Saturday, May 27, 2017

NCA ကို ဦးသိန်းစိန်အစိုးရ ဒရောသောပါး အတည်ပြုခဲ့ပုံနဲ့ NLD အစိုးရ အသေအချာ မေးမြန်းလေ့လာပုံမရှိဘဲ ဆက်လက်ကိုင်စွဲနေပုံအကြောင်း

(ဒီည RFA 'မေးပါရစေ' အစီအစဉ်မှာ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ရဲ့ ပြောကြားချက်)


တကယ်ကတော့ NCA ကို ပါဝင်တဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးနီးပါးပါ။ ၁၆ ဖွဲ့ ရှိတယ်။ ဒါပေမယ့် သူတို့ NCA နဲ့ပတ်သက်ပြီးတော့ သူတို့ ပြောချင်ဆိုချင် ဆွေးနွေးချင်တဲ့အပိုင်းတွေ အကုန်လုံး မပြီးသေးပါဘူး။ မပြီးသေးခင်မှာ သမ္မတ ဦးသိန်းစိန်က သူ့သက်တမ်းမကုန်ခင်မှာ ပြည်ထောင်စုအပစ်အခတ်ရပ်စဲရေးစာချုပ်ကြီး ချုပ်ချင်တယ်။ ချုပ်ချင်တဲ့အတွက် ချုပ်လိုက်တယ်။ အဲ့တော့ ဆိုလိုတာက အဲဒါနဲ့ပတ်သက်ပြီးတော့ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ အခု အကြောင်းအမျိုးမျိုးနဲ့ မပြောချင်နေကြတဲ့ကိစ္စက အကြောင်းတွေကိုတော့ မပြောကြပါဘူး။ တပ်မတော်လည်း မပြောဘူး၊ အစိုးရလည်း မပြောဘူး။ အကြောင်းက ဘာလဲဆိုတော့ NCA ကို သူတို့ တည်ဆောက်ခဲ့ကြတယ်။ တပ်မတော်ရော အစိုးရရော။ ဒါပေမယ့် NCA ဟာ မပြည့်စုံသေးဘူး။ သေချာဆွေးနွေးညှိနှိုင်း ပြုပြင်စရာတွေ ရှိသေးတယ်။ အဲဒါစောင့်ပြီးမှ လုပ်စေချင်တဲ့အပေါ်မှာ အခု ဒရောသောပါး အဲဒီကိစ္စကို လုပ်လိုက်ကြတာ။ အဲဒါထက် ပိုပြီးရှုပ်ထွေးသွားတဲ့ကိစ္စက ဒီဟာနဲ့ပတ်သက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို NLD အစိုးရကလည်း အသေအချာ မေးမြန်းလေ့လာတာ ဘာညာ သိပ်ရှိပုံမရဘူး။ အဲဒီအခါကျတော့ သူက ဦးသိန်းစိန် လုပ်ခဲ့တဲ့ NCA ကိုပဲ ဆုပ်ကိုင်ပြီးတော့ ချီတက်သွားတယ်။ အဲ့ထဲမှာ ခုန NCA ထဲမှာ မပါတဲ့ … NCA ဆိုတာ အလွန် ယေဘုယျကျတဲ့ Road Map ပါ။ ဘာပဲဖြစ်ဖြစ် သူက Political Dialogue တခုအတွက် လမ်းခင်းပေးတဲ့အတွက် ကောင်းတယ်။ သို့သော် NCA ကို တကယ်တမ်း အကောင်အထည်ဖော်တဲ့အခါ တိုင်းရင်းသားတွေ တလျှောက်လုံး တောင်းဆိုနေတဲ့ တန်းတူရေး ဆိုတဲ့ဟာက မရှိဘူး။ အဲဒါကြောင့်မို့လည်း စီမံခန့်ခွဲရေးပြဿနာဆိုပြီးတော့ ပထမအကြိမ်တုန်းက ၀အဖွဲ့ ပြန်သွားတယ်။ ဟော အခုအခါကျတော့လဲ ကျနော်တို့ ၃ ချက်ပေါ့ဗျာ။ လက်မှတ်ထိုးတဲ့သူ၊ လက်မှတ်ထိုးဖို့ ရည်ရွယ်တဲ့လူ၊ မထိုးတဲ့လူ ဆိုတဲ့ အဆင့်အတန်း ခွဲခြားမှု၊ သူတို့ရဲ့ ပါဝင်မှုတွေနဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ တန်းတူရည်တူမရှိဘူး။ တန်းတူရည်တူမရှိလို့ရှိရင်တော့ သူတို့က မလာဘူးဆိုတာ ပြောပြီးသား။ ဒါ့ကြောင့် အံ့သြစရာကောင်းတယ် UNFC က လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေက ထိုးဖို့အတွက် Commitment သူတို့အထဲမှာ ရပြီးသား။ ဒါပေမယ့် အဲဒီအခြေအနေအထိကို ရောက်တဲ့အထိ မစောင့်ဆိုင်းဘဲနဲ့ ဒီညီလာခံကြီးက ထပြီး လုပ်ချလိုက်တော့ သူတို့က မတက်တော့ဘူးဖြစ်သွားတာ။

အပြည့်အစုံသို့...

လွဏ်းဆွေ - အိပ်မပျော်သော ညများ

အပြည့်အစုံသို့...

Thursday, May 25, 2017

လက်ရှိနိုင်ငံရေးအခြေအနေကတော့ ...


ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့အရှိန်အ၀ါကြောင့် နှစ် ၃၀ နီးပါး လူထုထောက်ခံမှု ကြီးကြီးမားမား ရရှိနေဆဲ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခြေ/ဥအရ ပုံဖော်ထားတဲ့ စစ်ဒီမိုကရေစီပုံစံခွက်ထဲ သူတို့ ကျေနပ်လောက်တဲ့ အနေအထားအထိ စစ်အုပ်စုက ပုံသွင်းယူပြီးပြီမို့ အခုအချိန်မှာတော့ သူတို့ ကောင်းကောင်းထိန်းချုပ်နိုင်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ထွက်အနေနဲ့ ပွဲထုတ်ပြီး ၂၀၀၈ ခြေ/ဥနဲ့ စစ်ဒီမိုကရေစီကို လက်မခံ ဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုတွေကို စည်းရုံးပုံသွင်းယူဖို့ အားထုတ်ကြိုးပမ်းနေတဲ့ အခြေအနေပါ။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
နံနက် ၁၀း၂၅ နာရီ
၂၅ မေ ၂၀၁၇

ဓာတ်ပုံ - မောင်သိန်း (ဒဿနိက)

အပြည့်အစုံသို့...

“ပြည်သူ့အကျိုး ဆက်လက်ဆောင်ရွက်သွားမယ်” ဝန်ကြီးဟောင်း ဦးဆန်းဆင့် (ရုပ်သံ)

အပြည့်အစုံသို့...

Wednesday, May 24, 2017

Tuesday, May 23, 2017

ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်အောင်ဆောင်ရွက်ဖို့ဆိုရာမှာ ...


ဦးသိန်းစိန်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံထဲ အင်အားမယ်မယ်ရရ မရှိတဲ့ အဖွဲ့တွေကို မပါပါအောင် ဆွဲထည့်ပြီး မရှုပ်ရှုပ်အောင် မကြာကြာအောင် အကြံအစည်ရှိရှိ စီမံလုပ်ဆောင်ထားတာမို့ အဆိုပါ ကြာလဲကြာ နံလဲနံမယ့် အရှုပ်ထုပ်ကြီးကို နာမည်လောက်သာ ပြောင်းပြီး ဆက်ခံလုပ်ဆောင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ရာစုပင်လုံညီလာခံကြီးဟာလဲ အိမ်နီးချင်း တရုတ်နဲ့ စစ်အုပ်စု ပြုသမျှ နုနေရမယ့် အနေအထားပါ။

စစ်တပ်ကို ချုပ်ကိုင်ထားဆဲ စစ်အုပ်စုကို မလှန်နိုင်မချင်း အဘယ်ကလို ပြည်ထောင်စုသဘောတူညီချက်တွေပဲရရ စစ်အုပ်စု လက်မခံရင် နောက်ဆုံးမှာ ပက်လက်လန်ခြင်းနဲ့ပဲ ဇာတ်သိမ်းကြရမှာပါ။

ငြိမ်းချမ်းရေးရန်ပုံငွေတွေ သုံးပြီး ဖက်ရှင်ရှိုးလျှောက်၊ ကောင်းကောင်းစား ကောင်းကောင်းပွား၊ ကောင်းကောင်းတည်း ကောင်းကောင်းဆွဲရတာလောက်ပဲ အဖတ်တင်ကြမှာပါ။

အောင်မြင်အောင် ဆောင်ရွက်ဖို့ရာမှာတော့ တပ်မတော်ကို အရပ်သားအစိုးရအောက် ရောက်အောင် အရင်ကြိုးပမ်းကြရမှာဖြစ်ပြီး ထိုမှတဆင့် အဓိက အင်အားစုတွေ၊ ခေါင်းဆောင်တွေ စုဆုံပြီး နည်းနည်းကျဲကျဲ ၀ိုင်းဖွဲ့ဆွေးနွေးခြင်းကနေ စတင်လုပ်ဆောင်ကြရမယ်လို့ မြင်ပါတယ်။

အခုအတိုင်း ဆက်သွားရင် ဒေါ်အောင်ဆန်းစုကြည်ဆီက ကြားရမယ့် အဆုံးသတ်စကားကတော့ ''ကျွန်မတို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဘလား ဘလား ဘလား ... ... ...'' ဆိုတာမျိုးပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
နံနက် ၁၀း၅၂ နာရီ
၂၃ မေ ၂၀၁၇

အပြည့်အစုံသို့...

ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာ (ရုပ်သံ)

အပြည့်အစုံသို့...