Tuesday, September 3, 2013

သတ္တိခဲအမျိုးသမီးကြီး နော်အုန်းလှ

သတ္တိခဲအမျိုးသမီးကြီး နော်အုန်းလှ
တူမောင်ညို

နော်အုန်းလှသည် ကင်မရာမီးရောင်တို့ ပြိုးပြက်သော စင်မြင့်ပေါ်က “ဒီမိုကရေစီကိုယ်ဟန်ပြမယ်” မဟုတ်။

နော်အုန်းလှသည် လက်ပံတောင်းတိုက်ပွဲခွင်မှ တိုက်ပွဲဝင် သတ္တိခဲအမျိုးသမီးကြီးတဦးဖြစ်သည်။ မတရားမှု၊ မမျှတမှုများရှိရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ပါဝင်တိုက်ပွဲဝင်သူလည်းဖြစ်သည်။ တမင်မေ့လျော့စွန့်ပယ်ထားခဲ့ကြသော “မတရားတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုသည့် ကြွေးကြော်သံကို ကိုင်စွဲကာ အပြောသက်သက်မဟုတ်၊ ကိုယ်တိုင် လက်တွေ့တိုက်ပွဲဖြင့် အကောင်အထည်ဖော်နေသူလည်းဖြစ်သည်။

နော်အုန်းလှသည် လက်ပံတောင်းဒေသခံမဟုတ်။ သို့သော်လည်း လက်ပံတောင်းဒေသခံများ လက်တွေ့ရင်ဆိုင်နေရသည့် မတရားမှု၊ နိုင်လိုမင်းထက်ပြုမူမှုများကို လက်ပံတောင်းဒေသခံများနှင့်အတူ အရေးကြီးလျှင်၊ သွေးနီးပြီး၊ သွေးစည်းသည်ဆိုသော မူဖြင့် တစိတ်တည်း တဝမ်းတည်း ရပ်တည်တိုက်ပွဲဝင်ခဲ့သည်။ သို့ဖြင့် “ဒေသခံမဟုတ်လျှင် ဝင်မပြောနဲ့” ဆိုသော စကားကို နော်အုန်းလှက လက်ပံတောင်းတွင် လက်တွေ့ကိုယ်တိုင် ပါဝင်လှုပ်ရှားမှုဖြင့် ချေပလိုက်သည်။

သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ မတရားမှု၊ ဖိနှိပ်အနိုင်ကျင့်မှုများသည် တပြည်လုံး နေရာအနှံ့ ဖြစ်ပွားနေသည်။ ထို့အပြင် ဘာသာရေး၊ လူမျိုးရေး အရေခြုံ ဗန်းပြပြီး လူသတ် မီးရှို့ အကြမ်းဖက်မှုများကို နေရာအနှံ့ လုပ်ကြံဖန်တီးလျက်ရှိ၏။ ကုလသမဂ္ဂ၏ မြန်မာနိုင်င်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စတာကင်တားနား၏ ယာဉ်တန်းကို အကြမ်းဖက် ရန်ပြုနိုင်စေရန် ကာဖျူးထုတ်ထားသည့်အကြားမှပင် အုပ်ချုပ်ရေးပိုင်းက ရည်ရွယ်ချက်ရှိရှိ ရှူးတိုက်ပေးခဲ့၏။

“နော်အုန်းလှသည် ကင်မရာမီးရောင်တို့ ပြိုးပြက်သော စင်မြင့်ပေါ်က ဒီမိုကရေစီကိုယ်ဟန်ပြမယ် မဟုတ်။ မြန်မာနိုင်ငံအနှံ့အပြားရှိ မတရားမှု၊ မမျှတမှုမျိုးစုံကို ရဲရင့်စွာ တိုက်ပွဲဝင်နေသောသူများ၏ ရှေ့ဆုံးတန်းမှ အလံကိုင် အမျိုးသမီးကြီး ဖြစ်လာခဲ့လေပြီ။”

သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် (နဝတ-နအဖ) စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲ၊ အဓမ္မ အတည်ပြုခဲ့သော “၂၀၀၈ အခြေခံဥပဒေ” ဖြင့် ဖိနှိပ်အုပ်စိုးနေသော အစိုးရ ဖြစ်သည်။ မတရားတဲ့ အမိန့် အာဏာ၊ ဥပဒေများအနက် “၂၀၀၈ အခြေခံဥပဒေ” သည် မတရားဆုံးသော ဥပဒေတခုဖြစ်ပါသည်။

နော်အုန်းလှသည် “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ လက်ပံတောင်းတောင်စီမံကိန်း လုံးဝ ဖျက်သိမ်းရေး၊ လက်ပံတောင်းတောင်အစီရင်ခံစာ လုပ်ငန်းဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးလှထွန်း အလိုမရှိ၊ ပြည်သူကို ညှဉ်းပန်းနှိပ်စက်သော ရဲများ အရေးယူပေးရေး” စသည့် အချက်လေးချက်ဖြင့် ဆန္ဒပြခွင့်ရရန် ဥပဒေဘောင်အတွင်းမှ အကြိမ်ကြိမ် ခွင့်ပြုမိန့်တောင်းခံခဲ့၏။ အုပ်ချုပ်ရေး အာဏာပိုင်များဘက်မှ နော်အုန်းလှ၏ တောင်းဆိုချက်ကို အလေးမမူ လျစ်လျူရှုခဲ့၏။

နော်အုန်းလှနှင့်အဖွဲ့သည် မုံရွာမြို့အတွင်း ဆန္ဒပြခြင်း၊ ကြွေးကြော်သံတိုင်ခြင်း၊ ပိုစတာကိုင်ဆောင်ထားခြင်း မရှိဘဲ၊ ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့ကြခြင်းသာဖြစ်သည်။ သို့သော်လည်း အာဏာပိုင်များဘက်မှ အကြမ်းဖက် ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ပြီး တရားစွဲဆိုပြီး ထောင်ချပစ်ခဲ့၏။

နော်အုန်းလှ၏ကိစ္စတွင်မူ သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ အငြှိုးနှင့် အာဃာတသည် ကွင်းကွင်းကွက်ကွက် ပေါ်လွင်လှပေ၏။ ဘာသာရေး၊ လူမျိုးရေး အရေခြုံဗန်းပြပြီး လူသတ် မီးရှို့ အကြမ်းဖက်သူများအပေါ် သက်ညှာစွာဖြင့် ပြစ်ဒဏ်စီရင်ချက်များ ချမှတ်နေသော်လည်း နော်အုန်းလှတို့ကဲ့သို့ နိုင်ငံရေးလှုပ်ရှားသူများအပေါ်တွင် အကြမ်းဖက် ဖမ်းဆီးပြီး အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခဲ့၏။

သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် ဘာသာရေးအဆောက်အအုံ (ဗလီ) ဖျက်ဆီးမီးရှို့သူ အကြမ်းဖက်သမားများထက် နိုင်ငံရေးလှုပ်ရှားတောင်းဆိုသူ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အငြှိုးအတေးဖြင့် ဖိနှိပ်နေသည်မှာ ပို၍ ထင်ရှားပေ၏။

သို့ဖြင့် ယခုအခါတွင် အင်္ဂါနေ့၊ အင်္ဂါထောင့် ဆန္ဒပြသူ နော်အုန်းလှသည် မြန်မာနိုင်ငံအနှံ့အပြားရှိ မတရားမှု၊ မမျှတမှုမျိုးစုံကို ရဲရင့်စွာ တိုက်ပွဲဝင်နေသောသူများ၏ ရှေ့ဆုံးတန်းမှ အလံကိုင်အမျိုးသမီးကြီး ဖြစ်လာခဲ့လေပြီ။

ကျနော်တို့သည် မတရားမှုနှင့် မမျှတမှုအပေါ် ခေါင်းငုံ့မခံ၊ တွန်းလှန်သော နော်အုန်းလှ၏ စိတ်ဓါတ်၊ သတ္တိနှင့်ရဲရင့်သော လုပ်ဟန်ကို အတုယူကြရမည်။ လေးစားဂုဏ်ပြုရမည်။ နော်အုန်းလှ လက်တွေ့တိုက်ပွဲဝင်ခဲ့သော တိုက်ပွဲဝင်လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်း တိုက်ပွဲဝင်ကြရမည်။ ဤနည်းလမ်းကသာလျှင် နော်အုန်းလှကို ဂုဏ်ပြုခြင်း၊ လေးစားခြင်းမည်ပေလိမ့်မည်။

နော်အုန်းလှ၏ စိတ်ဓာတ်၊ သတ္တိနှင့် လုပ်ဟန်သည် ယနေ့ မြန်မာအမျိုးသား၊ အမျိုးသမီးများအတွက် စံထားဂုဏ်ပြုစရာဖြစ်သည်။ ကျနော်တို့၏ အမျိုးသားအပေါင်းတို့သည်လည်း ခင်ဝင့်ဝါ၏ “ရင်- ခါး- တင်” အတိုင်းအထွာနှင့် ဘီကီနီအပေါ်တွင်သာ အာရုံတွေထား၊ အာရုံတွေများပြီး အမျိုးသားရေး မုန်တိုင်းထန်မနေသင့်ချေ။

လွှတ်တော်အတွင်း ဒီမိုကရေစီပါဝါစုံချနိုင်သော အမျိုးသမီးအမတ်များသည်လည်း အနိမ့်ဆုံးအားဖြင့် အမျိုးသမီးချင်းဟူသော စာနာစိတ်ထားဖြင့်ပင် နော်အုန်းလှနှင့် မကွေမကွာ အတူရှိနေကြောင်း ဆန္ဒသဘောထားတခုခု ထုတ်ဖော်ပြောဆိုသင့်ပေသည်။

နော်အုန်းလှအတွက် တစုံတရာမျှ ထုတ်မပြောဘဲ ပုဝါစုံချပြီး အသာမြုံနေကြမည်ဆိုလျှင် သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ ဖိနှိပ်အကြမ်းဖက်မှုများကို သွယ်ဝိုက်သောနည်းဖြင့် လက်ခုပ်သြဘာပေးနေခြင်းဟု မှတ်ယူရပါလိမ့်မည်။

နော်အုန်းလှသည် ကင်မရာမီးရောင်တို့ ပြိုးပြက်သော စင်မြင့်ပေါ်က “ဒီမိုကရေစီကိုယ်ဟန်ပြမယ်” မဟုတ်။ မြန်မာနိုင်ငံအနှံ့အပြားရှိ မတရားမှု၊ မမျှတမှုမျိုးစုံကို ရဲရင့်စွာ တိုက်ပွဲဝင်နေသောသူများ၏ ရှေ့ဆုံးတန်းမှ အလံကိုင် အမျိုးသမီးကြီး ဖြစ်လာခဲ့လေပြီ။

တူမောင်ညို
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်)

5 comments:

Unknown said...

The whole World and we know that Myanmar military regime had done very bad things on their own people in the past. They destroyed their own Country and the future of so many generations.
Whether those military dictators like it or not, they will have to face consequence sooner or later in this life as well as in next lives.
The main purpose of writing this comment is not to support military government, but to reveal the true character and loose moral of Tu Maung Nyo ( Nyo Tun/Khin Maung Tint/ Bay Dar ). I am not writing this comment to judge right or wrong for what he written against military dictator in this article. It will be judged by History, not me. You can write or talk all good things with powerful words, absolute truth or the words that people would like to read or hear.
However the most important thing is “Do as you do, and not necessarily what you say or write“
I would say that you and military regime are the similar creature. You write and talk very loudly for Justice, Democracy, Human Rights and so many good words like: Doe Ah Yale thon bar. But all are lies and just an empty shell.
For the people who don’t know you, they will think that you are fighting for justice and they may worship you as hero for what you wrote.
The real fact is that you seduced married women of your close friends, colleague from same party and break up their families. You may not believe or may not know how serious the sin of “Du Tha Na Thaw “.
You say one thing and do another thing. You committed so many bad things like military dictators. You will have to take responsibilities and face the consequence of sins you committed whether you like it or not. You will have to reap what you sow. You will have to payback one way or another for Your Own Karma sooner or later in this life as well as next lives similar to Myanmar military regime.

Unknown said...

နော်အုန်းလှကို များစွာ လေးစားပါသည်..

S.Maung Chain said...

She said DASSK is going on her way also we are going on our way either.

linlet-journal said...

မတူညီသော နည်းဗျူဟာများရှိသည့်အတွက်
တဖက်စောင်းနင်းမရေးသင့်ပါ၊
ဘုရားတောင်ကျင့်စဉ်ပြောင်းကျင့်မှဘုရား
ဖြစ်တော်မူခဲ့တာပါ၊
ဗိုလ်ချူပ် လည်းအမျိုးမျိုးပေါင်းခွာလုပ်ယူခဲ့
ရတာပဲလေ၊အခြေအနေအချိန်အခါကြည့်လုပ်
တာအကောင်းဆုံးပါ။

genius said...

I strongly support Daw Naw Ohn Hla.
She is a brave lady forever.