Thursday, May 25, 2017

လက်ရှိနိုင်ငံရေးအခြေအနေကတော့ ...


ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့အရှိန်အ၀ါကြောင့် နှစ် ၃၀ နီးပါး လူထုထောက်ခံမှု ကြီးကြီးမားမား ရရှိနေဆဲ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခြေ/ဥအရ ပုံဖော်ထားတဲ့ စစ်ဒီမိုကရေစီပုံစံခွက်ထဲ သူတို့ ကျေနပ်လောက်တဲ့ အနေအထားအထိ စစ်အုပ်စုက ပုံသွင်းယူပြီးပြီမို့ အခုအချိန်မှာတော့ သူတို့ ကောင်းကောင်းထိန်းချုပ်နိုင်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ထွက်အနေနဲ့ ပွဲထုတ်ပြီး ၂၀၀၈ ခြေ/ဥနဲ့ စစ်ဒီမိုကရေစီကို လက်မခံ ဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုတွေကို စည်းရုံးပုံသွင်းယူဖို့ အားထုတ်ကြိုးပမ်းနေတဲ့ အခြေအနေပါ။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
နံနက် ၁၀း၂၅ နာရီ
၂၅ မေ ၂၀၁၇

ဓာတ်ပုံ - မောင်သိန်း (ဒဿနိက)

1 comment:

zaushan said...

အဲ့လိုမလုပ်ရင်ဘယ်လိုလုပ်ချင်ကြသလဲ။နိုင်အောင်တိုက်မလား။ဒီမိုရအောင်အချိန်ဘယ်လောက်ဆက်ယူမလဲ။လက်နက်မဲ့သူတွေကိုဘယ်လောက်ထပ်စတေးမလဲ။တပ်ကလဲသူပုန်ရှိလို့မတိုးတက်ဘူးဆိုရင်နှစ်ခြောက်ဆယ်ကျော်သူပုန်ကိုပြတ်အောင်မတိုက်နိုင်တာလူထုအပြစ်လား။ဒီမိုတွေနဲ့လက်နက်ကိုင်အဖွဲ့တွေရောတပ်ကမကောင်းဘူးဆိုရင်ဘာလို့အပြတ်နိုင်အောင်မတိုက်နိုင်တာလဲ။ခင်ဗျားဆို့တွေခံယူထားတဲ့မူဝါဒတွေမဖြစ်လာတာနဲ့လက်နက်မဲ့ပြည်သူကနှစ်၆၀ကျော်ပီ။ဒုက္ခခံစားနေတာ။အဖြေတစ်ခုတော့ပေးခဲ့။တဖက်နိုင်မှဖြစ်တော့မယ်။