Monday, August 26, 2013

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က စစ်တပ်အစိုးရ ဖိနှိပ်ကျူးလွန်ခဲ့တာတွေကို ခုချိန်မှာ မေ့ပစ်မလား ခွင့်လွှတ်မလား (DVB Debate)


- DVB Debate - Part 2 click
- DVB Debate - Part 3 click

5 comments:

ဇင်မွန် said...

ဒါကပြည်သူတွေရဲ. သဘောထားဆန္ဒ အတိုင်းဘဲဖြစ်ရမှာပါလို.
DASSK ကပြောခဲ.တာ ကြားဖူးတယ်။
အရင်က သူမ ပြောခဲ.တာကိုပြောတာပါ ။

knife wafer said...

They all should be sentenced to death.

linlet-journal said...

မုန့်လုံးစက္ကူကပ်ဖြစ်နေပြီ၊
ကျားသနားမှနွားချမ်းသာရမဲ့ဘ၀ဖြစ်နေတာကို၊
အရင်ကလည်းခဏခဏအစားခံရပြီးပြီ၊
နွားကခြသေ့ ဖြစ်အောင်ပဲအရင်လုပ်ပါဦး၊
၆၂၊ရဇူလိုင်၊ဦးသန့်၊၈၈၊ဒီပဲရင်း၊၂၀၀၇၊အကုန်လား၊
၂၀၀၈နဲ့၂၀၀၁၀ရောတားနိုင်ရဲ့လား၊အခုပဲ
သမ္မတကြီး၊ဥက္ကဌကြီးဖြစ်နေကြတယ်မလား၊
ဗိုလ်ခင်ညွန့် ခုဆိုလွယ်ပါ့၊ဘာဖြစ်ချင်ကြတာလဲ၊တောင်း
ပန်စေချင်တာလား၊အပြစ်ပေးချင်တာလား၊
သူတို့ဖက်ကတော့လုံးဝပဲ၊ပြန်စဉ်းစားပါ၊
ဦးနေ၀င်းသာဆင်းတာ၊သူ့ထက်ဆိုးတဲ့
သူ့လူတွေကိုနိုင်ခဲ့ရဲ့လား၊ခုထိအစိုးရလုပ်
ကောင်းတုန်း၊မွှေကောင်းတုန်း
အသက်တွေထပ်အဆုံးရူံး ၊ ထောင်တွေ
ထပ်အကျမခံနိုင်ရင်ခိုင်ထူးရဲ့ မကျေနပ်ဘူး
လုံးဝမကျေနပ်ဘူး လို့အော်ပစ်လိုက်ပါ။
မီဒီယာများအဖြေထုတ်ဖို့အလုပ်လုပ်ပါ၊
မဖွကြပါနဲ့။

linlet-journal said...

ဗိုလ်သန်းရွှေသေပြီးရင်မောင်လှဆွေကို
ပြန်မေးကြည့်၊ကျနော်သာဦးသန်းရွှေ
ဆိုတောင်းပန်မှာလို့ပြောလိမ့်မယ်။
နောက်ထပ်နည်းနည်းလေးစောင့်၊
ဗိုလ်သန်းရွှေသေရင်သူတို့ လူပ်လို့ရပြီ။
လွှဲချလို့ရပြီ၊အဲဒီကျရင်တောင်းပန်ကြလိမ့်မယ်၊
နေ၊ စော၊ သန်း ၊တို့မကောင်းတာပါဆိုပြီး။
အကောင်းဆုံးက“ဟူစိန်၊ကဒါဖီ နည်းပဲ။
ပေးတော့ဆပ်ရလိမ့်မယ်၊
မသိလို့ ပါ၊ကိုနေမျိုးဇင် ၈၈ပြီးမှဘာလို့
စစ်ထဲဝင်တာလဲ၊အဲဒီလောက်လူသတ်နေမှန်း
သိရက်နဲ့၊
ဒီပွီဘီတော်ပါပြီ။

Unknown said...

ခွင့်လွှတ်ချင်ပါတယ် ဆိုဦးတော့..
ခွင့်လွှတ်ဖို့ ဆိုတာက အမှားကို သိပြီး တောင်းပန်သူရှိမှ.. အခုလူတွေက သူတို့အမှား သူတို့သိဖို့ နေနေသာသာ တိုင်းပြည်ကို ချောက်ထဲမကျခင် လက်တစ်လုံးအလိုမှာ ကယ်တင်လိုက်ရတယ်လို့ ပြောလို့ကောင်းနေတုန်းပဲ ရှိသေးတယ်။
ဦးလှဆွေရဲ့ ဂျပန်၊ ဗီယက်နန် ဥပမာတွေက ဆီလျှော်မှု လုံးဝ မရှိဘူး။
အဲလိုသာဆိုရင် ပြည်သူတွေ မလိုလားတဲ့ စစ်အာဏာရှင် စရိုက်ဆိုး အငွေ့အသက်အားလုံးကို အစိုးရရော၊ လွှတ်တော်ရော၊ အုပ်ချုပ်နေတဲ့ အဖွဲ့အစည်း အထက်-အောက် အားလုံး စိတ်ပါလက်ပါ အပြီးသပ်စွန့်လွှတ်လိုက်ပါ။ ဂျပန်၊ ဗီယက်နန်တို့လို့ ပြည်သူတွေက စိတ်ပါလက်ပါ ခွင့်လွှတ်လာပါလိမ့်မယ်။
ဒီနေရာမှာ တောင်းပန်တယ်ဆိုတာ.. နောက်နောင်ကို ဒီလိုအဖြစ်မျိုးပြန် မဖြစ်စေရပါဘူး။ ဒါကြီးကို ကျွန်တော်တို့ကိုတိုင် မှားမှန်းသိပါတယ်လို့ ပြည်သူ ကိုခေါင်းဆောင်လုပ်နေသူတွေက ပေးတဲ့ ပဋိဥာဉ်တစ်မျိုးပဲ။ အမျိုးသား ရင်ကြားစေ့ရေးအတွက် အင်မတန်အားရှိစေမယ့် ကတိက၀တ် တစ်မျိုးပဲ။
ဒီလို တိုင်းပြည်နဲ့ ပြည်သူက အင်မတန် လိုလားနေတဲ့ ကတိက၀တ်မျိုးကို ရိုးသားမှုရှိတဲ့ အစိုးရဆိုရင်၊ ရုပ်သေးရုပ် မဟုတ်တဲ့ အစိုးရဆိုရင် မလုပ်နိုင်စရာ အကြောင်းမရှိဘူး။
ကျော်ကိုကို ပြောနေတာတွေက နဲနဲ မာတာတာ ရှိပေမယ့် တကယ့် အမှန်တရားတွေပဲ။ ဒီလိုအသက်အရွယ်ရှိတဲ့ ဒီလို ပြည်သူတစ်ယောက်ရဲ့ အရောင်အသွေးမပါတဲ့ ခံစားမှု အစစ်အမှန်ပဲ။ စကားလုံးဆိုတာ လှအောင်ပြောလို့ရတယ်။ ရိုးသားစစ်မှန်မှုက လုပ်ယူလို့ မရဘူး။
စိတ်မပါသူကိုလည်း ဇွတ်ကြီးတောင်းပန်ခိုင်းလို့ အစစ်အမှန် မရနိုင်ဘူး။
အကောင်းဆုံးက linlet-journal ပြောသလို နွားက ခြင်္သေ့ဖြစ်အောင် အရင်လုပ်ပါ။ ကျွဲကူးရင် ရေပါစမြဲပါ။
ရဲရင့်မှုမရှိ၊ ခံယူချက် မခိုင်မာ၊ တာဝန်ယူလိုတဲ့ ပင်ကိုယ်ဓာတ်ခံ အားနည်းတဲ့သူတွေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတာ တိုင်းပြည်နာတယ်။ ဝေ့လည်ကြောင်ပတ် လုပ်တတ်မှ အလုပ်ဖြစ်တဲ့ အစဉ်အလာကြီး အားကောင်းနေသေးသမျှတော့ တိုင်းပြည်က အနှစ်သာရအားဖြင့် ဒုံရင်းအတိုင်း သွားနေဦးမှာပဲ။