Thursday, July 7, 2016

ရှင်သန်နေဆဲ သမဂ္ဂစိတ်ဓာတ် (ဇူလိုင် ၇ ရက် သွေးမြေကျမှု ၅၄ နှစ်မြောက် အစီအစဉ်)

Eleven Broadcasting
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အဖြစ်အပျက်တွေဟာ မြန်မာ့သမိုင်းမှာ ဘယ်သောအခါမှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ကျောင်းသားတွေကို ဦးမချိုးနိုင်ခဲ့ပေမယ့် မျိုးဆက်သစ်ကျောင်းသားတွေရဲ့ တက္ကသိုလ်ဘ၀အဓိပ္ပာယ် ပျောက်ဆုံးအောင် လုပ်ခဲ့ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ၀မ်းနည်းစရာဖြစ်ခဲ့ရပြီး ကမ္ဘာမှာ အနိမ့်ကျဆုံးစာရင်းဝင်နိုင်ငံဘ၀ ရောက်သွားစေခဲ့တဲ့ ခြေလှမ်းအစ ဖြစ်ခဲ့ပါတယ်။ အာဏာရှင်စနစ်ကို တွန်းလှန်လိုတဲ့ ကျောင်းသားထုရဲ့ သမဂ္ဂစိတ်ဓာတ် ပြိုပျက်မသွားပေမယ့် ဇူလိုင် ၇ ရက် အဖြစ်အပျက်တွေဟာ ကျောင်းသားထုရဲ့ ရင်ထဲမှာ စူးဝင်နေဆဲဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဖြိုဖျက်ခံလိုက်ရတဲ့ သမဂ္ဂ အဆောက်အအုံဟာ ဒီနေ့အချိန်ထိ ဘယ်သူကမှ ပြန်လည်တည်ဆောက်ပေးခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ၁၉၆၂ ခုနှစ်နောက်ပိုင်း ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့တဲ့ ကျောင်းသားတွေက သမဂ္ဂအဆောက်အအုံကို ပြန်ပြီး တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိ အစိုးရလက်ထက်မှာ သမဂ္ဂအဆောက်အအုံသစ် ပေါ်ထွက်လာဖို့ ကျောင်းသားမျိုးဆက်တွေက မျှော်လင့်နေကြပါတယ်။

1 comment:

Unknown said...

Thanks for sharing this, Sayer.
- Greetings from a Myanmar Blog