Thursday, October 20, 2016

မောင်တောပြဿ နာ တိုက်ပွဲအာရုံလွှဲမှုတခုဖြစ်ကြောင်း AA ထုတ်ပြန်

ဒီဗွီဘီ 20 October 2016

ရခိုင်ပြည်နယ်မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ပုံဟာထိရောက်မှုနဲ့ ရိုးသားမှုအားနည်းနေပြီးမြန်မာပြည်မြောက်ပိုင်း ထိုးစစ်ကို အာရုံလွှဲတာလို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော် (ULA/ AA)ကကြေညာပါတယ်။

မောင်တောအကြမ်းဖက်မှုဖြစ်စဉ်ရဲ့နောက်ကွယ်မှာ ဒေသခံပြည်သူတွေ ဆီကနေ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ လှည့်ကွက်၊ ကချင်နဲ့ ရှမ်းမြောက်ဒေသတွေမှာ ဂျက်တိုက်လေယာဉ်တွေ၊ အမြောက်တွေနဲ့ ထိုးစစ်ဆင်နေတာရဲ့ တိုက်ပွဲအာရုံပြောင်းကစားကွက်ဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက“ကချင်နဲ့ ရှမ်းမြောက်တွေမှာ ဗမာစစ်တပ်ကနေပြီး လေကြောင်းကနေပြီး အကြီးအကျယ် တိုက်ခိုက်နေတာရှိတယ်။ အဲဒီဥစ္စာတွေကိုအခုမောင်တောပြသနာဖြစ်လာတော့ တော်တော် အာရုံပြောင်းသွားတယ်။ စစ်တပ်ဖက်ကလည်း ဒီဖက်ကို ဟိုင်းလိုက် ဖြစ်အောင် လုပ်တဲ့သဘော တွေအများကြီးတွေ့ရတယ်။ အဲ့ဒါကြောင့် ကျနော်တို့က ထုတ်ပြန်ရခြင်းဖြစ်တယ်။ အဓိက ကျနော်တို့ ပြည်သူလူထုတွေရဲ့မလုံခြုံမှုတွေကို ထောက်ပြရတာဖြစ်တယ်။ နောက်ပြီး အစိုးရအနေနဲ့က ခေတ်အဆက်ဆက်မှာ ခိုးဝင်ဘင်္ဂလီတွေကိစ္စကို အစိုးရ အဆက်ဆက် နိုင်ငံရေး လက်နက်တခုအနေနဲ့ အသုံးချတာရှိတယ်။ တဖက်မှာ တခုခုအကြပ်အတည်း စိုက်ပြီဆိုလို့ရှိရင် ဒီဖက်ပိုင်းမှာ ပြသနာ တစုံတရာဖန်တီးတာတွေ အဲလိုမျိုးအစဉ်အလာတွေ ရှိနေတယ်။ အဲဒါကြောင့် ကျနော်တို့က အဲဒီအချက်တွေကို ပြည်သူလူထုတွေသိအောင် ထောက်ပြတာ”

ဒါ့အပြင် အစိုးရ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ ရခိုင်ကျေးရွာတွေနဲ့ သူတို့ရဲ့ဒေသမှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ လုံခြုံမှုရှိစေရန် အနီးကပ်သွားရောက်စောင့်ရှောက်ရမယ့် အစား အရပ်သားတွေကို စစ်ရဟတ်ယာဉ်တွေနဲ့ ရွှေ့ပြောင်းနေတာ သံသယဖြစ်မိကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဒါကြောင့် အစိုးရ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ ရခိုင်ဒေသနဲ့ ရခိုင်လူထုကို အကာအကွယ်မပေးနိုင်ပါက ရက္ခိုင့်တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်နိမိတ်ကျေးရွာတွေနဲ့ မိဘပြည်သူ လူထုလုံခြုံရေးအတွက် အဆင်သင့်ရှိကြောင်းလည်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၉ ရက်က မောင်တောနဲ့ ရသေ့တောင်မြို့နယ်ထဲက နယ်ခြားစောင့်ရဲကင်းစခန်း ၃ခု တိုက်ခိုက်ခံရပြီး ရဲအရာရှိ ၁ဦးပါအ၀င် ၉ ဦးသေဆုံးပြီး လက်နက်တွေ ပါသွားခဲ့တာဖြစ်ပါတယ်။

6 comments:

စိုး သူ said...

တော်တော် စဉ်းစားဉာဏ်မရှိတာဘဲဗျ
ဒီလောက် ဘင်္ဂါလီက
လည်လှီးနေတာကို...

စိုး သူ said...

ယခုသတင်းအား
ပြန်လည်ဖော်ပြခွင့်ပြုပါ
လေးစားစွာဖြင့်..
မောင်တောဖြစ်စဉ်များလည်း
ပြည်သူများသိရှိရန်
မှန်ကန်စွာံဖော်ပြပေးစေချင်ပါသည်

Unknown said...

NAY THU
အေးတာ မင်းဖက်က အကြည့်လေ သူတို့က နှုစ်ပေါင်းမျာစွာ ဗမာအစိုးရ အဆက်ဆက် အုပ်စိုးမူးအောက်မှာ ခံစားနေရတဲ့သူတွေ မင်းက သူတို့ လောက်ဘယ်သိမှာလည်း အေးဒီဒေသကို သွားပြီးနေကြည့်ပါလား ရခိုင်တွေက ကိုတိုင်ခံစားနေရတာ မင်းမသိတဲ့
အရာတွေ ဗမာအစိုးမှာ အများကြီးပဲသိလား?

Unknown said...

ဟျောင် AA တွေနားထောင် အာရပ်ကုလားတွေရဲ့အထောက် အပံ့နဲ့ရပ်တဘ်နေလို့ မင်းတို့ ကိုယ့်လူမျိုးဒုက္ခတွေအတွက် တောင်ပြန်လှည့်မကြည့်နိုင်တဲ့ မင်းတို့ရဲ့အောက်တန်းကျတဲ့ စောက်ဆင့်မရှိတဲ့စိတ်ဓါတ်တွေနဲ့ တပ်မတော်ကိုမပုတ်ခတ်ပါ နဲ့မင်းတို့ဘယ်လိုပြောပြော ငါတို့တိုင်းရဗ်းသားဆွေကအဖြစ် မှန် ကိုသိထားတယ် ကိုယ်တိုင်ခံစားရတဲ့သူတွေထက် ခွေး လောက်တောင်မျိုးချစ်စိတ်မရှိတဲ့မင်းတို့ကို မင်းတို့ရခိုင်တွေအပါ အဝင်င့တို့တိုင်းရင်းသားအားလုံးက လုံးဝ လက်မခံနိုင်ဘူးဆို တာနားလည်လိုက်ပါ စောက်ပေါ AA

Unknown said...

ဘယ်လိုတွေ နားလည်ရမလဲ

Unknown said...

AA..ရခိုင်ပြည်သူကိုမကယ်တင်ဘဲပြေးပုန်းနေပီးခုမှတပ်မတော်ကိုလါအပုတ်ချနေတယ်
ကုလါးတွေကမင်းတို့အမျိုးတွေကိုပျောက်အောင်ဝင်သတ်နေတာကိုအစိုးရနဲ့တပ်မတော်ကကြည့်မနေနိုင်ဘူး
မင်းတို့AA ရခိုင်မျိုးချစ်အမည်ခံပီးသောက်ရှက်မရှိခုမှလါအသံကောင်းဟစ်မနေနဲ့..ရှက်တတ်ရင်သေလို့ရတယ်..
ပြည်သူကိုတောင်းပန်ရမှာမင်းတို့AAတစ်ဖွဲံလုံး..မင်းတို့မရှက်ဖူးလါးကိုယ့်အိမ်ကုလါးဝင်ချသွားတာ..။