Monday, June 17, 2013

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၆-၂၀၁၃ - ညပိုင်း)

- လက်ပံတောင်းတောင်သူများ လယ်ယာလျော်ကြေး ယူရန် ဖိအားပေးခံနေရ click
- အင်္ဂပူလယ်သမား ၅၀၀ ကျော် ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲ ဆင်နွှဲမည် click
- အငြင်းပွားဆဲ မြေယာ တင်ဒါခေါ်ယူမည့်ကိစ္စ ထားဝယ်လယ်သမားများ လက်မခံ click
- မူလမြေယာ ပြန်ရရှိရေး ဖားကပ်ရွာသားများက သမ္မတထံ ထပ်မံစာတင် click
- တပ်သိမ်းလယ်မြေများ၌ ကရင်အလံစိုက်မည်ဟု တွံတေး KPP ပြောဆို click
- ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ၃ ဦးကို ရဲ ဆင့်ခေါ် click
- မန္တလေး ၂၉ လမ်း (ကိုင်းတန်းညဈေး) မပြောင်းရွှေ့ရေး ဆန္ဒပြသူ ၇ ဦးအတွက် အယူခံဝင်မည် click
- လားရှိုးပဋိပက္ခ အကြမ်းဖက်မှု ပါဝင်ပတ်သက်သူများအား ရုံးထုတ်စစ်ဆေး click
- လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ပြီးစီးဟု ဆို click
- လက်ကျန်နိုင်ကျဉ်း ၁၅၅ ဦး လွတ်နိုင်ခြေရှိ click
- ဗလီအတွင်းသို့ ဗုဒ္ဓဘာသာ ရဟန်းတော်များ ပထမဆုံး ဝင်ရောက်လေ့လာ click
- ဘာသာပေါင်းစုံမှ လူဦးရေ ၂ဝ ခန့် ပြဿနာလေးရပ် ပြေလည်ရေး ဆုတောင်း click
- ငြိမ်းချမ်းရေးဆိုင်ရာ ဥပဒေများ ပြဌာန်းရန် ဦးရွှေမန်းကို တောင်းဆို click
- တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စများအတွက် NLD ဆွေးနွေးပွဲ ပြုလုပ် click
- ဒုက္ခသည်များအတွက် လျာထားမြေ ရောင်းစားသည့်ကိစ္စ ပြည်ထဲရေးတိုင်မည်ဟု တိုင်းရင်းသားဝန်ကြီး ဆို click
- အစိုးရတပ်နှင့် TNLA တို့ စစ်ရေးတင်းမာ click
- တအာင်း(ပလောင်)ဒေသ၌ အစိုးရ ဆက်လက် စစ်ဆင် click
- လိုင်ဇာဌာနချုပ်နယ်မြေတွင်း အစိုးရတပ်များ စစ်ရေးလှုပ်ရှားလာစဉ် မြေမြုပ်မိုင်းမိ click
- KIA ဝင်ဖမ်းမှာ ကွတ်ခိုင်ဒေသခံများ စိုးရိမ်နေ click
- ကုလအဖွဲ့မှ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒုက္ခသည်စခန်းသို့ ပထမအကြိမ် ကူညီခွင့်ရ click
- ကျည်ဆံခွံ ဆင်းတုတော်နှင့် လက်ဝါးကပ်တိုင် လိုင်ဇာသို့ ပို့ဆောင် click
- ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပ click
- တိုင်းရင်းသား သဘောထားများ အလုပ်အဖွဲ့ ဖွဲ့စည်း၍ အကောင်အထည်ဖော်မည် click
- DKBA ၏ ကော်သူမွဲခီး (ဆုံဆည်းမြိုင်) ထုတ်ပြန်ကြေညာချက် click
- ကရင်တမျိုးသားလုံး မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ကော်မတီဖွဲ့ ဆောင်ရွက်မှု စတင် click
- မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ကွယ်လွန် click
- ရဟန်းပျိုသမဂ္ဂဥက္ကဌ အရှင်ခေမာစာရ အမေရိကန်ရောက် ရခိုင်အမျိုးသားများနှင့် ပထမအကြိမ် တွေ့ဆုံ click
- ရခိုင်ပြည်တွင် လျှပ်စစ်တယူနစ် ၄၆၀ ကျပ်ထိ ပေးနေရခြင်းအပေါ် RNDP အတွင်းရေးမှူး မေးခွန်းထုတ် click
- ရခိုင် ၂ ပါတီကို တပါတီအဖြစ် ပေါင်းစည်းမည် click
- ရခိုင်ပါတီနှစ်ခု ပေါင်းစည်းရန် ဆုံးဖြတ် click
- ရခိုင်အမျိုးသားပါတီ ထူထောင်ရန် ရခိုင်ပါတီ ၂ ခု ဖျက်သိမ်းမည် click
- ၁၉၉ဝ နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ရခိုင်ပါတီ နှစ်ခု ပူးပေါင်း click
- ရခိုင် ၂ ပါတီ ပူးပေါင်းရေး လက်မှတ်ရေးထိုး click
- ရခိုင်နှစ်ပါတီ ပူးပေါင်းရေး လက်မှတ်ရေးထိုး click
- ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကယားလူမျိုးစု ဒီမိုကရေစီပါတီအသစ် တည်ထောင်ခွင့်ပြု click
- ကေအဲန်ယူနှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ အလွတ်သဘော ဆွေးနွေး click
- အစိုးရနှင့် KNPP ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲ စတင်တော့မည် click
- အစိုးရနှင့် ကေအန်ပီပီ စစ်ရေးကိစ္စ ဦးစားပေး ဆွေးနွေးမည် click
- ရှမ်းပြည်တပ်မတော်၏ ပေါ်လစီ ပြည်သူများ မေးမြန်း click
- သမ္မတနှင့် ဆွေးနွေးရေးခရီးစဉ် မပြီးဆုံးသေးခင် RCSS ၏ လူအား မြန်မာစစ်တပ် ဖမ်းဆီး click
- စစ်မှန်သော ဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS ခေါင်းဆောင် သဘောထားချင်း တူညီ click
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းတပ် ဆွေးနွေး click
- ကျောင်းသားဗဟိုပြု ပညာရေးစနစ် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး click
- ဒေါ်အောင်ဆန်းစုကြည် ကော့မှူးခရီးစဉ် (ဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည် အာဏာရူးနေသလော (သူ့အတွေး သူ့အမြင်) click
- ကျောင်းသားတွေ ဒီမိုကရက်တစ်နိုင်ငံရေးသမားဖြစ်ဖို့ ဇွန်လှုပ်ရှားမှု နှစ်ပတ်လည်မှာ ဆို (ရုပ်သံ) click
- လူထုစိန်ဝင်း ကွယ်လွန်ခြင်း တနှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပ (ရုပ်သံ) click
- မျိုးစောင့်ဥပဒေ မူကြမ်း အမျိုးသမီးအဖွဲ့များ ကန့်ကွက် click
- ကုလားတန်မြစ်ဖျားမှတဆင့် ခိုလှုံရန် ၀င်လာသူ ဘင်္ဂလာဒေခ်ျ့ ဗုဒ္ဓဘာသာဝင် ၈၆ ဦးကို မောင်တောမြို့သို့ ပြောင်းရွှေ့ click
- မလေးသွား ခိုးလှေနစ်၍ ၂ ဦး သေ၊ ၂၆ ဦး အသက်ဘေးမှ လွတ်မြောက် click
- မလေးရှားရောက် မြန်မာများ နေရပ်ပြန်ရေး အခက်အခဲဖြစ်နေ click
- မလေးရှားရောက် မြန်မာများ နိုင်ငံကူးလက်မှတ် မရှိလျှင်ပင် သံရုံးထောက်ခံပါက ပြည်ဝင်ခွင့်ရမည် click
- မလေးရှားမှ ပြန်လာသူများကို ဝန်ထမ်းများ ငွေမတောင်းဟု ရှင်းလင်း click
- ပြည်တော်ပြန်မည့် မလေးရောက် မြန်မာများ အခက်အခဲကြုံ (မေးမြန်းချက်) click
- နေရေးထက် … ပြန်ရေးခက် (ကာတွန်း) click
- မာမာသန်သန် ကိုယ်ရည်သွေးပြချင်တယ် (ဆောင်းပါး) click
- UMFCCI အမှုဆောင်သစ်အဖွဲ့ လူဟောင်း ၉ဝ ရာခိုင်နှုန်း ပြန်အရွေးခံရ click
- မြန်မာ့ဆန် အီးယူတင်ပို့နိုင်မှုကြောင့် အခြားနိုင်ငံများကို ယှဉ်ပြိုင်နိုင်တော့မည် click
- ရေထွက်ကုန်များကို ပုံစံ ၆ မျိုးဖြင့် EU ဈေးကွက်သို့ တင်ပို့နေ click
- မြန်မာ့ကျောက်မျက်ရောင်းချပွဲ တန်ဖိုးမြင့်ထုတ်ကုန် အသားပေးလာ click
- မဟာရန်ကုန်စီမံကိန်းအတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများအား မကြာမီ တင်ဒါခေါ်မည် click
- ရန်ကုန်တွင် မြေငှားလုပ်ကိုင်ရန် ပြည်ပလုပ်ငန်းရှင်များ ကမ်းလှမ်းမှု ရှိလာ click
- ဆင်းကတ်များကို ပြည်နယ်နှင့်တိုင်း ငါးခုတွင် ပိုရောင်းချပေးမည် click
- မြစ်ကြီးနားတွင် လူ ၁၅၀ ခန့် အစာအဆိပ်သင့် click
- ခရီးသည်တင် ဒိုင်နာကား မောင်းနေစဉ် ဂက်စ်ပိုက်ပေါက် မီးလောင် click
- ဘန်ကောက်သို့ အလုပ်သွားလုပ်မည့် ကယန်းလူမျိုး ၄၀ ကျော် မြ၀တီတွင် တလကျော် သောင်တင်နေ click
- တောင်ကြီးတွင် မူးယစ်ဆေးဝါး ပညာပေး အကြိုဆွေးနွေးပွဲ ပြုလုပ် click
- မအူပင် ဝါးတောကျေးရွာအုပ်စုတွင် မူလတန်းလွန် သင်ကြားခွင့်ရရန် လွှတ်တော်၌ တင်ပြခဲ့သော်လည်း အကြောင်းမထူး click
- တောင်သူမိသားစုများ ပညာသင်ကြားရေး ဆန်စပါးအသင်း ထောက်ပံ့မည် click
- ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း အစည်းအဝေး ပြုလုပ် click
- မလေးရှား သွားရိုက်မည့်ဇာတ်ကား ပြေတီဦး ပယ်ဖျက် click
- မလေး–မြန်မာ ဖက်စပ်ဇာတ်ကားအတွက် စရန်ယူပြီးမှ သရုပ်ဆောင်ဖို့ ပြေတီဦး ငြင်း click
- လူရွှင်တော်ပန်းသီး မန္တလေး မြို့မအဖွဲ့နှင့် ပူးပေါင်းကာ တကိုယ်တော် ဖျော်ဖြေမည်ဟုဆို click
- မစ္စတာ တော့ပ်ရဲ့ နယ်လှည့်မျက်လည့်ပြပွဲ စတင်တော့မည် click
- မှုခင်းကျဆင်းရေး (ရုပ်သံ) click
- အီရန်သမ္မတရွေးပွဲတွင် ရိုဟန်နီ အနိုင်ရ၊ ထောက်ခံသူများ အောင်ပွဲခံ click
- အမေရိကန်နှင့် ဆွေးနွေးရန် မြောက်ကိုရီးယား ကမ်းလှမ်း click

7 comments:

Unknown said...

မျိုးစောင့်ဥပဒေဆိုတာက ဗုဒ္ဓဘာသာဝင် မိန်းကလေးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဟန့်တားသလိုဖြစ်ပြီး လူ့အခွင့်အရေးနဲ့ မညီဘူးဆိုတာကတော့ ယေဘူယအားဖြင့် မငြင်းနိုင်ပါဘူး။ ဒါပေမယ့် ဘုန်းကြီးတွေရဲ့ လုပ်နည်းလုပ်ဟန် စနစ်မကျတာပဲ ရှိရင်ရှိမယ်၊ သူတို့ရဲ့ စိတ်စေတနာနဲ့ အနာဂါတ်ရည်မှန်းချက်ကိုတော့ အသိအမှတ်ပြုသင့်ပါတယ်။
မလေးရှား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်စတဲ့ အစ်စလမ်နိုင်ငံတွေဟာ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဌာန်းထားသလို အခြားဘာသာတွေရဲ့ ထိုးဖောက်ဝင်ရောက်မှုကို ကန့်သပ်ထားတဲ့ ထိမ်းမြားလက်ထပ်ဥပဒေတွေအပြင် နည်းအမျိုးမျိုးနဲ့ ဟန့်တားထားတယ်။ ထူးခြားတာက အဲဒီအစ္စလာမ်မစ်နိုင်ငံတွေဟာ တစ်ချိန်တုန်းက ဗုဒ္ဓဘာသာ အလွှမ်းမိုးဆုံးနိုင်ငံတွေ ဖြစ်ခဲ့တယ်ဆိုတာ ဘာသာတရားပြန့်နှံမှုဆိုင်ရာ သုတေသီတွေက တညီတညွတ်ထဲ သုံးသပ် မှတ်တမ်းတင် ခဲ့ကြတယ်။ မလေးရှားရဲ့ ဘာသာစကား (၁၀)လုံးမှာ (၅-၇)လုံးဟာ Sanskrit သက္ကရိုက်နဲ့ ပါဌိဘာသာက ဆင်းသက်လာတာဖြစ်တယ်။ http://veda.wikidot.com/malay-words-sanskrit-origin သက္ကရိုက် ဘာသာစကားဟာ ပါဌိဘာသာနဲ့ အသံထွက်ရော သဒ္ဒါပါ အလွန်နီးကပ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အကြားမှာ အများဆုံး အသုံးပြုခဲ့တဲ့ ဘာသာထဲက တစ်ခုဖြစ်တယ်။ http://www.differencebetween.net/miscellaneous/culture-miscellaneous/difference-between-sanskrit-and-pali/ ဒီဘာသာစကားကို အသုံးပြုကြတဲ့ ဘာသာတွေကတော့ ဗုဒ္ဓ၊ ဟိန္ဒူနဲ့ ဂျိန်းဘာသာဝင်တွေဖြစ်ကြတယ်။ ဆိုလိုတာက အစ္စလာမ်ဘာသာဆိုတာ ပေါ်ပေါက်ခြင်း မရှိသေးသလို တစ်ချိန်တုန်းက ဒီဘာသာစကားတွေ အသုံးပြုတဲ့ တိုင်းနိုင်ငံတွေမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်မှု အလျင်းမရှိခဲ့ဘူး။ ဒီနေ့ခေတ် မလေးရှားနိုင်ငံဟာ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းထားသလို ဗုဒ္ဓဘာသာက (၁၉%)ပဲရှိပါတော့တယ်။ တစ်ချိန်က ဗုဒ္ဓဘာသာလွှမ်းမိုးမှု အားကောင်းခဲ့တဲ့ ဒေသတွေဆိုတာ ယုံနိုင်စရာတောင် မရှိတော့ပါဘူး။ ဒီနေ့ခေတ် ဗုဒ္ဓဘာသာ ကိုးကွယ်မှု လုံးဝနီးပါး မရှိတော့တဲ့ ပါကစ္စတမ်မှာဆိုရင်လည်း တစ်ချိန်တုန်းက ဗုဒ္ဓဘာသာ အလွန်တရာသြဇာလွမ်းမိုး ကြီးစိုးခဲ့တဲ့နေရာတွေ ဖြစ်ခဲ့တယ်ဆိုတာ ဒီနေ့ထိသက်သေပြစရာတွေ အခိုင်အမာ ရှိနေသေးပါတယ်။ အင်ဒိုနီးရှားမှာဆိုရင်လည်း ကမ္ဘာသမိုင်းဝင်အဖြစ် အသိအမှတ်ပြုထားတဲ့ ဗောဓောစေတီတော်မြတ်ကြီး ကိန်းအောင်းတည်ရှိနေပေမယ့် ဒီနေ့ခေတ်မှာတော့ ဗုဒ္ဓဘာသာဝင်က (၀.၇၂%)တစ်ရာခိုင်နှုန်းတောင် မရှိတော့ပါဘူး။
ဒီနေ့ခေတ် မြန်မာနိုင်ငံဟာ ကမ္ဘာအလယ်မှာ ဗုဒ္ဓဘာသာ ကြီးစိုးတဲ့နိုင်ငံအဖြစ် တည်ရှိနေပေမယ့် နောင်နှစ်(၅၀)ကနေ (၁၀၀)အတွင်း အစ္စလာမ်နိုင်ငံအဖြစ် ပြောင်းလဲသွားနိုင်စရာ အလားအလာ အများကြီးရှိနေပါပြီ။
မြန်မာနိုင်ငံမှ မဟုတ်ပါဘူး ကမ္ဘာကြီးတစ်ခုလုံးမှာ အစ္စလာမ်ဘာသာရဲ့ လွှမ်းမိုးမှုဟာ မယုံနိုင်စရာကောင်းလောက်အောင်ကို ဆတိုးကိန်းနဲ့ အကြီးအကျယ် ပျံ့နှံ့သက်ရောက်လျက်ရှိတာကို ပညာရှင်တွေ အသေအချာတွက်ချက် ထောက်ပြနေကြပါပြီ။ အမေရိကားမှာ ၁၉၇၀မှာ အစ္စလာမ် တစ်သိန်းပဲရှိပေမယ့် နှစ်ပေါင်း သုံးဆယ်လောက်မှာ သန်းငါးဆယ် ကျော်နေပါပြီ။ http://www.youtube.com/watch?v=c_16uxgByVE
ဒီနေ့ခေတ် မြန်မာနိုင်ငံမှာ စေတီ၊ ပုထိုးတွေ ဘယ်လောက်ပဲများများ ဗုဒ္ဓဘာသာဝင်လို့ ဘယ်လိုပဲ အမည်ခံထားထား ဗုဒ္ဓရဲ့အဆုံးအမကို ရင်ထဲနှလုံးထဲက သိရှိလိုက်နာခြင်း မရှိတော့တဲ့လူဦးရေ များသထက် များလာပါပြီ။ ဒီလိုလူတွေအတွက် ဒီနေ့ခေတ်မှာကို သာသနာဟာ ကွယ်နေပါပြီ။

Unknown said...

သာသနာဆိုတာ ကျောင်းကန်နဲ့ စေတီပုထိုးတွေမှာ မတည်ပါဘူး။ သာသနာရဲ့ တည်နေရာဟာ လူတွေရဲ့နှလုံးသားထဲမှာပါ။ လူတွေရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓအဆုံးအမတွေကို သိရှိနားလည် လိုက်နာကျင့်သုံးနေသမျှ သာသနာတည်တာပါ။ လိုက်နာ ကျင့်သုံးခြင်း မရှိတော့ရင် သာသနာကွယ်နေတာပါ။ ဗုဒ္ဓဘာသာဟာ အစွန်းတရားနှစ်ဖက်ကို ရှောင်ကျဉ်တဲ့ အလယ်အလတ် လမ်းစဉ်ဘာသာပါ။ အစွန်းတစ်ဖက်ဖက်ကို ရောက်နေရင် ဗုဒ္ဓဘာသာ မဟုတ်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ အစွန်းရောက်ဘာသာဝင်ဆိုတာ လုံးဝမရှိပါဘူး။ အစွန်းတစ်ဖက်ကို ရောက်နေရင်လည်း ဗုဒ္ဓဘာသာဝင်လို့ ဘယ်နည်းနဲ့မှ မဆိုနိုင်ပါဘူး။ သာသနာကွယ်နေတဲ့ နာမည်ခံမျှသာဖြစ်နိုင်ကောင်းပါတယ်။ ဒေါသကို အခြေခံတဲ့ ဖြစ်စဉ်တွေအားလုံးဟာလဲ ဗုဒ္ဓလမ်းစဉ် လုံးဝမဟုတ်ပါဘူး။
မေတ္တာတရားသည်သာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရအစစ်အမှန် ဖြစ်ပါတယ်။
မွတ်ဆလင် ရာနှုန်းပြည်ကြီးစိုးတဲ့
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်မှာ ဗုဒ္ဓဘာသာ စေတီ၊ ပုထိုးနဲ့ အလွန်တရာ ခိုင်ခန့်ကြီးမားလှတဲ့ ဆင်းတုတော်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေ ဒီနေ့ထိ ပြယုဂ်အဖြစ် တည်ရှိနေပါသေးတယ်။ ဒါတွေကို ယူအင်က world's heritages အဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ဗုဒ္ဓသာသနာဆိုတာ မူးလို့တောင် ရှုစရာ မရှိတော့ပါဘူး။ သာသနာဆိုတာ အဆောက်အဦမှာ မတည်ဘူးဆိုတာကို ထင်ရှားစွာ သက်သေပြနေတာပါ။
ဒီနေ့ ပြောနေကြတဲ့ အမျိုးစောင့်ဥပဒေဆိုတာ နားခါးစရာ ကောင်းနေပေမယ့် တနည်းအားဖြင့်တော့ အရေးတကြီးလိုအပ်ချက်တစ်ခုကို ကောက်နှုတ်ပြနေတာပါ။
အနည်းဆုံးတော့ ဗုဒ္ဓဘာသာဝင်မိန်းကလေးတွေအနေနဲ့ သူတို့ရဲ့ ပင်ကိုယ် သဘောတူညီမှု စိတ်ဆန္ဒမပါပဲ အိမ်ထောင်ပြုလိုက်တာနဲ့ ဘာသာသွပ်သွင်းခံရခြင်းကိုတော့ ဥပဒေနဲ့ တနည်းနည်း ဟန့်တားသင့်တယ်လို့ ယုံကြည်ပါတယ်။
သူ့စိတ်ဆန္ဒပါနေရင်တော့လည်း ခွင့်ပြုယုံသာ ရှိပါတယ်။ ပင်ကိုယ် စိတ်ဆန္ဒကို အလေးအမြတ်ထား အသိအမှတ်ပြုပေးရမှာ ဖြစ်ပါတယ်။
အဓိက က မြန်မာမိန်းခလေးတွေ ဗုဒ္ဓရဲ့ အဆုံးအမတွေကို ရင်ထဲနှလုံးသားထဲထိ စွဲမြဲစွာ ယုံကြည်လိုက်နာ နေအောင်၊ ဘာသာတရားအသိတွေ ခိုင်မာနေအောင် ကြိုးပမ်းဖို့က ပိုလို့အရေးကြီးတယ်လို့ မြင်ပါတယ်။
ဘုန်းတော်ကြီးတွေရဲ့ တရားပွဲတွေကို အစိုးရ အာဏာပိုင်တွေက ဟန့်တားနှောက်ယှက်နေတာကလည်း သာသနာကွယ်ကြောင်း တွေပါပဲ။ တကယ်တော့ ကိုယ့်တာကို ကိုယ် လုံအောင်လုပ်ဖို့က အရေးကြီးဆုံးပါ။
သာသနာကို ကိုးကွယ်ကြည်ညိုတတ်ဖို့ စနစ်တကျ တရားဟောနေတဲ့ ဓမ္မကထိကဆိုရင် အစိုးရလက်ကိုင်တုတ် အာဏာရှင်ဘုန်းကြီးတွေနဲ့ အဲဒီနောက်လိုက် ဘုန်းတော်ကြီးတွေကပဲ အမျိုးမျိုး ခေါင်းစဉ်တတ်ပြီး နှောက်ယှက်ဟန့်တားနေကြတာကို တွေ့နေရတယ်။ ဒါဟာလည်း သာသနာကွယ်ခြင်း အကြောင်းတရား တစ်ခုပါပဲ။
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ အချင်းချင်း တိုက်ခိုက်မှုတွေကို အမြန်ဆုံးလျှော့ချပြီး သာသနာတည်တံ့ပျံ့ပွားရေးအတွက် ညီညွတ်စွာနဲ့ အားစိုက်လုပ်ကိုင်ရမယ့် အချိန်ရောက်နေပါပြီ။
ဗုဒ္ဓရဲ့ အဆုံးအမတွေကို မေတ္တာတရားနဲ့ယှဉ်ပြီး လူသားတွေရဲ့ နှလုံးသားထဲ ကိန်းအောင်းနေအောင် တတ်စွမ်းသမျှ အားစိုက်သင့်လှပါပြီ။ ကိုယ့်တာ ကိုယ်လုံအောင်ထိန်းခြင်းကသာ ပိုပြီး ဓမ္မဓိဌာန်ကျတယ်လို့ မြင်မိပါတယ်။
ကမ္ဘာပြားနေတဲ့ ခေတ်ကာလမှာ အမျိုးစောင့်ဥပဒေရဲ့ အချက်အလက်တွေက အံမ၀င်ဘူးလို့ ဆိုပေမယ့် အနှစ်သာရကိုတော့ အသိအမှတ်ပြုသင့်ပါတယ်။

Hurricane Sandy said...

nga ba မျိုးစောင့်ဥပဒေ ကို ဗုဒ္ဓဘာသာ မတိမ်ကော ၊
မပျောက်ကွယ်ရေး ရှေးရှု ပြီးထောက်ခံ သွားတာတွေ.ရပါတယ် ၊
.. တခြားဘာသာတွေ (အထူးသဖြင်.) အစ္စလမ် ၊ခရစ်ယန်
ဘာသာတွေဟာ သူတို.ရဲ.ဘာသာတရား ပြန်.ပွားရေး
အစဉ်အဆက်ကြိုးစားခဲ.ကြတာပါ ၊
.. ဗုဒ္ဓဘာသာ ကတော. ကိုယ်.ဘာသာကို ပြန်.ပွားအောင်
သာသနာပြုမှု အားနည်းခဲ.တဲ.အပြင် ကာကွယ်ထိန်းသိမ်း
ဖို.လည်း နှစ်ပေါင်း ရာချီ ပျက်ကွက်ခဲ.တာပါ ၊
.. ယနေ.ကာလ ဗုဒ္ဓဘာသာကို ကာကွယ်ထိန်းသိမ်း ဖို.
လိုလာပြီဟေ. လို.သိကြတဲ. အခါ ပညာပေး ဟောပြော
တာလောက်နဲ. လူငယ်တွေကို guide လုပ်နိုင်ပါ.မလား
... ဥပဒေ နဲ.ထိန်းသင်.ပြီလား ဆိုတာ ဘာသာရေး နဲ.
နိုင်ငံရေး ပုဂ္ဂိုလ် များ ညှိနှိုင်းပြီး မူချရပါမယ် ။
... ပြီးရင် (မိမိအမြင်အရ) ဗုဒ္ဓဘာသာဝင်များရဲ. ဆန္ဒခံယူမှု လုပ် ၊ ၄ပုံ ၃ပုံ ရ လျှင်ပြဌာန်း ၊ စတာတွေလုပ်သင်.ပါတယ် ၊
.. လွယ်တော.မလွယ်သူးဗျ ၊ လုပ်နိုင်ရင်တော. အကောင်းဆုံးပါ ။
.. nga ba ရေးတာတွေကလည်း အတော် ပြည်.စုံ
မှန်ကန်ပါတယ် ။

အားလုံးကိုချေမှူန်းမယ် said...

ဓမ္မအန္တရာယ် ဖြစ်ပါတယ်

အားလုံးမှာတာဝန်ရှိပါတယ်

အမျိုးသမီးတွေကလည်း စော့င်လေ မျိုးနွယ် ဆိုတာ စောင့်ထိန်းဖို့ လိုတယ်

တာဝန်ရှိတဲ့ သူတွေ ကလည်း လက်ဆောင်ပဏ္ဌာရတာနဲ့ အိမ်ဆောက်တာ

တွေ ကုမ္ပဏီ တွေကိုရွေးချယ်တာဝန်ပေးသင့်ပြီ။

COBRA said...

လူ.အခွင်.အရေးနဲ.မကိုက်ဘူးဆိုပြီး (ဘို - ပစ္စည်း မှကြိုက်သူများအတွက်) ပြောပါရစေ ၊
အမေရိကန်မှာ ဒီမိုကရေစီဆိုပြီး လူမျိုးမရွေး ၊ဘာသာမရွေး
လာခဲ.ကြ ၊လာနေကြ လုပ်တော. အဲဒီ လာနေတဲ.အုပ်စုကဘဲ WTC
twin tower နဲ. Boston ဗုံးခွဲတာတွေလုပ်သွားတာ ၊
ပြည်သူတွေကြား မဲခွဲရင်
၁ ။ ကျေးလက်နေပြည်သူ ၉၅%ခန်.
၂ ။ မြို.နေပြည်သူ ၈၀% ကျော်
၃ ။ ပြည်ပရောက်နိုင်ငံသား ၆၀% ကျော်
... ထောက်ခံမယ် ထင်တယ် ။

အားလုံးကိုချေမှူန်းမယ် said...

ပုဂ္ဂလိက လျှပ်စစ်မီတာခ ဈေးနှူံးတွေ ပြန်စီစစ်သင့်နေပြီ

ပြေစာတွေမှာလည်း သူငယ်တန်လက်ရေးနဲ့ ရေးချင်သလိုရေးထားတယ်

သာမန်စတိုးဆိုင်လေးတောင် ဈေးဝယ်ရင် တန်းဘိုးနည်းတဲ့ တစ်ရှုးစက္ကူ

ဝယ်ရင်တောင် Up To Date ဈေးနံးနဲ့ စနစ်တကျပေးနေတဲ့ ပွင့်လင်းမြင်

သာ ခေတ်မှာ ပုဂ္ဂလိကကို သက်သာရင်ပြီးရောဆိုပြီး ခွဲတမ်းလေးကို

ပုံမှန်ယူပြီး မလုပ်မရှုပ်မပြုတ် တွေ မရှိသင့်တော့ဘူး။

တာဝန်မကျေတဲ့ အစိုးရအဖွဲ့အစည်း မဖြစ်စေရေး သမိုင်းမှာ မတွင်ရစ်အောင်

EPC ရဲ့ လုပ်ငန်းတွေ ပြန်စီစစ်သင့်နေပြီ။

Unknown said...

မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့မျိုးစောင့်ဥပဒေကို
ထောက်ခံပါတယ်။