Thursday, December 5, 2013

ဆွေးနွေးဘက်တွေ ဖင်ကြွလာစေရေး ...

“ဆွေးနွေးဘက်တွေ ဖင်ကြွလာစေရေး ...”

ဆွေးနွေးဘက်တွေက သာမန်လွှတ်တော်အမတ်တယောက်အဖြစ်သာ သဘောထားတော့တဲ့အချိန်မှ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတော့ အားပျော့သလိုဖြစ်ပြီး တဘက်လူတွေက ဆွေးနွေးဖို့အရေး အင်တင်တင် လုပ်နေတော့တာပေါ့ (တကယ်ဆို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမ၀င်ခင်၊ NLD ပါတီမှတ်ပုံပြန်မတင်ခင်၊ တဘက်လူတွေ ကိုယ့်ကို အလေးထား လန့်ကျွတ်နေချိန်က အခုလို တောင်းဆိုခဲ့ရင် ဘယ်လောက်လှခဲ့လေမလဲ)။

အခုတော့ တဘက်လူတွေ အင်တင်တင် ဆက်မလုပ်ရဲအောင် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သာမန်လွှတ်တော်အမတ်တယောက် မဟုတ်ကြောင်း၊ နောက်မှာ လူထုရှိတဲ့ လူထုခေါင်းဆောင်ပီသကြောင်း အားအင်တွေ ထုတ်ပြဖို့ပဲ ရှိတော့သပေါ့။ ဒါမှ အင်တင်တင် လုပ်နေတဲ့ ဆွေးနွေးဘက်တွေ ဖင်ကြွလာပေမပေါ့။

ဒေါက်တာလွဏ်းဆွေ

3 comments:

Unknown said...

လွန်ခဲ့သောအနှစ်(၂၀)ကျော်တုန်းကလဲ ဒီစကားပြောခဲ့တာကို လန့်ပြီး နေအိမ်အကျယ်ချုပ်ထားခဲ့ ကြတာကို မေ့ကြဦးမယ်လို့မထင်ပါဘူး၊ အခုလဲ အမေစုဘက်က ဘယ်သူမှပါမလာကြသေးတာဟာ ရိုးမှရိုးရဲ့လား မောင်ပေါ်ဦးရဲ့။ စတုတ္တထမဏ္ဍိုင်ဆိုသူများ အာစေးနေကြပါလား၊ တိုင်းပြည်အတွက် ဒီလောက် အရေးကြီးနေတဲ့ကာလမှာ ၀ိုင်းပြီးတွန်းပေးကြမှပေါ့။ ပြိုင်တူတွန်းရင်ရွေ့နိုင်တာ သိကြတယ်မဟုတ်ဘူးလား။

Unknown said...

လေးစားပါတယ်အန်တီစုရယ်၊လက်နက်ကိုင်အုပ်စုကိုလက်နက်နှင့်ဖြိုခွဲနှိုင်မှပန်းတိုင်ရောက်မှာ၊
ဗမာပြည်နေထိုင်သောပြည်သူတွေမှာ၊လက်နက်ကိုင်စစ်အုပ်ကို၊စစ်လက်နက်ဖြင့်မဖြေရှင်းနိုင်သမျကာ
လပတ်လုံး၊နိစ္ဓထာဝရငရဲပြည်ကလွှတ်မှာမဟုတဘှုး။

Hurricane Sandy said...

- မီတာ ခတွေ မတက်ဖို. ပြည်သူတွေ တခဲနက်တောင်းဆို
နေပါလျက် လာမယ်. ဘတ်ဂျက် အကုန်မှာ တိုးကောက်မယ် ပြောတာ ။
- SEA Game အမီ အင်တာနက်လိုင်းတွေ ရှယ် ဖြစ်အောင် လုပ်မယ် ဆိုပြီး မဖြစ်လာတာ ၊
- ဖွဲ.စည်းပုံ ပြင်ဖို. ၂၀၁၅ နီးလာမှ လေသံပြောင်းပြီး
(ဖင်မကြွ ) အင်တင်တင် ဖြစ်နေတာတွေဟာ
နိုင်ငံရဲ.
ရှေ.အလားအလာ မကောင်းမယ်. ပုံရိပ်ဆိုးတွေ လို.
မြင်တယ်ဗျာ ။