Saturday, May 17, 2014

ဗီယက်နမ်ရှိ တရုတ်လူမျိုးများ ကမ္ဘောဒီးယား ထွက်ပြေး

ဗွီအိုအေ (မြန်မာပိုင်း) - 15.05.2014 07:12

တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ စုရုံးနေစဉ်
တောင်တရုတ်ပင်လယ်ပြင်အတွင်း ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ တို့အကြား ရေပိုင်နက်အငြင်းပွားမှု ဖြစ်ပေါ်နေတာရဲ့ နောက်ဆက်တွဲအဖြစ် ဗီယက်နမ်နိုင်ငံထဲမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာကြောင့် ဗီယက်နမ်နိုင်ငံမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ကမ္ဘောဒီးယားနိုင်ငံထဲ ထွက်ပြေးနေကြပါတယ်။

အခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသား အများအပြား ကမ္ဘောဒီးယားနိုင်ငံထဲကို ထွက်ပြေး ၀င်ရောက်လာကြတယ်လို့ ဖနွမ်းပင်မြို့မှာရှိတဲ့ ဗီယက်နမ်သံရုံး ပြောခွင့်ရ Trung Van Thong က ဗွီအိုအေ ခမာသတင်းဌာနကို ပြောပါတယ်။

တရုတ်နိုင်ငံသားတွေကို ဗီယက်နမ်နိုင်ငံထဲက မောင်းထုတ်တာမဟုတ်ဘဲ သူတို့သဘောနဲ့ သူတို့ ထွက်လာကြတာသာဖြစ်ကြောင်းနဲ့ တရုတ်လူမျိုးတွေ ဘာကြောင့် ဗီယက်နမ်နိုင်ငံထဲမှာ မနေချင်ကြတော့သလဲဆိုတာ သူမသိတဲ့အကြောင်း Trung Van Thong က ပြောတယ်လို့ ဆိုပါတယ်။

တရုတ်လူမျိုး ဘယ်နှစ်ယောက်လောက် ထွက်ပြေးသွားသလဲဆိုတဲ့ အရေအတွက် အတိအကျကို မသိနိုင်သေးသလို ကမ္ဘောဒီးယားနိုင်ငံကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ပြောဆိုဖို့ ငြင်းဆိုနေပါတယ်။ ဗီယက်နမ်နိုင်ငံ တောင်ပိုင်း မှာရှိတဲ့ တရုတ်နဲ့ ထိုင်ဝမ် စက်ရုံတွေကို အုပ်စုဖွဲ့ ၀င်ရောက် တိုက်ခိုက်ပြီးနောက်ပိုင်း အခုလို တရုတ်လူမျိုးတွေ ထွက်ပြေးလာတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် ခမာ - ဗီယက်နမ် အသင်းဝင်တွေအနေနဲ့ ဖနွမ်းပင်မြို့မှာရှိတဲ့ တရုတ်သံရုံးအပြင်မှာ အခုသီတင်းပတ်အတွင်း ဆန္ဒပြသွားမယ်လို့ အဖွဲ့ခေါင်းဆောင် Sem Chi က ပြောပါတယ်။

1 comment:

Tomahawk said...

ဗီယက်နမ်နဲ့၊တရုတ်ဆိုတာယဉ်ကျေးမှူအ
လွန်တူတယ်။၂နိုင်ငံစလုံးကွန်မြူနစ်အခြေခံ
ခြင်းလည်းတူတယ်။နှစ်သစ်ကူးတဲ့နေ့လည်းအတူတူပဲ
ဒါပေမဲ့အနိုင်ကျင့်ဗိုလ်ကျချင်တဲ့တရုတ်ပြည်
ရဲ့ရန်လိုမှူတွေကအိမ်ရှင်ဗီယက်နမ်တွေရဲ့
ဒေါသတွေကိုနှိုးဆွပေးပြီးမျိုးချစ်စိတ်ရှိတဲ့
ဌာနေဗီယက်နမ်တွေကိုပေါက်ကွဲစေခဲ့တယ်။
အိမ်ရှင်ကိုစော်ကားရင်တော့၊အိမ်ရှင်နှင်ထုတ်တာဧည့်သည်ခံရပါလိမ့်မယ်
china is very bulling in the region, they
think they can do like they had been colonielized in 18th century. They must know this is 21st century,if they are trying to continue like this china will have to pay big price and there will be more damage and insecurity for oversea migrated chinese.
တရုတ်ပြည်ကမကြာသေးခင်ကပဲပညာပေးခံ
လိုက်ရတာအားလုံးသိကြမှာပါ။
မလေးရှားလေယာဉ်ပျောက်သွားတယ်လေ
ပြည်မတရုတ်တွေကအနောက်ပိုင်းပန်းသေး
တွေကိုချေမှူန်းနေတဲ့အတွက်ခံရတာပဲ။
ဗမာပြည်မှာလဲဒီတရုတ်တွေရဲ့ဗိုလ်ကျနယ်ချဲ့ချင်ဘိန်းတရုတ်တွေ၊မင်းတို့ကြိုက်သလောက်ချမ်းသာစမ်းပါစေ
အလွန်အကျွံဖြစ်လာတဲ့တနေ့ကျရင်မင်းတို့
သေပြေးရှင်ပြေးပြေးရလိမ့်မယ်။
ဘာသာရေး(ကုလား)နဲ့မှိုင်းတိုက်နေခြင်းပာာ
လည်း၊ဒီလိုပြသနာကြီးတရုတ်ဖက်လှည့်မလာအောင်တရုတ်ဖင်ခံတဲ့အာဏာရှင်တစုကအသေ
အချာဖန်တီးနေတာပဲ။
နောက်ဆုံးမတော့ကိုယ်လုပ်ခဲ့သမျှကိုယ်ပြန်
ပေးဆပ်ရပါလိမ့်မယ်။
you can only live once, not twice.