစ် သိမ်းမည် click
- ကချင်တောင်သူများ လယ်မြေ ယုဇနကုမ္ပဏီ ဖျက်ဆီး click
- အရပ်ဘက်သုံး အင်တာနက်များ ဆက်လက်နှေးမည် click
- အင်တာပျက် သေပြီတော် click
- မူစယ်က (၇) တန်းကျောင်းသူလေး ပျောက်ဆုံးနေသည်အမှု ရဲတာဝန်ယူမှု ပေါ့လျော့ click
- ပြည်ပလေယာဉ်လက်မှတ်ခများ ဈေးတက် click
- ဆူဇူကီးဖလား ပြိုင်ပွဲရှုံး၍ မြန်မာအသင်း နည်းပြချုပ် ပြောင်းမည် click
- မိုးမခက Uncensored Burma Daily News ကို ထပ်ဆင့် ဖြန့်ဝေပေးမည် click
- ဒီဇင်ဘာ (၁၅) ရက် နောက်ဆုံးရ သတင်းတိုများ click
- ရွေးကောက်ပွဲလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး) click
- ဒန်အိုးဒန်ခွက် ဝယ်တယ်၊ မန်ယူ ဝယ်တယ်၊ ပန်းကန်ပြားပျံ ဝယ်မယ် (ထွေရာလေးပါး) click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ကျောင်းသားများ အမေးအဖြေ (ရုပ်သံ) click
- အလုပ်သမားခေါင်းဆောင် ဦးအေးကြည်ဈာပန (ရုပ်သံ) click
- အယ်ဒီတာ့စကား (ရုပ်သံ) click
- စစ်အာဏာရှင်စနစ်အောက်က လူ့အခွင့်အရေး (ရုပ်သံ) click
- ကချင်ရိုးရာအက (ရုပ်သံ) click
- အော်ပီကျယ် ကာတွန်း click
- ၀ီကီလိ တည်ထောင်သူ အဆန်းခ်ျကို အာမခံပေးလိုက်ပြီ click

အပြည့်အစုံသို့...

ပြည်သူ့အစိုးရနဲ့ ဒီမိုကရေစီအရုဏ်ဦး

မောင်ဂဒိုး
(ရေးသူအာဘော်သာ ဖြစ်ပါသည်)

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ (၁၃) ရက်နေ့က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပါပြီ။ သူလွတ် မြောက်အလာကို ကြိုဆိုကြတဲ့ ပရိသတ်၊ နောက်နေ့ သူ့ကို တွေ့ဖို့ အန်အယ်လ်ဒီရုံးချုပ်ရှေ့လာတဲ့ ပရိသတ် ဆိုတာ အံ့မခန်း များပြားတာပါ။ လွတ်မြောက်လာမှုကို နေအိမ်ရှေ့မှာ ညအိပ်စောင့်ကြိုသူရှိသလို တကယ် တွေ့ရတဲ့အခါ ဝမ်းသာအယ်လဲ မျက်ရည်လည်ရွဲ ဖြစ်ရတဲ့သူတွေလည်း အပုံကြီး။ ကွဲကွာနေခဲ့တဲ့ ကာလအ တွက် ဆို့နစ်ကြေကွဲမှုမျိုး ခံစားကြရသလို ကိုယ့်ရဲ့အမေ အမ မွေးချင်းတဦးဦးနဲ့ ပြန်ဆုံတွေ့ရလို့ ကြည်နူးပီတိ ဖြစ်ရတာမျိုးလည်း ခံစားကြရတယ်။ တဦးမေတ္တာတဦးမှာ အပြန်အလှန် ချစ်ကြတာမို့ ခုဆို ဒေါ်အောင်ဆန်းစု ကြည်ဟာ ပြည်သူလူထုရဲ့အသက်၊ ပြည်သူလူထုရဲ့သွေးလို့ ပြောရတော့မှာပါ။

ကျန်းကျန်းမာမာ တွေ့ရလို့ အားလုံးက စိတ်ချမ်းသာကြတယ်။ ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့အနာဂတ်ရေးအ တွက် မျှော်လင့်ချက်တွေလည်း လင်းလက်လာကြတယ်။ ပြည်သူတွေ လက်တွေ့ခံစားနေကြရတဲ့ စားဝတ်နေ ရေးအခက်အခဲ၊ တိုင်းပြည်ရဲ့နိုင်ငံရေးအကျပ်အတည်း၊ နအဖနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ရဲ့တိုက်ပွဲ ... စတာတွေကို ပြေလည်အောင် ဦးဆောင်ကြိုးစားဖြေရှင်းပေးနိုင်သူဟာ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ဖြစ် တယ်လို့ ပြည်သူများသာမက နိုင်ငံတကာကပါ ယူဆထားကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ ရဲ့မျှော်လင့်ချက်၊ ကျနော်တို့ရဲ့အလင်းရောင်ပါ။ ပြည်သူလူထုကလည်း သူက သေဆိုသေ၊ ရှင်ဆိုရှင် လိုက် လုပ်ကြဖို့ အဆင်သင့်ဆိုတဲ့ အနေအထားမျိုး အဲဒီနေ့က တွေ့ရပါတယ်။ ဒါ ကျနော်တို့ရဲ့ မဲခွဲစရာမလိုတဲ့ လူထု ခေါင်းဆောင်ပါ။

ပြည်တွင်းမှ ဝါရင့်နိုင်ငံရေးသမားများက ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားကြသလို နိုင်ငံ တကာခေါင်းဆောင်များကလည်း တကူးတက ဆက်သွယ်ပြောကြားကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် ဇွဲရှိရှိ ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူးကြသလို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့လည်း ပြောကြားကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံတကာသံရုံးများမှ အကြီးအကဲများကလည်း တဖွဲဖွဲလာ ရောက်တွေ့ဆုံကြပါတယ်။ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်သူခေါင်းဆောင်သာရရှိနိုင်တဲ့ အလေးထားမှုမျိုး၊ အ ပြုအမူအဆက်အဆံမျိုးပါ။ ဒါပေမယ့် နအဖရဲ့အကြီးအကဲ ဗိုလ်ချုပ်သန်းရွှေကိုတော့ ဘယ်နိုင်ငံတကာကမှ အရေးလုပ်ပြီး ဆက်သွယ်ပြောဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအဖွဲ့တို့ ဟာ လက်နက်ကိုင်အဖွဲ့အစည်းမရှိ သေးတဲ့ ပြည်သူ့အစိုးရစစ်စစ်ပါ။

လူထုခေါင်းဆောင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ရက်ပိုင်းအတွင်းမှာ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ်မှ မဖြူဖြူသင်း ကြပ်မတ်ဆောင်ရွက်နေတဲ့ HIV/AIDS လူနာတွေကို သွားရောက်အား ပေးပြီး လိုအပ်တဲ့အကူအညီတွေ ပြည်တွင်းပြည်ပမှ ဆက်လက်ရရှိနိုင်အောင် ကြိုးစားဆောင်ရွက်တယ်။ ပြည် သူလူထုအရေးအတွက် ရည်ရွယ်ချက်ချင်းတူညီတဲ့ကိစ္စတွေမှာ အခြားဒီမိုကရေစီအဖွဲ့တွေနဲ့ ပူးပေါင်းလုပ် ဆောင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်။ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အနှစ် (၉၀) မြောက် အ မျိုးသားအောင်ပွဲနေ့၊ ကမ္ဘာ့ HIV/AIDS နေ့ ... စတာတွေကို အဖွဲ့ချုပ်ရုံးမှာ ပီပြင်အောင်မြင်စွာ ကျင်းပခဲ့တယ်။

နိုင်ငံအုပ်ချုပ် မင်းလုပ်နေပါတယ်ဆိုတဲ့ နအဖက အထိမ်းအမှတ်ပွဲတွေ ကျင်းပဖို့ နေနေသာသာ ဒီနေ့တွေရှိ တယ်ဆိုတာ သိချင်မှတောင်သိမှာ။ နအဖ အာရုံစိုက်နေတာက ကိုယ့်ဖာသာကိုယ် နိုင်တယ်လို့ လုပ်ထားတဲ့ ရွေးကောက်ပွဲအပြီး ဘောင်းဘီဝတ်တွေ ဘောင်းဘီချွတ်ပြီး အစိုးရဖွဲ့ဖို့။ ဒီလိုဖွဲ့လည်း တိုင်းပြည်အခြေအနေက မတိုးတက် ဆိုးမြဲဆိုးလျက်နေမှာပဲ။ တိုင်းပြည်တိုးတက်ဖို့အတွက် ရည်ရွယ်ပြီး လုပ်နေတာမဟုတ်ဘဲ သူတို့ အာဏာမြဲဖို့အတွက်သာ ရည်ရွယ်ပြီး လုပ်နေတာမို့ သူတို့ကြွေးကြော်နေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်ကြီးဖြစ်ဖို့မပြောနဲ့ ပြည်သူတွေ ထမင်းနပ်မှန်အောင် စားနိုင်တဲ့ နိုင်ငံတော်ဖြစ်ဖို့တောင် မလွယ်ဘူး။ ခုချိန် ထိ ဘယ်နေရာမှာမှ သက်သာချောင်ချိ လွတ်လပ်ပွင့်လင်း လိုက်လျောလာတယ်ရယ်လို့ မရှိသေးဘူး။

စေတနာမွဲရုံသာမဟုတ်ဘူး၊ လူနဲ့သူနဲ့တူတဲ့ အသိဉာဏ်လည်းနည်းတယ်။ ဒါကြောင့်သာ နာဂစ်မုန်တိုင်းတိုက် ခတ်လို့ လူတွေ သောက်သောက်လဲသေ၊ ဒုက္ခတွေ ပင်လယ်ဝေနေဆဲအချိန်ကြီးမှာ ဒုက္ခသည်တွေအတွက် လှူဒါန်းတဲ့ ငွေတွေနဲ့ တခြားခိုးဖွက်ထားတဲ့ ငွေတွေကို ဘုံးပြီး ဗိုလ်ချုပ်သန်းရွှေက သူ့မြေးအတွက် အင်္ဂလန်က မန်ချက်စတာယူနိုက်တက် ဘောလုံးသင်းတောင် ဝယ်ပေးဖို့ စိတ်ကူးခဲ့သေးတာပေါ့။ သနားစရာပဲ။ စစ်ဗိုလ် ချုပ်တွေ အရည်အချင်းဘယ်လောက်ရှိတယ် ဆိုရာမှာတော့ ရှိတဲ့သယံဇာတကို တရုတ်လက်ထိုးအပ်နေတာ သာ ကြည့်ပေတော့။ တရုတ်ပြည်ဆိုတာ မြန်မာပြည်ကို သူတို့ယူနန်ပြည်နယ်ရဲ့ အစိတ်အပိုင်းတခုလိုဖြစ် အောင် ကြိုးစားနေတဲ့ နိုင်ငံဖြစ်တယ်။ ရနိုမယ်ဆိုရင် မြန်မာပြည်က သယံဇာတကိုသာမက မြေကြီးကိုပါ ခြစ် ခြုတ်ယူမယ့် နိုင်ငံပါ။

ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာမို့ နိုင်ငံတကာမျက်နှာ စာမှာ နှာခေါင်းရှုံ့စရာဖြစ်နေတဲ့ နိုင်ငံလည်းဖြစ်တယ်။ “ပြည်တွင်းရေး” ဆိုတဲ့ စကားလုံးကို လိုသလိုသုံးပြီး သူ တို့ကို အကျိုးပြုနေတဲ့ နအဖ ပြုတ်ကျမှာစိုးတဲ့အတွက် မြန်မာပြည်အရေး UN မှာ ဆွေးနွေးကြပြီဆိုရင် တခြား နိုင်ငံပြည်တွင်းရေး ဝင်မစွက်ဖို့ အမြဲပြောလေ့ရှိတဲ့ တရုတ်အစိုးရဟာ အကျဉ်းကျနေတဲ့ တရုတ်ပြည်လူ့အခွင့် အရေးခေါင်းဆောင် လျူရှောင်ဘိုကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပေးအပ်မယ့် အခမ်းအနား မတက်ရောက်ဖို့ သူ တို့စကားကို အခြေအနေအရ လက်ခံရမယ့် သဘောရှိတဲ့ နိုင်ငံအချို့ကို ခြိမ်းခြောက်ပြီး စည်းရုံးတယ်။ ဒါတ ခြားနိုင်ငံရဲ့ရွေးချယ်ပိုင်ခွင့်၊ ပြည်တွင်းရေးကိစ္စကို ဝင်စွက်ဖက်တာပဲဖြစ်တယ်။

မြန်မာပြည်တွင်း တခြားလုပ်ငန်းလုပ်ပိုင်ခွင့်တွေကိုလည်း ယိုးဒယားနဲ့ ကုလားကို ထိုးပေးတယ်။ ယိုးဒယားကို တော့ မပြောလိုသေးပါဘူး။ အဲဒီကိုရောက်နေတဲ့ မြန်မာပြည်ကထွက်ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ ဒီ မိုကရေစီအင်အားစုတွေရဲ့မျက်နှာကို ထောက်ထားရမယ့် အရေးကလည်း ရှိနေသေးတယ်။ အိန္ဒိယနိုင်ငံက တော့ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံလည်းဖြစ်တယ်။ လွတ်လပ်ရေးကြိုးပမ်းခဲ့ကြစဉ်က တည်းက တိုင်းပြည်ခေါင်းဆောင်ချင်း ရင်းနှီးခဲ့ကြပြီးသားလည်းဖြစ်တယ်။ အစဉ်အဆက် မြန်မာ့ဒီမိုကရေစီအ ရေး အားပေးခဲ့တဲ့ နိုင်ငံလည်းဖြစ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ကိုင်စွဲထားတဲ့ အကြမ်းမဖက်ရေးလမ်း စဉ်ဟာလည်း သူတို့နိုင်ငံရဲ့ မဟတ္တမဂန္ဒီလမ်းစဉ်နဲ့ အတူတူပဲ။ ဒါပေမယ့် လတ်တလော ကိုယ့်နိုင်ငံအတွက် အကျိုးရှိနိုင်ရေးကို ကြည့်ပြီး ဒီမိုကရေစီအရေးကို ထိုက်သင့်သလောက် အားမပေးတော့ဘူး။ နအဖကို ပံ့ပိုး ပေးသလိုဖြစ်အောင် လုပ်နေတာမို့ အပြစ်မြင်တယ်။

စစ်အစိုးရဟာ မြန်မာပြည်တွင်းကို ဟိုတုန်းကတည်းက ဝင်လာနေတဲ့ ရိုဟင်ဂျာအရေးကို ကောင်းကောင်းဖြေ ရှင်းနိုင်သေးတာ မဟုတ်ပါဘူး။ ဒါနဲ့တောင် ရခိုင်ပြည်နယ်က လယ်ယာမြေဧကများစွာ သိန်းနဲ့ချီပြီး ဘင်္ဂလား ဒေ့ရှ်အစိုးရကို စိုက်ပျိုးရေးလုပ်ကိုင်ဖို့ ငှားရမ်းဖို့ စီစဉ်ခဲ့တယ်။ လတ်တလော ဖြေရှင်းလို့မရသေးတဲ့ ဘင်္ဂလား ပင်လယ်အော်အတွင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေပိုင်နက်အငြင်းပွားမှုမှာ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ လူထုနဲ့ နိုင် ငံတကာရဲ့ထောက်ခံမှုမရတဲ့၊ အရည်အချင်း ညံ့ဖျင်းတဲ့ မြန်မာစစ်အစိုးရအပေါ် အခွင့်ကောင်းယူပြီး ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ ရေပိုင်နက်ကို တောင်းဆိုတယ်။ လောလောဆယ် “ပင်လယ်ရေပြင်ပိုင်နက်ဆိုင်ရာ နိုင် ငံတကာခုံရုံး” (The International Tribunal for the Law of The Sea, ITLOS) က ဆွေးနွေးဆုံးဖြတ်ပေး နိုင်ရန် အမှုတွဲကို ကြားနာစစ်ဆေးနေဆဲဖြစ်ပါတယ်။

အကျင့်ပျက်ချစားပြီး တိုင်းပြည်ဘဏ္ဍာနဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို ကိုယ်ကျိုးအတွက် လိုသလို သုံးနေတဲ့ ဒီစစ်ဗိုလ်ချုပ်တွေ ဆက်အုပ်ချုပ်နေရင် အချုပ်အခြာအာဏာမဲ့ပြီး လူမျိုးပျောက်ရုံမက တိုင်းပြည်ပါ တစစီဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုကို ခံယူပြီး ပြည် သူတရပ်လုံး စည်းစည်းလုံးလုံးနဲ့ နအဖကို အမြန်ဆန့်ကျင်နေမှသာလျှင် ဒီအန္တရာယ်ကို ကျော်လွှားနိုင်မှာဖြစ် တယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့နေ့ကစပြီး မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုဟာ သွက်လက်မြန်ဆန်လာပါတယ်။ လုပ်ငန်းစဉ်တိုင်းဟာ လက်ရှိပစ္စက္ခအခြေအနေနဲ့ ကိုက်ညီပြီး အလွန်ပဲ လက် တွေ့ကျတယ်လို့ သုံးသပ်မိပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတခုဟာ ပြည်သူလူထုတရပ်လုံး ပါဝင်လာမှသာလျှင် အောင်မြင်နိုင်မှာဖြစ်တာမို့ လူမှုရေးလုပ်ငန်းအပါအဝင် ပြည်သူလူထုရဲ့လိုအပ်ချက်ကို ဖြည့်စွမ်းတာ၊ လတ်တ လောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်တာတွေဟာ အခြေခံအကျဆုံး နိုင်ငံရေး လုပ်ဆောင်မှုလို့ ယူဆတဲ့အတွက် ထောက်ခံမိပါတယ်။ ဒီလုပ်ငန်းတွေ တွင်ကျယ်စွာ လုပ်ဆောင်လာနိုင်တာ နဲ့အမျှ နိုင်ငံရေးအရ ရှေ့ဆက်ချီတက်သလို ပြည်သူတရပ်လုံးကိုလည်း စည်းရုံးပြီးသားဖြစ်သွားမှာ အမှန်ပါပဲ။

ခေတ်မီအတတ်ပညာ၊ ဆက်သွယ်ရေးနည်းပညာတွေကို တွင်ကျယ်စွာ သုံးပြီးမစည်းရုံးနိုင်သေးပေမယ့် ပြည် သူလူထုအတွင်း နိုင်ငံရေးပါတီများ ထိရောက်စွာ ဝင်ရောက်လုပ်ကိုင်နိုင်ပြီဆိုရင် ဥပဒေအကျိုးဆောင်အဖွဲ့များ ကိုလည်း ကျယ်ပြန့်စွာ ဖွဲ့ထားနိုင်ပြီဆိုရင် ကွန်ရက်သဖွယ် ဖြန့်ကျက်ပြီးဖြစ်သွားမှာမို့ လူထုနဲ့ ပိုနီးစပ်၊ လူထုနဲ့ တသားတည်း ပိုဖြစ်လာမှာပါ။ အမှန်တရားကို ရဲရဲရင်ဆိုင်လာနိုင်ကြမှာပါ။ အဲဒီအခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ၊ တခြားပါတီများရဲ့သဘောထား၊ အာဘော်၊ လုပ်ဆောင်ချက်များကို လူထုက ပိုမိုသိရှိလာနိုင် ရုံမက နိုင်ငံရေးအသိ ပိုနိုးကြားမှုရှိပြီး တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ယူလိုစိတ် ပိုမိုပြင်းထန် တက်ကြွလာ စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုး ရောက်ရှိလာပြီဆိုရင် ဒီမိုကရေစီခရီး တဝက်နီးပြီ။

မူလက နိုင်ငံရေးနည်းဗျူဟာ မတူတာရှိခဲ့ကြပေမယ့် အခုချိန်မှာ နိုင်ငံရေးပါတီအချင်းချင်း ရည်ရွယ်ချက်ချင်း တူညီရာ ကိစ္စကို စုပေါင်းလုပ်ဆောင်နိုင်ဖို့ ကြိုးစားလိုတယ်လို့ ကမ်းလှမ်းတာဟာလည်း သဘောထားကြီးတဲ့ လုပ်ရပ်၊ ဒီမိုကရေစီအင်အားစု အားကောင်းအောင် ကြိုးပမ်းအားထုတ်တဲ့ လုပ်ရပ်မို့ နည်းဗျူဟာမှန်တဲ့၊ ထောက်ခံကြိုဆိုရမယ့် ကိစ္စရပ်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ အခုဆို ပါတီအချင်းချင်း တွေ့ဆုံညှိနှိုင်းမှုများ ပြု လုပ်နေကြပါပြီ။ တာဝန်ရှိတဲ့ နအဖက တာဝန်မသိသလိုလုပ်နေချိန်မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ဂီရိမုန်တိုင်းဒဏ် ခံနေရတဲ့ ပြည်သူတွေကို NLD က အလှူငွေ (၃၉) သိန်း၊ ဒေါ်အောင်ဆန်းစုကြည်က သိန်း (၁၀၀) ပေးအပ်ရုံ မက ကိုယ်တိုင်ကိုယ်ကျ ကူညီမှုပေးနေတာတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်လည်း ဒေါ် အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ယုံကြည်ကိုးစားမှု ရရှိစေပါတယ်။

ဒါတွင်မက တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင်၊ ရိုးသားမှန်ကန်မှုရှိမယ်ဆိုရင် နအဖရဲ့ ကြံ့ဖွံ့ပါတီနဲ့ပင် လက်တွဲလုပ်ဆောင်လိုပါတယ်လို့ ကမ်းလှမ်းလိုက်တာဟာ အမြော်အမြင်ရှိရုံမက အလွန်ပွင့်လင်းရဲတင်းလှ တဲ့ ကမ်းလှမ်းချက်ပါ။ ကိုယ့်ရဲ့အသက်အန္တရာယ်ကို လုပ်ကြံဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့သူကို ရန်သူလို့ သ ဘောမထားရုံမက အတူတကွ ပူးပေါင်းလုပ်ဆောင်လိုပါတယ်ဆိုတာ သူတော်စင်မို့ လုပ်နိုင်တာပါ။ တိုင်းပြည် နဲ့ ပြည်သူလူထုအပေါ်ထားတဲ့ မေတ္တာစေတနာ ဘယ်လောက်ကြီးမားတယ်ဆိုတာ ပြသရာရောက်ရုံမက အ ကယ်၍ မလိုက်လျောခဲ့ရင်တောင် ကြံ့ဖွံ့အဖွဲ့ဝင်တွေထဲက အမှန်တရားကို ဖက်တွယ်လိုတဲ့ သူတွေကိုယ့် ဘက်ကို ပါလာနိုင်တာမို့ နိုင်ငံရေးအမြတ်ထွက်တယ်လို့လည်း ယူဆမိပါတယ်။

တခါ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်ဟာ တရားမျှတမှုမရှိပါဘူးလို့ နိုင်ငံတကာနဲ့ ပြည်သူကို ထုတ်ဖော်တင်ပြဖို့ ပြင်ဆင်နေတာဟာလည်း နအဖဟာ တရားဝင် အုပ်ချုပ်ခွင့်မရှိတဲ့ အစိုးရအဖြစ် မျက်နှာဖုံးလှစ်ပြနေတဲ့ ဥပဒေ ဘောင်အတွင်း ဆောင်ရွက်ချက်မို့ မလွဲမသွေလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုကန့်ကွက်ဆန့်ကျင်နေသမျှ ကာလ ပတ်လုံး နအဖကြံ့ဖွံ့အစိုးရဟာ သူတို့ကို ဘယ်သူမှ မထောက်ခံပါလားဆိုတဲ့ ထမင်းလုံးတစ္ဆေ အမြဲအခြောက် ခံနေရမှာဖြစ်သလို သူတို့ဟာ ပိုင်ရှင်အစစ်မဟုတ်ဘူးဆိုတာလည်း ပြည်သူကို အမြဲသတိရနေစေ၊ ဆန့်ကျင် နေစေမှာဖြစ်ပါတယ်။

နေအိမ်အကျယ်ချုပ်မှလွတ်ပြီး မကြာခင် အကြိမ် (၉၀) မြောက်အမျိုးသားအောင်ပွဲနေ့မှာပဲ တိုင်းရင်သားခေါင်း ဆောင်များနဲ့ ဝါရင့်နိုင်ငံရေးသမားကြီးများက ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယပင်လုံညီလာခံကို ဦးဆောင် ကျင်းပနိုင်ဖို့ တာဝန်ပေးအပ်ကြတယ်။ ဒီညီလာခံနဲ့ပတ်သက်တဲ့ သဘောထား၊ ပြည်သူလူထုအတွင်းရှိသင့်တဲ့ စိတ်ထား ... စတာတွေကို မီဒီယာတွေမှတဆင့်လည်း ရှင်းလင်းပြောကြားနေပါတယ်။ တိုင်းရင်းသားအပစ်ရပ် များ အပါအဝင်၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများ၊ တခြားနိုင်ငံရေးပါတီအများစုနဲ့ ပြည်သူလူထုက ထောက်ခံကြပါတယ်။ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံးအကြား နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုရှိမှု သာလျှင် စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုဆိုတာ တွေ့ဆုံဆွေးနွေးရေးနည်းဖြင့်သာ ရရှိနိုင်ပါတယ်။ နအဖဟာ လူနည်းစု တိုင်းရင်းသားတွေအပေါ် အင်အားပြပြီး လက်နက်အသုံးပြုတဲ့နည်းနဲ့သာ ဖြေရှင်းဖို့ ကြိုးစားနေတာမို့ ငြိမ်းချမ်း ရေးနဲ့ အလှမ်းဝေးနေရတာဖြစ်ပါတယ်။ နအဖဟာ အာဏာလက်မလွှတ်လိုဘဲ ဆက်လက်အုပ်စိုးဖို့သာ ကြိုး စားနေတယ်။ ဒါ့ကြောင့် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေးကို သဘောတူမှာမဟုတ်ဘူး၊ ပါဝင်လာမှာလည်း မဟုတ်ပါဘူး။ သူ့လမ်းပြမြေပုံအတိုင်းသာ ဆက်သွားမှာဖြစ်ပါတယ်။ ဒီမိုကရေစီအင်အားစုများအနေနဲ့လည်း မိမိတို့ယုံကြည်ရာ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ဆက်လက်ကိုင်စွဲပြီး ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေး ကို ကြိုးစားရမှာဖြစ်ပါတယ်။ နအဖ မပါဝင်တာနဲ့ အောင်မြင်မှာမဟုတ်ဘူးလို့ ယူဆလို့မရပါဘူး။

ဒီမိုကရေစီတော်လှန်ရေးပြုလုပ်ရာမှာ အစိုးရပေါ်လစီတရပ် ပြောင်းလဲရုံ၊ ရုပ်ပိုင်းဆိုင်ရာ၊ ရုပ်ဝတ္ထုပစ္စည်းတိုး တက်များပြားလာရုံနဲ့ အပြည့်အဝ အောင်မြင်မှုမရနိုင်ဘူး။ စိတ်သဘောထား၊ ခံယူချက်တွေပါ ပြောင်းလဲပစ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Freedom From Fear မှာ ဆိုထားပါတယ်။ စစ်အစိုးရအဆက် ဆက် အုပ်စိုးမှုရဲ့ရလဒ်ဖြစ်တဲ့ ကိုယ်ကျိုးစီးပွားထိခိုက်မှာစိုးလို့ အမှန်တရားကို ရေငုံနှုတ်ပိတ်နေမှု၊ ဘယ်သူ သေသေငတေမာရင်ပြီးရော နေသာသလိုနေမှု၊ စားဝတ်နေရေးအတွက် အကျင့်ပျက် အဂတိလိုက်စားမှု၊ ကျင့် ဝတ်စည်းကမ်းမလိုက်နာမှု၊ မတရားတဲ့ ဥပဒေကို မဖီဆန်ရဲဘဲ အကြောက်တရားရဲ့လွှမ်းမိုးခြင်းခံနေရမှု အစရှိ တာတွေကို ပြင်ဆင်ပြီး စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုဖြစ်တဲ့ အသိဉာဏ်၊ ခံယူချက်၊ သဘောထားအမြင် ပြောင်း လဲမှသာလျှင် ဒီမိုကရေစီအစစ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒီသဘောအတိုင်းပါပဲ။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့လိုမျိုး တိုင်း ရင်းသားစုံညီ၊ စုပေါင်းပါဝင်လက်မှတ်ရေးထိုးမှ ပင်လုံညီလာခံလို့ ပြောနိုင်တာမဟုတ်ပါဘူး။ အကယ်၍ နအဖ က သဘောတူလို့ဖြစ်စေ၊ ပရိယာယ်သုံးပြီး သူက ဦးစီးကျင်းပလို့ဖြစ်စေ ညီလာခံကျင်းပဖြစ်ရင်တောင် တိုင်း ရင်းသားအားလုံးရဲ့ သဘောထားကို ကိုယ်စားမပြုဘူးဆိုရင် ညီလာခံဖြစ်မြောက်တယ်လို့ မယူဆနိုင်ပါဘူး။ ဒါ့ကြောင့် ၂၁ ရာစုဒုတိယပင်လုံညီလာခံရဲ့ မျှော်မှန်းချက်အစစ်အမှန်က တိုင်းရင်းသားလူမျိုးစုအားလုံး အခွင့် အရေးတန်းတူ၊ အေးအတူပူအမျှ၊ ပြည်နယ်ပြည်မမခွဲခြား၊ ဥမကွဲသိုက်မပျက် အတူတကွ ယှဉ်တွဲနေထိုင်လို စိတ်ဖြစ်ပေါ်ဖို့၊ သဘောတူညီမှုရရှိဖို့ပဲဖြစ်ပါတယ်။

ဒီလိုစိတ်ဓာတ်မျိုး ရှင်သန်ပွားများစေဖို့၊ တိုးတက်လာတဲ့ ခေတ်စနစ်နဲ့အညီ ဆက်သွယ်ရေးနည်းပညာများကို သုံးပြီး ကွန်ရက်သဖွယ် ဖြန့်ကျက်လို့ဖြစ်စေ၊ လူထုအတွင်း တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့၊ တပါတီနဲ့တပါတီ၊ လူမျိုး တမျိုးနဲ့တမျိုး ဆွေးနွေးညှိနှိုင်းလို့ဖြစ်စေ သဘောတူညီမှုရရှိနိုမယ်ဆိုရင် ဒါပင်လုံစိတ်ဓာတ်တည်ဆောက်တာ ပဲ။ ဒါပင်လုံညီလာခံပါပဲ။ ဒီလိုပဲ သဘောပေါက်ပါတယ်။ သဘောတူဖို့၊ ပါဝင်ဖို့ ခဲယဉ်းတဲ့ နအဖကို အတင်း စည်းရုံးနေဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီအင်အားစုအားလုံးရဲ့ အန္တိမသဘောထားကလည်း စစ်တပ်အုပ်စိုးမှုကို ဖယ်ရှားဖို့သာပါ။ နည်းမျိုးစုံသုံးလို့ ပြည်သူအားလုံးစည်းရုံးမိကြပြီဆိုရင် ပင်လုံစိတ်ဓာတ်တည်ဆောက်နိုင်ပြီဆို ရင်၊ နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့ရဲ့ ဖိအားပေးမှုကလည်း ပိုမိုထိရောက်လာပြီဆိုရင် နအဖလည်း စေ့စပ်ဆွေး နွေးပွဲဆီ ရောက်လာပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်တွင်းက သဲသဲလှုပ် ထောက်ခံနေရုံမက ပြည်ပကပါ လေးစားအရေးထား ပြီး အားပေးနေမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို အကာအကွယ်ပေးဖို့တောင် နိုင်ငံတကာက တောင်းဆိုနေမှု၊ နယ်စပ်အပစ်ရပ်အဖွဲ့အချို့က ရွေးကောက်ပွဲပြီးလို့ တလကျော်လာတဲ့အထိ ပြင်းပြင်းထန်ထန် လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်နေမှု၊ ရှေ့ဆက်ပြီးလည်း တခြားအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ် လာနိုင်တဲ့ အရိပ်အယောင်တွေ တွေ့နေရမှု၊ ရွေးကောက်ပွဲရလဒ်ကို ပြည်တွင်းပြည်ပက မထောက်ခံမှု၊ နိုင်ငံ တကာအသိုင်းအဝိုင်းက စစ်အုပ်စုကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး တင်နိုင်ရေးကြိုးစားနေမှု ... စတာတွေဟာ လည်း နအဖကို လုပ်ချင်တိုင်းလုပ်လို့မရအောင် စေ့စပ်ဆွေးနွေးရေးဆီရောက်အောင် တွန်းပို့ပေးနေတဲ့ အ ချက်တွေဖြစ်ပါတယ်။

သာမန်အားဖြင့်ကြည့်ရင်တော့ နအဖဟာ လက်ရှိအာဏာရှိသူမို့ သူ့အစီအစဉ်အတိုင်း Road map အရပဲ ရှေ့ ဆက်သွားမယ်လို့ ယူဆနိုင်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အချိန်မရွေး နေအိမ်အကျယ်ချုပ် ပြန်ချ နိုင်တယ်လို့ ယူဆနိုင်တာပေါ့။ ဒါပေမယ့် အထက်မှာတင်ပြခဲ့တဲ့ အကြောင်းအချက်များရှိနေတဲ့အပြင် နိုင်ငံရေး ပါတီများဟာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို လူထုအတွင်းမှာ ကွန်ရက်သဖွယ် ဖြန့်ကျက်ပြီး နိုင်ငံရေး အသိပိုရှိအောင် လုပ်ဆောင်ထားနိုင်မယ်ဆိုရင်၊ လူထုအခြေပြုစည်းရုံးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာနိုင် ကြမယ်ဆိုရင် နအဖဟာ ထင်သလိုလုပ်လို့ ရနိုင်မယ်မဟုတ်တော့ဘူးလို့ ယူဆပါတယ်။ ကုလသမဂ္ဂ အပါအ ဝင် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံရေးရေချိန်ဟာလည်း တရှိန်ရှိန်တက်နေပါပြီ။

အခုကိုပဲ နအဖဟာ ဟိုခလုတ် ဒီခလုတ် နှိပ်ပြီး ဟိုလုပ်ဒီလုပ် လုပ်နေရတာပါ။ နေအိမ်အကျယ်ချုပ်ချထားတဲ့ ထောက်လှမ်းရေးမင်းသား ဗိုလ်ချုပ်ခင်ညွန့်ကိုပဲ ထုတ်သုံးတော့မလို၊ ရွေးကောက်ပွဲအနိုင်ရပါတီတချို့နဲ့ နား လည်မှုယူနေရသလို ဖြစ်နေပါပြီ။ နိုင်ငံတကာဝီကီလိ၊ မြန်မာဝီကီလိ ... စတာတွေကြောင့်လည်း သူတို့ရဲ့အ တွင်းရေး အရှုပ်ထုပ်တွေ ပေါ်ပြီးရင်းပေါ်ဖြစ်နေပါပြီ။ ပြည်သူရဲ့ယုံကြည်မှုမရရှိနိုင်တော့သလို ဆက်လက်ရပ် တည်ဖို့လည်း ခက်ခဲလာနေပါပြီ။ ပြည်သူဆိုတာ နိုင်ငံရေးအသိ အများကြီးရှိချင်မှရှိမယ်။ ဒါပေမယ့် ကိုယ့်စား ဝတ်နေမှုဖူလုံရေးအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့်သူ၊ ကိုယ့်ဘဝလုံခြုံအေးချမ်းမှုကို ဆောင် ကြဉ်းပေးနိုင်မယ့်သူကိုသာ ခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့သင့်တယ်ဆိုတဲ့ အခြေခံအသိတော့ရှိတယ်။ တိုင်းသူပြည်သားကို ရင်ဝယ်သားကဲ့သို့ သဘောထားပြီး “မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်” လုပ်နိုင် မယ့်သူကိုသာ ခေါင်းဆောင်အဖြစ်တင်မြှောက်ချင်ကြတယ်။ ဒါဟာလည်း မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာ ကမ္ဘာ ဦးအစ မဟာသမ္မတမင်း တင်မြှောက်စဉ်ကတည်းက ရှိခဲ့တဲ့ စိတ်ထားပါ။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနဲ့ ခေါင်းဆောင်များရဲ့ ဦးဆောင်မှုကို ခံယူပြီး နိုင်ငံရေးတက် ကြွလှုပ်ရှားသူများ၊ ကျောင်းသား၊ သံဃာနဲ့ ပြည်သူအများ တစိတ်တဝမ်းတည်း စည်းလုံးညီညီ နအဖကို ဆန့် ကျင်ကြမယ်ဆိုရင် ပြည်သူ့အစိုးရ အမှန်ပေါ်ထွက်လာပြီး ဒီမိုကရေစီအရုဏ်ဦးကို မကြာမီ မြင်တွေ့ကြရတော့ မှာ မလွဲပါလို့ ဆိုချင်ပါတယ်ခင်ဗျား။ ။

မောင်ဂဒိုး
၁၄ ဒီဇင်ဘာ၊ ၂၀၁၀

အပြည့်အစုံသို့...