Thursday, April 24, 2014

သတင်းစာဆရာကြီး ဦးဝင်းတင်၏ ရုပ်ကလာပ်ကို ဂူသွင်းသဂြိုဟ်ခဲ့၊ ဂူသွင်းရာနေရာသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုအများအပြား လိုက်လံ ပို့ဆောင်ခဲ့ (ရုပ်သံ)

2 comments:

Hurricane Sandy said...

*** Blue Diamond Of Burma ***

ဦးဝင်းတင်ဟာ ထောင်ထဲမှာအနှစ် ၂၀ နီးပါးဖမ်းဆီးနှိပ်စက်ခဲ.တာတောင် ကြံ.ကြံ.ခံပြီး စစ်အစိုးရကို သေတဲ.အထိ ဆက်လက် ဆန်.ကျင်တိုက်ပွဲဝင်သွားခဲ.တယ် ၊
သူ. ခန္ဓာ တစ်ခုလုံး စုတ်ပြတ်သတ်သွားတဲ.အထိ တိုင်းပြည်အတွက်ပေးဆပ်ခဲ.တယ် ။
..
သူ.ကို လူတွေ သံမဏိခြင်္သေ. ကြီးလို. တင်စားကြတယ်ဗျာ ။
..
ဒါပေမယ်. ကျုပ်ကတော. သူ.ကို
..
*** Blue Diamond Of Burma *** လို. တင်စားချင်တယ်ဗျာ ။

သူဟာ ကမ္ဘာ.သမိုင်း ၊ မြန်မာ.သမိုင်းမှာ ထာဝရရှင်သန်နေမှာ ။

Burman Managers,Engineers and Scientists said...

ဆရာကြီးဦးဝင်းတင် ကို ဤကဗျာဖြင့် ဂါရဝ ပြုပါ၏။
ဒေါင်းအလံ
ရေးသူ ကုလားမင်းသား စရကား။

သူ့ ခေါင်းမှာ တဲ့ ဒေါင်းအလံ၊
ငါ့ခေါင်းမှာတဲ့ ဒေါင်းအလံ၊

ဒေါင်းအလံ ခေါင်းမှာပန်လို့ ၊
စနစ်ဆိုး ကို တော်လှန်၊
လူထုအားမာန်။

ခွပ်ဒေါင်း နှင့် ဒီမိုကရေစီ၊
ပြေ (ပြည်) မြန်မာ ညီဖို့  အရေး။
ဒေါင်းအလံ က အကြောင်းမှန် သရုပ်ဖော်၊
ရွှေပြည်တော် သာစေဖို့  အရေး။

ခွပ်ဒေါင်းသည် အလံ နှင့်၊
က ဒေါင်း သည် အလံတို့ ၊
ခြင်္သေ့ကို မြေမြှပ် သင်္ဂြိလ်၊
ပြည်မြန်မာ စို ပြေဖို့  အရေး။

ဒေါင်းအလံ နှင့် ကျောင်းသား၊
မောင်းပြန်နှင့် စစ်သား၊
တသွေးတည်းက ပေါက်ဖွား လာ၊
ကမ္ဘာ့ သမိုင်းမှာ ထင်ရှား။
ကျောင်းသားလည်း ဒေါင်းအလံ လွှင့်ချီ၊
စစ်သားလည်း ဒေါင်းအလံ လွှင့်ချီ။


ဒေါင်းအလံ ချီကာ ဦးဆောင်တဲ့၊
ဒေါင်းအိုကြီးရဲ့ နောက်ဆုံးခရီးမှာ၊
ဒေါင်းပျို များ ကုဋေ ကုဋာ၊ညီညာစွာစု ရုံး။
‘အဘိ’ ဆိုတာ ကြောက်ရွံ့ ခြင်း ကင်းမဲ့သူ၊
‘အဘိရာဇာ’ ဟာ သူတို့ ရဲ့ ဦးဆောင် ဘုရင်၊
ဒေါင်းတို့ ရဲ့ ပထမ မျိုး ဆက် ပင်၊
ဒေါင်းမျိုးဇာတိကို ဒေါင်းတို့  သတိ နှင့် ဆင်ခြင်။
{စကားချပ်။ ရက်စက်ကြမ်းကြုတ်သော ခြင်္သေ့ ၏အမှတ်တံဆိပ် ကို ပယ်ဖျက် ၍ “က ဒေါင်း” ဖြင့် အစားထိုးကြရန်လည်း ဤကဗျာဖြင့် တိုက်းတွန်းလိုပါသည်။ ကုလားမင်းသား စရကား။ }
from :http://wunzinminraja.blogspot.sg/search?updated-max=2014-04-25T14:54:00%2B08:00&max-results=7