Thursday, November 20, 2014

သမ္မတကြီးအရိပ်အောက်မှာ မော်တော်ပီကယ်တွေ ငြိမ်းချမ်းစွာ ရှာစားနေပုံများ

(ပေးပို့သည့် မူရင်းအတိုင်း ဖော်ပြခြင်းဖြစ်ပါသည်။)
သို့
ဒေါက်တာလွဏ်းဆွေ ခင်ဗျား….
နေပြည်တော် မှ မော်တော်ပီကယ်တွေ ပြည်သူလူထု အပေါ် အနိုင်ကျင့် စော်ကားနေမှုအား အများပြည်သူများ သိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်…နေပြည်တော်မှာ သမတကြီး ဦးသိန်းစိန်နေတာရယ် မြန်မာနိုင်ငံရဲ့ မြို့ ဖြစ်နေတာကြောင့်လည်း ကျန်တဲ့မြို့ထက်စာရင် စည်းကမ်းတကျသွားလာရမယ်ဆိုတာ တော်တော်များများနားလည်ပီးသားပါ။ ဆိုင်ကယ်ဦးထုပ် မဆောင်းတာ၊ယဉ်မောင်းလိုင်စင်မရှိတာ၊ ၀ှစ်သောက် တွေစီးတာ၊ ဒါတွေကို အရေးယူတယ်ဆိုတာကို ကျနော်တို့ လက်ခံပါတယ်…မဖြစ်မနေ လုပ်ရမယ့် အလုပ်ပါ။ ယဉ်ထိန်းတွေကိုလည်း သူတို့အလုပ်သူတို့ လုပ်နေတာကို နားလည်ပါတယ်။ နေပြည်တော်မှာက တစ်နေရာနဲ့ တစ်နေရာ အဝေးကြီးပါ။ မှတ်ချက်(အစိုးရအရာရှိများလို) ကားမစီးနိုင်တာကြောင့်ပါ။ ဆိုင်ကယ်နဲ့ သွားတဲ့အခါ ပူပြင်းလှတဲ့ နေရောင်အောက်မှာ ဆိုင်ကယ်ဦးထုပ် တင်းနေအောင်ဆောင်းပီး တစ်ဖွဲ့ပီး တစ်ဖွဲ့ ကို စာရွက်စာတမ်းတွေ ထုပ်ပြပီး မှ အလိုရှိရာကိုရောက်ပါတယ်။ နေ့ဘက်တွေမှာ ဖမ်းစမ်းပါ ကျနော်တို့ဆိုလိုတာက အထောက်အထားတွေမပြနိုင်ရင်…ထားတော့ ညပိုင်း အသေအပျောက်များလို့ ညပိုင်း ထပ်ဖမ်းအုံးရသေးတယ်..ဒါပေမယ့်ဗျာ ဘုရားပွဲ ရှိတဲ့ ညအချိန်မျိုးမှာ ဦးသိန်းစိန်အစိုးရရဲ့ ကောင်းမွန်တဲ့ အဖွဲ့အစည်း တွေက စပယ်ရှယ် တာဝန်ထမ်းဆောင်နေတယ်…ကျနော်က လိုင်စင် အကုန်လုံးရှိတဲ့သူပါ..ဒါပေမယ့် ညဘက် ဘုရားပွဲ ကလေးတွေကိုလိုက်ပို့မယ်ဆိုတော့ ည ၈ နာရီလောက်မှာ လုပ်ခလေးကြိုထုပ်ပီး ဘုရားလိုက်ပို့တယ် …မိသားစုတွေကောဆိုတော့ ဦးထုပ်တွေဘာတွေ ညဘက်မဆောင်းတော့ဘူးလေ။။ မော်တော်ပီကယ်တွေက လမ်းက စောင့်စစ်တယ်..ကျနော်ကမြင်တယ် ဒါပေမယ့် လိုင်စင်အကုန်ပါတယ် …ဦးထုပ်မပါတာတော့ ညဘက် ဘုရားပွဲ သွားတာ မစစ်လောက်ဘူးဆိုပီး အေးအေး ဆေးဆေး ရပ်ပေးလိုက်တယ်…စစ်စရာရှိတာစစ်ပီး ည ၈ နာရီမှာ ဦးထုပ်မပါလို့ဆိုပီး ဒဏ်ငွေ ၅၁၅၀၀ ဆိုပီး ချက်ချင်းချလံ ဖြတ်ပေးတယ်….လူကို ဟာခနဲ ဟင်ခနဲ အံ့သြ သွားတယ် ..ဒီလောက်တောင်တောင်းလို့ရလား ပွဲတော်ညမှာ မိသားစုနဲ့ သွားတာဆိုပီး ဒေါသငယ်ထိပ်ဆောင့်တက်သွားတယ်…တစ်ပြိုင်နက်ထဲလည်း မော်တော်ပီကယ်တွေကို လူတွေဘာကြောင့်သေအောင် မုန်းလည်းဆိုတာ ချက်ချင်းသဘောပေါက်သွားတယ်…ပီးတော့သူတို့အလုပ်ကို လည်း စိတ်ဝင်စားသွားတယ်..ငွေရမြန်တယ်လေ…ကိုယ်တစ်လ၀င်ငွေ သူတို့ ခရာတစ်ချက်မှုတ်ပဲဆိုတော့…ပီးတော့ ကိုယ်က ဘွဲ့ရတစ်ယောက်ပဲ ဒီကောင်တွေခေါ်တဲ့ မော်တော်ပီကယ်ဗိုလ်ကြီးဆိုတာ ငါ အေး အေးဆေး ရတာပဲ ဆိုပီး အတွေးဝင်သွားတာ…အဲ့ဒါနဲ့ နောက်နေ့ေ၇ာက်တော့ သူတို့ အလုပ်ကို စုံစမ်းတာ ၀င်ငွေပေါ့လေ…တစ်ချို့က မ၀င်ရတဲ့လမ်းကို ၀င်တာ ပီကယ်တွေတားပီးတော့ ကို့ကို သမတ မြင်သွားလို့တဲ့ လွတ်ပေးလို့ မရဘူး…ငွေ၂၀၀၀၀ တောင်းတာ ဒီတိုင်းပေးလိုက်ရတယ်တဲ့ ..အဲ့လူက ကလေး ဆေးဝယ်ထွက်လာတာပါ….အဲ့ဒါလေးပေးလိုက်ရတယ်…ဒီလိုပါပဲ လက်နက်မလိုပဲ တောင်းစားနေတာ ဓါးပြတိုက်နေတာတွေ ပြည်သူအသိဆုံးပဲဖြစ်မှာပါ..ညဘက် ၈ နာရီ ထိဒီကောင်တွေ အလုပ်လုပ်သေးလားလို့ သူတို့ဝီရိယကို အံ့သြလို့ မေးမိတော့ ဖားရိုက်ထွက်တာတဲ့…အသုံးအနှုန်းတော့ လှတယ်ဗျာ..ပြောချင်တာကတော့ဗျာ နေပြည်တော်မှာ သမတကြီး အရိပ်အောက်မှာ ၀န်ထမ်းတွေ ဘယ်လို ငြိမ်းချမ်းစွာ ရှာဖွေစားသောက်နေတယ်ဆိုတာကို (ပြည်သူတွေမပါ) သိစေချင်တာပါ…သားးသမီးတွေကို မှာချင်တာကလည်း ငါ့သားများ ကြီးလာရင် မော်တော်ပီကယ်ထဲ ၀င်ဖြစ်အောင်ဝင်ပါလေ..၀င်ငွေကိုလည်းကြည့်အုံးလေ..ကျန်တဲ့ယဉ်မှုစစ်တွေရဲ့အကျင့်ပျက်ပုံ လုပ်စားပုံ တွေလည်း မကြာခင်ဆက်ေ၇းပါအုံးမယ်…မှတ်ချက်။ ။ဘုရားပွဲညမှာ ဦးထုပ်ထွက်ဖမ်းသော မော်တော်ပီကယ်များကို ဂုဏ်ပြုရေးသားပါသည်။
မင်းသူရိန်။ ။

1 comment:

Unknown said...

ဆိုင်ကယ်စီးလျင်ဆိုင်ကယ်ဦးထုပ်ဆောင်းဘို့မေတ္တာရပ်ခံပါတယ်။ဘာမှမဖြစ်ရင်ဘာမှမဖြစ်ဘူး။ယဉ်မတော်တဆမှုက ဘုရားပွဲဆိုပြီးမဖြစ်ဘူးလို့ပြောမရပါဘူး။ကိုယ်ဘက်ကစည်ကမ်းနဲ့အညီဆိုရင် မော်တော်ပီကယ်ကို ဂရုစိုက်စရာမလိုပါဘူး။