Saturday, December 19, 2009

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၇၁) နှစ်ပြည့် ဂုဏ်ပြု ကဗျာ

ဒီဇင်ဘာ (၂၀) ရက်တမ်းချင်း (သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ
မောင်လေးအောင်

တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့နှုတ်ခမ်းဟာ
ဗြန်းကနဲ ကွဲထွက်
သွေးအစက်စက် စီးလိမ့်လာတယ်
ငါ အံကြိတ်ပြီး
လက်သီးကို တင်းတင်းဆုပ်မိတယ်
ဗိုလ်အောင်ကျော်
ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်။

ကတ္တရာလမ်းကိုခွာ
ရာဇ၀င်ရုပ်ရေးအရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့
နီမြန်းတဲ့ ဂုဏ်ပုဒ်ကို တွေ့ရမယ်။

ဘယ်သူတွေ ငြင်းနိုင်မလဲ
စီးဝင်ခဲ့တဲ့ ရဲဘော်ရဲ့သွေးတွေအကြောင်း။

သင်းတို့တတွေက
ရဲဘော်ရဲ့ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်။

ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေပေါ့
သင်းတို့အမုန်းကို
ရဲဘော်က စိမ်းကားတဲ့ အပြုံးနဲ့
ပြုံးမှာပဲ ယုံတယ်။

စပါတာကပ်(စ်)ရဲ့ဂုဏ်ရောင်
ကုန်းဘောင်သူပုန်
ဂဠန်ဆရာစံ
ငုယင်ဗန်ထရွိုင်း
အတိုင်းမသိသော
ချေဂွေဗားရား ... စသော
အာဇာနည်ထောင်သောင်းတို့နှင့်အတူ
ရဲဘော်ဟာ နီရဲဝင်းလက်ခဲ့တယ်။

ပြည်သူချစ်တဲ့
အာဇာနည်အနှစ်ဟာ
နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်။

ဗိုလ်အောင်ကျော် ရဲဘော်
ဒီနေရာမှာ တို့ဟာ
စာရွက်တွေ အတူတူဝေခဲ့ဖူးတယ်။

ဗိုလ်အောင်ကျော် ရဲဘော်
ဒို့ဟာ ဒီနေရာမှာ
ရဲဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြုခဲ့ဖူးတယ်။

ရဲဘော်ရဲ့အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့ တိုက်ပွဲတွေအကြောင်း
ဒီနေရာကိုလာပြီး
ရဲဘော်ရဲ့ စီးခဲ့တဲ့
နီရဲတဲ့ သွေးစက်တွေပေါ်မှာ
ငါ့ရဲ့  ဖြူရော်နေတဲ့ မျက်ရည်နဲ့
သူရသတ္တိမဲ့တဲ့ ရှိုက်သံနဲ့
ဂုဏ်အခန်းခန်းကို
ညစ်နွမ်းအောင် ငါမလုပ်ဘူး။

ကဗျာတပုဒ်
ဟုတ်တယ် ငါ့ရဲ့ကဗျာတပုဒ်
ရဲဘော်ရဲ့ဂုဏ်ပုဒ်ကို ဖော်ထုတ်ဖို့
ကြိုးစားတဲ့ ကဗျာတပုဒ်။

လက်ခံပါ ရဲဘော်
အော်ဟစ်ပြီး ငါပန်ကြားတယ်။

ပြန်ငြင်းပါရစေ
ဒီကဗျာဟာ ငါ့ရဲ့ကဗျာမဟုတ်ဘူး။

ဖတ်ကြည့်စမ်းလေ
စီးဆင်းခဲ့တဲ့ သွေးစက်တွေရယ်
ဘယ်သူ့သွေးလဲ
ရဲဘော်ရဲ့ ပူနွေးတဲ့ သွေး
မခန်းခြောက်သေးတဲ့ သွေးတွေ
အို ... ... ရဲဘော်ရဲ့သွေးအစက်စက်နဲ့
ရဲရဲလက်လက်
သီယှက်ထားတဲ့
ရဲဘော်ရဲ့ကဗျာပါလား။ ။

မောင်လေးအောင်

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၉-၁၂-၀၉)

- မြန်မာနိုင်ငံသားတဦး အကြမ်းဖက်နှိပ်စက်ခံရမှုအပေါ် အလုပ်သမား (၄၀၀၀) ခန့် ဆန္ဒပြတောင်းဆို click
- မြန်မာအလုပ်သမား (၂) ဦးကို ထိုင်းဝန်ထမ်းများ နှိပ်စက်၍ ဆန္ဒပြမှုဖြစ် click
- တရုတ် ဒု-သမ္မတ မြန်မာနိုင်ငံရောက် click
- တရုတ် ဒု-သမ္မတ ခရီးစဉ် click
- တရုတ် ဒု-သမ္မတ မြန်မာပြည်ရောက်ရှိ click
- မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်သစ် ခန့်အပ်တော့မည်ဟု သတင်းထွက်ပေါ် click
- မြန်မာပေါ့အဆိုတော် MTV EXIT ကင်ပိန်းသံအမတ်အဖြစ် ရွေးချယ်ခံရ click
- မဖြစ်မနေ လိုက်နာရန် မလိုသည့် သဘောတူညီမှု ကိုပင်ဟေဂင် ညီလာခံမှာ ရရှိ click
- ကိုပင်ဟေဂင် သဘောတူညီချက်ကို အမေရိကန်သမ္မတ ကာကွယ်ပြော click
- စစ်သားကောက်ခံမည်ဖြစ်သောကြောင့် အရွယ်ရောက်လူငယ်များ ရွာမှ တိမ်းရှောင်နေရ click
- ထိုင်း-မြန်မာနယ်စပ်တွင် နှစ်သစ်ကူးပွဲ အသီးသီး ကျင်းပခဲ့ click
- ဓာတ်ငွေ့ပိုက်လိုင်း ဒုက္ခသည် (မျက်မှောက်ရေးရာ) click
- ကိုညီညီအောင်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်အမတ် (၅၃) ဦး တောင်းဆို click
- ကိုညီညီအောင်ကို အမြန်ဆုံးလွှတ်ရန် အမေရိကန်အမတ်များ တောင်းဆို click
- ဒီဇင်ဘာလ စတုတ္ထပတ် တီဗွီမဂ္ဂဇင်း အစီအစဉ် click

မြန်မာနည်း မြန်မာဟန် ဒီမိုကရေစီ = တပ်မတော်အစိုးရ (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)
- Party needs new blood click
- Chinese Vice President Arrives in Burma click
- Burmese sell speed pills to fight junta click
- To boost trade, govt OKs 100km NE road click
- Food supply in Falam civil hospital stopped click
- Burmese-American Detained in Rangoon Ends Hunger Strike click
- Myanmar Ask FIFA For Money To Help Develop Football click
- (၁၀) ကြိမ်မြောက် နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့ ကျင်းပ click
- ရှမ်းခေါင်းဆောင် ခွန်ထွန်ဦး ထောင်တွင်း၌ ကျန်းမာရေးမကောင်း click
- တရုတ်သမ္မတ၏ မြန်မာပြည်ခရီးစဉ်အပေါ် သဘောထားအမြင်များ click
- ဘိုကလေးမြို့စွန်ဈေးကို ဦးရာလူစနစ်ဖြင့် ပြောင်းရွှေခိုင်းနေ click
- မြန်မာပြည်က ကောင်းဆက်နှင့် စင်္ကာပူက Silver Seagull တို့ ပေါင်းပြီး မြန်မာအလုပ်သမားကို လိမ် click
- အရည်အချင်း အဓိက ရွေးချယ်ပါ NLD (ဆောင်းပါး) click
- တောတောင်စိမ်းမှ မြစ်ချောင်းလှမည် (ဆောင်းပါး) click
- Chinese vice president arrives in Yangon click
- Chinese VP leaves S.Korea bound for Myanmar click
- Burmese Border Battles Annoy China click
- US Congressmen Urge Release of Activist click
- NLD Reforming Women's Groups click
- Inaugural ceremony for dam construction on December 28 click
- Weekly Business Roundup (December 19, 2009) click

အပြည့်အစုံသို့...

မင်းကိုနိုင် - နောက်ကြည့်မှန်

88 Generation Student Leader Ko Min Ko Naing - Short Story

အပြည့်အစုံသို့...

Friday, December 18, 2009

88 Gen Student Leader Ko Ko Gyi's 48th Birthday Tribute


မတရား ဖမ်းဆီးထောင်ချခံထားရသည့် (၄၈) နှစ်ပြည့် မွေးနေ့ရှင်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ တောင်တွင်းကြီးမြို့၌ ဟောပြောချက်

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၁၂-၀၉)

- တရုတ်နှင့် အမေရိကန်အကြား မြန်မာသတိထားသင့်ကြောင်း ပြောကြား click
- ဒေါ်အောင်ဆန်းစုကြည်စာ မီဒီယာမှာဖော်ပြတာ မှားသလား (တိုက်ရိုက်လေလှိုင်း) click
- ဖာပွန်မှာ ကရင်နှစ်သစ်ကူးနေ့က ဗုံးပေါက်ကွဲ click
- ဖာပွန် ဗုံးကွဲ၊ (၇) ဦး သေဆုံး click
- ကရင်နှစ်သစ်ကူးနေ့ မိုင်းဗုံး ကေအန်ယူလက်ချက်ဟု နအဖ စွပ်စွဲ click
- ဗုံးခွဲမှုတရားခံ စစ်အစိုးရသာဖြစ်ကြောင်း KNU တုံ့ပြန် click
- မြန်မာအလုပ်သမား (၄၀၀၀) ကျော် ထိုင်းနိုင်ငံမှာ ဆန္ဒပြ click
- ချင်းမိုင်ရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး တောင်းဆို click
- မြစ်ထဲမှာ လှေသမ္ဗာန်များကို (၆၃) ခြေလျင်တပ်ရင်းက ပိုက်ဆံကောက် click
- ကိုညီညီအောင်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်လွှတ်တော်အမတ် (၅၃) ဦး တောင်းဆို click
- ညီညီအောင်ကို ရုံးထုတ် click
- ညီညီအောင်ကို လွှတ်ပေးဖို့ အမေရိကန်လွှတ်တော်အမတ် (၅၀) ကျော် တောင်းဆို (ဗွီဒီယိုသတင်း) click
- ခမာနီဟောင်း ခီယူဆန်ဖန်ကို စွဲချက်တင် click
- ဘယ်နိုင်ငံကမှ ကျေကျေနပ်နပ် မဖြစ်ခဲ့တဲ့ သဘောတူညီချက် click
- ရာသီဥတု ဘုံသဘောတူညီချက်အတွက် ညီညွတ်ကြပါရန် အိုဘားမား တိုက်တွန်း click
- ရာသီဥတုပြောင်းလဲမှုရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှု click
- သဘောတူညီချက်မရဘဲ ညီလာခံ ပြီးတော့မယ် click
- ပန်းဆိုးတန်းတွင် သရုပ်ဖေါ်ပန်းချီလက်ရာ ပြပွဲကျင်းပ click
- မာမာအေး - အမျိုးသားရေးတေးဂီတ (စာပေဟောပြောပွဲ) click
- ဒီဇင်ဘာလ တတိယပတ် တီဗွီမဂ္ဂဇင်း အစီအစဉ် click
- ဒေါင်းသွေးပါပဲ (ကဗျာ) click
- Burma: Clinton Should Press for Release of Burmese-American click
- U.N. passes resolution demanding N Korea return abductees click
- Burma (Myanmar) military junta shows signs of thaw before elections click
- Locals rescue stranded Myanmar fishermen click
- UNDP distributes mosquito nets to poor in Buthidaung Township click
- Chin organizes first solo wildlife cartoon exhibition in Aizawl click
- ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ အသက် (၄၈) နှစ်ပြည့် မွေးနေ့ click
- ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ (၄၈) နှစ်ပြည့်မွေးနေ့ကို ရည်စူး၍ ဒါနပြု click
- အကျဉ်းထောင်ထဲက မွေးနေ့ရှင် (ဆောင်းပါး) click
- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး (၄၈) နှစ်ပြည့် ထုတ်ပြန်ချက် click
- တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး ကျန်းမာရေးဆိုးရွားနေ click
- ကရင်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်ကွဲမှု ကေအန်ယူ ဖြေရှင်း click
- ဖာပွန်မြို့ ဗုံးပေါက်ကွဲမှု ကေအဲန်ယူ လက်ချက်ဟု နအဖ ထုတ်ပြန် click
- ဖာပွန် ကရင်နှစ်သစ်ကူး ပေါက်ကွဲမှုတွင် KNU လက်ချက်မဟုတ်ဟု ပြော click
- ဖာပွန်မြို့ ဗုံးကွဲမှု အများအပြား သေဆုံး click
- ဖာပွန်မြို့ ဗုံးပေါက်ကွဲမှု (၆) ဦး သေဆုံး click
- မိုင်းထိ ကလေးငယ် click
- KNU က အခွန်ကောက်ပြီး သစ်ခုတ်ခွင့်ပေးနေ click
- ဝ တပ်များ အရေးပေါ် တိုးချဲ့နေဟုဆို click
- ကိုးကန့်ထိုးစစ်၌ ဦးဆောင်သူ ဗမာဗိုလ်မှူးကြီး ဒဏ်ရာရခဲ့ click
- မြန်မာစစ်အစိုးရ ဆုံးဖြတ်ချက်ကို အမေရိကန်အစိုးရ ကြိုဆို click
- အဖွဲ့ချုပ်ဗဟို ပြောင်းလဲဖွဲ့စည်းမည်ကို တောင်းဆိုသူများ ၀မ်းမြောက် click
- NLD အလုပ်အမှုဆောင်အဖွဲ့ ပြန်ဖွဲ့ရေး ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက် လူကြီးတွေ သဘောတူ click
- NLD က အမျိုးသမီးအဖွဲ့ခွဲများ ထပ်ဖွဲ့ click
- မြန်မာစစ်အစိုးရနှင့် ပတ်သက်သည့် ဆွစ်ဘဏ် ဒေါ်လာသန်းရာချီ ဒဏ်ငွေဆောင်ရ click
- တရုတ် ဒု-သမ္မတနှင့် ဗိုလ်ချုပ်ကြီးများ တွေ့မည် click
- တပ်ကိစ္စ တပ်ကပဲ အရေးယူမည့် ဥပဒေကြောင့် ပြည်သူများ အားကိုးရာမဲ့ click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်း စတင်ကောက်ယူ click
- သံဃာတော်များနှင့် လူပုဂ္ဂိုလ် စုစုပေါင်း (၁၆) ဦးအမှု ဆက်လက်စစ်ဆေးစီရင်နေ click
- စစ်တွေမှ အကျဉ်းသားတရာကျော်ကို ငမန်းရဲကျွန်း ရဲဘက်စခန်းသို့ ပြောင်းရွေ့ click
- ကလေးနှစ်ဦးကို ရဲကဖမ်းပြီး ကလေးထိန်းသိမ်းရေးဌာနသို့ ပို့ click
- ဂန်ဘာရီနေရာ အိန္ဒိယနိုင်ငံသားတဦး လျာထားခံရ click
- နာဂစ်ပြန်လည်ထူထောင်ရေး ဂျပန်က (၅.၆) သန်း ကူညီ click
- သဘာဝဓာတ်ငွေ့မှ ၀င်ငွေကို လယ်ယာဖွံ့ဖြိုးရေးသုံးရန် စီးပွားရေးပညာရှင် အကြံပြု click
- လှိုင်သာယာ အထည်ချုပ်စက်ရုံ အမျိုးသမီး တထောင်ကျော် ဆန္ဒပြ click
- ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဆန္ဒပြတောင်းဆိုချက်အားလုံး ရရှိ click
- မြန်မာအလုပ်သမားများက ထိုင်းအစိုးရကို အခွင့်အရေးတောင်းဆို click
- အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြ click
- ရွှေ့ပြောင်းမြန်မာလုပ်သားများ ဆန္ဒပြပွဲရပ် click
- ကြက်သားစက်ရုံမှ မြန်မာအလုပ်သမား (၅၀၀၀) ခန့် ဆန္ဒပြ click
- ယာယီနိုင်ငံကူးလက်မှတ်စီမံကိန်း ရုပ်သိမ်းရန် ထိုင်းအစိုးရအား တောင်းဆို click
- ဥတုရာသီညီလာခံကို တကမ္ဘာလုံးက စောင့်ကြည့်နေ click
- ရာသီဥတု အပြောင်းအလဲကြောင့် ဒေသခံများကို သက်ရောက်မှုဖြစ် click
- ကိုညီညီအောင် အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်း click
- ကိုညီညီအောင်ကို တရားစွဲထားမှု ဆက်လက်စစ်ဆေး၊ အစာငတ်ခံဆန္ဒပြမှု ပြီးဆုံး click
- အိမ်ဖော်အလုပ်ဖြင့် အသက်မွေးသူ များပြားလာ click
- ထိုင်းလူမျိုးများ မြန်မာပြည်သွားရန် ပိုမိုစိတ်ဝင်စားလာ click
- ဆည်ရေကြိုလွှတ်မှုကြောင့် ပဲစိုက်တောင်သူများ နစ်နာဆုံးရှုံး click
- ဧည့်မထ၊ ဇီယာ ဆန်ဈေးများ ကျဆင်း click
- တောင်သူများ၏ ဘ၀မြှင့်တင်ရေး အကောင်အထည်ဖော်ရန် နအဖအပေါ် မူတည် click
- မယကမှ နွေးစပါး အတင်းအဓမ္မ စိုက်ခိုင်း click
- ဒေသခံများပိုင်ဆိုင်သည့် လက်ယက်ရေနံတွင်းများ ဆက်လက်သိမ်းဆည်းခံနေရ click
- သောကြာစကားဝိုင်း (ဒီဇင်ဘာ ၁၈၊ ၂၀၀၉) click
- ဒီနေ့ တတိယအုပ်စု၊ တတိယလိုင်းဆိုတာ ဘယ်လိုဟာတွေလဲ (ဆောင်းပါး) click
- ရန်ကုန်မြို့ရှိ ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ (ဆောင်းပါး) click
- မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့ရမှုတွင် မိသားစုက လျော်ကြေး သိန်းတထောင်ရ click
- ပုဂ္ဂလိကဆေးရုံ လူနာငြင်းပယ်မှုများ ရှိလာ click
- ညစ်ညမ်းစီဒီနှင့် ဗွီဒီယိုခွေ (၅) သိန်းနီးပါး ဖျက်ဆီး click
- အဲပုဂံက ရန်ကုန်- ချင်းမိုင် ပျံသန်းမည် click
- သတင်းစာပညာသင်တန်းများ ထပ်မံပေးသွားဦးမည် click
- စာရေးဆရာ အီကြာကွေး၏ အိမ်ကို ဓနုဖြူ ကျိုက္ကလွန်ဗွန်းဘုရားအတွက် လှူဒါန်း click
- စာရေးဆရာ အီကြာကွေး အမှတ်တရ click
- စင်္ကာပူနဲ့ အမေရိကန်ပြည်ထောင်စုက ဘာသာရေးဆိုင်ရာ သတင်းများ click
- မြေတော်လမ်း … အလွမ်း (စာအုပ်စင်) click
- စက်ဝိုင်း (ဆောင်းပါး) click

ဖြည်းဖြည်းလေး အနှေးယာဉ်ရထား (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- 'Happy Birthday' in a Prison Cell click
- Xi Tipped to Succeed Hu click
- Lawyer: Myanmar-American weak after hunger strike click
- DKBA 'Involved in Human Trafficking' click
- Indian Diplomat to Succeed Gambari click
- Thailand unaffected from Yetagun shutdown click
- Burma blames deadly bomb on Karen rebels click
- Junta Accuses KNU of Bomb Blast click
- Myanmar's generals plow a rich furrow click
- 'Constructive Engagement' Policy Has Not Worked: US click
- Gold mining precedes dam construction on Irrawaddy River click
- Thai PTT says Myanmar gas field to close for 20 days click
ကာတွန်း ဟန်လေး (ခေတ်ပြိုင်ဝက်ဘ်ဆိုက်)

အပြည့်အစုံသို့...

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ (၄၈) နှစ်ပြည့်မွေးနေ့ ဂုဏ် ပြုအမှတ်တရ

မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် အားဆေးတစ်ခွက်
(သို့မဟုတ်)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး အဖမ်းမခံရမီ
စက်တင်ဘာ (၂၆) ရက်နေ့ညတွင် ပြောကြားခဲ့သော စကားများ

“ကျွန်တော်တို့ သက်ရှိထင်ရှားမရှိတော့ရင်တောင်မှ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စေတနာတွေဟာ ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ ရိုးမကြီးတစ်လျှောက်လုံးမှာ ပျံ့နှံ့ပြီးတော့ သက်ဝင်နေလိမ့်မယ်၊ တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသား … ”

ကိုကိုကြီးတို့ကို စက်တင်ဘာ ၂၇ ရက်နေ့က ဖမ်းသွားပြီးတော့ နှစ်ပတ်လောက်အကြာမှာ သူငယ်ချင်းတစ် ယောက်က ကိုကိုကြီးနဲ့ ပြောထားတာတွေကို အီးမေးလ်နဲ့ ပို့ပေးလိုက်ပါတယ်။ ကျွန်တော်ဖတ်ဖို့ ပို့လိုက်တာ ဖြစ်ပေမယ့် အားလုံးအတွက် ဖော်ပြချင်တဲ့အတွက် ဖော်ပြခွင့် တောင်းလိုက်ပါတယ်။ တကယ်တော့ ဒီအင် တာဗျူးဟာ ဘယ်သူက ဘယ်နေရာမှာ ပြုလုပ်တယ်ဆိုတာကို မသိရသလို ကျွန်တော့်သူငယ်ချင်းဆီကို ဘယ် လိုရောက်လာသလဲ ဆိုတာလည်း မသိပါဘူး။ ဒါ့ကြောင့် တစ်စုံတစ်ရာ မှားယွင်းမှုရှိရင် ဘားမားတူဒေးမှာသာ အပြစ်ရှိပါကြောင်းနဲ့ ဒီသတင်းဟာ စိတ်ချရတဲ့သတင်းရပ်ကွက်က ရရှိတယ်လို့ပဲပြောပါရစေခင်ဗျာ။ ကိုကိုကြီး ဘာတွေပြောထားခဲ့သလဲ ဖတ်ကြည့်ရအောင်ပါ။

အခုတလောမှာပေါ့လေ။ ကိုကိုကြီးတို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့ပတ်သက်ပြီးတော့ သတင်း စာထဲမှာ ဆက်တိုက်ဆိုသလို စွပ်စွဲတာတွေ၊ တိုက်ခိုက်တာတွေ တောက်လျှောက်တွေ့နေရပါတယ်။ အဲဒီတော့ တချို့ကလည်း စိုးရိမ်တာတွေ ရှိတယ်ပေါ့လေ။ ကိုကိုကြီးတို့ကို မကြာခင်မှာ ဖမ်းဆီး တာတွေ၊ အရေးယူတာတွေများ ဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်ကြတာတွေရှိပါတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကိုကိုကြီးရဲ့အမြင်လေး သိပါရစေ။

ကျွန်တော်တို့အနေနဲ့ ဖမ်းဆီးတာတွေ၊ အရေးယူတာတွေ ဆိုတာက အထူးအဆန်းတော့ မဟုတ်ပါဘူး၊ ကျွန် တော်တို့ ကိုယ်တိုင်လည်း ထောင်ထဲမှာ ၁၄ ၊ ၅ နှစ် နေခဲ့ရပြီးပြီ။ ထောင်ထဲမှာ ဘယ်လိုနေရထိုင်ရမယ် ဆိုတာ လည်း ကျွန်တော်တို့ အကျွမ်းတ၀င် ဖြစ်ပြီးသားပါ။ တစ်ခုပဲ၊ ကျွန်တော်တို့က အဖမ်းခံရမှာ မကြောက်ဖူး၊ အ လုပ်မလုပ်နိုင်မှာပဲစိုးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့က အကျဉ်းကျနေတဲ့ဘ၀၊ လွတ်လပ်မှုဆိတ် သုဉ်းနေတဲ့ဘ၀မှာ လူငယ်ဘ၀တစ်ခုလုံး ပေးဆပ်ခဲ့ရတဲ့ အခါကျတော့ လွတ်လပ်မှုရဲ့တန်ဖိုးကို တခြားသူတွေ ထက် ပိုပြီးတော့လည်း သိတယ်၊ ပိုပြီးတော့လည်း ခံစားနိုင်တယ်။ ကျွန်တော်တို့ဟာ လွတ်လပ်မှုကို မြတ်နိုးပါ လျက်နဲ့ ဘာ့ကြောင့် ကျွန်တော်တို့ဟာ ဒီလိုမျိုး အဖမ်းဆီးခံရမယ့် အချုပ်နှောင်ခံရမယ့် အလုပ်မျိုးကို လုပ်နေ သလဲဆိုတော့ သန်း (၅၀) ကျော် ပြည်သူတွေ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ထိတ်ထိတ်လန့်လန့်နဲ့ နေနေရနေတဲ့ ဘ၀တွေကနေ လွတ်မြောက်ဖို့အတွက်၊ လွတ်လပ်တဲ့ ငြိမ်းချမ်းတဲ့ ဘ၀တွေ ခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ တဦးချင်းရဲ့ လွတ်လပ်မှုတွေကို ပေးဆပ်ပစ်မယ်၊ စတေးပစ်မယ်လို့ ကိုယ့်ကိုယ်ကို ပိုင်းဖြတ်ပြီးသားဖြစ်ပါ တယ်။

ဒါပေမယ့် လုပ်ကတည်းက ကမူးရှူးထိုးနဲ့ ဖမ်းသွားပလေ့စေ၊ ဖမ်းရင် ဖမ်းသွားပလေ့စေဆိုပြီးတော့ မျက်ကန်း တောတိုး လုပ်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ၁၄၊ ၅ နှစ် ထောင်ထဲမှာ အကျဉ်းကျနေတဲ့ ကာလတွေ အ တွင်းမှာလည်းပဲ ကျွန်တော်တို့ အလေးအနက် စဉ်းစားပါတယ်။ ကျွန်တော်တို့နိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ် ပေါ်ပြောင်းလဲသွားအောင် ကျွန်တော်တို့ ဘယ်လိုကြိုးပမ်းကြမလဲ၊ ဘယ်လိုချဉ်းကပ်ကြမလဲလို့ ကျွန်တော်တို့ ထောင်ထဲမှာကတည်းက၊ အကျဉ်းကျနေတဲ့ဘ၀မှာကတည်းက ကျွန်တော်တို့ အလေးအနက်စဉ်းစားပါတယ်။

ဒါ့ကြောင့်လည်းပဲ ကျွန်တော်တို့ ပြန်ထွက်လာတဲ့ အချိန်ကစပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အ ရေးတကြီး ဆောင်ရွက်ကြဖို့၊ ဒါဟာ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး အကျပ်အတည်းအားလုံး၊ ဒုက္ခသုက္ခအားလုံးရဲ့ အခြေခံဇစ်မြစ်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးပဲလို့ လေးလေးနက်နက်ကို ခံယူတဲ့အတွက်ကြောင့် လွတ်လာကတည်းက ကျွန်တော်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အကုန်လုံးက တိုင်ပင်ထားသလိုပဲ တညီတညွတ်တည်း ဒါကို ရေငတ်သလို တစာစာ တောင်းလာခဲ့တာပါ။ တိုက်တွန်းလာခဲ့တာပါ။ အခုအချိန်ထိပါပဲ။

အဲ့ဒီတော့ ကျွန်တော်တို့ရဲ့ စေတနာ ကျွန်တော်တို့ နိုင်ငံသားတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ထွန်းတိုးတက် စေ ချင်တဲ့ စေတနာ အဲ့ဒီအထဲမှာ နိုင်ငံသားဆိုလို့ ကိုယ့်ကိုထောက်ခံတဲ့သူတွေ ကိုယ့်ကိုအားပေးတဲ့သူတွေ သက် သက်ကိုပဲ ပြောနေတာမဟုတ်ဘူး။ တပ်မတော်သားတွေ၊ တပ်မတော်သားမိသားစုတွေ၊ အရာထမ်း အမှုထမ်း တွေ၊ နောက်ဆုံး ကျွန်တော်တို့ကို ဖမ်းဆီးထောင်ချပစ်လိုက်တဲ့ ပုဂ္ဂိုလ်တွေအားလုံး အကျုံးဝင်တယ်။ ကျွန် တော်တို့ ခံစားစေချင်တဲ့ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းအရသာကို ခံစားစေချင်တဲ့ သူတွေထဲမှာ သူ့လူကိုယ့်လူ မခွဲဘူး၊ အားလုံး အသီးသီး ညီတူမျှတူ ခံစားစေချင်တယ်။ ဒါ ကျွန်တော်တို့ စေတနာပဲ။

အဲ့ဒီအတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ရင်းနဲ့ ကျွန်တော်တို့ အဖမ်းခံသွားရလည်း ကျွန်တော်တို့ ပျော် ပျော်ကြီးပဲ အဖမ်းခံပစ်လိုက်မှာပဲ။ အဲ့ဒီတော့ လူကို ဖမ်းလို့ရတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်တွေ၊ ကျွန် တော်တို့ရဲ့ ယုံကြည်မှုတွေကိုတော့ ချုပ်နှောင်ထားလို့မရဘူး၊ သတ်ဖြတ်ပစ်လို့ မရဘူး။ ကျွန်တော်တို့ သက်ရှိ ထင်ရှားမရှိတော့ရင်တောင်မှ ကျွန်တော်တို့ ယုံကြည်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စေတနာတွေဟာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်၊ ရိုးမကြီးတစ်လျှောက်လုံးမှာ ပျံ့နှံ့ပြီးတော့ သက်ဝင်နေလိမ့်မယ်၊ တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသား …။

အဲ့ဒီတော့ … တကယ်လို့ အဖမ်းခံရရင်လည်း ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားမှာပါ။ အဲ့သလို ကြုံလာရတဲ့အခါမျိုးမှာလည်း ကျွန်တော်တို့ကို တရားခံတယောက်လို စစ်မေးတာမျိုးကိုလည်း ကျွန်တော်တို့ လက်ခံမှာမဟုတ်ဘူး၊ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို ရှင်းရှင်းပဲ ကျွန်တော် တို့ပြောမယ်။ ကျွန်တော်တို့ဟာ အကျိုးဆောင်တွေ တနည်းအားဖြင့် ရှေ့နေတွေ၊ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဝေဒနာတွေကို၊ ခံစားနေရတဲ့ အခက်အခဲတွေကို သူတို့ကိုယ်စား ကျွန်တော်တို့က အကျိုးဆောင်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲ့ဒီတော့ ရှေ့နေကို တရားခံလို စစ်မေးတာမျိုးကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။

ကျွန်တော်တို့ကို ကျွန်တော်တို့ စိတ်ကူး၊ စိတ်သန်းတွေ တိုင်းပြည်ကို ကျွန်တော်တို့ဖြစ်စေချင်တဲ့ စေတနာတွေ နဲ့ပတ်သက်လို့ ဆွေးနွေးခွင့်ရခဲ့ရင် ကျွန်တော်တို့ ဆွေးနွေးမယ်။ အဲ့သလိုမှ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကို စာ ရွက်တစ်ရွက်နဲ့ ဘောလ်ပင်တစ်ချောင်း ဘယ်ကရသလဲ၊ ဘယ်လိုလုပ်သလဲ ဆိုတာမျိုးကို ကလေးကလားကိစ္စ မျိုးကို ကျွန်တော်တို့က တရားခံပုံစံမျိုးနဲ့ ကျွန်တော်တို့ အစစ်မေးခံမှာ မဟုတ်ဘူး။ အဲ့ဒါတွေကို ကျွန်တော်တို့ ဖြေကြားနေမှာလည်းမဟုတ်ဘူး။ ကျွန်တော်တို့ဟာ အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့ တမျိုးသားလုံးပြန်လည် သင့်မြတ်ရေးကို ကျွန်တော်တို့ ကြိုးပမ်းနေတာ၊ ဆောင်ရွက်နေတာ၊ အဲ့ဒီအတွက် နိုင်ငံရေးအရ အရေးပါတဲ့ သူတွေ၊ အဖွဲ့အစည်းတွေအားလုံး ဒီအမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့အတွက် ကျွန် တော်တို့ ကြိုးစားမှာပဲ။ စိတ်ရှည်လက်ရှည်နဲ့ ကျွန်တော်တို့ ကြိုးစားမှာပဲ။

ကျွန်တော်တို့တင် မဟုတ်ဘူး၊ ဘက်အသီသီးက ပုဂ္ဂိုလ်အားလုံးလည်း စိတ်ရှည်ရှည်နဲ့ သဘောထားကြီးကြီးနဲ့ အားလုံးကို ထိတွေ့ဆွေးနွေးနိုင်အောင် ကြိုးစားဖို့ကိုလည်း ကျွန်တော်တို့ ထပ်ခါတလဲလဲ တိုက်တွန်းနေတယ်။ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့ နိုင်ငံရေးယုံကြည်ချက်က ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်ရေး အတွက် အကြမ်းမဖက်အနုနည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုတာ ကျွန်တော်တို့ ရဲ့အဓိဋ္ဌာန်ပဲ။ သန္နိဋ္ဌာန်ပဲ။ အဲ့ဒီတော့ ကျွန်တော်တို့ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်လမ်း စဉ်နဲ့ ပတ်သက်တဲ့ ဟာတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှလည်း လုပ်မှာ မဟုတ်ဘူး၊ ကျွန်တော် တို့မှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းမှန်သမျှကိုတော့ ကျွန်တော်တို့ အသုံးချသွားမှာဖြစ် တယ်။

အဲ့တော့ ဒီနေရာမှာ ကျွန်တော်တို့ ပြည်သူတွေနဲ့ ပတ်သက်တဲ့ အပိုင်းလည်းရှိတယ်။ ပြည်သူတွေအနေနဲ့ နိုင်ငံ ရေး ပြဿနာဟာ နိုင်ငံရေးသမားတွေနဲ့ပဲ ဆိုင်တယ်။ နိုင်ငံရေးပါတီတွေနဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ တစ်ဦးချင်းက ကိုယ့်ကိုယ်ကိုယ် ငါ့မှာလည်း တာ ၀န်ရှိတယ်။ ငါတတ်နိုင်တဲ့ အပိုင်းကနေ ငါဆောင်ရွက်ပြမယ်ဆိုတဲ့ စိတ်နှလုံးမျိုး မွေးမြူနိုင်မှ၊ ဒီလိုစိတ်အခံမျိုး ထားနိုင်မှ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံး လျင်လျင်မြန်မြန်နဲ့ ဖြစ်ပေါ်ပြောင်းလဲနိုင် မယ်လို့ ကျွန်တော် ပြောချင်တယ်။

ဒီနေရာမှာ ကိုကိုကြီးက ပြည်သူတွေပါဝင်ဖို့ အပိုင်းကို ပြောတယ်။ ပြည်သူတွေအနေနဲ့က စားဝတ် နေရေး အကျပ်အတည်းတွေက တစ်မျိုး၊ နေ့စဉ်ရုန်းကန်ရ လှုပ်ရှားရတာတွေနဲ့ အဲ … တစ်ဖက်က လည်းပဲ ဟိုလူကြောက်ရ၊ ဒီလူကြောက်ရနဲ့ အထိတ်ထိတ် အလန့်လန့်နဲ့ နေနေရတဲ့ ဘ၀မျိုးတွေမှာ ပြည်သူတွေ ပါဝင်ဖို့ဆိုတာ၊ ဘယ်လို ပါဝင်ဆောင်ရွက်ရမလဲ၊ အဲ့ဒါလေးတော့ တိတိကျကျ ပြည်သူ တွေလည်း သိသွားအောင်ပေါ့လေ ပြောပြနိုင်လို့ရှိရင် ကိုကိုကြီးအနေနဲ့ ပြောပြပေးပါ။

ကျွန်တော့်အမြင်မှာတော့ ပြည်သူဆိုတာ ပြည်သူပဲ။ နိုင်ငံရေးသမားမဟုတ်ဘူး၊ နိုင်ငံရေးသမားတွေလိုမျိုး အ ယူဝါဒဆိုင်ရာတွေ၊ သီအိုရီတွေ အဲ့ဒါတွေသိမှ နိုင်ငံရေးလုပ်လို့ရတယ် ဆိုတာလည်း မဟုတ်ဘူး၊ နိုင်ငံရေးသ မားတွေလို တခါတည်း တစ်သက်လုံးပဲ ထောင်ထဲနေရနေရ၊ အငတ်ငတ်အပြတ်ပြတ်နဲ့ သူ့ဘ၀တစ်ခုလုံး နိုင်ငံ ရေးထဲမှာပဲ မြုပ်နှံထားတယ် ဆိုတာလည်း ပြည်သူတွေအနေနဲ့ လိုက်မလုပ်နိုင်ဘူး၊ ဒါ သဘာဝပဲ။

ပြည်သူဆိုတာက သူ့တစ်ဦးချင်းရဲ့ ထမ်းဆောင်နိုင်တဲ့ အကန့်အသတ် ရှိတယ်။ သူ့မှာ မိသားစုနဲ့ ပတ်သက်တဲ့ တာဝန်ရှိတယ်။ သူ့ရပ်ကွက်၊ ရပ်ရွာနဲ့ ပတ်သက်တဲ့ တာဝန်ရှိတယ်။ အဲ့ဒီတော့ နိုင်ငံရေးသမားနဲ့ ထပ်တူတော့ ပြည်သူက လိုက်မလုပ်နိုင်ဘူး၊ နိုင်ငံရေးသမားတွေ တွေးသလိုလည်း ရှုပ်ရှုပ်ထွေးထွေးတွေ မတွေးနိုင်ဘူး။ ပြည်သူတွေအနေနဲ့ တွေးနိုင်တဲ့အပိုင်း လုပ်နိုင်တဲ့ အပိုင်းကတော့ ရိုးစင်းပါတယ်။ အဓိကက ပြည်သူတစ် ယောက်ရဲ့ အဓိကသူနေ့စဉ်ဖြေရှင်းနေရတဲ့ စားဝတ်နေရေးပြဿနာ။ အဲ့ဒီတော့ စားဝတ်နေရေးပြဿနာ ဖြေ ရှင်းရေးနဲ့ မလွဲမရှောင်သာ ဒီအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ထိစပ်နိုင်ရမယ်၊ ပတ်သက်နိုင်ရမယ်။ အဲ့ဒီအခါကျ တော့မှ ဘာကိစ္စပဲ လုပ်လုပ်၊ စီပွားရေးလုပ်ငန်းတစ်ခုခု လုပ်ပြီဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးရ၊ ကမ်းရ၊ ဟိုကနေပြီးတော့ ဖြတ်ပိုင်းလာလည်း ဖြတ်ရ၊ မလှူချင်လည်း လှူရ၊ စသဖြင့် ရင်ဆိုင်နေရတာတွေရှိ တယ်။ ဆိုတော့ အဲ့ဒါတွေကို မကျေနပ်ဘဲနဲ့လည်း အောင့်သီးအောင့်သက် ပေးနေရတယ်။ အဲ့ဒါဘာလဲဆို တော့ အဓိက ကြောက်လို့ပဲ။

အဲ့ဒီကြောက်တာနဲ့ ပတ်သက်ပြီးတော့ သေချာပြန်ပြီး လေ့လာဖို့လိုမယ်။ ပြန်ပြီး ဆန်းစစ်ဖို့လိုမယ်။ နိုင်ငံရေး သမားတွေ လုပ်နေတာကို ဂဃနဏ မသိရင်တောင်မှ ဒီလူတွေ အနစ်နာခံပြီး လုပ်နေတယ်။ သူတို့ မလုပ်ရဲ တာတွေ လုပ်နေတယ် ဆိုပြီးတော့ တိုးတိုးတိတ်တိတ် ကျွန်တော်တို့ကို ထောက်ခံကြတာတွေ ရှိတယ်။ တချို့ လည်း တဆင့်စကားနဲ့ လှမ်းပြီးတော့ ချီးကျူးကြတာ၊ အားပေးကြတာတွေရှိတယ်။ သို့သော် သူတို့ကတော့ မ လုပ်ရဲဘူး၊ နောက်တခါ နိုင်ငံရေးသမားနဲ့ သွားစကားပြောရင် သူနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလို့ရှိရင် အန္တရာယ်ရှိ တယ် ဆိုတဲ့အသိ၊ အဲ့ဒါကြီးကလည်း ကျွန်တော်တို့ ပြည်သူတွေကြားထဲမှာ ခြိမ်းခြောက်နေတယ်။ အဲ့ဒီတော့ နိုင်ငံရေးကိုတော့ ထောက်ခံတယ်။ နိုင်ငံရေးသမားတော့ မဆက်ဆံရဲဘူး၊ ဆိုတော့ ဒါလည်း မဟုတ်သေးဘူး။

နိုင်ငံရေးသမားဆိုတာက ပြည်သူတွေနဲ့ မထိစပ်လို့မရဘူး၊ ပြည်သူတွေရဲ့ထောက်ခံမှု မရဘူးဆိုရင် ဘာမှလုပ် လို့မရဘူး။ အဲ့ဒီတော့ ပြည်သူတွေလုပ်နိုင်တဲ့အပိုင်း၊ အနိမ့်ဆုံးလုပ်နိုင်တဲ့ အပိုင်းကတော့ ဆက်ဆံပါ။ နိုင်ငံရေး သမားကို ရဲရဲတင်းတင်း ဆက်ဆံပါ။ ထောက်ခံပါ။ ဆူပူမှု လုပ်နေတာ မဟုတ်ဘူး၊ အကြမ်းဖက်မှု လုပ်နေတာ မဟုတ်ဘူး။

နိုင်ငံရေးမှာ ပြည်သူတွေ ပါဝင်ဖို့ လိုတယ်။ ပြည်သူတွေမှာလည်း တာဝန်ရှိတယ်လို့ ပြောတာတွေ ကျွန်တော်တို့ ကြားရပါတယ်။ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့က ဘာတွေ လုပ်ပေးရမလဲ၊ ဘယ်လို ပါဝင်ရမလဲ၊ အဲ့ဒါတော့ နည်းနည်း ရှင်းရှင်းလေး ပြောပြပေးစေချင်ပါတယ်။

ကျွန်တော်တို့ ပြောပြောနေတာက ပြည်သူတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတာ ဒါ ကျွန်တော်တို့ ထပ် ခါတလဲလဲလည်းပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၅၄ သန်းရဲ့ လူနေမှုဘ၀တွေ ဒီလူ့အဖွဲ့အစည်းကြီး တစ် ခုလုံး ပြောင်းလဲပစ်ဖို့ဆိုတာ နိုင်ငံရေးသမား ထောင်ဂဏန်းနဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေ ဆိုတာ လောက်နဲ့ ဘယ်လိုမှမလုပ်နိုင်ပါဘူး၊ အဲ့ဒီတော့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီအဖွဲ့အစည်း ဆိုတာကလည်း ပြည်သူတွေ နဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားဆိုတာ ရေနဲ့ ကြာလိုပါပဲ။ ရေမရှိဘဲနဲ့ ကြာလည်း မရှိနိုင်ဘူး၊

အဲ့ဒီတော့ နိုင်ငံရေးသမားနဲ့ ပြည်သူနဲ့ကို နောက်တစ်နည်း ဥပမာပေးရမယ်ဆိုရင် အမှုသည်နဲ့ ရှေ့နေနဲ့ တူပါ တယ်။ အမှုသည်က ဥပဒေ နားမလည်ဘူး၊ သူ ဘယ်လိုခံရတယ်။ မတရားသဖြင့် သူ ဘယ်လိုခံရတယ်။ သူ ဘာတွေ နစ်နာတယ်ဆိုတာကို သူ မကျေနပ်တာလောက်ပဲ ရှိတယ်။ အဲ့ဒါကို ဥပဒေကြောင်းအရ တရားခွင်မှာ ထိထိရောက်ရောက် လျှောက်လဲနိုင်ဖို့အတွက် စွဲဆိုနိုင်ဖို့အတွက် ရှေ့နေ ငှားရမယ်။ အဲ့ဒါ ရှေ့နေတော့ ငှား လိုက်ပါရဲ့၊ အမှုသည်က ရှေ့နေနဲ့ ပူးပေါင်းမှု မရှိဘဲနဲ့ ဖာသိဖာသာ သူနဲ့မဆိုင်သလိုမျိုး နေမယ်ဆိုရင် အဲ့ဒီရှေ့ နေက ဘာမှလုပ်လို့မရဘူး၊ အဲ့တော့ အမှုသည်က ဖြစ်ကြောင်းရယ်ကုန်စင် ရှေ့နေကို ပြောပြဖို့လိုတယ်။ ရှေ့ နေနဲ့ ထိတွေ့ဆက်ဆံဖို့လိုတယ်။ အဲ့ဒီလို အခြေအနေမျိုး မရှိဘူးဆိုရင် ရှေ့နေချည်းသက်သက်နဲ့ ဘာမှလုပ်လို့ မရဘူး၊ အဲ့ဒါကြောင့်မို့လို့ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေနဲ့ ဆိုတာကလည်း အမြဲတမ်း ဆက်စပ်ဖို့ လိုတယ်။

အဲ့တော့ ဒီနေရာမှာ ပြည်သူတွေကို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မဆက်ဆံရဲအောင် ဖိ အားပေးတာတွေ၊ ခြိမ်းခြောက်တာတွေ၊ နေရာအနှံ့မှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနေတယ်။ အဲ့ဒါကြောင့်လည်း ပြည် သူတွေအနေနဲ့ နိုင်ငံရေးလုပ်တဲ့ သူတွေကို မခေါ်ရဲ၊ မပြောရဲ၊ မဆက်ဆံရဲ ဖြစ်နေကြတာလည်း ရှိတယ်။ အဲ့ဒီ တော့ ပြည်သူတွေအနေနဲ့ လုပ်နိုင်တဲ့အပိုင်းက ဘာလဲဆိုတော့ ကိုယ့်ရှေ့နေကိုတော့ ကိုယ့်အကျိုးဆောင်ကို တော့ ကိုယ်ရဲရဲတင်းတင်း ဆက်ဆံရဲဖို့ လိုတယ်။ နိုင်ငံရေးသမားတွေလိုမျိုး သိပ်ပြီးတော့ အန္တရာယ်ရှိတဲ့ ကိစ္စ မျိုး နှစ်ရှည်လများ အဖမ်းဆီးခံ ထောင်ချခံရမယ့် ကိစ္စမျိုး မလုပ်ရဲဘူး ဆိုရင်တောင်မှ နိုင်ငံရေးသမားတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြီးတော့ ကိုယ့်အခက်အခဲတွေ၊ ကိုယ်ကြုံတွေ့ရတဲ့ ပြဿနာတွေ အဲ့ဒါတွေကို ရင်ဖွင့်ဖို့ တိုင်ပင်ဖို့လိုတယ်။

အဲ့တော့ နိုင်ငံရေးသမားနဲ့ ဆက်ဆံလို့ လာပြီး မေးတာမြန်းတာတွေ ရှိတယ်။ ဒီလူနဲ့ ဘယ်လိုသိသလဲ၊ ဘယ် တုန်းက သိတာလဲ၊ အခုဘာတွေပြောသလဲ၊ သူက ဘာတွေပြောသလဲ၊ ဒါမျိုးတွေ လာပြီးမေးတာတွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော် အကြံပေးချင်တာ၊ တိုက်တွန်းချင်တာက အဲ့ဒီတော့ ခင်ဗျားက အဲ့ဒီလိုမျိုး လာအမေးခံ ရရင် ကြောက်တယ်။ တကယ့်တကယ်တော့ သေသေချာချာ စဉ်းစားကြည့်၊ ခင်ဗျားကို လာမေးတဲ့လူ ကိုယ် နှိုက်ကလည်း ကြောက်နေတာပဲ။ အဲ့ဒါကို ကျွန်တော်တို့က သတိမထားမိဘူး။ လာမေးတဲ့သူက သူက သာမာန် ၀န်ထမ်းပဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုခုက ၀န်ထမ်းပဲ။ အဲ့တော့ သူ့မှာရှိတဲ့ အကြောက်တရားက သူ့ အထက်အဆင့်ဆင့်ကို သူက အစီရင်ခံစာ မတင်သွင်းနိုင်မှာ သတင်းမပို့နိုင်မှာ အဲ့ဒါကြောက်တယ်။ တကယ် လို့ သူက ဘာမှသတင်းမပို့နိုင်ဘူးဆိုရင် သူ့ကို အရေးယူမှာ အပြစ်ပေးမှာ အဲ့ဒါကို သူက ကြောက်တယ်။ ပြီး တော့ ခင်ဗျားတို့ကို လာမေးပြီဆိုကတည်းက သူကိုယ်နှိုက်က ခင်ဗျားတို့ကို ကြောက်လို့ လာမေးတာ၊ အဲ့ဒါကို ခင်ဗျားတို့ကလည်း ဘာမှ မစူးစမ်း မဆင်ခြင်တော့ဘဲနဲ့ တန်းပြီ်းတော့ ကြောက်ပစ်လိုက်ကြတာပဲ။

အဲ့တော့ မကြောက်ခင်မှာ ခဏလေး ရပ်ပြီးတော့ စဉ်းစားကြည့်စမ်းပါ။ အော် … ငါကသာ ကြောက်နေတာ၊ သူကလည်း ကြောက်ကြောက်နဲ့ လာမေးတာပါလားဆိုရင် ကြောက်တဲ့လူအချင်းချင်းမှာ ခင်ဗျားက ပိုပြီးတော့ ကြောက်စရာ အကြောင်းမရှိတော့ဘူး၊ အဲ့ဒီတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြီးတော့ ရင်ဆိုင်ပါ။ ကျွန်တော်တို့ နင်ပဲငဆ ပြောစရာ မလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံသားအချင်းချင်း သူလည်း သူ့စားဝတ်နေရေးအတွက် ဒီအ လုပ်ကို လုပ်နေရတာ။ ကြောက်လို့ ခင်ဗျားကို လာမေးနေတာ။

အဲ … တစ်ခုတော့ရှိတယ်။ အကြောက်လွန်တဲ့အခါမှာ ခြိမ်းခြောက်တာမျိုး ဖြစ်တတ်တယ်။ ခြိမ်းခြောက်တာ အကြောက်လွန်လို့ ခြိမ်းခြောက်တာ။ အဲ့ဒီတော့ ဘာတွေ ဖြစ်လာတတ်လဲဆိုတော့ လာမေးတဲ့သူက တာဝန်ရှိ တဲ့အဆင့် တစ်ယောက်ယောက်က ခင်ဗျား အဲ့ဒီလူနဲ့ မဆက်ဆံဖို့၊ ခင်ဗျား အဲ့ဒီအိမ်မသွားပါနဲ့၊ အဲ့ဒီတော့ သွား ရင်၊ ဆက်ဆံရင်တော့ ခင်ဗျား ဒုက္ခရောက်လိမ့်မယ် သို့မဟုတ် ခင်ဗျား အရေးယူခံရလိမ့်မယ်။ အဲ .. ကျွန်တော် တို့ ကလေးတွေအတွက် နောက်စရာ၊ ရယ်စရာစကားလုံးတွေနဲ့ ကျွန်တော်တို့ ပြောနေရတာပေါ့။ ဘယ် လောက်အဆင့်ရှိတဲ့ သူမှန်းတော့ မသိဘူး။ အဲ့ဒီမှာ စပီကာနဲ့၊ အသံချဲ့စက်နဲ့ လျှောက် လျှောက်ပြီး အော်နေ တယ်။ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဆိုတာကို၊ တည်ဆဲဥပဒေဆိုတာက ဘာဥပဒေလဲမသိ၊ ဘယ်လို အရေးယူရမယ်မှန်းလဲမသိ။ အဲဒါကို ခံတွင်းတွေ့ပြီးတော့ မိုင်ကရိုဖုန်းကိုင်တဲ့ ပုဂ္ဂိုလ်တိုင်းက ရွာရိုးကိုး ပေါက် လှည့်ပြီးတော့ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဆိုပြီးတော့ အော်နေတာ။ ကျွန်တော်တို့နိုင်ငံ မှာ နေ့စဉ်ကြုံနေရတဲ့ ပြဿနာပါ။

အဲ့ဒီတော့ ကျွန်တော်တို့ ကြောက်တာလည်း တစ္ဆေ၊ သရဲ ကြောက်သလိုပေါ့၊ ဘာမှန်း ညာမှန်းမသိ၊ ဟာ … တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဆိုပြီး စဉ်းစားမနေတော့ဘဲ တန်းပြီး ကြောက်ပစ်လိုက်ကြတာ၊ ကြောက်ပစ်လိုက်တာပဲ အန္တရာယ်ကင်းတယ်ဆိုတဲ့ အတွေးအခေါ်တွေ၊ တွေးပုံခေါ်ပုံတွေက ခေါက်ရိုးကျိုးနေ ပြီ။ အဲ့ဒီတော့ တကယ့်တကယ် ကြောက်တော့ ကြောက်ပါ။ ကြောက်အောင် လုပ်ရင်တော့ ကြောက်ပါတယ်။ သူသူကိုယ်ကိုယ် ကြောက်အောင်လုပ်ရင်တော့ ကြောက်ပါတယ်။ သို့သော် မကြောက်ခင်မှာ ခဏလေး ရပ်ပြီး တော့ စဉ်းစားကြည့်ကြပါ။ အဲ့ဒီသက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို နည်နည်းလေးတော့ ပြန်မေးဖို့လို တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူကိုယ်တိုင်ကြောက်နေတာကို လူတိုင်းကသိပါတယ်။ ကြောက် ကြောက်နဲ့ လျှောက်လုပ်နေတာ။

အဲ့ဒီတော့ ယဉ်ယဉ်ကျေးကျေး ကျေးဇူးပြုပြီးတော့ ကျွန်တော် တဆိတ်မေးပါရစေ။ ခင်ဗျားသိချင်တာလည်း ကျွန်တော်ပြောမယ်။ ခင်ဗျားရဲ့ နာမည်၊ ဘယ်အဖွဲ့အစည်းကလဲ၊ ဘာရာထူးအဆင့်လဲ၊ ခင်ဗျားရဲ့ တာဝန်အ ဆင့်အတန်းက ဘာလဲသိပါရစေ။ အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ကြုံနေရတာက ဘယ် သူလဲမသိ၊ ဘာဝါမှန်းမသိ၊ ယူနီဖောင်းလည်းမပါ၊ အရပ်ဝတ်ဆိုရင်ကို သူတို့ ကြောက်နေကြတယ်၊၊ အဲ့ဒီတော့ ကျွန်တော်တို့ဟာ ဘယ်သူကလာပြီး ခြိမ်းခြောက်မှန်းမသိ ဖြစ်နေတယ်။ အဲ့ဒီတော့ တကယ်လို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းက တာဝန်ရှိတဲ့ပုဂ္ဂိုလ် တစ်ယောက်ယောက်က ကျွန်တော်တို့ကို လာမေးတာဆိုရင် တိတိကျကျ သိပါရစေ။ အဲ့ဒီလောက်တော့ မေးခွင့်ရှိတယ်၊ ဒါဟာ သူ့ကို ကျွန်တော်တို့က ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာ လည်းမဟုတ်၊ ဒါက ပထမအဆင့်ပေါ့။

သူက ကောင်းကောင်းမွန်မွန်၊ သူ ဘယ်အဖွဲ့စည်းကပါ။ တာဝန်အရ မေးရတာ ဖြစ်ပါတယ်။ ဟုတ်ပြီ ဖြေလိုက် ပါတယ် ဒီလူနဲ့ ကျွန်တော်က ခင်တယ် ငယ်ငယ်တည်းက သူငယ်ချင်း သို့မဟုတ် ဘယ်တုန်းက သိတယ်။ သူ ဖိတ်လို့ ကျွန်တော်သွားတာ လမ်းမှာတွေ့တော့ စကားပြောတာ ကျွန်တော်တို့ ဘာမှလည်း ဖုံးကွယ်ထားစရာ မလိုဘူး။ နိုင်ငံရေးလုပ်တဲ့အလုပ်ကို ခိုးကြောင်းခိုးဝှက်လုပ်ရမယ့် အလုပ်လည်း မဟုတ်ဘူး။ တနိုင်ငံလုံးအရေး အတွက် လုပ်နေတာ၊ အဲ့ဒီတော့ မေးရင် ဖြေရုံပဲပေါ့၊၊

နောက်တစ်ခု၊ နောက်တစ်ဆင့်တက်ပြီးတော့ ဘာလာလုပ်တာလဲ၊ ဘယ်မသွားနဲ့။ တကယ်လို့ ခင်ဗျား မလိုက် နာဘူးဆိုရင် ခင်ဗျား ဒုက္ခရောက်သွားလိမ့်မယ်၊ အရေးယူ ခံရလိမ့်မယ်လို့ သူက ပြောလာပြီဆိုရင် ယဉ်ယဉ် ကျေးကျေး သိမ်သိမ်မွေ့မွေ့ပဲ ပြန်တော့ပြောပါ၊ ဟုတ်ကဲ့ ဥပဒေအရ တားမြစ်တာ၊ ကန့်သတ်တာ ဆိုရင်တော့ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ရာထူးအဆင့်အတန်း ဘယ်သူဘယ်ဝါကနေ ဒီလူနဲ့ မဆက်ဆံပါနဲ့၊ ဒီနေရာကို မသွား ပါနဲ့လို့ တားမြစ်တယ်၊ ချိုးဖောက်ရင် အရေးယူမယ်လို့ အသိပေးတယ်ဆိုတာကို စာနဲ့ပေနဲ့ ဥပဒေအရ ဘောင် ၀င်အောင် ကျွန်တော့်ကို လုပ်ပေးပါ။ ကျွန်တော် တရားဥပဒေ စိုးမိုးရေးကို လေးစားပါတယ်။ ကျွန်တော် ကိုယ် တိုင်ကလည်းလိုက်နာပါတယ်။ ဥပဒေအရ မဟုတ်တဲ့ ဥပဒေမဲ့ ခြိမ်းခြောက်တာမျိုးဆိုရင် ကျွန်တော် လက်မခံ နိုင်ဘူး။

အဲ့ဒီလောက်တော့ ကျွန်တော်တို့ ပြည်သူတစ်ဦးချင်းက နေပြီးတော့ အဲ့ဒီလောက် လုပ်ရဲတယ်ဆိုရင် ဒါဟာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေကို ကျွန်တော်တို့က ရန်လိုနေတာလည်း မဟုတ် သူတို့နဲ့ ကျွန်တော်တို့ ထိပ် တိုက်ရင်ဆိုင်နေတာလည်း မဟုတ်၊ ကျွန်တော်တို့ ကိုယ်တိုင်က ဥပဒေစိုးမိုးရေးကို စောင့်ရှောက်နေတာ ဖြည့် ဆည်း ပံ့ပိုးပေးနေတယ် ဆိုတဲ့အသိနဲ့ ဒီလောက် ပြည်သူတို့ဖက်ကနေ တုန့်ပြန်ရဲတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအပြောင်းအလဲ ဖြစ်ဖို့အတွက် ဒီမိုကရေစီ ပေါ်ထွန်းဖို့အတွက် အင်မတန် နီးကပ်လာပြီလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော် လေးလေးနက်နက်နဲ့ အကြံပေးချင်တာက ဘုမသိဘမသိ ကြောက် မပစ်လိုက်ပါနဲ့။ မကြောက်ခင်မှာ ခဏလေး ရပ်လိုက်ပါ၊ စောင့်လိုက်ပါ။ ပြီးတော့ ကိုယ်မေးသင့်တာ ပြန်မေးပါ။

ခုနကလိုပေါ့။ ယဉ်ယဉ်ကျေးကျေးနဲ့ အဲ့ဒီလောက်တော့ ပြန်ပြောပေါ့၊ တချို့ကြတော့လည်း လက်လွတ်စပယ် လုပ်ပိုင်ခွင့်ကို အလွန်အကျွံသုံးတဲ့ ပြဿနာမျိုးတွေ ရှိခဲ့လို့ရှိရင် သူ့ဖာသာသူ ပြန်ထိန်းသိမ်းသွားပါလိမ့်မယ်။ ပြန်ဆုတ်သွားပါလိမ့်မယ်။ တကယ့်တကယ် နှုတ်ပိတ်တဲ့အနေနဲ့ လက်လွတ်စပယ်ခြိမ်းခြောက်တာမျိုးဟာ စာ နဲ့ပေနဲ့ ရေးပြီးတော့ ခင်ဗျားတာဝန်ယူပြီး ခြိမ်းခြောက်တယ်ဆိုတာကို ခင်ဗျားတာဝန်ယူပြီး လက်မှက်ထိုးပါဆို ရင် ဘယ်သူမှ မထိုးရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုခု ပြဿနာဖြစ်ပြီဆိုရင် အပေါ်က ဘယ်သူကမှ အကာ အကွယ် မပေးဘူး၊ ရုပ်ပျက်ဆင်းပျက် တရားလက်လွန် ဖြစ်ပြီဆိုရင် သူတိုခံရမှာ၊ အဲ့ဒီတော့ သူတို့ကိုယ်၌က လည်း ကြောက်ကြောက်နဲ့ ခင်ဗျားတို့ကို လာပြောနေတာ။ အကြောက်လွန်ပြီးတော့ ခင်ဗျားတို့ကို လက်လွတ် စပယ် ခြိမ်းခြောက်နေတာပါ ဆိုတာကိုတော့ ခင်ဗျားတို့ သိထားဖို့လိုတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ဒီလိုတုန့် ပြန်တာဟာ ပုဂ္ဂိုလ်ရေး အာဃာတ မပါဘူး။ ဘယ်သူရယ် ဘယ်ဝါရယ် ဆိုပြီးတော့ ကျွန်တော်တို့ ရန်လိုမုန်း တီးတဲ့ စိတ်နဲ့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခွင့်အရေး လုပ်သင့်လုပ်ထိုက်တာကို တုန့်ပြန်တဲ့သ ဘော ကိုယ့်အခွင့်အရေးကို ကိုယ်ကာကွယ်တဲ့သဘော၊ ကျင့်သုံးတဲ့သဘောသာဖြစ်တယ်။ အဲ့ဒီလောက်တော့ လုပ်ဖို့လိုတယ်။

အဲ ... နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ နယ်ပယ်အသီးသီး၊ ဒေသအသီးသီး၊ ဥပဒေမဲ့ ပြုကျင့်တာတွေ၊ ပြုကျင့်ခံနေရတာတွေ၊ အဂတိလိုက်စား နေတာတွေ၊ အာဏာအလွဲသုံးစား လုပ်နေတာတွေ အဲ့ဒါမျိုးတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ခံစားရတဲ့ သူတွေအနေနဲ့ မိမိ ဒီလိုပြုကျင့်ခံရတယ် ဆိုတာကို သက်ဆိုင်ရာ တရားရုံး တွေမှာ ဦးတိုက်ပြီးတော့ လျှောက်ပါ။ အဲဒါဟာ ကျွန်တော်တို့ ဆူပူလှုံ့ဆော်ဖို့ အုံကြွဖို့ လုပ်နေတာ မဟုတ်ပါ ဘူး။ ဥပဒေဘောင်အတွင်းကနေ နိုင်ငံသားတစ်ယောက်ရဲ့ရပိုင်ခွင့်ကို ကျင့်သုံးတာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ၀ိုင်းဝန်းပြီးတော့ ထိန်းသိမ်းကာကွယ်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့ ဥပဒေ ဘောင်အတွင်းက ရင် ဆိုင်ရဲတဲ့ ရင်ဆိုင်တတ်တဲ့ အလေ့အကျင့်တွေကိုလည်း ပျိုးထောင်ဖို့လိုပါတယ်။

ဒီနေရာမှာ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေရဲ့ အခန်းကဏ္ဍတွေက အရေးကြီးပါတယ်။ သူတို့အတွက် တရားဥ ပဒေဘက်တော်သားတွေပါ။ တရားဥပဒေကို စောင့်ရှောက်ရမယ့် ကာကွယ်ရမယ့် တာဝန်ဟာ သူတို့ရဲ့အဓိက တာဝန်ပါ။ ဒါ့ကြောင့်မို့လို့ တချို့ရှေ့နေတွေက မတတ်နိုင်ဘူး၊ မတရားတာကြီးကို ပေးကမ်းနေရတဲ့ အဖြစ် ပျက်မျိုးတွေဟာ ဒေသအသီးသီး၊ နယ်ပယ်အသီးသီးမှာ ရှိပါတယ်။ အဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ တရားဥ ပဒေစိုးမိုးရေး ရှုဒေါင့်ကနေပြီး ကူညီပေးကြဖို့ ဥပဒေပညာရှင်တွေ၊ ရှေ့နေအသီး သီးတွေကိုလည်းပဲ ကျွန် တော်တို့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ ပါတီစုံဒီမိုကရေစီ ရှင်သန်ဖို့၊ ဖွံ့ဖြိးဖို့ဆိုတာက တရားဥပဒေ စိုးမိုးရေးဟာ အဓိအကျဆုံးပါပဲ။ အဲ့ဒီတော့ ဒီတရားဥပဒေ စိုးမိုးရေးကို အုတ်မြစ်ချဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ တရားဥပဒေဘက်တော် သားတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေ အခန်းကဏ္ဍ အင်မတန် အရေးကြီးပါတယ်။ အဲ့ဒီတော့ ပြည်သူတွေ အနေနဲ့ကလည်းပဲ မိမိကိုအဓမ္မပြုကျင့်တယ်၊ ဥပဒေမဲ့ ပြုကျင့်ခံရတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ တရား ခွင်နယ်မှာ ဦးတိုက်ပြီးတော့ လျှောက်ထားရဲတဲ့၊ တင်ပြရဲတဲ့ သတ္တိမျိုးကို မွေးမြူကြဖို့ လိုပါတယ်။

အဲ့ဒီနေရာမှာတော့ ပြောစရာ ရှိတာပေါ့နော်။ တရားစွဲလည်း မထူးပါဘူး သူတို့က သူတို့ဘာသာ ဆုံးဖြတ်ချင် သလို ဆုံးဖြတ်နေတာပဲ၊ ဒါက ကျွန်တော်တို့ အရပ်စကား ပြောတာပေါ့နော်။ တကယ့်တ ကယ်မှာကျတော့ ကျွန်တော်တို့မှာ (၈၈)နဲ့ မတူတဲ့ အချက်ကတော့ သတင်းမီဒီယာတွေ ပွင့်လင်းတာတာ။ အဲဒီတော့ ဥပဒေမဲ့ပြု ကျင့်ခံရတယ်၊ အဲဒါကို ရုံးတက် တရားစွဲတဲ့အခါ တရားရုံးက မတရား စီရင်ချက်ချတယ် ဆိုရင်လည်း တိုးတိုး တိတ်တိတ်နဲ့တော့ ပြီးမသွားပါဘူး။ ကျွန်တော်တို့ ဒီခေတ်မှာ သတင်းပြန်ကြားရေးစနစ်ဟာ အင်မတန်မှ လျင် မြန်ပါတယ်။ အဲ့ဒီတော့ ဒီတရားရေးအဖွဲ့က နေပြီးတော့မှ မလျော်သြဇာသုံးမယ် မတရားစီရင်ချက်ချမယ်၊ မ မှန်မကန် ဆုံးဖြတ်တယ်ဆိုရင်လည်းပဲ ဒါဟာ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တည်ဆဲတရားဥပဒေ စိုးမိုးရေးအခြေ အနေ ဘယ်လောက်ရှိသလဲဆိုတာကို စမ်းသပ်နေတဲ့ ဖော်ထုတ်နေတဲ့ အခြေအနေတရပ်တော့ ဖြစ်သွားမှာပါ။

အဲဒါဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဦးတည်ပြီးတော့ ကျွန်တော်တို့ တိုက်ခိုက်နေတာ၊ ရန်လိုမုန်းတီးတဲ့ စိတ်နဲ့ လုပ်နေတာလည်း မပါပါဘူး။ ကျွန်တော်တို့ သွားနေတာက တရားမှုနဲ့ မတရားမှုနဲ့ကြားမှာ တရားတဲ့ဖက်၊ အ မှန်တရားဖက်ကနေ ရပ်ခံသွားဖို့ ရပ်တည်သွားဖို့ တိုက်တွန်းခြင်းဖြစ်ပါတယ်။ အဲ့တာကလည်း နိုင်ငံရဲ့တည်ဆဲ တရားဥပဒေစိုးမိုးရေးဘောင်ထဲက ကြိုးပမ်းတာဖြစ်တဲ့အတွက်ကြောင့်၊ အဲ့ဒီအတွက် လက်လွတ်စပယ်အရေး ယူလို့ အပြစ်ပေးလို့ မရပါဘူး။ ပြည်သူတွေအနေနဲ့ မိမိနေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ ဥပဒေ ကြောင်းအရ ရင်ဆိုင်လို့ရတဲ့ ကိစ္စတွေကိုလည်း ရဲရဲတင်းတင်း ရင်ဆိုင်စေချင်ပါတယ်။ အဲ့ဒီလို အမှုအခင်းတွေ ရုံးထုတ်တဲ့ အမှုချိန်းစွဲဆိုတဲ့နေ့တွေ ဆိုလည်းပဲ အခြားစိတ်ဝင်စားတဲ့ ပြည်သူတွေ၊ ဘ၀တူပြည်သူတွေ အနေနဲ့ တရားခွင်မှာ သွားရောက် နားထောင်ခြင်းအားဖြင့် တရားခွင် ဗဟုသုတတွေ ရရှိစေသလို ကိုယ်တိုင်ကြုံတွေ့ တဲ့အခါမှာလည်း ဘယ်လိုမျိုး တရားခွင်ကို ချဉ်းကပ်ရသလဲ။ တရားခွင်မှာ ဘယ်လိုလျှောက်လဲရသလဲဆိုတာ အလေ့အကျင့် ဗဟုသုတတွေကို ဆင့်ပွားရရှိစေမှာ ဖြစ်ပါတယ်။

အဲဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံမှာ တရားမျှတတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့အတွက် ပြည်သူတစ်ဦးချင်း က လုပ်နိုင်တဲ့ အပိုင်းတွေကို ကမူးရှူးတိုးနဲ့ သွေးပူပြီး လုပ်ဆောင်တဲ့အပိုင်း မဟုတ်ဘဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ စနစ်တကျ ဆောင်ရွက်နိုင်တဲ့ အခွှင့်အလမ်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒီလို အခွင့်အလမ်းတွေကို အသုံးချ ပြီးတော့ ပြည်သူတစ်ဦးချင်း အနေနဲ့ပါ နိုင်ငံရဲ့တရားဥပဒေ စိုးမိုးရေးနဲ့ အမှန်တရား ပေါ်ထွန်းရေးအတွက် ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍတွေကို ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့အတွက် ကျွန်တော် တိုက်တွန်း ချင်ပါတယ်။ အကြံပေးချင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်များအနေနဲ့ကလည်းပဲ ပြည်သူတွေရဲ့ နေ့စဉ်ဒုက္ခတွေကို ကျွန်တော်တို့က ကိုယ်စားပြုပြီးတော့ ဖော်ထုတ်နေရမှာ ဖြစ်သလို နိုင်ငံရေး အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် ဖြစ်နိုင်တဲ့နည်းလမ်းပေါင်းစုံကိုလည်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကျွန်တော် တို့က ရှာဖွေဖော်ထုတ်နေရမှာ၊ ချဉ်းကပ်နေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေ လုပ်ရမယ့်အပိုင်း၊ လုပ် နိုင်တဲ့အပိုင်းကို ပြည်သူတွေဖက်က တာဝန်ကျေဖို့ လိုသလို နိုင်ငံရေးသမားတွေ နိုင်ငံရေး ဦးဆောင်နေတဲ့ သူ အနေကလည်း ကျွန်တော်တို့က မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုတွေ နည်းလမ်းရှားဖွေမှုတွေ ပြည်သူ တွေနဲ့ ထိစပ်ပြီးတော့ ပြည်သူတွေရဲ့ဘ၀၊ ပြည်သူတွေရဲ့ အခက်အခဲတွေ ထင်ဟပ်ဖော်ထုတ်နိုင်ရန် အတွက် လည်း ကျွန်တော်တို့က ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုသာ တက်ညီလက်ညီနဲ့၊ ဟန်ချက်ညီညီနဲ့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် သွားမယ်ဆိုရင် လက်ရှိ တပ်မတော် အကြီးအကဲ အနေနဲ့ကလည်းပဲ ဒါဟာ လွယ်လွယ်ကူကူ လက်ညှိုးထိုးပြီးတော့ အဖျက်အမှောက် ဆူပူမှုတွေလို့ စွပ်စွဲလိုက်ရုံနဲ့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူး။ ဒီလူဒီလူတွေဟာ စနစ်တကျနဲ့ တရား ဥပဒေဘောင်အတွင်းကနေ ကြိုးပမ်းနေတယ်။ ချဉ်းကပ်နေတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း တကယ်လိုလိုလားလားနဲ့ ဆောင်ရွက်နေတာကို အသိအမှတ်ပြုဖို့လိုပါတယ်။ အဲ့ဒီလို ဘက်အသီးသီးမှ နေပြီး တော့ ကျွန်တော်တို့ ဆောင်ရွက်သွားကြမယ်ဆိုရင် ဆုံမှတ်တစ်ခုမှာ အားလုံးလိုလားတောင့်တနေတဲ့ ဖြစ်စေ ချင်နေတဲ့ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိးတိုးတက်ရေး လမ်းကြောင်းပေါ်ကို မလွဲမသွေ ရောက်ရှိလာ မှာ ဖြစ်ပါတယ်လို့ ကျွန်တော် ပြောကြားလိုပါတယ်။

(ဘာမားတူးဒေး ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

အပြည့်အစုံသို့...

Thursday, December 17, 2009

တိုက်ပွဲပျော်များ

တိုက်ပွဲပျော်များ
မောင်လွမ်းဏီ

ဓနုဖြူခံတပ်
ရှင်းပြတ်ပုံရိပ်၊ အတိတ်သမိုင်း
ထထကြွကြွနဲ့ စိုင်းခဲ့ရှာ။

မဟာမောင်ရစ်၊ စစ်သည်ဗိုလ်ချုပ်
နောက်မဆုတ်တမ်း၊ မရွံ့တမ်း
ဧရာကမ်းနဖူး
သွေးနဲ့လူးတဲ့၊ သမိုင်းဦးပေစာ
ရာဇ၀င်မှာ သစ်လွင်ဆဲ။

ကိုဒေါင်းစိန်
ဝင်းထိန်လင့်ထည်၊ ငါတို့ကြယ်နီ
ပြည်သူ့စာပေနှလုံးသား။

ယောက်ျားဟဲ့နော်
တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်း တက်မှာပဲတဲ့။

မမှိတ်မသုန်၊ ကျုပ်တို့ယုံတယ်
စေ့ငုံချဉ်းကပ်၊ ရပ်တည်ချက်လေ
ဘက်သားပြည်သူ၊ ဓနုဖြူကို
သယ်ယူဆောင်ကြဉ်း၊ ပို့အပ်နှင်းသည်
ဝေးသူများရဲ့ လွမ်းချင်းတခြင်းဖြစ်စေတော့ ...။ ။

မောင်လွမ်းဏီ
၁၇-၁၂-၀၉

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၁၂-၀၉)

- ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင် (၃) ဦး တွေ့ခွင့်ပေးခြင်းကို အမေရိကန် ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းကို အမေရိကန်က ကြိုဆို click
- အန်အယ်ဒီ ခေါင်းဆောင်မှု ပြင်ဆင်ရေး တိုင်းရင်းသားများ ကြိုဆို click
- NLD ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်းမည် click
- NLD ဗဟိုအလုပ်အမှုဆောင် ပြန်လည်ဖွဲ့စည်းမည် (ဗွီဒီယိုသတင်း) click
- NLD ဘယ်လိုပြန်လည်ဖွဲ့စည်းမလဲ (ဆွေးနွေးခန်း) click
- စစ်အစိုးရနဲ့ အန်အယ်လ်ဒီတို့ တွေ့ဆုံဆွေးနွေးကြရင် (မျက်မှောက်ရေးရာ) click
- လှိုင်သာယာ စက်ရုံအလုပ်သမားများ ဆန္ဒပြ click
- လှိုင်သာယာ အထည်ချုပ်စက်ရုံ အလုပ်သမား (၁၀၀၀) ကျော် ဆန္ဒပြ click
- လှိုင်သာယာဆန္ဒပြပွဲ သဘောတူညီမှုရ click
- ဓာတ်ငွေ့ပိုက်လိုင်းတလျှောက် ပေါ်တာဆွဲမှုများ ရှိနေဆဲ click
- ရာသီဥတုညီလာခံမှာ မြန်မာများ ဆန္ဒပြ click
- ကိုယ့်ဥပဒေ ကိုယ်ချိုးဖောက်ဟု ဒိန်းမတ်ရောက် မြန်မာများက EU ကို စွပ်စွဲ click
- SSA မြောက်ပိုင်းတပ်ဖွဲ့ဝင်တွေ နယ်ခြားစောင့်တပ်ထဲ မ၀င်လို click
- တရုတ်ဒု-သမ္မတ မြန်မာနိုင်ငံကို စနေနေ့ ရောက်ဖို့ရှိ click
- ၂၀၁၀ အတွက် မဲဆန္ဒရှင်များစာရင်း ရန်ကုန်မြို့တွင် စတင်ကောက်ယူပြီ click
- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး မွေးနေ့အမှတ်တရ click
- လားရာ (အမှတ်တရများ) click
- အင်းစိန်ထောင်ဆေးရုံ ဆေးဝါးပြတ်လပ်၊ ကျန်းမာရေးစောင့်ရှောက်မှု နည်းပါး click
- စာရေးဆရာကြီး အီကြာကွေး (ဓနုဖြူကျော်ထွန်း) နောက်ဆုံးခရီး စာပေသမားများ၊ စာချစ်သူများ ပို့ဆောင် click
- မြန်မာကျောင်းသားများကို စင်္ကာပူ ပညာသင်ဆုပေးမည် click
- ပါကစ္စတန်သမ္မတအပေါ် ထုတ်ပြန်ထားသည့် လွတ်ငြိမ်းချမ်းသာခွင့် တရားရုံးချုပ်က ရုပ်သိမ်း click
- ရာသီဥတုညီလာခံ သဘောတူညီချက်ရဖို့မမြင် click
- Bomb kills six on restive Burma border click
- Time-bomb kills 7 in Myanmar Kayin state click
- Where Impunity Reigns click
- Bank cool on Burma trade click
- WFP boosts opium cultivation in northern Burma: local critics click
- Four villagers in serious condition detained in Nasaka camp click
- Refugee assaulted by local villagers click
- သက်ကြီးပိုင်း NLD ခေါင်းဆောင်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်ပြုမှု အမေရိကန် ကြိုဆို click
- NLD ခေါင်းဆောင်ပိုင်း ပြောင်းလဲရေး ကွဲလွဲမှုများရှိ click
- လှိုင်သာယာတွင် အလုပ်သမားများ ဆန္ဒပြ click
- ကိုပင်ဟေဂင်ညီလာခံရောက် နအဖ၀န်ကြီး ဦးဉာဏ်ဝင်းကို ကန့်ကွက်ဆန္ဒပြ click
- မြန်မာ့အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေဟု ITUC ပြော click
- အီရန်၊ မြန်မာတို့အပေါ် ပိတ်ဆို့မှုကို ချိုးဖောက်လို့ ဆွစ်ဘဏ် ဒဏ်တပ်ခံရ click
- ဒဏ်ခတ်မှု ချိုးဖောက်သည့် ဘဏ် ဒေါ်လာ သန်းရာချီ လျော်ရမည် click
- ရာသီဥတုဆိုင်ရာ ညီလာခံမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ရောက်နေ click
- UNODC ပြောသည့် ‘မြန်မာနိုင်ငံဘိန်းထွက်နှုန်း ၂ ဆတိုး’ နအဖ ထိန်းချုပ်နယ်မြေ ဖြစ် click
- မြန်မာပြည် ထောင်များတွင် ရေသန့်စက် တပ်ဆင် click
- ယခုနှစ် လျှပ်တပြက် နာမည်ကြီးသူ ဆယ်ဦးတွင် ယက်ထော ပါဝင် click
- ထိန်းသိမ်းခံ ညီညီအောင်ကိစ္စ ၀န်ကြီး ကလင်တန် ကြားဝင်ပေးဖို့ အမေရိကန်အမတ် တိုက်တွန်း click
- ကေအန်ယူ ထိန်းချုပ်ဒေသမှ သစ်များ ခုတ်ခွင့် ပိုပေးနေ click
- နယ်စပ်ဖွင့်လျှင် ဘုရားသုံးဆူမြို့ စီးပွားရေး ဦးမော့လာနိုင် click
- ချင်းမိုင်ရောက် ပဒေါင်များ လူကုန်ကူးခံရသလား click
- အမှတ် (၂) စက်မှုဝန်ကြီးဌာန စက်ရုံအချို့မှ ၀န်ထမ်းများအား စတင် အငြိမ်းစားပေး click
- လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး အဆောက်အအုံ ဦးပိုင် လေလံအောင် click
- ကချင်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်များ အလုပ်သမားရှားပါး click
- စက်မှုဇုန် (၃) တွင် အလုပ်သမားများ လုပ်အားခ တိုးမြှင့်တောင်းဆို click
- ထိုင်းရောက် မြန်မာကလေးများ ကျောင်းနေခွင့် မသေချာ click
- ကညနမှ လိုင်စင်သစ်ကိုပြပြီး မော်တော်ဆိုင်ကယ်စီးသူများထံမှ အဆမတန် ငွေကောက် click
- အမိနိုင်ငံတော်ကြီးအတွက် စိုးရိမ်မိ (အွန်လိုင်းပေးစာ) click
- အိန္ဒိယအစိုးရနှင့် နအဖစစ်အုပ်စု (အယ်ဒီတာ့အာဘော်) click
- ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း (၄၃) (ဆောင်းပါး) click
- မိုးသီးဇွန်၏ ၂၀၁၀ ရွေးကောက်ပွဲ သုံးသပ်ချက် (ဆောင်းပါး) click
- သမ္မတ အိုဘားမား၏ နိုင်ငံခြားရေးမူဝါဒအပေါ် အကဲဖြတ်သုံးသပ်ခြင်း (ဆောင်းပါး) click
- တင်မိုးရေးတဲ့ လူမသိသူမသိ စာတပုဒ် (ဆောင်းပါး) click
- ကောက်သစ်ပေါ်ဦး ကရင်နှစ်သစ်ကူး (ဆောင်းပါး) click
- ဘိလပ်မြေ တန်ချိန် (၇၀၀) လစဉ် တက်ကနက်ဆိပ်ကမ်းမှ တဆင့် မြန်မာသို့ ၀င်ရောက် click
- လှိုင်မြစ်အတွင်း ရေညစ်ညမ်းမှု စစ်ဆေးတွေ့ရှိ click
- မီးသတ်သင်တန်းပေး click
- ဒါရိုက်တာ စင်ရော်မောင်မောင် ဂျာနယ်ထုတ်မည် click
- US Welcomes Suu Kyi Meeting with NLD Leaders click
- Than Shwe to Meet Chinese Vice President click
- Call to Reorganize NLD Garners Support, Questions click
- Peter Popham: Suu Kyi's fight for release click
- Credit Suisse To Pay $536 Million For Helping Rogue States Get Dollars click
- Over $1.6 bln in barred Credit Suisse transctions click
- Credit Suisse to pay $536M to U.S. click
- Sino-Myanmar bilateral ties, co-op deepening: Chinese ambassador click
- KIA bomb injures junta mining official click
- Policemen loot Kyat 3 lakh from bull traders click
- Burma rat plague prompts call for prayer click
- Two USDA candidates for Tonzang and Chikha townships click

အပြည့်အစုံသို့...

မြန်မာ-တရုတ်ဆက်ဆံရေးရဲ့ ရှေ့အလားအလာများ

မြန်မာ-တရုတ်ဆက်ဆံရေးရဲ့ ရှေ့အလားအလာများ
ဒေါက်တာလွဏ်းဆွေ

၂၁ ရာစုအတွင်း မြန်မာ-တရုတ်ဆက်ဆံရေးမှာ ရှေ့အလားအလာတွေအနေနဲ့ ဘာတွေဖြစ်မလဲဆိုတဲ့ ဖြစ်နိုင် ခြေတွေကို ခန့်မှန်းတွက်ချက်သူတွေထဲမှာ တပ်လှန့်ရေးသမားရယ်၊ အဆိုးမြင်ဝါဒီရယ်၊ သတိနဲ့ချင့်ချင့်ချိန်ချိန် စောင့်ကြည့်တဲ့ အကောင်းမြင်သမားရယ်ဆိုပြီး (၃) မျိုးရှိတယ်လို့ ဆိုတယ်။ တပ်လှန့်ရေး သမားတွေကတော့ မြန်မာစစ်အစိုးရအနေနဲ့ တရုတ်အစိုးရနဲ့ စစ်တပ်၊ စစ်မဟာဗျူဟာနဲ့ စီးပွားရေးရာတွေမှာ နီးနီးကပ်ကပ် ဆက် သွယ်ဆောင်ရွက်ဖို့ ကြိုးပမ်းအားထုတ်နေတာဟာ မီးနဲ့ကစားနေတာပဲလို့ ဆိုတယ်။

တပ်လှန့်ရေးသမားတွေရဲ့ တွေးခေါ်မှုက အချက် (၃) ချက်အပေါ်အခြေခံတယ်။ ပထမအချက်က အဲဒီလို နီးနီး ကပ်ကပ်ဆက်ဆံမှုကြောင့် တရုတ်လူမျိုးတွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအရသြဇာလွှမ်းမိုးမှု ပိုမိုမြင့်မား လာမယ်။ အဲဒီအခါမှာ တရုတ်လူမျိုးတွေနဲ့ မြန်မာလူမျိုးတွေကြားမှာ တင်းမာမှုတွေ ကြီးထွားလာပြီး အဲဒီတင်း မာမှုတွေကနေ အနာဂတ်မှာ (၁၉၆၇ ခုနှစ်က ရန်ကုန်မြို့မှာ ဖြစ်ခဲ့သလို) တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်း တွေ ဖြစ်လာလိမ့်မယ်လို့ဆိုတယ်။ ဒုတိယအချက်က မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ စစ်အာဏာရှင်တွေက ၀န်လေးနေပါတယ်။ အဲဒီလို အချိန်မှာ တရုတ်အစိုးရရဲ့ လက်နက်ထောက်ပံ့မှုကြောင့် မြန်မာစစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေ မလုပ်တော့ဘဲ တိုင်းပြည်ကို စစ်တပ်ပုံစံသွင်းပြီး အုပ်ချုပ်မှုဆီ ဦးတည်လုပ်ဆောင်သွားစေနိုင်တယ် လို့ဆိုတယ်။ တတိယအချက်က တရုတ်ရဲ့ ကျူးကျော်ထိုးဖောက်မှုတွေဟာ ၎င်းရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ပဋိ ပက္ခဖြစ်မှုတွေဆီ ဦးတည်စေနိုင်တယ်လို့ ဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်အစိုးရအနေနဲ့ မြန်မာစစ်အ စိုးရကို အကာအကွယ်ပေးပြီးဆက်ဆံနေပုံဟာ သူရဲ့အစဉ်အလာ ကြားနေရေးမူဝါဒကို ပစ်ပယ်ရာရောက်တဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။

အဆိုးမြင်ဝါဒီတွေကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှု၊ စီးပွားရေးအ ရစိုးမိုးခြယ်လှယ်မှုတွေ တစတစ ကြီးထွားလာနေတာရယ်၊ မြန်မာနိုင်ငံအတွင်းထဲကို တရုတ်လူမျိုးတွေ အခြေ ချနေထိုင်မှု တနေ့တခြား များပြားလာတာတွေရယ်ကြောင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ကိုလိုနီနယ်တခုဖြစ်လာ လိမ့်မယ်လို့ ယုံကြည်နေပါသတဲ့။

သတိနဲ့ ချင့်ချင့်ချိန်ချိန် စောင့်ကြည့်တဲ့ အကောင်းမြင်သမားတွေကတော့ တရုတ်နိုင်ငံဟာ နူးညံ့ပျော့ပျောင်း တဲ့၊ အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခမပေးတဲ့ အင်အားကြီးနိုင်ငံတခု ဖြစ်လာလိမ့်မယ်။ နောက်ပြီး စစ်မှန်ရိုးသားတဲ့ မိတ်ဆွေဖွဲ့မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ ကြိုးပမ်းလိမ့်မယ်လို့ ဆိုပါတယ်။

အထက်ပါ ခန့်မှန်းခြေ (၃) မျိုးနဲ့ ချိန်ထိုးစဉ်းစားခြင်းမပြုမီ မြန်မာပြည်မှာ လက်ရှိအမှန်တကယ် ဖြစ်တည်နေ တဲ့ အနေအထားတွေအကြောင်းကို အရင်ဆွေးနွေးကြည့်ချင်ပါတယ်။ ဒီကနေ့ နအဖလက်ထက်မှာ နေထိုင်တဲ့ တရုတ်လူမျိုးတွေကို အမျိုးအစားခွဲကြည့်မယ်ဆိုရင် မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ တရုတ် လူမျိုးနဲ့ မြန်မာစကား လုံးဝမပြောတတ်တဲ့ တရုတ်လူမျိုးဆိုပြီး နှစ်မျိုးရှိတယ်လို့ ပြောရမယ်ထင်ပါတယ်။ မြန် မာစကား ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ တရုတ်လူမျိုးတွေကတော့ နအဖလက်ထက်မတိုင်ခင်ကတည်း က မြန်မာပြည်မှာ ဘိုးစဉ်ဘောင်ဆက်အနေကြာလာခဲ့ပြီး နောက်မျိုးဆက်တွေဆိုရင် မြန်မာလူမျိုးတွေနဲ့ သွေး နှောလာတဲ့သူတွေတောင် တော်တော်များနေပါပြီ။ ဒီလိုလူမျိုးတွေကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း လူ နည်းစုတွေအနေနဲ့ ရှိကြတာဖြစ်ပါတယ်။ နအဖလက်ထက်မှာတော့ နယ်စပ်ကနေ တရားမ၀င် ၀င်ရောက်အ ခြေချနေထိုင်လာတဲ့ မြန်မာစကား လုံးဝမပြောတတ်တဲ့ တရုတ်လူမျိုးတွေ တဖြည်းဖြည်းများများလာပါတယ်။ အထူးသဖြင့် အသိသာအထင်ရှားဆုံးကတော့ မြန်မာနိုင်ငံ အထက်ပိုင်းက ဒုတိယမြို့တော်ဖြစ်တဲ့ မန္တလေးမြို့ မှာဖြစ်ပါတယ်။

မန္တလေးမြို့ရဲ့ အနေအထားဟာ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပြီးနောက်ပိုင်း (န၀တ စစ်အစိုးရ တက်လာပြီး နောက်ပိုင်း) သိသိသာသာပြောင်းလဲလာပါတယ်။ မြို့ရဲ့အချက်အချာကျတဲ့ နေရာအတော်များများကို မြန်မာ စကားမတတ်တဲ့ တရုတ်လူမျိုးတွေက အဆမတန် ဈေးပေးပြီး ၀ယ်ယူကြလို့ စီးပွားရေးနိမ့်ပါးနေတဲ့ မြန်မာအ များစုဟာ တောင့်မခံနိုင်တော့ဘဲ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့တဲ့ နေအိမ်၊ ခြံဝင်းတွေကို ရောင်းချပြီး မြို့သစ် တွေကို ပြောင်းရွှေ့ပြီး အခြေချနေထိုင်ခဲ့ကြရပါတယ်။ အဲဒီလိုနဲ့ မန္တလေးမြို့လယ်ခေါင်ဟာ တစတစ လူစိမ်း တရုတ်အိမ်တွေ၊ ဆိုင်တွေများပြားလာပြီး တရုတ်မြို့လို့တောင် လူတွေက တီးတိုးပြောကြတဲ့ အနေအထားအ ထိဖြစ်လာပါတယ်။ အဲဒီလို လူစိမ်းတရုတ်တွေ တရားမ၀င် ၀င်ရောက်အခြေချနေထိုင်လာတာကိုကြည့်ရင် မြန် မာ-တရုတ်နယ်စပ်ဒေသမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိတွေ၊ ၀န်ထမ်းတွေဟာ ဘယ်လောက် တောင် လာဘ်စားပြီး လူစိမ်းတရုတ်တွေကို ပေးဝင်နေတယ်ဆိုတာ ထင်းထင်းကြီး မြင်နေရပါတယ်။ ဒါဟာ နယ်စပ်ဒေသက လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ နအဖစစ်အရာရှိတွေ ပူးပေါင်းရိုက်စားနေတဲ့ ခွင်ကြီးတခု လည်း ဖြစ်နိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာနအဖစစ်အစိုးရအနေနဲ့ တရုတ်အစိုးရကို စစ်ရေးအရရော စီးပွားရေးအရပါ အ ကြီးအကျယ် မှီခိုနေရတဲ့အတွက် အခုလို လူစိမ်းတရုတ်တွေ စီးပွားရေးလုပ်ကိုင်ဖို့ တရားမ၀င် ၀င်ရောက်လာ တာကို တားဆီးနိုင်တဲ့ အင်အားမရှိတော့တာဖြစ်တယ်။ တားဆီးနိုင်စွမ်း မရှိတော့တဲ့ အတူတူ ၀င်လာတဲ့ တ ရုတ်တွေဆီက ရသလောက်ယူမယ်ဆိုတဲ့သဘောနဲ့ နအဖ စစ်ခေါင်းဆောင်တွေက မသိကျိုးကျွံပြုပြီး လူဝင်မှု ကြီးကြပ်ရေးဌာနကို ငွေမတန်တဆ တောင်းခိုင်းကာ တရားမ၀င် အခြေချခွင့်ပေးပုံပေါ်တယ်။ နအဖလက် ထက်မှာ လူစိမ်းတရုတ်တွေကို တရားမ၀င် အခြေချနေထိုင်ခွင့်ပေးပြီး ရတဲ့လာဘ်ငွေနဲ့ ချမ်းသာကုန်တဲ့ စစ် တိုင်းမှူးတွေ တော်တော်များများ ရှိပါတယ်။ အထူးသဖြင့် တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသမှာ တာ ၀န်ယူရတဲ့ စစ်တိုင်းမှူးတွေ ဖြစ်ပါတယ်။

မန္တလေးမြို့ကို လူစိမ်းတရုတ်တွေ တစတစ ၀ါးမြိုလာတာကို သတိထားစိုးရိမ်မိတဲ့ မန္တလေးမြို့ခံ စာရေးဆရာ တွေက ‘၀သုနြေ္ဒလက်ရေးနဲ့ အခြားဝတ္ထုတိုများ’ ဆိုတဲ့ ၀တ္ထုတိုပေါင်းချုပ် စာအုပ်ထုတ်ဝေပြီး တပ်လှန့်သ တိပေးခဲ့ပါသေးတယ်။ အခုအခါမှာတော့ မန္တလေးမြို့မှာတင်မကတော့ဘဲ အောက်မြန်မာပြည်မှာရှိတဲ့ မြို့ကြီး တွေကို ဦးတည်အခြေချလာနေပါပြီ။ ရန်ကုန်မြို့ပေါ်မှာလည်း အိမ်တွေ၊ ခြံတွေကို အဆမတန်ပေးပြီး ၀ယ်ယူမှု တွေ ၂၀၀၀ပြည့်နှစ်တ၀ိုက်မှာ အထူးများပြားလာပါတယ်။ အခုအချိန်မှာဆိုရင် မန္တလေးမြို့က လူစိမ်းတရုတ် တွေ လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်ရချင်တဲ့ သူတွေဆိုရင် တရုတ်စကားကို မဖြစ်မနေ ပြော တတ်ရမယ့် အနေအထားကို ရောက်နေပြီလို့ဆိုပါတယ်။ ဒါဟာ မြန်မာပြည်ကို လူစိမ်းတရုတ်တွေ တမဟုတ် ချင်း ၀ါးမြိုတာကိုပြတဲ့ လက္ခဏာပဲလို့ အမျိုးသားရေးအတွက် စိုးရိမ်ပူပန်စိတ်ကြီးသူတွေက ဆိုပါတယ်။

နောက်တချက်က နအဖစစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ဖိအားကို အန်တုဖို့အတွက် တရုတ်အစိုးရကို မျက်စိစုံ မှိတ် အားကိုးနေရတဲ့ အခြေအနေမှာ လူစိမ်းတရုတ်တွေ တစတစ ကျူးကျော် အခြေချလာတာကို တားဆီးဖို့ ခက်ခဲလိမ့်ဦးမယ်လို့ နိုင်ငံရေးလေ့လာသူတွေကဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖကိုယ်တိုင်က အခုလို ကျူးကျော်အခြေချလာတဲ့ လုပ်ရပ်မှာ အလိုတူအလိုပါ ဖြစ်နေလို့ပဲလို့ဆိုတယ်။ အခုဆိုရင် နအဖစစ်အစိုးရအ နေနဲ့ တရုတ်ကို သဘာဝဓာတ်ငွေ့တွေရောင်းဖို့ စာချုပ်လိုက်တာရယ်၊ အိန္ဒိယသမုဒ္ဒရာကို စစ်မဟာဗျူဟာအရ တရုတ်က စိုးမိုးနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ ရေတပ်စစ်စခန်းတွေ တည်ဆောက်ဖို့ ဟိုင်းကြီးကျွန်းဘက်မှာ တိတ်တဆိတ် လုပ်ကိုင်ခွင့် ပြုနေတာရယ် … စတဲ့ စစ်ရေး၊ စီးပွားရေးအရ တရုတ်အစိုးရကို အမှီသဟဲ ပြုနေ တာတွေကြောင့် လူစိမ်းတရုတ်တွေ အခြေချလာနေမှုကို နအဖက တားဆီးနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေး အ ကဲခတ်သူတွေက သုံးသပ်နေကြပါတယ်။

အဲဒီလို မြန်မာနိုင်ငံအတွင်း အခြေချနေထိုင်မှု များပြားလာတဲ့ တရုတ်လူမျိုးတွေအတွက် တရုတ်အစိုးရ ကိုယ် တိုင်ကလည်း စိုးရိမ်ပူပန်မှု ဖြစ်ပေါ်နေပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၆၇ ခုနှစ်က ဖြစ်ပေါ်ခဲ့ဖူးတဲ့ တ ရုတ်-မြန်မာအရေးအခင်း သမိုင်းကြောင်းကြောင့်ပါပဲ။ အခုလည်း နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေတဲ့ မြန်မာ စစ်အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဒေါသကို လမ်းကြောင်းလွှဲပေးဖို့အတွက် တရုတ်-မြန်မာအရေးအခင်းမျိုး ထပ်မံဖန်တီးမှာကို တရုတ်အစိုးရက စိုးရိမ်ပူပန်နေတာပဲဖြစ်ပါတယ်။ အဲဒါကြောင့်မို့ အခုနောက်ဆုံး နအဖ၀န် ကြီးချုပ် တရုတ်ပြည်ကိုသွားတဲ့ ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က မြန်မာစစ်အစိုးရအနေနဲ့ မြန် မာနိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးတွေအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ လူသိရှင်ကြား သတိပေးခဲ့ပုံ ပေါ်ပါ တယ်။

နောက်ပြီး အတည်ပြုချက်မရသေးတဲ့ နောက်ဆုံးသတင်းတွေအရ ကြပ်ပြေးကို ပြောင်းသွားလို့ ရန်ကုန်မြို့မှာ အခွံချည်းကျန်ခဲ့တဲ့ အစိုးရရုံးအဆောက်အဦတွေကို တရုတ်စီးပွားရေးလုပ်ငန်ရှင်တွေက ၀ယ်ယူတော့မယ်ဆို တဲ့ အသံတွေလည်း ပျံ့လွင့်နေပါတယ်။ အဲဒီသတင်းတွေသာ မှန်ကန်ခဲ့ရင် တရုတ်-မြန်မာ ဆက်ဆံရေးရဲ့ ရှေ့ အလားအလာဟာ စိုးရိမ်ဖွယ်ရာအနေအထား ဖြစ်လာနိုင်တယ်လို့ အမျိုးသားရေးကို ရှေ့တန်းတင် စဉ်းစားတဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်သူတွေက ဆိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေတဲ့ အဆောက်အဦးတွေထဲမှာ သမိုင်းအ စဉ်အလာကြီးမားတဲ့ အဆောက်အဦးတွေ၊ အမျိုးသားရေးလက္ခဏာတွေ ပြည့်လျှမ်းနေတဲ့ အဆောက်အဦး တွေ ပါဝင်နေတဲ့အတွက် တကယ်လို့သာ နအဖစစ်အစိုးရက ရောင်းချခဲ့ရိုးမှန်ရင် ၀ယ်ယူတဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေဟာ နောင်တချိန်မှာ မြန်မာလူထုရဲ့ဒေါသနဲ့ အကြီးအကျယ် ရင်ဆိုင်ရနိုင်တယ်လို့ အဆိုပါ အ ကဲခတ်တွေက သုံးသပ်ကြပါတယ်။ အဲဒီလိုဝယ်ယူမှုတွေဟာ တရုတ်အစိုးရအနေနဲ့ ရန်ကုန်မြို့ကို စီးပွားရေးနဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဆိမ်းကမ်းမြို့တမြို့အဖြစ် မလိမ့်တပတ်လုပ်ပြီး တည်ဆောက်ချင်လို့လားဆို တဲ့ သုံးသပ်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ အဲဒီသုံးသပ်မှုတွေအတိုင်း မှန်ကန်တယ်ဆိုရင် နအဖကို ကြပ်ပြေးပြောင်းခိုင်းတဲ့အထဲမှာ တရုတ်အစိုးရရဲ့စနက်လည်း ပါနိုင်တယ်လို့ သုံးသပ်လာပြန်ပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်း တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီအသွင်ကူးပြောင်း စေချင်သလား၊ မကူးပြောင်းစေချင်ဘူးလားဆိုတဲ့ မေးခွန်းတွေအပေါ် ခန့်မှန်းချက်တွေ အမျိုးမျိုး ထွက်ပေါ်နေ ပါတယ်။ ပထမတမျိုးကတော့ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီးမှာ မဲအပြတ် အသတ်နဲ့အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပထမဦးဆုံးလာရောက်ပြီး အသိအမှတ်ပြု နှုတ်ဆက် တာဟာ တရုတ်သံအမတ်ဖြစ်တဲ့အတွက် တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီအစိုးရဖြစ်မှာကို စိုး ရိမ်ပူပန်တဲ့ပုံမပေါ်ဘူးလို့ ဆိုပါတယ်။ တက်လာတဲ့အစိုးရနဲ့သာ အဆင်ပြေအောင် ဆက်ဆံပြီး ကိုယ်ကျိုးစီးပွား ရှာဖို့ လက်ဦးမှုရယူလို့တဲ့ အနေအထားနဲ့သာ နေလိုတာလို့ ဆိုပါတယ်။ အဲဒီအတွက် တရုတ်အစိုးရဟာ မြန်မာ ပြည် ဒီမိုကရေစီရရှိရေးအတွက် ကန့်ကွက်မှာမဟုတ်သလို အားပေးအားမြှောက်ပြုမှာလည်း မဟုတ်ဘူးလို့ဆို ပါတယ်။ အခုမြန်မာစစ်အစိုးရနဲ့ နီးနီးကပ်ကပ်ဆက်ဆံနေတာလည်း စစ်အစိုးရကို ကျားကန်ပေးချင်တာထက် ကိုယ်ကျိုးစီးပွားအတွက် လက်ဦးမှုရယူထားချင်လို့ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါမှလည်း နောင်ဒီမိုကရေစီအစိုးရ တက်လာတဲ့အခါမှာ တရုတ်ရဲ့ အကျိုးစီးပွားအတွက် စိုးရိမ်စရာမလိုတဲ့ အနေအထားကို ရနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယ ခန့်မှန်းချက်ကတော့ တရုတ်အစိုးရဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲမှာကို လုံးဝ မလိုလားဘူးလို့ သုံးသပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲ သွားမယ်ဆိုရင် အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေကို နီးနီးကပ်ကပ် ဆက်ဆံလာဖို့ များတဲ့အတွက် တ ရုတ်ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ရော လုံခြုံရေးအတွက်ပါ စိုးရိမ်ရတဲ့ အနေအထားကို ရောက်လာနိုင်တဲ့ အ တွက်ကြောင့်လို့ ဆိုပါ တယ်။ အဲဒါကြောင့်မို့ အခုကတည်းက တရုတ်အစိုးရဟာ သူ့ရဲ့ တောင်ဘက်ခြံစည်းရိုး ကို လုံခြုံအောင် ကာဖို့အတွက် မြန်မာပြည် ဒီမိုကရေစီပြောင်းလဲရေးကို မျက်ကွယ်ပြုပြီး နအဖစစ်အစိုးရနဲ့ နီး နီးကပ်ကပ် ဆက်ဆံလုပ်ဆောင်နေတာလို့လည်း သုံးသပ်နေကြပါတယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ တပ်လှန့်ရေးသမားရယ်၊ အဆိုးမြင်ဝါဒီရယ်၊ အကောင်းမြင်သမားတွေရယ် တ မျိုးစီ ခန့်မှန်းနေကြတဲ့ မြန်မာ-တရုတ်ဆက်ဆံရေးရဲ့ ရှေ့အလားအလာတွေထဲမှာ ဘယ်ဟာကိုမှ ဖြစ်လာမယ် ဖြစ်မလာဘူးလို့ ယတိပြတ်ပြောလို့ မရတာကတော့ သေချာပါတယ်။ အဲဒီအတွက် အနာဂတ် မြန်မာ့နိုင်ငံရေး မှာထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့ စိတ်စေတနာကောင်း မွေးမြူနေသူတွေအနေနဲ့ ပစ္စက္ခဖြစ်တည်နေတဲ့ အ နေအထားတွေအားလုံးကို အပြန်ပြန် အလှန်လှန် သုံးသပ်ပြီး လိမ္မာပါးနပ်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရေးအ တွက် ပြင်ဆင်ထားဖို့ လိုမယ်လို့ ထင်ပါတယ်။ အဲသလို စဉ်းစားပြင်ဆင် ထားရမှာတွေထဲမှာ နအဖစစ်အစိုးရ အနေနဲ့ တရုတ်နဲ့ဆက်ဆံရေးမှာ တပ်လှန့်ရေးသမားတွေ ခန့်မှန်းသလို မီးနဲ့ကစားတဲ့ အနေအထားမျိုးဖြစ်လာ ခဲ့ရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ကိစ္စနဲ့ အဲဒီလို အခြေအနေမျိုး မရောက်အောင် နအဖလက်ထဲက အာဏာကို အမြန်ဆုံးလွှဲပြောင်းရယူနိုင်ဖို့ ဘယ်လိုနည်းနဲ့ ဆောင်ရွက်ကြမလဲဆိုတဲ့ ကိစ္စတွေဟာ ထိပ်တန်းဦးစားပေး စဉ်း စားရမယ့် ကိစ္စတွေအဖြစ် ထင်မြင်မိကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဒေါက်တာလွဏ်းဆွေ

ကိုးကား - Poon Kim Shee ရဲ့ Myanmar - China Relations မှ အချက်အလက်အချို့ကို အခြေခံပြီး ရေးသား ပါတယ်။
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

အပြည့်အစုံသို့...