Sunday, May 25, 2014

စစ်အာဏာသိမ်းစေချင်တယ်

စစ်အာဏာသိမ်းစေချင်တယ်
ကိုမွှေး

စစ်အာဏာသိမ်းစေချင်တယ်
စစ်မှာ အာဏာ မရှိသင့်ဘူး၊
စစ်မှာ ခုခံအားတွေပဲ ရှိသင့်တယ်၊
စစ်မှာ တွန်းလှန်အားတွေပဲ ရှိသင့်တယ်၊
စစ်မှာ ကာကွယ်အားတွေပဲ ရှိသင့်တယ်၊
စစ်မှာ ငြိမ်းချမ်းမှုတွေပဲ ရှိသင့်တယ်၊

စစ်တပ်ဟာ
မိသားစုရဲ့ အားကောင်းမောင်းသန်
သားကောင်းရတနာ ဖြစ်သင့်တယ်။

စစ်တပ်ဟာ မိဘကို သေနတ်ထောက်
ညီမကို ခြေတော်တင်
ညီငယ်ကို ကားစင်ပို့
မြို့မျက်နှာဖုံးယောင်ဆောင်
အချိတ်ပုဆိုးတပြောင်ပြောင်နဲ့
လူကြားထဲ တောကြောင် မလုပ်သင့်ဘူး။

စစ်အာဏာသိမ်းစေချင်တယ်။

ကိုမွှေး

No comments: