Thursday, May 29, 2014

မဘသနဲ့ စစ်အုပ်စုနဲ့ မရောပါနဲ့ ဟုတ်လား …

ချိုတူးဇော်
(Cho Tu Zal's Facebook Status)

အမျိုး ဘာသာ သာသနာ အကြောင်းပြပြီး စစ်အုပ်စုကို ထောက်ခံ၊ ကြံ့ဖွံ့ကို မဲပေးဖို့ တရားဟောနေတဲ့ ဒီဘုန်းကြီး၊ ဒီဂိုဏ်းဂဏကို ဘာကိစ္စ စစ်အုပ်စုနောက်လိုက်၊ စစ်အုပ်စုနဲ့ တဂိုဏ်းထဲ မသတ်မှတ်ရမလဲ။

ကျနော်တို့တိုင်းပြည်မှာ ကိုယ့်အမျိုးသားတွေ အချုပ်အခြာအာဏာ ပိုင်ရမယ် ဟုတ်စ။

၆၂ နောက်ပိုင်းက စ ပြီး၊ တရှိန်ထိုး ဆင်းရဲနိမ့်ပါးခဲ့တဲ့ ဒီတိုင်းပြည်ကို ဘယ်တိုင်းတပါးသား၊ ဘယ်လူမျိုးခြား၊ တရုတ်၊ ကုလား၊ ကပြား ကမှ အုပ်ချုပ်ခဲ့တာ မဟုတ်ဘူး။ ခင်ဗျားတို့ မဘသ ထောက်ခံနေတဲ့ အဲဒီ စစ်ဗိုလ်ချုပ်တွေပဲ အုပ်ချုပ်ခဲ့တာပဲ။

အဲဒီ စစ်ဗိုလ်ချုပ်တွေ မဆလ၊ န၀တ၊ နအဖ၊ ကြံ့ဖွံ့ နာမည်အမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာ မြန်မာတွေဟာ တိုင်းတပါးနိုင်ငံတွေမှာ ကျွန်ဖြစ်နေတာ ကြာပေါ့။ ခင်ဗျားတို့ ပြောတဲ့ ထိုင်းနိုင်ငံက ဖာတန်းမှာ မြန်မာမတွေချည်းပဲ။ အောက်ခြေ ကျွန်လို အလုပ်သမားတွေဟာ မြန်မာတွေချည်းပဲ။

ဒီလို တမျိုးသားလုံး ကျွန်ဇာတ်သွင်းခဲ့တာ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ဒီလောက်တောင် မဘသ ဆိုတဲ့ ဘုန်းကြီးတွေမှာ မျက်စိ၊ နား မပါဘူးလား။ စဉ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက်အသိဉာဏ်မရှိကြဘူးလား။

ဒီလို တတိုင်းပြည်လုံး အခြေအနေက လွတ်မြောက်ဖို့ ဒီစနစ်ဆိုးကြီးအောက်ကနေ ရုန်းထွက်ဖို့၊ ခေတ်အဆက်ဆက် ရုန်းကန်နေခဲ့တဲ့ ပြည်သူတွေရဲ့ မျက်နှာကိုမှ မထောက်၊ ဒီအသက်ဒီအရွယ် ဒီဝါအထိ ဆွမ်းအလုပ်ကျွေးပြုလာတဲ့ ပြည်သူတွေကိုမှ အားမနာ၊ ဒီလို ကျွန်ဇာတ်သွင်းတဲ့ စစ်ဗိုလ်ချုပ်တွေကို ထောက်ခံရမတဲ့၊ မဲပေးရမတဲ့လို့ ဟောပြော၊ လှုံ့ဆော်တာထက် ရိုင်းစိုင်း၊ နိမ့်ကျတာ မရှိတော့ဘူး။

ခုချိန်မှာ ပြည်သူတရပ်လုံးဟာ ကမ္ဘာနဲ့ချီ ပြုပြင်ပြောင်းလဲလိုချင်တဲ့ စိတ်တွေ တက်ကြွနေတယ်။ နှစ်ပေါင်း ၆၀ နီးပါး အောက်ကျ နောက်ကျ နေနေရတဲ့ဘ၀တွေ၊ တိုင်းတပါးမှာ မျက်စိသူငယ်၊ နားသူငယ်နဲ့ မြန်မာဆိုရင် ခိုင်းဖတ်၊ ဖာသည် ဘ၀၊ အိမ်ဖေါ်ဘ၀ အနှိမ်ခံဘ၀တွေကနေ လွတ်မြောက်လိုတယ်။ ကိုယ့်မျိုးဆက်သစ်တွေကို ဒီလို နိမ့်ပါးတဲ့ ဘ၀တွေ မရောက်စေချင်တော့ဘူး။ ပြည်သူအားလုံးရဲ့ ယုံကြည်မှုဟာ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံတကာက လေးစားရတဲ့ ခေါင်းဆောင်တယောက်ရဲ့ ဦးဆောင်မှုနဲ့ လူကို လူနဲ့ တူတူတန်တန် ဒီမိုကရေစီစနစ် ထွန်းကားစေချင်၊ တိုးတက်ဖွံ့ဖြိုးစေချင်လှတယ်။

ဒီနှစ် ၆၀ အတွင်း ဒီစစ်ဗိုလ်ချုပ်တွေ တဦးချင်းသာ အဆမတန် ချမ်းသာသွားတယ်၊ ပြည်သူတွေ ဘယ်လောက်နိမ့်ပါးနေကြတယ်ဆိုတာ ကန်းနေ၊ ပင်းနေလို့ မမြင်၊ မကြားသလား။

အဲဒီ စစ်ဗိုလ်ချုပ်တွေကိုပဲ အမျိုးသားရေးအတွက် မဲထည့်ရမယ် ဟုတ်စ။

ခင်ဗျားတို့ထက် မိုက်ရိုင်းဖောက်ပြန်တဲ့ အဖွဲ့အစည်း သမိုင်းမှာ မရှိတော့ဘူးပဲ မှတ်ပါတယ်။

ခင်ဗျားတို့ဟာ တမျိုးသားလုံးရဲ့ သစ္စာဖောက်တွေ၊ ပြည်သူလူထုကို ကျွန်ဇာတ်သွင်းတဲ့ သစ္စာဖောက်တွေအနေနဲ့ သမိုင်းမှာ တရားခံဖြစ်ကြပါဦးမယ်၊ မပူပါနဲ့ ...။ ။

6 comments:

Unknown said...

စစ်တပ်အုပ်ချုပ်တာကို မကြိုက်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကိုချည်း မဲပေးဖို့ရာလည်း မဖြစ်နိုင်ပါဘူး။
ကျွန်တော်တို့ကို ဒေါ်အောင်ဆန်းစုကြည်ဘက်လိုက် သို့တည်းမဟုတ် ပြည်ခိုင်ဖြိုးဘက်လိုက်ရမယ်လို့လည်း အတင်းအကျပ်ဘယ်သူမှ စည်းမကြပ်ထားပါဘူး။
ကျွန်တော်တို့ကြည့်ရမှာက ဘယ်သူကမှန်လည်း ဘယ်ကိုထောက်ခံရင် တိုင်းပြည်အတွက် ပိုအကျိုးရှိမလဲ။ ဒါကိုမြင်အောင်ကြည့်တက်ဖို့တော့ လိုပါတယ်
စကားတစ်ခွန်းတော့မှတ်သားဖူးတယ်။ ကောင်းတာလုပ်နေတုန်း ချက်ခြင်းချီးကျူးပါတဲ့။
နောက်ပြောချင်တာက အမှားနှစ်ပေါင်းလို့ အမှန်တစ်ခုဖြစ်မလာပါဘူး။

Unknown said...

ဒေါ်စုဟာ ဗိုလ်ချုပ်သမီး ဖြစ်တဲ့အတွက် ကျွှန်တော်တကယ် ချစ်ပါတယ်။သူ့အရည်အချင်း တွေကိုလည်း တကယ်လေးစားပါတယ်။သူ့ကိုကျွှန်တော့် မိခင် လိုသဘောထားပါတယ်။ ဒါပေမယ့် ကုလားကိုတော့ မုန်းတာ အမှန်ပဲ။

S.Maung Chain said...

Bravo!! !!!!!!!!!!!!!!

Bravo!!!!!!!!!!!!!!!!

Bravo!!!!!!!!!!!!!!!!

Bravo!!!!!!!!!!!!!!!!


The best article and the brave writer.

Maung Maung Kyaw Win said...

They are not the real monks. This kind of monks would take food in the middle of the night when good people are fallen asleep. They would even sleep with prostitutes. They are not hesitate to kill an innocent people if they are given orders by their superiors, possibly the generals whose hands are stained with blood. Our democracy icon was once narrowly escaped from the assassination attempt which was carried out by Kyantphoot mobs in which many bogey monks were involved. Beware of those kind of monks. They are now back in action.

Unknown said...

မှန်လွန်းလို့၊ ဟုတ်လွန်းလို့ ဘယ်လိုပြောရမှန်းတောင်မသိ တော့ဘူဗျာ...

Unknown said...

ကိုယ်စိတ်နဲ့ ထပ်တူမကြလို့ ပဲ ဖြစ်ဖြစ် စိတ်ခံစားပြင်းလို့ပဲ ဖြစ်ဖြစ် စကားကို နားဝင်ကောင်းအောင် ပြောလို့ ရပါတယ်။ ငါ့တူ အများဖတ်ဖို့ စာတွေးရေးနေတာဟာ စာတွေအများကြီးဖတ်ထားလို့ပါ။ ဦးလေးတို့ဆို ငါ့တူတို့ ရေးတဲ့ စာတွေဖတ်နေရတာ။ စာရေးသူဟာ စာဖတ်သူရဲ့ စံပြပါ။ ခံစားချက်ကို ရှေ့တမ်းတင်ရင်တောင် စာနဲ့ စကား ဖြေးဖြေးနဲ့ နားဝင်အောင်ပြောပါ။ရေးပါ ။ ဦးတို့က ဘယ်ပါတီမှ မဟုတ်ဘူး စာဖတ်ပရိတ်သတ် တစ်ဦးပါ ဒါမေပဲ့ ကြမ်းတမ်း အပြုအပြောတွေကိုတော့ မနှစ်သက်သလို ကိုယ်တိုင်လဲ မပြောဖြစ်အောင်နေပါတယ်။ငါ့တူ တို့လို စာမရေးတတ်တော့ စာဖတ်သူရဲ့ စံပြကောင်းမဖြစ်နိုင်ပေမဲ့ ဦးရဲ့ သားသမီးများရဲ့ စံပြဖြစ်ချင်လို့ပါ။