Wednesday, May 7, 2014

တရားစီရင်ရေးမဏ္ဍိုင် ၃ နှစ်အတွင်း ဘယ်လောက် တည့်မတ်ခဲ့သလဲ

နှင်းကို ရေးသားသည်။

သမီးဖြစ်သူ လူ့လောကထဲက ထွက်ခွာသွားခဲ့တာ တစ်နှစ်ကျော်သွားပြီ ဆိုပေမယ့် မိခင်တစ်ယောက်အ တွက် ဘယ်လိုမေ့လို့ရနိုင်ပါ့မလဲ။ လှိုင်မြစ်ထဲကပြန်တွေ့ခဲ့သည့် သမီး ဖြစ်သူ၏ရုပ်အလောင်းကို မြို့နယ်၊ ခရိုင်တရားရုံးအဆင့်ဆင့်က ရေနစ်သေဆုံးခြင်းဖြစ်သည်ဟုသာ စီရင်ချက်ချခဲ့ခြင်းအပေါ် အသက် ၅ဝ ကျော် မိခင်ဒေါ်နော်မယ်စေးအတွက် မည်သို့မျှလက်မခံနိုင်ခဲ့ပါ။ ထို့ကြောင့်လည်း ပြီးခဲ့သည့်မတ်လကုန်ပိုင်းက တိုင်းဒေသကြီးတရား ရုံးကို အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြန်လည်စိစစ်ပေးဖို့ အရေးဆို တင်ပြထားသည် မဟုတ်ပါလား။

''သွေးရိုးသားရိုးသေဆုံးတာမဟုတ်ဘူးလို့ ယုံကြည်တယ်။ ကိုယ့် ကိုယ်ကိုယ် သေကြောင်းကြံစည်တယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူး''ဟု ဒေါ်နော်မယ်စေးက ရန်ကုန်တိုင်းမ်သို့ပြောသည်။ မှော်ဘီမြို့မှတစ် ဆင့် ဖုန်းဖြင့်ပြောသည်ဆိုသော်လည်း သူမ၏အသံမှာ တုန်ရီနေသည်။

ရေထဲက ပြန်တွေ့သည့် အလောင်းမှာ အဆုတ်ထဲရေဝင်သည်ကတော့ ရှိမှာပဲ၊ တစ်ယောက်ယောက်၏လုပ်ကြံမှုကြောင့်သာ သူ့သမီးရုပ် အလောင်းကို ရေထဲတွင်တွေ့ရသည်ဟု သူမက ယုံကြည်သည်။

ငွေကြေးအရ သိပ်အချမ်းသာကြီးထဲက မဟုတ်သော်လည်း သေ ဆုံးသွားသည့်သူ့သမီးကိုတော့ သေသည့်အချိန်ထိ စိတ်ချမ်းချမ်းသာ သာထားနိုင်ခဲ့သည်ဟု သူမကဆိုသည်။ အမှုမှန်မပေါ်သေးသရွေ့တော့ တရားရုံး၏စီရင်ဆုံးဖြတ်ချက်ကို ကျေနပ်နိုင်မည်မဟုတ်ဟု ဒေါ်နော် မယ်စေးက ပြောပါသည်။ ရန်ကုန်မြို့ဆေးဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သူ သမီး မနော်မေသူသူဇော်၏ ရုပ် အလောင်းကို ၂ဝ၁၃ ခုနှစ် ဧပြီ ၂၁ ရက်က လှိုင်မြစ်အတွင်း တွေ့ ရှိခဲ့သည်ဟု ဆိုသည်။ သက်ဆိုင်ရာမြို့နယ်ရဲများက ပိုင်ရှင်မရှိသော ရုပ်အလောင်းကို သာမန်သေမှုသေခင်းအဖြစ် အမှုဖွင့်အရေးယူခဲ့ ခြင်းဖြစ်သည်ဟု ဒေါ်နော်မယ်စေးက ဆိုသည်။

''သက်သေအထောက်အထားတွေ၊ ဓာတ်ပုံတွေရှိပါတယ်။ ဒါပေမဲ့ အမှုကို ပြောင်းဖွင့်လို့မရတော့ဘူး''ဟု သူမကပြောသည်။

လက်ရှိတရားစီရင်ရေးစနစ်ကို ပြည်သူအားလုံး အဓိကမေးခွန်း ထုတ်နေကြသည်မှာ တရားရေးမဏ္ဍိုင်အပေါ် ဒေါ်နော်မယ်စေးတို့ လို ပြည်သူများ၏ယုံကြည်မှုများ အင်မတန်လျော့နည်းနေ၍သာဖြစ် သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောပါသည်။

ပြည်သူ့လွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများစိစစ်ဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်တစ် ဦးလည်းဖြစ်သည့် ဦးသိန်းညွန့်က သူတို့၏ကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကို၏ မှတ်ချက်စကားကို ယခုလိုပဲ ကိုးကားပြောပြပါသည်။

''တိုင်စာ ၁ဝဝဝဝ မှာ တရားရုံးတိုင်စာက ၈ဝဝဝ လောက်ပါ တာ ရှက်ဖို့ကောင်းတယ်''။ ပြည်သူလူထုအနေဖြင့် တရားရုံးများ၏ စီရင်ထုံးများ၊ စီရင်ချက်များအပေါ် မည်မျှယုံကြည်မှုလျော့နည်းနေ ပြီလဲဆိုသည်မှာ ထိုတိုင်စာများကိုကြည့်လျှင်သိနိုင်သည်ဟု ဦးသိန်း ညွန့်က ဆိုပါသည်။

တရားစီရင်ရေးဆိုင်ရာမူများ၊ တရားသူကြီးများ၏ စီရင်ချက် များအပေါ်တွင် ပြည်သူလူထုအနေဖြင့် ယုံကြည်မှုမရှိကြတော့သည့် အတွက် အချို့နေရာများတွင် တရားသူကြီးများကို ဆန္ဒပြခြင်းနှင့် ကိုယ်ထိလက်ရောက် ပြုမူတိုက်ခိုက်ခြင်းများပါရှိလာခြင်းသည် မြန်မာနိုင်ငံတရားစီရင်ရေးစနစ်အတွက် တော်တော်အန္တရာယ်ရှိနေပြီဟု ဖော်ပြနေခြင်းဖြစ်ကြောင်း ဦးသိန်းညွန့်က ရှုမြင်သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ ဦးသိန်း စိန်ကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားသည့် ပြည်ထောင်စုတရားသူကြီး ချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သော တရားစီရင်ရေးမဏ္ဍိုင်အပေါ် တရားရေးဝန်ထမ်းများ၊ ရှေ့နေများအပါအဝင် ပြည်သူလူထုအနေ ဖြင့် တရားမျှတသောစီရင်ချက်များကို မျှော်လင့်ခဲ့ကြမည်မှာမလွဲပါ။ ခေတ်အဆက်ဆက်အာဏာပိုင်များ၏ ဝင်ရောက်စွက်ဖက်ခြင်းကို ခံခဲ့ရသည့်တရားသူကြီးများကို လွတ်လပ်စွာစီရင်ဆုံးဖြတ်ခွင့်ရစေလိုသည်။

လာဘ်ပေးလာဘ်ယူ၊ အဂတိလိုက်စားမှုတို့ဖြင့် ယိမ်းယိုင် ပြိုလဲစပြုနေသော တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်ခိုင်မာစေလို ကြသည်။ သို့မှသာ ပြည်သူများအတွက် အမှန်တရားတို့ဖြစ်တည် လာမည်မဟုတ်ပါလား။ ယခုတော့ လက်ရှိအစိုးရသစ်လက်ထက်တွင်မှ တရားသူကြီး ကို တရားရေးဝန်ထမ်းက လာဘ်ပေးလာဘ်ယူမှုပြုပါသည်ဟုဆိုကာ တိုင်ကြားခဲ့သည့်ဖြစ်ရပ်က ထူးထူးခြားခြားပေါ်လာခဲ့သည်။ အကြောင်း အရာက ''အမှုသည်များအပေါ် လာဘ်ငွေယူပြီး အနိုင်အထက်ပြုကျင့် နေသည့် စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ဦးစန်းကိုနှင့်အ ဖွဲ့အား အရေးယူပေးရေးကိစ္စတင်ပြခြင်း''ဟု ဆိုသည်။

ထိုအကြောင်းကို ၂ဝ၁၃ ခုနှစ် သြဂုတ်လကုန်ပိုင်းက စစ်ကိုင်း တိုင်းဒေသကြီး မုံရွာခရိုင်တရားရုံးမှ တရားရေးဝန်ထမ်းတစ်ဦးဖြစ် သော ဒုဦးစီးမှူး ဦးမင်းသော်ထွေးက တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ဦး မင်းသော်ထွေးသည် ယခင်က စစ်ကိုင်းတိုင်းဒေသကြီး အရာတော် မြို့နယ်တရားရုံးတွင် ဒုတိယမြို့နယ်တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

အဂတိအမြစ်တွယ်တရားစီရင်ရေး

၁၉၈၈ ကတည်းက ရှေ့နေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလာခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ တရား စီရင်ရေးအတွေ့အကြုံများအဖြစ် သူ့မျက်စိရှေ့မှောက်မှာတင် လာဘ် ပေးလာဘ်ယူနည်းဖြင့်သာ အမှုတွဲများကိုစီရင်ခဲ့သည်ဟု ဆိုပါသည်။ ''၂၅ နှစ်လုံးလုံး တရားစီရင်ရေးစနစ်ကြီးတစ်ခုလုံးကိုလာဘ်ပေး လာဘ်ယူနည်းနဲ့ပဲလုပ်ကြတယ်''ဟု ဦးကြီးမြင့်က ပြောသည်။

တရားစီရင်ရေးစနစ်တွင် အောက်ခြေကနေ အထက်အရာရှိများ အထိ အဆင့်ဆင့် အဂတိလိုက်စားမှုများရှိခြင်းကြောင့်သာ မှန်ကန် သောတရားစီရင်ရေးစနစ်ကို ထိပါးခဲ့ရသည်၊ အမှန်တရားတို့ ချုပ် ငြိမ်းခဲ့ရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်းက ယူဆ သည်။

ထို့ကြောင့်သာ 'ငွေများတရားနိုင်'၊ 'ပုဒ်မလေး(ပေးမှလုပ်)'၊ 'အပိုင်းလေး(အပေးလိုင်း)' စသည့်အရပ်စကားများပေါ်လာရသည် ဟု သူကဆိုသည်။ ''ပုတ်လို့ပေါ် ဟုတ်လို့ကျော်ပဲလေ''ဟု ဦးကျော်ငြိမ်း က မှတ်ချက်ပေးသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်သည် မကြာသေး ခင်က ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သေးသည်။ ထိုစဉ်က သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်တရားရုံးများ၊ အ ချုပ်ခန်းများသို့ သွားရောက်စစ်ဆေးလေ့လာခဲ့ပြီးနောက် သူက ယခု လို ပြောသည်။

''ရန်ကုန်တရားရုံးတွေယိမ်းယိုင်နေပြီ၊ မန္တလေးတရားစီရင်ရေး ကတော့ ပြိုလဲသွားပြီ၊ ရှမ်းပြည်တရားရုံးမှာတော့ တရားခွင်မှာ ငွေ ထုပ်ပဲရှိတော့တယ်''။

မန္တလေးတိုင်းဒေသကြီး ခရိုင်တရားရုံးတစ်ခုကို ဝင်စစ်ဆေး ရာတွင် မူးယစ်ဆေးဝါးအမှုများကို ယခင်ကလို ကွင်းလုံးကျွတ်မလွှတ် ရဲတော့သော်လည်း ထောင်တစ်နှစ်လျှော့လျှင် ဘယ်လောက်ပေးရ မည်၊ နှစ်နှစ်လျှော့လျှင် ဘယ်လောက်၊ ဆယ်နှစ်လျှော့လျှင် ဘယ် လောက်ပေးရမည်ဆိုတာမျိုးရှိနေသည်ဟု ဦးသိန်းညွန့်က ဆိုသည်။

''နိုင်ငံတော်ရဲ့မူဝါဒအမှုကြီးဖြစ်တဲ့ မူးယစ်ဆေးဝါးအမှုကိုတောင် လာဘ်ယူနိုင်တဲ့ နည်းလမ်းတွေရှာဖွေနိုင်တဲ့ တရားသူကြီးတချို့ရှိနေ ခြင်းဟာ တိုင်းပြည်ရဲ့ အမျိုးသားမူဝါဒအကောင်အထည်ဖော်တဲ့နေ ရာမှာ တရားရေးစနစ်အနေအထား ဘယ်လောက်ယိမ်းယိုင်နေပြီလဲ ဆိုတာ မန္တလေးအချုပ်ထဲက သူတွေပြောလိုက်တဲ့စကားတွေက သက် သေပဲ''။ ယခုလည်း ထိုသို့ပြစ်ဒဏ်ဘယ်လောက်လျှော့ပေးလျှင် ပိုက်ဆံ ဘယ်လောက်ပေးရမည်ဆိုသည့်အသံများကို မန္တလေးရှေ့နေများကိုယ် တိုင် ပြောဆိုနေကြဆဲဟု ဦးသိန်းညွန့်က ဆိုသည်။ လက်ရှိတရားစီ ရင်ရေးစနစ်၏ လာဘ်ပေးလာဘ်ယူမှုသည် နှစ်ကာလပေါင်းများစွာ အမြစ်တွယ်နေခဲ့ပြီမို့ ထိုအမြစ်ကိုဖျက်ဖို့ဆိုလျှင် တရားသူကြီးများ သာမကဘဲ ပြည်သူများကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲဖို့လိုအပ် နေပြီဟု မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရှေ့နေဦးမြင့်သွင် က ဆိုသည်။

''ကိုယ်က အပြစ်လုပ်ထားလို့၊ မှားလို့ရှိရင်တော့ ဥပဒေအရ အပြစ်ပေးခံရမယ်ဆိုတာကို လက်ခံဖို့လိုတယ်။ အခုထိတော့ လာဘ် ပေးချင်တဲ့စိတ်၊ လာဘ်ယူချင်တဲ့စိတ်တွေက ဘက်နှစ်ဖက်စလုံးမှာရှိ နေတုန်းပဲ''ဟု ဦးမြင့်သွင်က သုံးသပ်သည်။

လာဘ်ပေးလာဘ်ယူမှုများကိုအခြေခံပြီး တရားစီရင်ရေးမဏ္ဍိုင် ၏ တရားရုံးနှင့်တရားသူကြီးများအပေါ် တိုင်ကြားစာများသည် ထောင် နှင့်ချီပြီးရှိနေသော်လည်း မည်သို့ဖြေရှင်းထားသည်ကို တရားဝင်အ ကြောင်းပြန်တာမျိုးမရှိသေးဟု ပြည်သူ့လွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများစိစစ်ဆောင် ရွက်ရေးကော်မတီအဖွဲ့ဝင် ဦးသိန်းညွန့်က ဝေဖန်သည်။

မှတ်မိသလောက် အနောက်ပိုင်းခရိုင်တရားသူကြီးတစ်ယောက် ရဲ့မိန်းမက သိန်း ၁၅ဝဝ တောင်းတာကို အမှုသည်က စီစီတီဗွီရိုက် ပြီးပြလိုက်လို့ တရားသူကြီးကို ပင်စင်ပေးလိုက်တာပဲရှိသည်။ သို့သော် လာဘ်ပေးလာဘ်ယူမှုကို လာဘ်ပေးလာဘ်ယူဥပဒေဖြင့်သာ အရေး ယူသင့်သည်ဟု ¤င်းကဆိုသည်။''ပင်စင်ပေးတာလောက်တော့ သိန်း ထောင်နဲ့ချီတောင်းနေတဲ့ တရားသူကြီးတွေအဖို့တော့ ဘယ်ဖြုံမလဲ''။ မြန်မာ့တရားစီရင်ရေးမဏ္ဍိုင်ကို ပြန်လည်တည့်မတ်စေဖို့အတွက် အဓိကအကြောင်းအချက်တစ်ခုအဖြစ် လာဘ်ပေးလာဘ်ယူမှုပြုသော တရားသူကြီးများကို ထိထိရောက်ရောက်အရေးယူဖို့လိုအပ်သကဲ့သို့ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်ကာပူနှင့်တရုတ်နိုင်ငံတို့လို ကျင့်သုံးဖို့လိုအပ်နေပြီဟု ဦးသိန်းညွန့်ကထောက်ပြသည်။ တရုတ် နိုင်ငံဆိုလျှင် သေဒဏ်ပေးသည့်အဆင့်အထိ ပြည်သူကိုချပြသည်။ စင်ကာပူနိုင်ငံဆိုလျှင်လည်း တရုတ်လို သေဒဏ်မပေးသော်လည်း လာဘ်ယူသူ၏ မိသားစုအသိုင်းအဝိုင်းဂုဏ်သိက္ခာကိုပါ ထိခိုက်အောင် ကြေညာသည့်သဘောရှိသည်။

ထိုအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေ ဖြင့် မြန်မာနိုင်ငံရှိ တရားသူကြီးများအားလုံးကို လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးဥပဒေအရ စိစစ်ခြင်း၊ သတိပေးခြင်းတို့ကို ပြုလုပ်သင့် ပြီဟု ¤င်းကဆိုသည်။''လူထုကတိုင်မှ လုပ်တာမဟုတ်ရဘူး။ လူထု က တိုင်လို့ရတယ်ဆိုပေမယ့် မခိုင်မာရင် တိုင်တဲ့သူကိုတောင် အမှု ဖွင့်နိုင်တာဆိုတော့ ဘယ်သူမှမတိုင်ရဲဘူး။ သိပ်ပြီး ခံစားချက်ပြင်း ထန်တဲ့သူမှပဲ တိုင်ရဲတာ''ဟု ဦးသိန်းညွန့်က ပြောသည်။

စွက်ဖက်ခံ တရားစီရင်ရေး

တရားစီရင်ရေးတွင် အာဏာပိုင်များ၏ ဝင်ရောက်စွက်ဖက် မှုများကလည်း ခေတ်အဆက်ဆက်အခြေတည်နေခဲ့ပြီဖြစ်သည်။ ဦး နေဝင်းလက်ထက်မှသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်အဆုံးဖြစ် သည်။ သို့သော် ယနေ့ခေတ်တွင်လည်း ဝင်ရောက်စွက်ဖက်မှုများ ရှိနေတုန်းပဲလားဆိုသည်ကတော့ စဉ်းစားစရာဖြစ်နေဆဲပါ။ နောက် ကွယ်ကဖြစ်ရပ်များကို မသိနိုင်သော်လည်း ဆရာမွေး၊ တပည့်မွေး ကာ လာဘ်စားသူများ ဆင့်ကဲဆင့်ကဲရှိနေသလို အထက်အရာရှိအ ဆင့်ဆင့် အချင်းချင်းအကာအကွယ်ပေးနေကြသည်ကိုလည်း တွေ့ မြင်နေရကြောင်း ဦးသိန်းညွန့်က တွက်ဆသည်။

''စစ်ကိုင်းတိုင်းတရားသူကြီးကိစ္စ ဒီနေ့အထိ ဘာမှထူးထူးခြား ခြားဖြစ်မလာသေးတာကိုကြည့်ရင် လွှတ်တော်ရဲ့ထောက်ပြချက်တောင် ဘာမှမထိရောက်ဘူးဆိုရင်တော့ စဉ်းစားစရာတွေအများကြီးဖြစ်နေတယ်''။ ကိုယ်တိုင်က ခရိုင်တရားသူကြီးအဆင့်အထိ တာဝန်ယူခဲ့ဖူးသော တရားလွှတ်တော်ရှေ့နေဦးအေးကျော်က တရားစီရင်သော တရား သူကြီးများအပေါ်တွင် ပါတီကောင်စီခေတ်၊ တပ်မတော်အစိုးရခေတ် တစ်လျှောက်လုံး အပေါ်မှဖိအားများရှိခဲ့သည်ဟု ပြန်ပြောပြသည်။

တရားသူကြီးသည် အမှုတွဲ၏ပေါ်လွင်မှုအပေါ်မူတည်ပြီး လွတ်လပ် စွာဆုံးဖြတ်ခွင့်ရှိဖို့လိုသည်။ ''တရားခံကိုအပြစ်ရှိရင် အပြစ်ပေးရမယ်၊ အပြစ်မရှိကြောင်းပေါ်လွင်ရင် ရဲရဲဝံ့ဝံ့လွှတ်ပေးရမယ်။ ဒါမှ တရား သူကြီးမှာ သူ့ရဲ့လိပ်ပြာကသန့်မှာ။ ဘယ်သူကမှ စွက်ဖက်မှုမရှိစေရ ဘူး''ဟု ဦးအေးကျော်က ပြောသည်။

၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားစီရင်ရာတွင် ဥပဒေနှင့်အညီလွတ်လပ်စွာ စီရင်ဆုံးဖြတ်ရမည်ဟု ဆိုသည်။ လက်ရှိ တရားစီရင်ရေးတွင်မူ စီရင်ချက်ချမှတ်ရာတွင် အထက်လူကြီးများ၏ ဆုံးဖြတ်မှုမရှိစေရဟုဆိုကာ အာဏာပိုင်များ၏စွက်ဖက်မှုကို လက် ဆုပ်လက်ကိုင်ပြရန်ခက်ခဲနေသော်လည်း ဝေဖန်ပြောဆိုမှုများတော့ ရှိနေသည်ဟု တရားလွှတ်တော်ရှေ့နေဦးကျော်ငြိမ်းက သုံးသပ်သည်။ ''သတင်းသမားတွေနဲ့ပတ်သက်ပြီး ထင်သာမြင်သာတဲ့ ပြစ်မှု ပြစ်ဒဏ်ကြီးတွေချမှတ်လိုက်တာကတော့ တရားစီရင်ရေးကို ပုံရိပ် တစ်မျိုးပြောင်းစေတယ်''ဟု ဦးကျော်ငြိမ်းက ဆိုသည်။

သတင်းသမားတစ်ယောက်သည် ပြည်သူလူထု၏ နားမျက်စိ ဖြစ်သည်။ သို့အတွက် ပြည်သူများသိခွင့်ရှိသည့် အမှန်အဖြစ်အပျက် များကိုသိဖို့အတွက် သတင်းသမားတို့တွင် စုံစမ်းမေးမြန်းပိုင်ခွင့်ရှိရ မည်။ ဆိုတော့ မေးမြန်းဖို့အတွက် ဝတ္တရားရှိသည့်အတိုင်း သဘောရိုး ဖြင့် သက်ဆိုင်ရာဌာနကိုဖြစ်စေ၊ လူပုဂ္ဂိုလ်ကိုဖြစ်စေ အတိုင်းအတာ တစ်ခုအထိ မေးမြန်းရာတွင် အတိုင်းအတာကိုကျော်လွန်သည်ဖြစ် စေ၊ မကျော်လွန်ဘဲစွပ်စွဲပြီးတော့ အရေးယူသည်ဖြစ်စေ တရားရုံးတော် ၏ ဆုံးဖြတ်ချက်သည် ပြည်သူလူထုအတွက်တော့ ကျေနပ်ဖွယ်ဖြစ် မလာခဲ့။ ''ပြစ်မှုပြစ်ဒဏ်တွေကို အရေးယူဆောင်ရွက်တဲ့အခါမှာ သူ့ရဲ့ ပြစ်မှုဒီဂရီအတိုင်းမဟုတ်ဘဲ ဖြစ်ဒဏ်ချမှတ်တယ်လို့ ပြည်သူလူထု က မြင်လာခြင်းဟာ တရားရုံးအပေါ် မကောင်းတဲ့ပုံရိပ်ပြောင်းစေ တာပါပဲ''ဟု ဦးကျော်ငြိမ်းက ရှင်းပြသည်။

လက်ရှိအစိုးရသစ်တက်လာပြီး သုံးနှစ်ကျော်ကာလအတွင်း တ ရားစီရင်ရေးမဏ္ဍိုင်အပေါ် အာဏာပိုင်များ၏ ဝင်ရောက်စွက်ဖက်မှု များရှိမရှိကို တပ်အပ်မပြောနိုင်သော်လည်း ''လုံးဝသဘာဝကျပြီး လက်ခံနိုင်စရာမရှိတဲ့ အမိန့်တွေ၊ စီရင်ချက်တွေတော့ ကိုယ်တိုင်ကြုံ တွေ့ခဲ့ဖူးတယ်''ဟု ¤င်းကဆိုသည်။

တရားစီရင်ရေး ရွှေခေတ်

တရားစီရင်ရေးမဏ္ဍိုင်တွင် မြန်မာ့ဘောလုံးလောကကဲ့သို့ ရွှေ ခေတ်ရှိခဲ့ဖူးသည်ဟု နှစ် ၄ဝ ကျော် ရှေ့နေလိုက်လာသူ အသက် ၆ဝ ကျော်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်းက ယခုလိုပြန် ပြောပြသည်။

''မြန်မာနိုင်ငံမှာ လွတ်လပ်သောတရားစီရင်ရေး ရှိခဲ့ဖူးပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆ဝကနေ ၁၉၆၈ခုနှစ်လောက် အထိပေါ့။ ဆိုရှယ်လစ်အစိုးရတက်လာလို့ ဆိုရှယ်လစ်စနစ်ကာ ကွယ်ရေးဥပဒေအရ စစ်ခုံရုံးတွေဖွဲ့ပြီး တရားစီရင်ခဲ့တာတောင် ယနေ့အထိ ဥပဒေပညာရှင်တွေလေးစားရတဲ့ စစ်ခုံရုံးစီရင်ထုံးတွေ၊ ဆုံးဖြတ်ချက်တွေ ရှိပါသေးတယ်။ အဲဒီနောက်ပိုင်းတော့ အဲဒီလို လေးစားရလောက်တဲ့ စီရင်ထုံးတွေ၊ ဆုံးဖြတ်ချက်တွေ အင်မတန် နည်းပါးသွားခဲ့ပါတယ်။ အဲဒီတုန်းက တရားသူကြီးဦးစန်းမောင်တို့၊ ဦးသိန်းမောင်တို့ရဲ့ ဆုံးဖြတ်ချက်တွေဆိုရင် အင်မတန်ကိုကောင်းမွန်ခဲ့တာ။ အမှန်တရား ကိုဆုံးဖြတ်ရင် ကိုယ်တိုင်အမှန်ကို သိနေရုံနဲ့မရဘဲ အများကိုလည်း အဲဒီအမှန်တရားကို မြင်စေရတယ်ဆိုတဲ့ ထုံးဖွဲ့စကားတွေဟာ အင် မတန် မှတ်သားစရာပါ။ တရားရုံးမှာ အမှန်တရားပဲ လိုချင်တယ်။ ဥပဒေလုပ်ထုံးလုပ်နည်း ဝန်ထုပ်ဝန်ပိုးတွေကြောင့် အမှန်တရား ပျောက်သွားတာမျိုးမလိုချင်ဘူးဆိုတဲ့ ပြောစကားတွေဆိုရင် တကယ့် ကိုအတုယူစရာပါ''။

၁၉၉၅၊ ၁၉၉၆ခုနှစ် ပတ်ဝန်းကျင်က ပထမအကြိမ်ကျင်းပခဲ့သည့် တရားသူ ကြီးညီလာခံမှာ ထိုစဉ်က နိုင်ငံတော် တရားသူကြီးချုပ် ဦးသိန်းမောင်က ''တရားသူကြီးများသည် နေ့စဉ် နှင့်အမျှ သူတစ်ပါးတို့၏အသက်၊ စည်းစိမ်၊ အိုးအိမ် စသည်တို့နှင့်စပ်လျဉ်းရ သောမှုခင်းများ၊ လွတ် လပ်ခွင့်နှင့်စပ်လျဉ်းသော မှုခင်း များကို စီရင်ဆုံးဖြတ်နေကြရသူများ ဖြစ်သောကြောင့်လည်းကောင်း၊ အကယ် ၍ တရားသူကြီးများသည် အမှားမှားအယွင်းယွင်း စီရင်ဆုံးဖြတ်ကြလျှင် အမှုသည်များမှာ အသက်၊ စည်း စိမ်၊ အိုးအိမ်တို့ ပျက်ပြားသည်အထိ လွတ်လပ်ခွင့်ဆုံးရှုံး သည်အထိ နစ်နာနိုင်သောကြောင့်လည်းကောင်း၊ တရား ရုံးများက တရားကို မတရား၊ မတရားကိုတရားဟု အလွဲလွဲ အမှားမှား ဆုံးဖြတ်ခဲ့လျှင် ပြည်သူလူထုမှာ အားကိုးရာမဲ့၍ စိတ်ဓာတ်ပျက်ပြားပြီး တိုင်းပြည်၏ငြိမ်းချမ်းသာယာမှုကိုပင် ဆုတ် ယုတ်နိုင်သောကြောင့်လည်းကောင်း၊ တရားသူကြီးများ၏ တာဝန် ဝတ္တရားများသည် အလွန်ကြီးလေးသည်''ဟု ဆိုသည်။

ထိုသို့ဆိုလျှင် ''တရားကို မတရား၊ မတရားကို တရားဟု စီရင် ဆုံးဖြတ်ကြခြင်းသည် တိုင်းပြည်နိုင်ငံ ဆုတ်ယုတ်ပျက်စီးစေရန် အကြောင်းတရားဖြစ်သည်ဟူ၍လည်းကောင်း၊ တရားကို တရား မတရားကိုမတရားဟု စီရင်ဆုံးဖြတ်ခြင်းသည် တိုင်းပြည်နိုင်ငံ မဆုတ် ယုတ်မပျက်ပြားဘဲ တိုင်းပြည်စီးပွား တိုးတက်ရန် အကြောင်းတရား ဖြစ်သည်''ဟူ၍လည်းကောင်း မြတ်စွာဘုရားဟောကြားခဲ့သည်ကို အခြေခံပြီး တရားသူကြီးချုပ်ဦးသိန်းမောင်က ဆိုခဲ့သည်။

ယင်းသို့ ၁၉၉၅-၁၉၉၆လောက်က နိုင်ငံတော်တရားသူကြီးချုပ် ဦးသိန်းမောင်၏စကားကို ကောက်နုတ်ပြောဆိုခဲ့ခြင်းကြောင့် ရှေ့ နေ ဦးသိန်းညွန့်အား လက်ရှိတရားရုံးချုပ်က တရားသူကြီးများကို မထီမဲ့မြင်ပြုသည်ဆိုကာ ဒဏ်ငွေသတ်မှတ်ခဲ့သည်။ ထို့ပြင် ရှေ့နေ ကျင့်ဝတ်ပါ ချိုးဖောက်သည်ဟုဆိုကာ ရှေ့နေလိုင်စင်ကို နှစ်နှစ်ရပ် ဆိုင်းခဲ့သည်ဟု ယခုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြန်ပြောပြသည်။

တကယ်တမ်း သုံးနှစ်ကျော်တဲ့အထိ ကျွန်တော့်လိုင်စင်ပြန်မပေး ဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာများ ကိုယ်စားလှယ်အဖြစ်အရွေးမခံ ရရင် လိုင်စင်တောင်ပြန်ရမှာမဟုတ်ဘူး။ နိုင်ငံတော်တရားသူကြီးချုပ် ပြောခဲ့တဲ့မိန့်ခွန်းကို ကိုးကားတာဟာ သူတို့ကို မထီမဲ့မြင်ပြုလို့ဆိုပြီး ရှေ့နေလိုင်စင်ရုပ်ခဲ့တဲ့အဆင့်ဖြစ်ခဲ့တယ်ဆိုတာ မြန်မာနိုင်ငံ တရား စီရင်ရေးစနစ်ကို အမြဲတမ်းမေးခွန်းထုတ်ရမယ့်အရာတွေဖြစ်သွား ပြီ''ဟု ဦးသိန်းညွန့်က ဆိုသည်။

ပြည်သူ့တရားစီရင်ရေးစနစ်ဟောင်းနောက်ပိုင်းတော်လှန်ရေးကောင်စီတက်လာပြီး တရား ရေးဆိုင်ရာမှာ ဒေါက်တာမောင်မောင်ဝင်ရောက်လာခဲ့ရာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်သူ့ တရားစီရင်ရေးစနစ်ကိြုေ<ွကးကြော်သည်။ ပြည်သူကို ပြည် သူကတရားစီရင်ရတာမို့ အင်မတန်ကောင်းသည်ဟု ယူဆ ခဲ့ကြသည်။

သို့သော် ပြည်သူတွေကို ရွေးချယ်ပြီး တရားသူ ကြီးခန့်လိုက်ရာမှာတော့ ''အလွှာစုံက လူတွေပါလာတယ်။ စစ်ဗိုလ်တွေတင်မကဘူး၊ ကျောင်းဆရာတွေ၊ လယ်သမား ကြီးနဲ့ဆိုက်ကားဆရာအဆုံး တရားသူကြီးတွေဖြစ်ကုန်ကြ တယ်''ဟု ဦးကျော်ငြိမ်းက ပြောပြသည်။ ဆိုတော့ အစွန်းတရားနှစ်ဖက်ကို ရောက်သွားသည်။ ယခင်တုန်းက ဥပဒေနှင့်အညီဆိုပြီး တရားစီရင်သည့်ခေတ် ကနေ ဥပဒေကမည်သို့ပင်ဆိုစေကာမူဆိုသည့် ခေတ်ကို ရောက်သွားခဲ့သည်။ ''မူဝါဒဆိုပြီး ဆန်တစ်အိတ်ကြောင့် လည်း ထောင်ဆယ်နှစ်ကျရတဲ့အဖြစ်မျိုးတွေ ရောက်ကုန် တယ်။ ဖြစ်သင့်တာကတော့ ဥပဒေနဲ့အညီဆိုတာပဲ ဖြစ် သင့်တာ''ဟု ¤င်းကရှုမြင်သည်။

ပြည်သူက ပြည်သူ့တရားကို စီရင်ရမည်၊ ပြည်သူနှင့် တစ်သားတည်းဖြစ်ရမည်ဟု အင်မတန်နှလုံးပီတိထိမိစရာြေ<ွကးကြော်သံနှင့်ဆိုခဲ့သော်လည်း ''လက်တွေ့ဖြစ်လာတာ နဲ့က လုံးဝဆန့်ကျင့်ဘက်၊ မိုးနဲ့မြေပဲ။ ဥပဒေအတိုင်း ဘာမှ မဖြစ်တော့ဘူး''ဟု ဦးကျော်ငြိမ်းကဆိုသည်။

ဥပဒေနားလည်သူအားလုံးသည် ကန့်လန့်ကာနောက် ကွယ်ရောက်ခဲ့ရသည်။ ပြည်သူရွေးချယ်သော ပြည်သူ့တရား သူကြီးဆိုသူများကလည်း သူတို့၏ပါတီသဘောထားကို ခံယူရသည့်အတွက် တကယ်တမ်းတရားစီရင်ရေးလောက တွင် လွတ်လပ်မှုမရှိခဲ့။ မလွတ်လပ်သည့်အပြင် ဆိုးရွား သည့်စီရင်ချက်အချို့သာ အဖတ်တင်ခဲ့ရသည်။ ''စည်း လွတ်ကမ်းလွတ်တွေကို ဖြစ်ကုန်ခဲ့တာ''ဟု ဦးကျော်ငြိမ်းက အတိတ်ကို ပြန်တူးဆွသည်။

ထိုသို့ ပြည်သူ့တရားစီရင်ရေးစနစ်ကိုကျင့်သုံးခဲ့စဉ် က တရားသူကြီးများကို ပြည်သူက ရွေးချယ်ခြင်းဖြစ်သည့် အတွက် တရားသူကြီးများသည် ဥပဒေပညာရှင်များမဟုတ် ခဲ့။ လက်ရှိဦးသိန်းစိန်အစိုးရလက်ထက်တွင်တော့ ပြည် ထောင်စုတရားစီရင်ရေးဥပဒေအရ တရားရုံးများဖွဲ့စည်း ကာ ဥပဒေပညာရှင်များကို တရားသူကြီးများအဖြစ်ရွေး ချယ်ခန့်အပ်ခဲ့သည်။ ''ရှင်းရှင်းပြောရင် အရင်လူတွေမှားရင်တောင် ခွင့် လွှတ်နိုင်သေးတယ်၊ သူတို့ ဥပဒေပညာမှ မတတ်ဘဲ။ အရင် လူတွေအမှားနဲ့ အခုတရားသူကြီးတွေမှားတဲ့သတင်းတွေ နဲ့နှိုင်းယှဉ်ကြည့်ရင် ဥပဒေမတတ်တဲ့၊ မကျွမ်းကျင်တဲ့တ ရားသူကြီးတွေကို ပြန်လွမ်းရမယ့်သဘောရောက်နေတယ်'' ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က နှိုင်း ယှဉ်ထောက်ပြသည်။

တရားစီရင်ရေးစနစ် ဘာတွေပြောင်းလဲခဲ့လဲ

ယခုအခါ စစ်အာဏာရှင်အစိုးရများမှတစ်ဆင့် ခေတ် အဆက်ဆက်ပြောင်းလဲလာခဲ့သည်မှာ စစ်အစိုးရတစ်ဖြစ် လဲ အရပ်သားအစိုးရလက်ထက်တွင် တရားစီရင်ရေး ယန္တ ရားလည်ပတ်ခဲ့သည်မှာ သုံးနှစ်သုံးလပင် တင်းတင်းပြည့် ခဲ့ပါပြီ။ ပြိုလဲစပြုနေသော ယိုင်နဲ့နဲ့တရားစီရင်ရေးမဏ္ဍိုင် ကြီး ပြန်လည်တည့်မတ်လာပြီလား၊ ပြောင်းလဲလာပြီလား ဆိုလျှင် ပြောစမှတ်ပြုလောက်အောင် ပြောင်းလဲမှုမျိုးမရှိ ခဲ့ဟု ရန်ကုန်တိုင်းမ်ကမေးမြန်းခဲ့သော တရားရေးဝန်ထမ်း များ၊ ဥပဒေပညာရှင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက တစ်သဘောတည်း ဆိုပါသည်။

''ပြောရရင် ဘာမှမပြောင်းလဲသေးဘူး။ မူတွေကလဲ အရင်အစိုးရလက်ထက်တုန်းက ချထားတဲ့မူပါပဲ။ တရား သူကြီးတွေကလဲ အောက်ခြေတရားသူကြီးတွေကအစ အရင်အစိုးရခန့်ခဲ့တာပဲ။ တရားသူကြီးတချို့သာ လွှတ်တော် မှာပြောင်းလဲခန့်ခဲ့တာကိုး''ဟု ဦးသိန်းညွန့်က ကောက်ချက်ချပါသည်။

စစ်အစိုးရခေတ်သည် စစ်မိန့်များဖြင့်ပိတ်ထားသည့် အိတ်ကိုဖွင့်ဖတ်ပြီး တရားစီရင်ရသည့်ခေတ်ဖြစ်ခဲ့သည်။

ထိုခေတ်ကိုကျော်လွန်ခဲ့သည်ဟုဆိုနိုင်သော်လည်း ''ပြစ်မှု တစ်ရပ်မှာ သူ့ရဲ့ပြစ်မှုဒီဂရီအတိုင်းပဲ စီရင်ချက်ချဖို့တော့ လိုအပ်တယ်''ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်း က ဆိုပါသည်။ ရှေ့နေတစ်ဦး နေ့စဉ်ကြုံတွေ့နေရသော အမြင်အရဆိုရလျှင် တရားသူကြီးများ၏ လုပ်ထုံးလုပ်နည်း ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအင်မတန်ပြတ်တောက်နည်းပါး နေသည်ဟု ၄င်းက ဆက်ပြောသည်။

''အားသာချက်ကတော့ စစ်အစိုးရလက်ထက်ကလို စာအိတ်ဖွင့်ဖောက်ပြီး တရားစီရင်တဲ့စနစ်မဟုတ်တော့ ဘူး။ တရားခွင်မှာ အရင်ထက် ပွင့်ပွင့်လင်းလင်းတင်ပြ ခွင့်ရလာတဲ့အဆင့်ပဲရှိသေးတယ်''ဟု ဦးကျော်ငြိမ်းက သုံးသပ်သည်။

ယနေ့ခေတ်မှာ တရားစီရင်ရေးမဏ္ဍိုင်အတွက် အ ဆိုးဆုံး၊ အရုပ်ဆိုးအကျည်းတန်ဆုံးဖြစ်ရပ်ကတော့ တရား မမှုဖြစ်စေ၊ ရာဇဝတ်မှုဖြစ်စေ သက်ဆိုင်ရာတရားသူကြီး များက စီရင်ထုံးများအပေါ်မှာ စီရင်ချက်များဖြင့် လွှမ်းမိုး ဖို့လုပ်နေသည့်အဆင့်ပဲဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ထောက်ပြသည်။ ''အင်မတန်အရုပ် ဆိုးတာတွေကို ဆောင်ရွက်ခဲ့တယ်၊ ဆောင်ရွက်နေတယ်၊ အဲဒီအတိုင်းပဲ ဆက်သွားနေတယ်။ ဒါကို ဖြေရှင်းဖို့အတွက် ဆိုရင် တရားရုံးက တရားသူကြီးချုပ်က အများပြည်သူနဲ့သက် ဆိုင်တဲ့အမှုတွေကို အထူးအယူခံရုံးဖွင့်လှစ်ပြီး ကြားနာဖို့ ကောင်းတယ်''။

တရားရင်ဆိုင်သူများက တင်ပြသည်ဖြစ်စေ၊ မတင် ပြသည်ဖြစ်စေ လက်ရှိတရားစီရင်ရေးမဏ္ဍိုင်ကို ပြက်ရယ် ပြုနေသည့်ထိုကိစ္စမျိုးကို မြန်မြန်ဆန်ဆန်ပြင်ဆင်မှုမပြု နိုင်လျှင် လာမည့်ငါးနှစ်မြောက်လွှတ်တော်အစည်းအဝေး တွင် အကြီးမားဆုံးသောစိန်ခေါ်မှု ဖြစ်လာလိမ့်မည်။

(အေးချမ်းမွန် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

No comments: