Friday, June 20, 2014

ခေတ်ကြီးကိုက ...

Aung Naing Moe's Facebook Status

ခေတ်ကြီးကိုက

ရပ်တန့်ယာဉ်ကြောထဲ
ပိတ်မိနေတဲ့ တက္ကစီသမားရဲ့
ဂဏှာမငြိမ်မှုမျိုး ...

အိမ်ရှင်က ရောင်းထုတ်တော့မှာမို့
အိမ်ပေါ်က ဆင်းပေးရတော့မယ့်
အိမ်ငှားရဲ့ ကသီလင်တ ဖြစ်ပုံမျိုး ...

မိုးရွာလို့ အလုပ်နားထားစဉ်
တခြားအလုပ် ရှာမတွေ့နိုင်သေးတဲ့
ပျံကျအလုပ်သမားရဲ့ ပူပန်မှုမျိုး ...

တနင်္ဂနွေမှာ အချိန်ပိုဆင်းခွင့်ရဖို့
ဆန္ဒပြတောင်းဆိုရတဲ့
အထည်ချုပ်အလုပ်သမရဲ့ မလောက်ငှမှုမျိုး ...

အဝိုင်းလေး လည်နေချိန်
စတေ့တပ်စ် တင်ချင်နေတဲ့
ဖေ့စ်ဘွတ်သမားရဲ့ ဆောက်တည်ရာမရဖြစ်ပုံမျိုး ...

ခြေဥကြီးကို အလုံးလိုက်မြိုမိလို့
လည်ချောင်းမှာ တစ်နေတဲ့
နိုင်ငံရေးသမားရဲ့ မရှုနိုင်မကယ်နိုင်ဖြစ်မှုမျိုး ...

ပဋိပက္ခတွေကို
ရေမရောဘဲ မော့လိုက်မိလို့
လည်ချောင်းတလျှောက်
ပူဆင်းသွားတဲ့ ကမ္ဘာကြီးအတွက်
ဝါးစရာ အမြည်းကလေးတဖတ်တောင်
မတတ်နိုင်တဲ့ ငါ့ရဲ့ အနေအထိုင်မတတ်မှုမျိုး ...

အဲဒီ ခေတ်ကြီးကို
Record လုပ်ထားလိုက်စမ်းပါ။ ။

No comments: