Monday, August 19, 2013

“မြန်မာ့ရေးရာ သတင်းပဒေသာ” ကဏ္ဍ ရပ်နားကြောင်း လေးစားစွာ အသိပေးကြေညာခြင်း


ယနေ့အချိန်အခါသည် စစ်အာဏာရှင်များအနေနှင့် မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ခြယ်မှုများကို သူတို့ဘက်မှ လျှော့ပေါ့ပေးနိုင်သလောက် လျှော့ပေါ့ပေးပြီး (တနည်း) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတချို့ မပေးချင်ပေးချင် ပေးပြီး စစ်ဝတ်စုံအစား အရပ်ဝတ် လဲလှယ်၍ အရပ်သားအစိုးရ အယောင်ဆောင်ကာ ဟန်ပြပြောင်းလဲအုပ်ချုပ်နေသော အချိန်ကာလဖြစ်ပါသည်။

ထိုသို့ စစ်အာဏာရှင်များဘက်မှ လျှော့ပေါ့ပေးနိုင်သလောက် လျှော့ပေါ့ပေးလာရခြင်းမှာ ၁၉၆၂ ခုနှစ်မှသည် ယနေ့အထိတိုင် ရဟန်းရှင်လူ ကျောင်းသား ပြည်သူတို့က အသက်၊ သွေး၊ ချွေး၊ ဘ၀ပေါင်းစုံ စွန့်လွှတ် အနစ်နာခံ ပေးဆပ်၍ စစ်အာဏာရှင်အဆက်ဆက်ကို မကြောက်မရွံ့ တိုက်ပွဲဝင်ခြင်းခဲ့ကြောင့် ဖြစ်ပါသည်။

အထူးသဖြင့် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကြီးကို ရက်ရက်စက်စက် ဖြိုခွင်းနှိမ်နင်းပြီးချိန်တွင် စစ်အာဏာရှင်များအပေါ် ပြည်တွင်းပြည်ပမှ ဖိအားပေါင်းစုံ ကျရောက်လာမှုကြောင့် အချိန်ဆွဲ ကျင်းပနေသော ညောင်နှစ်ပင်ညီလာခံကို ကသောကမျော ဇာတ်သိမ်းကာ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို မရှက်မကြောက် အတည်ပြုပြီး ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲကြီးကို မျက်နှာပြောင်တိုက် ကျင်းပ၍ စစ်ဝတ်မှ အရပ်ဝတ်သို့ အလျင်အမြန် ကူးပြောင်းခဲ့ခြင်းဖြစ်ပါသည်။

သမ္မတ ဦးသိန်းစိန်၏ အယောင်ဆောင် အရပ်သားအစိုးရလက်ထက်တွင်လည်း အခြေခံ ပြည်သူလူထု ဆုံးရှုံးနစ်နာနေသော အခွင့်အရေးများအတွက် ဦးဆောင်တိုက်ပွဲဝင်ပေးသော ပြည်သူ့အရေး လှုပ်ရှားတက်ကြွသူများ၊ မတရားသည့် ဥပဒေပုဒ်မများ ဖျက်သိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများကို ယခင်စစ်အစိုးရလက်ထက်ကဲ့သို့ပင် ရုပ်ပျက်ဆင်းပျက် ဖမ်းဆီးနှိပ်စက် ထောင်သွင်းအကျဉ်းချနေဆဲ ဖြစ်ပါသည်။

ထိုသို့ လှုပ်ရှားတက်ကြွသူများ ဆက်လက် ဖမ်းဆီးနှိပ်စက် ထောင်သွင်းအကျဉ်းချခံနေရဆဲမှာပင် ၂၀၁၅ ရွေးကောက်ပွဲသို့ တရွေ့ရွေ့ နီးကပ်လာသည့်အလျောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဌာန်းရေး လုပ်ငန်းစဉ်သည်လည်း ရှေ့တန်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။

ကျနော့်အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဌာန်းရေး လုပ်ငန်းစဉ်ကို လွှတ်တော်အတွင်း ကြိုးပမ်းလုပ်ဆောင်မှု တခုတည်းနှင့် စွမ်းဆောင်နိုင်မည်ဟု မယုံကြည်ဘဲ လွှတ်တော်ပြင်ပနိုင်ငံရေး (၀ါ) လွှတ်တော်ပြင်ပမှနေ၍ ဒီမိုကရေစီရေးတိုက်ပွဲဝင်အင်အားစုများနှင့် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက တက်ညီလက်ညီ ပူးပေါင်း တောင်းဆို တိုက်ပွဲဝင် တွန်းအားပေး လုပ်ဆောင်နိုင်မှသာ အကောင်အထည်ပေါ်လာမည်ဟု ယုံကြည်ပါသည်။

ထိုသို့ ယုံကြည်သည့်အလျှောက် ကျနော့်အနေနှင့် အခြေခံ ပြည်သူလူထု ဆုံးရှုံးနစ်နာနေသော အခွင့်အရေးများအတွက် တိုက်ပွဲဝင်ရေး၊ မတရားသည့် ဥပဒေပုဒ်မများ ဖျက်သိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဌာန်းရေးတို့ကို ရှေးရှုသည့် လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်စဉ်များတွင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ပါဝင်ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ခဲ့ပါသည်။

ထိုသို့ စိတ်ပိုင်းဖြတ်ခဲ့သည်နှင့်အညီ လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းက ဦးနှောက်သွေးကြောပိတ်ဆို့မှုဝေဒနာကြောင့် ယိုယွင်းခဲ့သော ကျနော်၏ ကျန်းမာရေးအခြေအနေကို ပိုမိုပြည့်ဝကောင်းမွန်အောင် အချိန်ပိုယူကာ လုပ်ဆောင်လိုပါသဖြင့် (ငြိမ်းချမ်းရေးမြတ်နိုးသူ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာ ကွယ်လွန်သည့်) ယနေ့ ၁၉-၈-၂၀၁၃ ညပိုင်းမှစ၍ ၆ နှစ်နီးပါး နေ့စဉ်ရက်ဆက် တင်ဆက်ခဲ့သော “မြန်မာ့ရေးရာ သတင်းပဒေသာ” ကဏ္ဍကို ရပ်နားခွင့်ပြုပါကြောင်း (ကျန်ပို့စ်များကို နေ့စဉ်မဟုတ်ဘဲ အလျဉ်းသင့်သလို ဆက်လက်တင်ဆက်သွားပါမည်) နှင့် ကျနော်၏ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းပြုလုပ်မှုများ၊ နောက်ဆက်တွဲ ဆေးကုသခံယူမှုများ အတော်အသင့် ပြီးဆုံးချိန် ၂၀၁၄ နှစ်ဆန်းပိုင်းတွင် မိမိနိုင်ငံသို့ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်၍ လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်ငန်းစဉ်များကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျနော့်အား ချစ်ခင်သူများ၊ မုန်းတီးသူများနှင့် ရန်သူလိုသဘောထားသူများ အားလုံးသို့ လေးစားစွာ အသိပေးကြေညာအပ်ပါသည်။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
ည ၁၀း၂၅ နာရီ
၁၉-၈-၂၀၁၃

47 comments:

Unknown said...

အေးဗျာ..စိတ်မကောင်ပါဘူး..ဒါပေမယ့်ကိုလွမ်းဆွေရဲ့ အချိန်ကုန်ခံစုစည်းတင်ပြမှုက အချိနမှန် အချိန်ကိုက် အားလုံးအတွက် အထောက်အကူအများကြီးပြုနိုင်ခဲ့ပါတယ်။ အထူးသဖြင် ကျနော့ အတွက်တော့ အချိန်ကုန်ခံပြီး ဟိုဆိုက် ဒီဆိုက်တွေကိုတက်စရာမလိုအောင် အဆင်ပြေစေခဲ့တယ်။

လေးစားလျက်
ကျော်သန်း

Unknown said...

Dear Doctor Lun Swe,
I am also,one of the person,who always,anxious,and like to read your columns.Today,after I had read,that you will refrain from publishing,I am very disappointed,and feels very bad,and regret.From your column,I can learn and read much articles,stories,and events.Because many happening,which you have mentioned,were non sided and writes free,so, I am very much appreciate to it.But,starting from tomorrow,I could not see any more.Anyway, I miss to read and still expecting that,one day I can reach back to your website.Thank you,Doctor.

Unknown said...

“မြန်မာ့ရေးရာ သတင်းပဒေသာ” ကဏ္ဍ ရပ်တော့မယ်ဆိုလို့ စိတ်မကောင်းပါဘူး ဆရာလွဏ်းရေ....၊ ကျနော့်မလဲ ဆရာ့ဘလော့ဂ်ကို အနည်းဆုံး တစ်နေ့ ၅ ခါထက်မနည်း သတင်းတွေ ဝင်,ဝင်ဖတ်ဖြစ် နေပေမယ့် ပထမဦးဆုံး အကြိမ် ကွန်မန့် ထားမယ့် ထားတော့ သတင်းတင်ဆက်မှု ရပ်မယ့်အကြောင်း ဖြစ်နေရော..၊

ဟုတ်ပါတယ်၊ ဆရာ့ရဲ့ သတင်းပဒေသာ ကဏ္ဍကို ဖတ်မိကတည်းက တခြား ဘယ်သတင်းဆိုဒ်ကိုမှ မသွားဖြစ်တော့ဘဲ ဒီတစ်ခုတည်းမှာ အသင့် ခူးခပ်ပြီးသား အဆင်သင့် ဝင်ဖတ်နေမိခဲ့တာ ငါးနှစ်ကျော်၊ ခြောက်နှစ်နီးပါး ပါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ နှစ်သက်တဲ့ သတင်းကဏ္ဍ ရပ်တော့မှာ စိတ်မကောင်း ဖြစ်မိပေမယ့် ဆရာ့ရဲ့ ကျန်းမာရေးအတွက် ဖိဖိစီးစီး လုပ်နိုင်တော့မယ် ဆိုတော့လည်း ဝမ်းသာစရာ ပါပဲ၊ ဒါ့အပြင် မကြာခင် ပြည်တော်ဝင်မယ့် စီမံကိန်းအတွက်လည်း ဆရာ့ကိုယ်စား ဝမ်းမြောက်မိပါတယ်၊ ဆရာ့လို စာနယ်ဇင်းသမား တစ်ယောက်အတွက် ပြည်တွင်းမှာ လုပ်စရာတွေ အများကြီး ရှိနေတာ သေချာပါတယ်...၊

ကျနော်တို့ စာဖတ်သူတွေ အတွက် “မြန်မာ့ရေးရာ သတင်းပဒေသာ” ကဏ္ဍကို အပင်ပန်းခံပြီး နေ့စဉ် တစ်နေ့ ၂ ခေါက် မပျက်မကွက် တင်ဆက်ပေးခဲ့တဲ့ နှစ်များစွာ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား၊ ဆရာလွဏ်း ကျန်းမာစွာနဲ့ စိတ်သွားတိုင်း၊ ကိုယ်ပါနိုင်ပါစေကြောင်းလည်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။

မာတလိ said...

I will carry on his job at www.khitkyaehmon.blogspot.com

တုံးမောင်းခေါက်သံ said...

ကျနော်တို့မှာ အချိန်အကန့်အသတ် အများကြီးရှိနေတယ်။ ကိုလွဏ်းဆွေဆုံးဖြတ်ချက်ကို ကျနော်ထောက်ခံတယ်။ဒါပေမဲ့ သတိတော့ရနေမှာပါဒ ကိုအောင်မှိုင်း

Unknown said...

Do appreciate for your support.

linlet-journal said...

စိတ်မကောင်းပေမဲ့ဝမ်းသာပါတယ်ဆရာ၊
ဟာတာတာကြီးဖြစ်ကျန်ခဲ့ရပါပြီ၊
ကျန်းမာရေးကိုအထူးဂရုစိုက်ပါ၊
တိုင်းပြည်အကျိုးဆထက်ထမ်းပိုးသယ်ပိုးနိုင်ပါစေ၊
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။

linlet-journal said...

စိတ်မကောင်းပေမဲ့ဝမ်းသာပါတယ်ဆရာ၊
ဟာတာတာကြီးဖြစ်ကျန်ခဲ့ရပါပြီ၊
ကျန်းမာရေးကိုအထူးဂရုစိုက်ပါ၊
တိုင်းပြည်အကျိုးဆထက်ထမ်းပိုးသယ်ပိုးနိုင်ပါစေ၊
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။

genius said...

BYE" BYE" Thanks for everything.

zawgun said...

Good luck Doc Lun.
Min Zaw
Brasil

haymar said...

Than Shwe and Family, Murders never speak out, kill a lot of people.
Thein Sein, using smile and soft speaking, but he also doing the same story.
If this military dogs still govern, one day the bad history happen again.

Why they cannot do good things actually.

SAMMY said...

Dr,
we'll miss you.

Mother said...

မောင်လွဏ်းဆွေ
အမြင်မှန်ရလာတယ်ဆိုရင်ဝမ်းသာကြမှာပါ...။
ပြည်ပကနေပြီးဟိုလူ့လက်ညှိုးထိုး၊
ဒီလူ့ကိုဝေဖန်အချိန်ကုန်နေမဲ့အစား
ပြည်တွင်းမှာ..ကိုယ်လုပ်နိုင်တာလေးတွေကိုလုပ်ပြီး
တိုင်းပြည်အကျိုးကိုပြုနိုင်မယ်ဆိုရင်အကောင်းဆုံးဆုံး
ဖြတ်ချပ်ပ်ဘဲ။

PRICE said...

Doctor Lun Swe
Any way, Thank you for everything.
No any human perfect in this world.
GOOD LUCK.
sincerely.

Unknown said...

ဘာရေးရမှန်းမသိဘူးဖြစ်သွားတယ်။အထက်ကကျော်သန်း၊pauk phaw တို့ရဲ့commentတွေအတိုင်းပါပဲလို့ပဲပြောပါရစေတော့။
တကယ်ပါ....
(ဆရာ့ရဲ့ သတင်းပဒေသာ ကဏ္ဍကို ဖတ်မိကတည်းက တခြား ဘယ်သတင်းဆိုဒ်ကိုမှ မသွားဖြစ်တော့ဘဲ ဒီတစ်ခုတည်းမှာ အသင့် ခူးခပ်ပြီးသား အဆင်သင့် ဝင်ဖတ်နေမိခဲ့တာ ငါးနှစ်ကျော်၊ ခြောက်နှစ်နီးပါး ပါပဲ၊)
(“မြန်မာ့ရေးရာ သတင်းပဒေသာ” ကဏ္ဍကို အပင်ပန်းခံပြီး နေ့စဉ် တစ်နေ့ ၂ ခေါက် မပျက်မကွက် တင်ဆက်ပေးခဲ့တဲ့ နှစ်များစွာ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား၊)
ကျန်းမာရေးကိုအထူးဂရုစိုက်ဖို့တော့မှာပါရစေ။
“မြန်မာ့ရေးရာ သတင်းပဒေသာ” ကဏ္ဍမှာတနေ့နေ့ပြန်ဆုံနိုင်ပါစေလို့ဆုတောင်းနေပါ့မယ်။တကယ်စိတ်မကောင်းပါ။

Unknown said...

အိုး ဆရာ, ကျနော်က မနေ့ကမှ စပြီး သိခဲ့ပါတယ်။ ဒီနေ့ပဲ ဆရာက ရပ်နားသွားပြီ ဆိုတော့ စိတ်မကောင်းပါဘူး။ ဆရာ ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ဆရာခင်ဗျား။

Unknown said...

အိုး ဆရာ, ကျနော်က မနေ့ကမှ စပြီး သိခဲ့ပါတယ်။ ဒီနေ့ပဲ ဆရာက ရပ်နားသွားပြီ ဆိုတော့ စိတ်မကောင်းပါဘူး။ ဆရာ ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ဆရာခင်ဗျား။

Unknown said...

ရှိစုမဲ့စုငွေလေးနဲ့computer ၀ယ်၊ internet ချိတ်ပြီးကတည်းကဆရာ့ဆိုဒ်ကိုပဲနေ့ညအဓိက၀င်ဖတ်၊
လိုအပ်ရင်comment တွေရေး၊လုပ်နေခဲ့တာ.....
ဟာတာတာကြီးဖြစ်ကျန်ခဲ့ရပါပြီ။တခြားpostတွေရှိနေပေ
မယ့်ဆရာ့ဆိုဒ်လိုအသင့် ခူးခပ်ပြီးသားအဆင်သင့် ဝင်ဖတ်လို့မရတော့မှာကိုတော့လွမ်းနေမိဦးမှာပါ။
ကျနော့ အတွက်တော့ အချိန်ကုန်ခံပြီး ဟိုဆိုက် ဒီဆိုက်တွေကိုတက်စရာမလိုအောင် အဆင်ပြေစေခဲ့တယ်။
ကျန်းမာရေးကိုအထူးဂရုစိုက်ဖို့မှာပါရစေ။
တင်ဆက်ပေးခဲ့တဲ့ နှစ်များစွာ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား၊
မန်းလေးရောက်ရင်ဝင်လည်ပါလို့ဖိတ်ခေါ်ပါတယ်။
ဝမ်းနည်းစွာဖြင့်.......

Unknown said...

ဝမ်းလည်းသာတယ်..
ဝမ်းလည်းနဲပါတယ်..။
ပြီးခဲ့တဲ့ကာလတွေအတွက် ကျေးဇူးများစွာ အမှတ်ယနေမှာပါ။
စိတ်ကူးအကြံအစည်တွေ အကောင်အထည်ဖော်ဖို့၊ ကောင်းမှု မကောင်းမှုတွေလုပ်ဖို့အတွက်က ကျန်းမာရေး ပြည့်စုံနေဖို့ အရေးအကြီးဆုံးပါ။
စိတ်ထဲမှာတော့ ဟာတာတာကြီးပါဆရာ...

ငြိမ်းစိုးဦး said...

အလုပ်တွေအများကြီးလုပ်နေတဲ့လူဟာ ကျန်းမာရေးအတွက်လည်း လှည့်ကြည့်ရမှာ အသေအချာပါ ။ ဆရာဝန်က ပိုသိမှာ ။ ကျွန်တော်ကတော့ မြားနတ်မောင်ကို လွမ်းနေတုန်းပါ ...
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ ...
( 20 ; 8 ; 2013 )
www.nyeinsoeoo.com

Unknown said...

ဆရာမောင်ဝံသ၊ဆရာမင်းလူ၊ဦးမျိုးမြင့်လေး၊ဆရာကြီး
ဒဂုန်တာရာ....အစဉ်လိုက်သေကွဲခွဲသွားခဲ့ကြတယ်။
ဆရာလွမ်းဆွေကတော့ရှင်ကွဲခွဲဖို့ဆုံးဖြတ်လိုက်ပြီပေါ့..
さようなら ပါဆရာ 
また あいましょう。
どうぞ おげんき で                    
ဖိုးသားလေး(ခေတ္တဂျပန်)

mg sa nay said...

မှန်ကန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်အတွက် ကြိုဆိုပါတယ်။ တိုင်းပြည်အကျိုးကို ဆထက်တပိုး ထမ်းရွက်နိုင်ပါစေ...။ လက်တွေ့ နိုင်ငံရေက ပိုပြီး ထိရောက်ပါတယ်။ ကျွန်တော်တို့ကို ကျန်းမာရေး မကောင်းသည့် ကြားထဲကနေ သတင်းတွေကို ကြိုးစားပြီး စုစည်းတင်ပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

Thamana Arzarni said...

ဒကာကြီးရဲ့ ဆူံးဖြတ်ချက်ကို အထူးလေးစားပါတယ် ဒကာကြီးတို့ လို နှစ်ဘက်သတင်းများ သိနေ မြင်နေသူများဟာ ပြည်သူအကျိုးကို အများကြီးသည်ပိုးနိုင်ပါတယ် သတိညာဏ်ဇွဲ မြဲကိုင်စွဲ ရဲရဲဆက်လျှောက်ပါ သတင်းတွေ ဝေဖန်ချက်တွေ တင်ပေးခဲ့တာ ကျေးဇူးပါ ဘုန်းမြတ်ဇာနည်

Thamana Arzarni said...

ဒကာကြီးရော မိသားစုပါ ဘေးရန်ကွာ ချမ်းသာကြပါစေ မေတ္တာနှလုံး အမြဲသုံး ရွှင်ပြုးံအေးချမ်းစေ စီးပွါးဥစ္စာ ပြည့်စုံကာ လိုရာဆန္ဒပြည့်ပါစေ

ဇင်မွန် said...

စစ်အစိုးရ ကတော. ၀မ်းသာနေမှာ ။
Dr. ကတော. တတ်နိုင်သလောက် တာဝန်ကျေခဲ.ပြီ။

Hurricane Sandy said...

အမြဲသတိရနေမှာပါ ။
တစ်စုံတစ်ယောက် က
တစ်စုံတစ်ရာသော စိတ်ဓါတ်နဲ.
တစ်စုံတစ်ခုသော blogspot တစ်ခု
(အစားထိုး)
ဖန်တီး ပေါ်ပေါက်ပါစေသား ။
xxxx ..... xxxx
an ordinary person
nobodyknowmealot@gmail.com

ချိုဇင်သွယ် said...

ဘယ်ဟာမှ မမြဲသော တရားသဘော အရ ဒေါက်တာ
လွမ်းဆွေလည်း သွားချေပြီ ။
မြန်မာပြည် ဒီမိုကရေစီ ရရှိရေး တဖက်တလမ်းမှ
အချိန်ပေး ရေးသားခဲ.ကြသော Blogger များအား
လေးစားစွာ နှုတ်ဆက်ပါတယ် ။


ချိုဇင်သွယ်

2012killereyes@gmail.com

Unknown said...

(“မြန်မာ့ရေးရာ သတင်းပဒေသာ” ကဏ္ဍကို အပင်ပန်းခံပြီး နေ့စဉ် တစ်နေ့ ၂ ခေါက် မပျက်မကွက် တင်ဆက်ပေးခဲ့တဲ့ နှစ်များစွာ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား၊)
ကျနော့ အတွက်တော့ အချိန်ကုန်ခံပြီး ဟိုဆိုက် ဒီဆိုက်တွေကိုတက်စရာမလိုအောင် အဆင်ပြေစေခဲ့တယ်။
ကျန်းမာရေးကိုအထူးဂရုစိုက်ပါ၊
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။
လေးစားလျက်
kyaw htin aung

Mg said...

အချိန်တန်တော့လည်း ခွဲရစမြဲပါ။ သတင်းတွေကြားထဲ အတင်းတွေကို ဖတ်ခဲ့ရသလို အတင်းတွေကြားထဲ သတင်းတွေလည်း ဖတ်ခဲ့ရပါတယ်။ နိုင်ငံအကျိုးကို ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာစွာနဲ့ အများအပြောကို ဂရုမထားဘဲ လုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Mg said...

အချိန်တန်တော့လည်း ခွဲရစမြဲပါ။ သတင်းတွေကြားထဲ အတင်းတွေကို ဖတ်ခဲ့ရသလို အတင်းတွေကြားထဲ သတင်းတွေလည်း ဖတ်ခဲ့ရပါတယ်။ နိုင်ငံအကျိုးကို ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာစွာနဲ့ အများအပြောကို ဂရုမထားဘဲ လုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

HKRINGHTAWNG said...

သတင်းကြည့် ဖို့ ကွန်ပျူတာရှေ့ ထိုင်လိုက်တိုင်းဖွင့် ဖြစ်တဲ့ blogကတော .drlunswe ပါ

zay said...

ဆရာ့ကိုမမုန်းသလို ရန်လည်းမလိုပါဘူး။ တစ်ခါတစ်လေဒေါ်စုနဲ့  ပတ်သက်လို့ ဝေဖန်တာတွေ လွန်တဲ့အခါသာဝင်ဆွေနွေးတာလောက်ပဲ။ သဘောတရားအရညင်းကြခုန်ကြဆွေနွေးကြတာဓမ္မတာပါ။ဘာပဲဖြစ်ဖြစ်နေ့ စဉ် နီးပါးဆရာတင်တဲ့သတင်းတွေကိုဖတ်နေကျပါ ။ဒီအတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာကျန်းမာပါစေ။ တစ်နည်းနည်းနဲ့ တော့ဆရာနဲ့ တွေ့ ဆုံဦးမယ်လို့ မျော်လင့်ပါတယ်။

agmng27 said...

ကျေးဇူးတင်ပါတယ်ဆရာ့သတင်းတင်ခဲ့တာတွေအတွက် TQ

chai said...

နိုင်ငံရေးတာဝန်ကိုသတင်းသမားဘဝနဲ့မှန်ကန်စွာထမ်းဆောင်ခဲ့တဲ့ကိုလွမ်ဆွေကိုလေးစားပါတယ် တတ်နိုင်တဲ့ဖက်ကနေနိုင်ငံအရေးတွက်ဆက်လုပနိုင်ပါစေ ကျန်းမာပါစေလို့ဆုတောင်းပေးပါတယ်ဗျာ

chai said...

နိုင်ငံရေးတာဝန်ကိုသတင်းသမားဘဝနဲ့မှန်ကန်စွာထမ်းဆောင်ခဲ့တဲ့ကိုလွမ်ဆွေကိုလေးစားပါတယ် တတ်နိုင်တဲ့ဖက်ကနေနိုင်ငံအရေးတွက်ဆက်လုပနိုင်ပါစေ ကျန်းမာပါစေလို့ဆုတောင်းပေးပါတယ်ဗျာ

yoo said...

လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်ငန်းစဉ်များကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်မည်..
ဟု ဖွင့်ဟပြောကြားခဲ့လေသော....
ကျွန်ုပ်၏ ချစ်လှစွာသော မိတ်ဆွေကြီး
မစ္စတာလွှတ်ဆွ အား အထူးပြောကြား
လိုသည်မှာကား...

မိတ်ဆွေကြီး အနေနှင့်..
လွှတ်တော် အတွင်း၊ အပြင်၊ အထက်၊ အောက်
နိုင်ငံရေး လုပ်ငန်းစဉ် များကို
ဆက်လက် လုပ်ဆောင်နေပါလျှင်..
စိတ်ကျန်းမာ၊ကိုယ်ကျန်းမာ
ရရှိဖို့ ဖြစ်နိုင်တော့ မှာ မဟုတ်ဟု..
ပြောကြားလိုခြင်းပင်တည်း။

ချမ်းသာကျန်းမာစေရန်...
ကျွန်ုပ် အကြံကောင်း တစ်ခုပေးလိုပါ၏။
မိတ်ဆွေကြီး အနေဖြင့်..
လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်ငန်းစဉ်
လုပ်ဆောင်မည့် အစား...

လွှတ်တော်တစ်ဝန်းလုးံ
အဆောက်အဦးများ အားလုးံ...
ဲပြုပြင်ထိန်းသိမ်းသည့် ကန်ထရိုက်
ရရှိဖို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့
ဂွင် ဖော် ပြီး..
ရာသက်ပန် မိန့် မိန့် ကြီး
အိတ်ထဲထည့် ဆောင်ရွက် ခြင်းသည်သာတည်း။ ။

Anonymous said...

ဒေါက်တာလွဏ်းဆွေကို အကြောင်းပြုပြီး လုပ်ဖြစ်ခဲ့တဲ့လင်္ကာဘလော့ကိုလည်း ရပ်နားမှတော်ရော့မည်အောက်မေ့မိပါသည်။
တကယ်တော့ လင်္ကာဘလော့ဂါ ဟာ ဒေါက်တာလွဏ်းဆွေရဲ့  အမာခံပရိသတ်ပါ၊
သို့ ပေမယ့်တခါတခါ
ဒီဆရာဝန်ဘလော့ဂါခြောက်ပေါက်တွေလျှောက်
လျှောက်ရေးတာအမြင်ကပ်လာသမို့ 
သူ လင့်သလောက်တော့ ငါလည်းလင့်တတ်သပ ဆိုပြီး လင့်ချိတ်ပေးခြင်းအမှုကိုစတင်မိရာက ဘလော့ကျားမြီးဆွဲမိတော့တာပါပဲ။ လင့်ချိတ်ပေးတာလွယ်ပေမယ့်နှစ်ရှည်လများ
အချိန်မှန် ၀န်ဆောင်မှုပေးဖို့  မလွယ်ဘူးဆိုတာလုပ်ကြည့်မှသိရတာပါပဲ။
ယခု မိမိ ဘလော့ကျားမြီးဆွဲမိရခြင်း တရားခံဖြစ်သူဆရာဝန်ဒေါက်တာကြီး လင့်ချိတ်ခြင်းအမှုရပ်နားပြီဟုကြေငြာတော့ စိတ်မကောင်းလွမ်းဆွတ်ခြင်းဖြစ်ရပါသည်။
ထိုအတွက်ယခုကွန်မင့် ကို မန့် ခြင်းဖြင့်နုတ်ဆက်ရပါသည်။
ယခု ကွန်မန့် ကိုလည်း ယခင် ကွန်မင့်များကိုဖျက်သကဲ့သို့  ယခင်IP ကို ဘန်းခြင်းမျိုးများပြုလုပ်ခြင်းဖြင့် နုတ်ဆက်စေ
လိုပါကြောင်း......
http://8888linker.blogspot.com/

Unknown said...

ဒီနေ့မှနေကောင်းလို့ဆရာ့ရဲ့blogကိုကြည့်ဖြစ်တာ။
နှစ်ရက်လောက်အဆက်ပျက်သွားတယ် ဒီနေ့ကျမှ
သတင်းကဖတ်စရာမရှိလောက်အောင်ပျင်းခြောက်ခြောက်ကြီးဖြစ်နေပြီ။ဆရာ့ကျန်းမာရေးကိုဂရုစိုက်ပါ။
နိုင်ငံတာဝန်ကိုရောက်ရာအရပ်,ကျရာနေရာက
ကောင်မွန်စွာဆောင်ရွက်နိုင်ပါစေ။

Unknown said...

သတင်းအမှန်များကိုအမှန်အတိုင်းဖတ်လို့ရတဲ့အတွက်လိုလိုလားလားကို စောင့်မျော်နေမှာပါ။အမြန်ဆုံးကျန်းမာပြီးအမြန်ဆုံးပြန်လာနိုင်ပါစေ။


ကျန်းမာစေကြောင်းဆုမွန်တောင်းလျှက်

saw said...

ကိုလွဏ်းဆွေ ကောင်းရာမွန်ရာ ရောက်ပါစေ၊ မြန်မာ ပြည်ရဲ့ တချမ်း ပဲ့ ဒီမိုကရေစီ နိုင်ငံရေး မှာ လဲ အရင် ဘလော့မှာ လို ဆဲတာ ဆိုတာ မြောက် ပေး တာတွေ ကို အရှင်လတ်လတ် တွေ တဲ့ အခါ ကြံ့ ကြံ့ ခံပီး အများ အကျိုးရှိ တဲ့ အလုပ်လေးများ လုပ်နိုင်ပါစေ။

aung kaine(thailand) said...

ကျမ္မာပါစေ

aung kaine(thailand) said...

ကျမ္မာပါစေ

S.Maung Chain said...

You should do like that long time ago.Because most of peoples don't understand your aim and your good will.Now I feel like a bayan tree is collapse on the ground.God bless you and be
stay long life.
You are blog hero!!!!!!!!!!!!!!.

မိုး ကောင်း ကင် said...

Take care of your health. May be a long life.

dawnman said...

http://www.dawnmanhon.com/မှာတော့ သတင်းပဒေသာပုံစံ ၀က်ဆိုဒ်တော်တော်များများရဲ့ facebook update ,update သတင်းတွေ ကိုကြည့်ရူနိုင်ပါတယ်

http://colatral.blogspot.com/ said...

ဆရာ ကျန်းမာပါစေ

အားလုံးကိုချေမှူန်းမယ် said...

ခေတ်တစ်ခု စနစ်တစ်ပြောင်းလဲဖို့ တွန်းအားပေးတဲ့ အထဲမှာ Drရဲ့ လုပ်အား

လည်း အုတ်တစ်ချပ် သဲ တစ်ပွင့်ပါ ပါတယ်။ ဒါပေမယ့် ကိုယ်ပြုလိုက်တဲ့ ကံ

ကြောင့် ကောင်းကျိုး ဖြစ်လာရင်တော့ ကောင်းတာပေါ့ ကုသိုလ် ရတာပေါ့။

ပျက်စီးရာ ပျက်စီးကြောင်းဖြစ်လာရင်တော့ အကုသိုလ်ကံ ပေါ့။


သတင်း ကြည့်စရာ တစ်ခု လျှော့ သွားတော့ စိတ်မကောင်းပါဘူး။

TTချိုဇင် လည်း အားပေးစရာ လျှော့သွား ပြီပေါ့။


ကျေးဂျုးကမ္ဘာဆိုင်***

ဝါဆနာ ယော***