Wednesday, December 24, 2014

ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးကြောင်း မှုခင်းဆရာဝန် အတည်ပြု (ရုပ်သံ)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်းက သေဆုံးသွားတဲ့ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်းဟာ ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ဆန်ကြောင့် သေဆုံးတာ ဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် မှုခင်းဆရာဝန်က အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးမှုအတွက် သေမှုသေခင်းဖွင့်တာကို ရဲက ဒီဇင်ဘာ ၂၃ ရက်နေ့ ညဦးပိုင်းမှာ လက်ခံပြီးနောက်ပိုင်း ဆေးရုံမှာ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်းရဲ့ ဦးခေါင်းဒဏ်ရာ သေနတ်ကျည်ဆန်ရာဟာ နဖူးကနေ မှန်တာ ဖြစ်တယ်လို့ မှုခင်းဆရာဝန်က ပြောဆိုသွားပါတယ်။ DVB TV - 24.12.2014

No comments: