Thursday, December 5, 2013

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖြစ်ပျက်လာသမျှ ကိစ္စအဝဝဟာ အစဉ်အဆက် အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေမှာ တာဝန်ရှိလို့ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း ပြော (ရုပ်သံ)

4 comments:

Unknown said...

မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က စက်မှုဇုံဥက္ကဌ၊ သစ်စက်လုပ်ငန်းရှင်ဦးအောင်ဆန်းမိသားစုအကြောင်း တင်ပြလိုပါတယ်။ ၄င်းတို့မိသားစုဝင်အားလုံးဟာ သစ်စက်လုပ်ငန်းအကြောင်းပြပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ကြလို့၊ တိုက်ကိုယ်စီ၊ ကားတ၀ီဝီနဲ့ပါ။ ဦးအောင်ဆန်းရဲ့သားငယ်တစ်ဦးဖြစ်တဲ့ မောင်တေဇာအောင်ဟာ ၂၀၀၈ခုနှစ်ထဲမှာ ၄င်းရဲ့ဖခင်ဖြစ်သူနဲ့ဆက်နွယ်တဲ့ မူးယစ်ဆေးရောင်းဝယ်သူများရဲ့ လက်ချက်နဲ့ပျောက်ဆုံးနေတာဟာ ယနေ့အထိပါ။ သေသလား၊ရှင်သလားလဲမသိပါ။ သရဏဂုံလဲ ပွင့်ပွင့်လင်းလင်းမတင်ရဲပါ။ ဦးအောင်ဆန်း၏ ဒုတိယသမီးဖြစ်သူ မခင်မြင့်ရီဟာ မူးယစ်မှုနဲ့ မကြာခဏအဖမ်းခံခဲ့ရသော်လည်း ပြန်လည်လွတ်မြောက်လာပါတယ်။ ပြန်လည်လွတ်မြောက်လာရင် ဆံပင်ကို ကတုံးလုပ်ထားပြီး အောက်မြန်မာပြည်ဘက် ဆင်းပြီး မယ်သီလရှင်ဝတ်သလိုလို သတင်းလွှင့်တတ်ပါတယ်။ ယခုဆိုလျှင် မခင်မြင့်ရီနဲ့ခင်ပွန်းဇော်မင်းဦးတို့ဟာ မြစ်ကြီးနားမြို့၊ (၆)မိုင်၊ ရွှေစက်ရပ်ကွက်မှာ မိုးပျံတိုက်ကြီးဆောက် ပြီး လင်ခရူဇာကားတစ်ဝီ၀ီနဲ့ပါ၊ သူတို့မိသားစုဟာလည်း သစ်စက်လုပ်ငန်းကို (၆)မိုင်မှာရှိတဲ့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဝင်းထဲမှာ ဘာသာရေးကို အကာအကွယ်ယူပြီး အကြီးအကျယ် လုပ်ဆောင်နေကြပါတယ်။ တာဝန်သိပြည်သူများက အာဏာပိုင်အဖွဲ့အစည်းများသို့ တင်ပြသော်လည်း အရေးယူဆောင်ရွက်မှုမရှိပါ။ ဦးအောင်ဆန်း၏သား မောင်ဇော်ဇော်အောင်ဆိုသူ မှာလည်း ဘိန်းဖြူ၏သားကောင်ဖြစ်နေပြီး အေအိုင်ဒီစက် ရောဂါဝေဒနာစွဲကပ်နေပါပြီ။ ကံ၊ ကံ၏အကျိုးလို့ဘဲ သတ်မှတ်ရမှာပါ။ သူများတစ်ကာ သားသမီးတွေ ပျက်စီးရာပျက်စီးကြောင်း မူးယစ်ဆေးဝါးရောင်းဝယ် ခဲ့တော့ ကိုယ့်သားလဲပျက်စီးတာ မဆန်းပါဘူး။ ဦးအောင်ဆန်းဟာ မူးယစ်ဆေးဝါးကရတဲ့ငွေကြေး အရှိန်အ၀ါနဲ့ ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် မှာလည်း အဖွဲ့ဝင်အဖြစ်နေရာယူထားပါသေးတယ်။ ပညာအရည်အချင်းက(၆)တန်းတောင်မအောင်ပါဘူး ခင်ဗျ၊ ဦးအောင်ဆန်းဟာ လွန်ခဲ့သော နှစ်ပေါင်း(၂၀)ကျော်တုန်းက လယ်ယာနှင့်သစ်တောဝန်ကြီးဌာန၊ (ယခုလယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန)ပလနစိုက်ကွင်း(ယခုမြန်မာ့စက်မှုသီးနှံဖွံ့ဖြိုးရေး ဦးစီးဌာန)မှာ ထွန်စက်မောင်းဝန်ထမ်းလုပ်ခဲ့ပါသေး တယ်။ အဲဒီနောက်ပိုင်းမှာ မူးယစ်လောကနဲ့ချိတ်မိပြီး ကြီးပွားလာခြင်းဖြစ်ကြောင်း တင်ပြလိုပါတယ်။ ကချင်ပြည်နယ်အာဏာပိုင်များအား တင်ပြသော်လည်း အရေးမယူလို့ ယခုလို ၀င်ရောက် တင်ပြရခြင်းဖြစ်ပါသည်။ အမည်မှန်ဖြင့်မတင်ပြရခြင်း မှာ ဦးအောင်ဆန်း၏ဂိုဏ်းအား ကြောက်လို့ဖြစ်ပါတယ်။ သူ့ရဲ့အင်အားကကြီးမားပါတယ်။ လာဘ်မစားတဲ့ ရဲများကို သေချာစိစစ်ခိုင်းရင် အဖြေမှန်ပေါ်ပေါက် လာပါလိမ့်မယ်.

VIP said...

ကော.သောင်း မှာ တော. မူး ယစ် ရဲ တွေ ပုရွက်ဆိပ် ဘဲ.ဖမ်း တယ်။ ဂေါ်ဇီလာ တွေကိုတော့မဖမ်းဘူး။
ဆက် ကြေး ဘဲ့ယူတယ်။
December 7,2013at 11;30pm

Dragon. said...

ဆေး ချရင်ချတယ်ပေါ. ၊ ကိုဇင်ဝိုင်းရယ် ။ ပိုက်ဆံအိတ်
ဖေါင်းလာရင် ပျက်စီး တတ်ကြတာ သဘာဝပါ ။