Wednesday, June 12, 2013
အင်းလေးဟိုတယ်ဇုန်က အဓမ္မဖမ်းဆီးမှု (ရုပ်သံ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:08 AM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:08 AM
Labels: ဗွီဒီယိုမှတ်တမ်း
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
1 comment:
မြန်မာနိုင်ငံက လာဘ်စားတဲ့ ၀န်ကြီးတွေ.. အာဏာပိုင်တွေနဲ့ပေါင်းပြီး မြေယာတွေကို အချောင်လိုချင်တဲ့ အချောင်သမား စီးပွားရေးသမားတွေ..
ဒီလို သူခိုးကြီးလုပ်ရပ်မျိုးတွေ ရှိနေသမျှတော့ ဒီလိုပြဿနာတွေ ရှိနေဦးမှာပါပဲ။
မရှိဆင်းရဲသား တောင်သူတွေရဲ့ လုပ်ငန်းနေရာတွေကို သိမ်းမယ်ဆိုရင် အသိမ်းခံရသူတွေရဲ့ ဘ၀အတွက် အာမခံချက်ရှိမယ့် မြေနေရာအစားပေးတာ၊ ကာလပေါက်ဈေးနဲ့ လျော်ညီထိုက်တန်တဲ့ လျော်ကြေးငွေပေးတာမျိုးတွေ စေတနာပါပါ လုပ်ကိုင်ပေးသင့်ပါတယ်။
ရိုး,အ,ကြတဲ့ တောင်သူတွေမှာ ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဓါးမဦးချ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့ကြသူတွေကိုတော့ မဖြစ်မနေ အသိအမှတ်ပြုရမယ်။
သူတို့ဟာ မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာ ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ အစဉ်အလာကောင်းခဲ့တဲ့ မြန်မာတွေ ဖြစ်ကြတယ်။ ရက်ပိုင်းလပိုင်းအတွင်း ကျူးကျော်ဝင်ရောက်လာကြသူတွေ မဟုတ်ဘူး။
ဒါပေမယ့် မြန်မာနိုင်ငံက သူဌေးကြီးဆိုသူတွေက အာဏာရှိသူတွေနဲ့ ပေါင်းဆပ်ပြီး အချောင်သူဌေးဖြစ်လာကြသူတွေဆိုတော့ ဘယ်လောက်ပဲ ငွေကြေးချမ်းသာနေနေ အချောင်သမားစိတ်တွေက မဖျောက်နိုင်ကြဘူး။ လုပ်ရည်ကိုင်ရည်ရှိပြီး အရည်အချင်းနဲ့ ချမ်းသာလာသူတွေ မဟုတ်ကြတော့ လူသားခြင်း စာနာထောက်ထားရမယ်ဆိုတဲ့ အသိတရား မရှိကြဘူး။ အတ္တသမား သက်သက်တွေ ဖြစ်ကုန်တယ်။
ရာထူးရှိတဲ့ တိုင်းရင်းသားဝန်ကြီးဆိုတဲ့လူကလည်း မိမိတိုင်းရင်းသားတွေ အကျိုးသယ်ပိုးမယ်ဆိုတဲ့ စိတ်နဲ့ ၀န်ကြီးဖြစ်လာတာ မဟုတ်တော့ သူတို့ကို လာဘ်လာဘ ပေးကမ်းလာတဲ့ အချောင်သမားသူခိုးကြီးတွေဖက်က ရပ်တည်ပေးဖို့ ၀န်မလေးဘူး။
အရှက်တရားမရှိတဲ့ တိုင်းပြည်ရဲ့ အမှိုက်သရိုက်တွေလို့ပဲ မြင်မိတယ်။
ပြည်သူ့ရဲက ပြည်သူကို ကာကွယ်ဖို့မဟုတ်ဘဲ အာဏာရှိသူနဲ့ အချောင်သူဌေးသူခိုးကြီးတွေကို ကာကွယ်ဖို့ပဲ လုပ်တတ်သလို ဖြစ်နေတာတွေက စိတ်မကောင်းစရာပါ။
နိုင်ငံသားတွေက ကူညီပါရစေ ဆိုတာကြီးကို အယုံအကြည် မရှိကြတော့ဘူး။
Post a Comment