Monday, March 16, 2015

ရပ်တန့်သွားဖို့ မရှိတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု (ရုပ်သံ)

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်ကတော့ မတ်လ ၁၀ ရက်မှာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပါတယ်။

နိုင်ငံရဲ့အနာဂတ်အတွက် တန်ဖိုးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ပညာရေးပင်မအုတ်မြစ်ကို အခြေကျနစွာ ဆောက်တည်ခွင့်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေရဲ့ အိပ်မက်တွေဟာ အရုပ်ဆိုးစွာ ရိုက်ချိုးဖျက်ဆီးခြင်းနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်တယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျောင်းသားတွေ၊ သူတို့မိဘတွေ၊ ပြည်သူတွေ၊ ဖမ်းဆီးခံသတင်းသမားတွေနဲ့ နယ်ပယ်အသီးသီးက အဖွဲ့အစည်းတွေရဲ့ကြားမှာ ဘယ်လိုအမြင်တွေ ရှိနေလဲ။ ရှုတ်ချဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်နှိမ်နင်းသူတွေရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာလည်း ဘယ်လိုမေးခွန်းတွေရှိနေလဲ။ ဘယ်သူတွေမှာ အဓိကတာဝန်ရှိနေလဲ။

မည်သို့ပင်ဆိုစေကာမူ ဒီဖြစ်ရပ်ကတော့ အကျည်းတန်သမိုင်းတစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ .....။

No comments: