Saturday, August 10, 2013

၈၈ လူထုလှုပ်ရှားမှုအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အခုအခါမှာ စုံစမ်းဖော်ထုတ်အရေးယူဖို့ သင့်မသင့် (မြန်မာ့အရေး ကမ္ဘာ့အရေး)

8 comments:

linlet-journal said...

ဥပမာnldကဦးတင်ဦးကဦးသန့်အေ၇းအခင်းကိုအမိန့်အ၇ဖြိုခွင်းခဲ့တယ်၊ပြန်တောင်းပန်တယ်၊ဘာမှမဖြစ်ပါ။အခုလဲဦးနေ၀င်းကိုလွှဲချပြီးအစိုး၇ကတောင်းပန်၊လျှော်ကြေးပေး၊၈၈အာဇာနည်ဗိမာန်ဆောက်အသိမှတ်ပြုလိုက်၇င်ပြေလည်မှာဖြစ်တယ်၊၈၈အာဇာနည်တွေကျေးဇူးကြောင့်ဦးနေ၀င်းဆီကအာဏာကိုရတာမဟုတ်ပါလား။
နှစ်ဦးနှစ်ဘက်ပြေလည်အောင်ညှိနိုင်းပြီးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ကြပါတော့ခင်ဗျား၊တိုင်းပြည်နဲ့ပြည်သူတွေနစ်နာလှပါပြီ။ကမ္ဘာအဆင့်မှီမြန်မာပြည်(အနည်းဆုံးထိုင်းကိုမှီအောင်)ဖြစ်အောင်ကြိုးစားကြပါတော့၊
အတ္တတွေ၊မောဟတွေလျော့ပြီးတိုင်းပြည်ထူထောင်ရေးမှာညီညီညွှတ်ညွှတ်အားစိုက်ကြဖို့အကြံပေးပါရစေ။

Unknown said...

မြန်မာတွေရဲ့ တော်ယုံစိတ်အနာတွေဆိုရင် မေ့လွယ်၊ ပျောက်လွယ် ခွင့်လွှတ်လွယ်တဲ့ စိတ်ရင်းခံကို သိထားတဲ့ လူသတ်ဗိုလ်တွေ..
မြန်မာပြည်မှာ ပြည်သူကိုသတ်တဲ့ ဗိုလ်လုပ်ရတာ စားသာပါတယ်။ အမိန့်ကြောင့်ဆိုတဲ့ ခိုင်လုံမှုမရှိ သုံးစားမရတဲ့ဟာကြီးကို ဘေးချိတ်ပြီး အမှားကို အမြန်ဆုံးဝန်ခံလိုက်သင့်ပြီ...။
သူတို့ မလုပ်ချင်တဲ့ ဟာတွေဆိုရင် ဘယ်လိုပဲ အထက်ကအမိန့်ပေးပေး လက်တစ်လုံးခြား ၀ိနည်းလွတ်လုပ်တဲ့နေရာမှာ တူမတူအောင် ထူးချွန်ကြပါလျက် ပြည်သူကို သတ်ဖို့အရေးမှာတော့ တက်ကြွအမိန့်လိုက်နာကြသူတွေ.. အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်နေတဲ့ ဒီအချိန်ဟာ ၀န်ခံတောင်းပန်လိုက်ဖို့ အသင့်လျော်ဆုံးဖြစ်တယ်။

Unknown said...

တစ်နိုင်ငံလုံး.. ပြည်သူတစ်ရပ်လုံးမှာ ဆင်းရဲကြပ်တည်း မွဲတေလွန်းလို့.. ထွက်ပေါက်ပိတ်နေလွန်းလို့.. လမ်းပေါ်ရောက်ဆန္ဒပြကြရတဲ့ ပြည်သူတွေကို နောက်ကွယ်က လှုံ့ဆော်လို့ပစ်ရပါတယ်ဆိုတဲ့ ကြံဖွံ့ဗိုလ်မှူးကြီးဟောင်းစိုးမင်း လူစိတ်ရှိပုံမရပါဘူး။
ပြည်သူကို ရန်သူလို့ မြင်တဲ့အမိန့်ပေးသူ၊ စေခိုင်းသူ၊ လိုက်နာသူတွေကရော အသိတရား ပုံမှန်ရှိကြရဲ့လား။
အသတ်ခံရသူက မြန်မာ၊ သတ်သူကမြန်မာ မြန်မာခြင်းတောင်မှ လက်နက်ရှိနဲ့ လက်နက်မဲ့.. မြန်မာအခြင်းခြင်းမှာမှ လက်နက်မဲ့ ပြည်သူကို လက်နက်ရှိ စစ်သားက တာဝန်အရ၊ တိုင်းပြည်ကာကွယ်ဖို့ဆိုပြီး ရက်ရက်စက်စက် မြိန်ရည်ယှက်ရည် ပစ်သတ်တာမျိုးကို နောင်မဖြစ်အောင် ကာကွယ်ပြောဆိုတာမျိုး မလုပ်ပဲနဲ့ ဒီလုပ်ရပ်ကြီးကို မှန်ကန်သယောင် ပြောသွားတဲ့ ဦးစိုးမင်းဟာ တော်တော်ရွံစရာကောင်းတဲ့ လူ့ငနွားလို့ပဲ သတ်မှတ်လိုက်ပါတယ်။
ချစ်စရာကောင်းတဲ့ ပြည်သူတွေက ဘယ်လောက်ပဲ နာကျည်းကျည်း အမှန်တကယ် တိုင်းပြည်ကောင်းစားဖို့အတွက်ဆိုရင် အတိတ်က အမှားတွေအတွက် ခွင့်လွှတ်ချင်နေကြတာပါ။ ၀န်ခံတတ်ဖို့ပဲလိုပါတယ်။
ဦးအောင်ထူးကို အရင်ဖတ်ရသမျှ အကုန် မထောက်ခံပေမယ့် ဒီအင်တာဗျူးမှာ ပြောသွားတာတွေကတော့ ချက်ကြလက်ကြရှိလို့ အမှန်တရားတွေမို့ သဘောကျမိပါတယ်။

James Smitt said...

First, develop the Democracy. This is priority.

Correct the 2008 constitution.

Later, take action who did wrong in the past OR "forget and forgive". Its your choice.

Or you can start taking action and goint to loose Democracy again!

Its depend on people choice, not yours!

ဇင်မွန် said...

အရင်က ဒီကိစ္စနဲ.ပါတ်သက်ပြီး
ဒေါ်စု ပြောသွားခဲ.တာရှိတယ် ။
.... ဒါကပြည်သူလူထု ရဲ.သဘောဆန္ဒ အတိုင်း
ဘဲဖြစ်ရမယ်.ကိစ္စပါတဲ. ။
... ခုအချိန်မှာတော.
ဘာပြောမယ်မသိဘူး ။

Unknown said...

နွားကွဲရင်ကျားဆွဲခံရမယ်အားလုံးညီညီညွတ်ညွတ်နေကြရအောင်။

linlet-journal said...

ပြီး၇င် အဲဒီ ကျား ကို ညီညီညွှတ်ညွှတ်နဲ့အရင် သတ်ပြစ်လိုက်ရင် နွားတွေအကုန်လွှတ်လပ်သွားမယ်၊အဆွဲခံ၇မှာကြောက်စ၇ာမလိုတော့ဘှုး၊တသက်လုံး၊တဘ၀လုံး။

linlet-journal said...

ဗိုလ်ချုပ်သာဆို၇င်ပြည်သှုတွေကိုသတ်ဖို့
အမိန့်ပေးမှာမဟုတ်သလိုအခိုင်းခံရရင်လည်းလုပ်မှာမဟုတ်၊ တပ်ကထွက်သွားမှာ ဖြစ်တယ်၊
ဂတိလည်းတည်တယ်၊ ယောက်ျားပီသ၊
စစ်သားကောင်းပီသတယ်။
မတရားတာမလုပ်၊ဗိုလ်ကြီးအုန်းကျော်မြင့်၊ဗိုလ်ကြီးနေမျိုးဇင်တို့ကိုကြည့်ပါ။
ကျနော်အကိုအကြီးဆုံး ဗိုလ်ကြီး ငှက်ဖျားနဲ့
၁၉၈၀မှာ နားလိုက်ရတယ်၊လူမှန်ဆိုတော့
အထက်လူကြီးကသေချာဆေးမကုပေးပဲပစ်ထားခံလိုက်ရလို့ဦးနောက်ထဲအထိပိုးဝင်ပြီးအခုထက်ထိလူသာမန်မဟုတ်တော့ပါ မိသားစုကပဲ သေတဲ့အထိ ကြည့်ရပါတော့မယ်။အောက်ခြေစစ်သား
တွေရဲ့ဘ၀သနားစရာကောင်းကြောင်း
သူအရင်ကပြောခဲ့ပါတယ်၊တပ်အချင်းချင်းမှားပစ်ကြလို့သေကြေကြတဲ့အကြောင်းတွေရောပါ၊
အခုထက်ထိလည်းခေတ်မမှီသေးတဲ့စစ်တပ်အချင်းချင်းမှားပစ်နေတုန်းပါပဲ၊ဦးနေ၀င်းကို
သေနတ်ချင်းယှဉ်ပစ်မလားလို့တောင်
ဦးနေ၀င်းအိမ်ရှေ့မှာသွားပြီးစိန်ခေါ်ခဲ့ပါတယ်၊သူ့ရဲ့ဆရာမဒေါ်နီနီမြင့်ကြောင့်သာမသေခဲ့တာပါ၊ဒါပေမဲ့လည်းစိတ္တဇဆေးရုံကိုအတင်းအကျပ်ပို့ပြီးဦးနောက်ကိုသွက်သွက်ခါအောင်
ဖျက်စီးခံခဲ့ရပါတယ်။ ပြောချင်တာကစစ်တပ်ထဲမှာလည်းစစ်သားကောင်းတွေရှိတယ်ဆိုတာပါ။ဦးနှောက်ကြီး၊နှလုံးသားကြီးတဲ့
့ခေါင်းဆောင်ပဲလိုပါတယ်။
ရှိလည်းရှိနေပါတယ်။
၂၀၁၅ရွှေးကောက်ပွဲအထိတောင်မစောင့်ချင်ပါ၊ သစ်လွင်တောက်ပတိုးတက်ထွန်းကားသော
မြန်မာပြည်ကြီး၊ပြုံးပျော်ရွှင်မြူးနေကြတဲ့ပြည်သူတွေ၊ခေတ်မှီတောင့်တင်းတဲ့စစ်တပ်ကြီး၊
တို့ကိုအမြန်မြင်ချင်လှပါပြီ။ဆင်းရဲတဲ့အာစီယံ
ဥက္ကဌဟာရှက်စရာ။