Saturday, February 15, 2020

တပ္စီးပြားေရးလုပ္ငန္းမ်ားအားလုံးကို ဘ႑ာေရးဝန္ႀကီးဌာနလက္ေအာက္ လႊဲေျပာင္းမည္

[Zawgyi]

"တပ္စီးပြားေရးလုပ္ငန္းမ်ားအားလုံးကို ဘ႑ာေရးဝန္ႀကီးဌာနလက္ေအာက္ လႊဲေျပာင္းမည္"
------------------------------------------------------------

စစ္တပ္၏ စီးပြားေရးႏွင့္ သက္သာေခ်ာင္ခ်ိေရးလုပ္ငန္းမ်ား အားလုံးကို ဘ႑ာေရးဝန္ႀကီးဌာန လက္ေအာက္တြင္ ထားရွိေရး နားလည္မႈစာခြၽန္လႊာကို လက္မွတ္ေရးထိုးေတာ့မည္ဟု ထိုင္းစစ္ဦးစီးခ်ဳပ္ အပီရတ္ခြန္ဆမ္ပြန္က ၂၀၂၀ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၂)ရက္ေန႕တြင္ အမ်ားျပည္သူသို႔ ထုတ္ေဖၚေျပာၾကားလိုက္သည္။

တပ္တြင္း အရာရွိတစ္ဦး၏ ေငြအလြဲသုံးစားျပဳလုပ္ခံရသည့္ တပ္ၾကပ္တစ္ဦးက လူေပါင္းမ်ားစြာကို ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ စစ္တပ္က ျပည္သူအား ေတာင္းပန္လိုက္ၿပီး ထိုင္းစစ္တပ္သည္ ပြင့္လင္းျမင္သာမႈရွိသည့္ အဖြဲ႕အစည္းျဖစ္ေစရမည္ဟု စစ္ဦးစီးခ်ဳပ္က ကတိျပဳေျပာၾကားလာျခင္းျဖစ္သည္။

ထိုင္းစစ္တပ္၏ သက္သာေခ်ာင္ခ်ိေရး စီးပြားေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ျပဳျပင္ေျပာင္းလဲေရး ကနဦးအဆင့္အျဖစ္ တပ္ပိုင္ ေဂါက္ကြင္း၊ လက္ေဝွ႕အားကစား႐ုံ၊ ျပန္လည္ထူေထာင္ေရးႏွင့္ အပန္းေျဖစခန္းမ်ားကို ဘ႑ာေရးဝန္ႀကီးဌာနေအာက္သို႔ လႊဲေျပာင္းမည္ျဖစ္ေၾကာင္း သိရသည္။

ထိုင္းစစ္တပ္၏ သက္သာေခ်ာင္ခ်ိေရးအတြက္ ေဆာင္႐ြက္ေနသည့္ အဆိုပါ စီးပြားေရးလုပ္ငန္းမ်ားကို တပ္တြင္းမွ လူမ်ားကိုသာ စီမံခန႔္ခြဲေနရာမွ ျပင္ပမွ ကြၽမ္းက်င္သူမ်ား ငွားရမ္းကာ လုပ္ငန္းလည္ပတ္သြားမည္ဟု သိရသည္။

"ကြၽန္ေတာ္တို႔ ကိုယ့္လူေတြကိုပဲ ေနရာေပးေနတာထက္ လုပ္ငန္းကြၽမ္းက်င္သူမ်ားနဲ႕သာ လုပ္ငန္းလည္ပတ္ေတာ့မွာျဖစ္ပါတယ္" ဟု ထိုင္းစစ္ဦးစီးခ်ဳပ္က ဆိုသည္။

တပ္ပိုင္စီးပြားေရးလုပ္ငန္းမ်ားအား ဘ႑ာေရးဝန္ႀကီးဌာန လက္ေအာက္လႊဲေျပာင္းေပးမည့္ နားလည္မႈစာခြၽန္လႊာကို ၂၀၂၀ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၇)ရက္ေန႕တြင္ လက္မွတ္ေရးထိုးဖြယ္ရွိေၾကာင္း သိရၿပီး ေဆာင္န္ဆြန္ပရာဒီပက္ ျပန္လည္ထူေထာင္ေရးႏွင့္ အပန္းေျဖစခန္းကို ဧၿပီလအတြင္းမွစ၍ ပုဂၢလိကလုပ္ငန္းတစ္ခုက ဦးေဆာင္လည္ပတ္သြားနိုင္ဖြယ္ရွိေၾကာင္း သိရသည္။

တပ္တြင္း အခ်င္းခ်င္းအက်ိဳးစီးပြားပဋိပကၡေၾကာင့္ ျပည္သူမ်ားအစုလိုက္ ေသေက်ခဲ့ရသည့္ျဖစ္စဥ္အၿပီးတြင္ ထိုင္းစစ္တပ္အေနျဖင့္ ပြင့္လင္းျမင္သာၿပီး တာဝန္ယူမႈ တာဝန္ခံမႈရွိေစရမည္ဟု ထိုင္းစစ္ဦးစီးခ်ဳပ္က ကတိျပဳလိုက္သည္။

ကတိစကားမ်ားသည္ အေျပာသက္သက္သာ မျဖစ္ေစရဘဲ လုပ္ေဆာင္မႈမ်ား ေရွ႕ဆက္ေဆာင္႐ြက္မည္ဟု ထပ္ေလာင္းေျပာၾကားထားသည္။

တပ္ပိုင္စီးပြားေရးမ်ားအား ဘ႑ာေရးဝန္ႀကီးဌာန လက္ေအာက္တြင္ေ႐ႊ႕မည့္ အစီအစဥ္တြင္ တပ္ပိုင္ေျမမ်ား အသုံးျပဳသည့္ လုပ္ငန္းမ်ားလည္း ပါဝင္သြားမည္ျဖစ္သည္။

ထိုင္းနိုင္ငံတစ္ခုလုံးတြင္ တပ္ပိုင္ေဂါက္ကြင္းေပါင္း (၃၀)ေက်ာ္ရွိေနၿပီး လုပ္ငန္းအားလုံးမွာ အျမတ္အစြန္း ရရွိျခင္းလည္း မရွိေၾကာင္း သိရသည္။

အဆိုပါ ေဂါက္ကြင္းမ်ားကို တပ္တြင္း အသုံးျပဳေနရာမွ ေျပာင္းလဲလိုက္သည့္အစီအစဥ္အရ အမ်ားျပည္သူ ဝင္ေရာက္ကစားခြင့္ ရသြားမည္ျဖစ္သည္။

အလားတူ စတိုးဆိုင္မ်ား၊ ေကာ္ဖီဆိုင္မ်ားမွာလည္း ဘ႑ာေရးဝန္ႀကီးဌာန လက္ေအာက္ ေရာက္သြားေတာ့မည္ျဖစ္သည္။

ထိုင္းနိုင္ငံ နခြန္ရတ္ခ်စီတြင္ တပ္တြင္း အထက္အရာရွိ၏ ေငြအလြဲသုံးစားမႈကို မေက်နပ္သည့္ တပ္ၾကပ္တစ္ဦးက ပစ္ခတ္မႈေၾကာင့္ လူေပါင္း (၃၀) ေသဆုံးၿပီး (၅၈)ဦး ဒဏ္ရာရခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
Soruce: Bangkok Post


[Unicode]

"တပ်စီးပွားရေးလုပ်ငန်းများအားလုံးကို ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက် လွှဲပြောင်းမည်"
-------------------------------------------------------------

စစ်တပ်၏ စီးပွားရေးနှင့် သက်သာချောင်ချိရေးလုပ်ငန်းများ အားလုံးကို ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ထားရှိရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးတော့မည်ဟု ထိုင်းစစ်ဦးစီးချုပ် အပီရတ်ခွန်ဆမ်ပွန်က ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် အများပြည်သူသို့ ထုတ်ဖေါ်ပြောကြားလိုက်သည်။

တပ်တွင်း အရာရှိတစ်ဦး၏ ငွေအလွဲသုံးစားပြုလုပ်ခံရသည့် တပ်ကြပ်တစ်ဦးက လူပေါင်းများစွာကို ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ပြည်သူအား တောင်းပန်လိုက်ပြီး ထိုင်းစစ်တပ်သည် ပွင့်လင်းမြင်သာမှုရှိသည့် အဖွဲ့အစည်းဖြစ်စေရမည်ဟု စစ်ဦးစီးချုပ်က ကတိပြုပြောကြားလာခြင်းဖြစ်သည်။

ထိုင်းစစ်တပ်၏ သက်သာချောင်ချိရေး စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲရေး ကနဦးအဆင့်အဖြစ် တပ်ပိုင် ဂေါက်ကွင်း၊ လက်ဝှေ့အားကစားရုံ၊ ပြန်လည်ထူထောင်ရေးနှင့် အပန်းဖြေစခန်းများကို ဘဏ္ဍာရေးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းစစ်တပ်၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်နေသည့် အဆိုပါ စီးပွားရေးလုပ်ငန်းများကို တပ်တွင်းမှ လူများကိုသာ စီမံခန့်ခွဲနေရာမှ ပြင်ပမှ ကျွမ်းကျင်သူများ ငှားရမ်းကာ လုပ်ငန်းလည်ပတ်သွားမည်ဟု သိရသည်။

"ကျွန်တော်တို့ ကိုယ့်လူတွေကိုပဲ နေရာပေးနေတာထက် လုပ်ငန်းကျွမ်းကျင်သူများနဲ့သာ လုပ်ငန်းလည်ပတ်တော့မှာဖြစ်ပါတယ်" ဟု ထိုင်းစစ်ဦးစီးချုပ်က ဆိုသည်။

တပ်ပိုင်စီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်လွှဲပြောင်းပေးမည့် နားလည်မှုစာချွန်လွှာကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့တွင် လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း သိရပြီး ဆောင်န်ဆွန်ပရာဒီပက် ပြန်လည်ထူထောင်ရေးနှင့် အပန်းဖြေစခန်းကို ဧပြီလအတွင်းမှစ၍ ပုဂ္ဂလိကလုပ်ငန်းတစ်ခုက ဦးဆောင်လည်ပတ်သွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

တပ်တွင်း အချင်းချင်းအကျိုးစီးပွားပဋိပက္ခကြောင့် ပြည်သူများအစုလိုက် သေကျေခဲ့ရသည့်ဖြစ်စဉ်အပြီးတွင် ထိုင်းစစ်တပ်အနေဖြင့် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေရမည်ဟု ထိုင်းစစ်ဦးစီးချုပ်က ကတိပြုလိုက်သည်။

ကတိစကားများသည် အပြောသက်သက်သာ မဖြစ်စေရဘဲ လုပ်ဆောင်မှုများ ရှေ့ဆက်ဆောင်ရွက်မည်ဟု ထပ်လောင်းပြောကြားထားသည်။

တပ်ပိုင်စီးပွားရေးများအား ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင်ရွှေ့မည့် အစီအစဉ်တွင် တပ်ပိုင်မြေများ အသုံးပြုသည့် လုပ်ငန်းများလည်း ပါဝင်သွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံတစ်ခုလုံးတွင် တပ်ပိုင်ဂေါက်ကွင်းပေါင်း (၃၀)ကျော်ရှိနေပြီး လုပ်ငန်းအားလုံးမှာ အမြတ်အစွန်း ရရှိခြင်းလည်း မရှိကြောင်း သိရသည်။

အဆိုပါ ဂေါက်ကွင်းများကို တပ်တွင်း အသုံးပြုနေရာမှ ပြောင်းလဲလိုက်သည့်အစီအစဉ်အရ အများပြည်သူ ဝင်ရောက်ကစားခွင့် ရသွားမည်ဖြစ်သည်။

အလားတူ စတိုးဆိုင်များ၊ ကော်ဖီဆိုင်များမှာလည်း ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက် ရောက်သွားတော့မည်ဖြစ်သည်။

ထိုင်းနိုင်ငံ နခွန်ရတ်ချစီတွင် တပ်တွင်း အထက်အရာရှိ၏ ငွေအလွဲသုံးစားမှုကို မကျေနပ်သည့် တပ်ကြပ်တစ်ဦးက ပစ်ခတ်မှုကြောင့် လူပေါင်း (၃၀) သေဆုံးပြီး (၅၈)ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Soruce: Bangkok Post
https://www.tachileik.net/2020/02/ThaiArmY.html

1 comment:

Unknown said...

Did you hear there is a 12 word sentence you can say to your man... that will induce intense feelings of love and impulsive attraction to you buried inside his chest?

That's because hidden in these 12 words is a "secret signal" that triggers a man's impulse to love, cherish and care for you with his entire heart...

====> 12 Words That Trigger A Man's Desire Response

This impulse is so hardwired into a man's brain that it will make him try better than before to to be the best lover he can be.

In fact, triggering this mighty impulse is absolutely binding to achieving the best possible relationship with your man that as soon as you send your man a "Secret Signal"...

...You'll soon find him open his mind and soul for you in a way he never expressed before and he'll recognize you as the one and only woman in the galaxy who has ever truly appealed to him.