Sunday, July 7, 2013

သမဂ္ဂတိုက်ပုံ

သမဂ္ဂတိုက်ပုံ
မောင်လွမ်းဏီ

လှိုင်သာယာမှာ
သိုးမွေးချည် ပြတ်နေပေမယ့်
အထည်ကျန် ချုပ်နေရတယ် သတဲ့
မအေးစိုး။

အဝေးက
အထည်ရွေးသူနဲ့ 
သူဌေး ရွေးနေကြတာ တွေ့တော့ ...။

မဲဆောက်မှာ
ကျုပ်တို့ ချုပ်တဲ့ အလုပ်က အရေပြား
နှလုံးသားက သမဂ္ဂဂျာကင်
ခင်ဗျား ဂန္ထ၀င်ဖြစ်အောင် ရေး
ဆဲဗင်းဂျူလိုင်ဟာ
အမြဲတမ်း ချုပ်နေရမယ့် ပြက္ခဒိန်။ ။

မောင်လွမ်းဏီ
၅-၇-၂၀၁၃

2 comments:

Unknown said...

မြန်မာ့နိုင်ငံရေးအခြေအနေတွေပာာ တကယ့်စိတ်ချရတဲ့အဆင့်ရောက်နေပြီလား?
နိုင်ငံ့အတွင်းတိုးတက်ရေးအတွက် စီးပွားရေးကနံပါတ်တစ်နေရာမှာယူထားတာပာာဘယ်သူတွေအတွက်ဖြစ်လာမလဲ?
ငြီမ်းချမ်းရေးကဒုတိယအဆင့်ရောက်သွားတာကတချို့သောသူတွေရဲ့စိတ်တွင်း
မှာမရှင်းတာတွေရှိကြတယ် ဒါပာာနိုင်ငံတော်ကြီးတကယ်အောင်မြင်တိုးတက်
မျှတတ်နေမှာလား? လိုအက်ချက်ကဘာလိုအပ်
နေလဲ? ဒီနိုင်ငံကိုဝန်းယံထားတာက .............
ကိုယ့်ခလေးမစားရဘဲ သူ့သားကလာစားတာ
မျိုးဖြစ်နေတော့မှာလား အဲဒါတိုးတက်နေတာလား?

Unknown said...

ဝကပြည်နယ်တောင်း လက်နဲ့ကိုင်ကိုယ်ပိုင်အုပ်ရေးရဖို့နှစ်ပေါင်းများစွာ
တိုက်ခိုက်လာနေတဲ့တိုင်းရင်းသားတွေအတွက်ကကောခုချိန်ထိမရေရာသေး လွတ်ငြီမ်းချမ်းသာပေးပြီးနှစ်သိပ့်ပေကြတာဘဲရှိသေးတယ် ဘယ်မှာအာမခံချက်တွေဘယ်သူကပေးတာရှိလဲ
informal တွေဘဲ မဆလ ခေါတ်ကလိုပြန်ရောက်အုံးမလား?