Tuesday, December 17, 2013

ငြိမ်ဆေးများ

ငြိမ်ဆေးများ

နာဂစ်ဥပဒေနဲ့ အမတ်ဖြစ်ချင်သူ
အမတ်ဖြစ်ခွင့်ပေးမည်။

လက်နက်စွန့်ပြီး ပါတီထောင်ချင်သူ
ပါတီထောင်ခွင့်ပြုမည်။

အတုအယောင်ငြိမ်းချမ်းရေးအတွက် ကားပါမစ်လိုချင်သူ
ကားပါမစ်ပေးမည်။

နိုင်ငံရေးစွန့်ပြီး ကုမ္ပဏီထောင်ချင်သူ
ကုမ္ပဏီထောင်ခွင့်ပြုမည်။

အန်ဂျီအိုထောင်ပြီး လုပ်စားချင်သူ
လုပ်စားခွင့်ပေးမည်။

ကမ္ဘာပတ်ပြီး ဆုယူချင်သူ
ဆုယူခွင့်ပြုမည်။

ကမ္ဘာပတ်ပြီး မိန့်ခွန်းခြွေချင်သူ
မိန့်ခွန်းခြွေခွင့်ပေးမည်။

ကမ္ဘာပတ်ပြီး ဖက်ရှင်အလှပြချင်သူ
ဖက်ရှင်အလှပြခွင့်ပြုမည်။

လေပုပ်လေဆိုးတွေ ထွက်တဲ့အထိ ပွင့်လင်းချင်သူ
ပွင့်လင်းခွင့်ပေးမည်။

မြန်မာပြည်မက ကမ္ဘာပတ်ပြီး စာပေဟောပြောချင်သူ
စာပေဟောပြောခွင့်ပြုမည်။

အထိမ်းအမှတ်တွေ၊ အခမ်းအနားတွေ ကျင်းပပြီး အလွမ်းသယ်ချင်သူ
အလွမ်းသယ်ခွင့်ပေးမည်။

ဘာပွဲတော် ညာပွဲတော်တွေ ကျင်းပပြီး အပျော်ကျူးချင်သူ
အပျော်ကျူးခွင့်ပြုမည်။

---------------
------------------------

ပြည်သူ့နစ်နာဆုံးရှုံးမှုအတွက် တောင်းဆိုပေးချင်သူ
ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုချင်သူ
ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ချင်သူ
ကြည်ညိုစရာမကောင်းတဲ့ အစိုးရကို အကြည်ညိုပျက်စေသူ
မတရားတဲ့ ဥပဒေပုဒ်မတွေ ဖျက်သိမ်းဖို့ တောင်းဆိုသူ
စစ်အုပ်စုရဲ့ မတော်မတရားအကျိုးစီးပွားပျားအုံကြီးကို တုတ်နဲ့ထိုးသူ
ရေမရောတဲ့ ဒီမိုကရေစီစစ်စစ်လိုချင်သူ
(လာထား ... လာထား ...)
အင်းစိန်တောရ ...
အိုးဘိုတောရ ...
... တောရပေါင်းစုံတွင် တရားအားထုတ်ခွင့်ပြုမည်။ ။

ဒေါက်တာလွဏ်းဆွေ
(၁၃-၁၂-၂၀၁၃)

6 comments:

yoo said...

၁။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အငြိမ်းစား)
၂။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကာကွယ်ရေးဦးစီးချုပ်)
၃။ ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ)
၎။ ဦးရွှေမန်း (ပြည်ထောင်စုလွှတ်တော် နာယက)
၅။ ဦးအောင်သောင်း (ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ)
၆။ ဗိုလ်ချုပ်ကြီး ခင်ညွန့် (အငြိမ်းစား)
၇။ ဒေါ်အောင်ဆန်းစုကြည် (NLD)
၈။ ဦးပေါက်ယူချန်း (UWSA)
၉။ ဗိုလ်ချုပ် ဂွမ်မော် (KIA)
၁၀။ ဗိုလ်ချုပ် မူတူး (KNU)
၁၁။ ပဒိုဒေးဗစ်သာကပေါ (KNU)
၁၂။ ဦးခွန်ထွန်းဦး (SNLD)
၁၃။ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ် (RCSS/SSA)
၁၄။ နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ)
၁၅။ ရဲဘော်ဖိုးသံချောင်း (ဗမာပြည်ကွန်မြူနစ်ပါတီ)
၁၆။ ကိုမင်းကိုနိုင် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

" တို့ ကိုလဲ တွေ့ ချင်သေးတယ်..
တို့ အကြောင်းတွေလဲ အကုန်သိ.."

" ဂါမဏိ ရဲ့ ဆင်ရိုင်းကို.....
သီချင်းလေးငြီး ပွတ်သပ်ပေးရင်း ယဉ်ပါးလာအောင်လုပ်ပေးပါမယ်လို့ ကတိပေးပြီး..
လူအလစ်မှာ...
ဇက်ကနဲ..လဥ ဖြစ် သတ်ခဲ့တဲ့ လူဆိုး..
ယုံဘူး...တွေ့ တော်ဘူ.."

yoo said...

ကဗျွတ်ဆရာ လွမ်းနီ လား လွန်းပန်းရောင်လား မသိ သူက စာအုပ်ထုတ် ဖို့ အကြောင်းပြ ဂွင်ဖန်။..ဆိုပဲ..။
ဒီတော့...ထုတ်ဖို့ ပေးမည်..ပေါ့..။
ဟ..ဟာ..ဟ။

ဒါ...
ရန်ကုန်မှာ...လူသေရင်...
ဖယောင်းတိုင်ထွန်းရင်..
ဧရာဝတီ မြစ် ပျက်စီးတော့မယ်ဆိုရင်..
ထ ထ လက်သရမ်းတဲ့ မိတ်ဆွေကြီးလွမ်းဏီပဲဖြစ်မယ်..။
စစ်ကိုင်းက သူ့ ဘကြီးဆွေမျိုးတစ်သိုက်
ဧရာဝတီမြစ်ကမ်းမှာ အိမ်သာကို မေးတင်ဆောက်ထားပြီး
မျော်ချနေတာကျ..
မသိချင်ယောင်ဆောင်နေတယ်...။
ဒုက္ခပါပဲ..ပြောရမလို ဖြစ်နေပြီ...။

Unknown said...

Hello Mr Man
who the hell are you
what do you like to be
who do you like to be
where would you like to be
what the HELL you wish to say
I don't see where is the point you make good to any one.

ဒေါက်တာလွဏ်းဆွေ said...

အန်ကယ်ဦးသန်းရွှေကို အင်တာဗျူးခွင့်ရဖို့အတွက် အန်ကယ်ဦးသန်းရွှေရဲ့ ငယ်မွေးခြံပေါက် yoo နဲ့ အရင် ယုံကြည်မှုတည်ဆောက်ရမယ်နဲ့ တူတယ်။ ဟဲ ဟဲ ...။ ခင်လို့ စတာပါ။ :)

COBRA said...

ကောင်းလိုက်တဲ.ကဗျာ ။
. . . ယနေ. မြန်မာပြည် မှာ စစ် အစိုးရရဲ. အားလုံးကို
. . ပုံစံသွင်း ပြီး ကြိုးရှည်ရှည် နဲ. လှန်ထားပုံကို
သရော်ထားတဲ. ကဗျာပါ ။
Poem of the year(2013). ပါဘဲ ။
.
LIKE - 100% ။

S.Maung Chain said...

Is not a poem.It is the revolution aesthetic writing.It is the real truth mirror in Burma.
Don't wake up and watch even the military's dogs barking.Go ahead on your way Dr Lwan.