Monday, May 20, 2013

VOA ရောက် ကြံ့ဖွံ့စစ်အစိုးရ ရုပ်သေးသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပွဲ (ရုပ်သံ)

5 comments:

genius said...

သမ္မတကြီး က အမေရိကန်မှာ VOA နဲ. အမေးအဖြေ
လုပ်ရာမှာ ၂၀၀၈ ဖွဲ.စည်းပုံ ဟာပြည်သူတွေ တခဲနက်
ထောက်ခံပြီး မှအတည်ပြုထားတာပါတဲ. ၊

... အပြင်မှာကလည်း သမ္မတကြီးကို ' လူလိမ် .. သိန်းစိန် '
လို. အော်ဟစ်ဆန္ဒပြ မယ်တဲ. ၊

... ကြည်.လဲလုပ်ကြပါဗျာ ၊ သမ္မကြီး လိမ် ပါ.မလား ? ။

မိုးကြိုး said...

any way i agree with U Thein Sein

Unknown said...

တချို့မေးခွန်းတွေက ထိလျှပေါက်ကွဲတဲ့သဘော ပါသလို ဖြေတဲ့လူကလည်း မအီမလယ်အိနြေ္ဒရရ ဖြေနိုင်တာကို အစွမ်းအစတစ်ခုလို့ ပြောရမလားမသိပါ။
မြန်မာ့သမိုင်းစဉ်မှာ တိုင်းပြည် လုံခြုံတည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဘာမှ မပြောလိုပေမယ့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေမှာ တစ်ခါ၊ တစ်ခါ ၀င်ပါလိုက်ရင် နှစ်ငါးဆယ်လောက် ဥပဒေကဲ့သို့သောနှုတ်မိန့်တွေနဲ့ အာဏာရှင် ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်း ထင်ရာစိုင်းကြတာကတော့ တစ်ခါဆို တစ်ခါပါပဲ။ ဗိုလ်ချုပ်တွေ ကောင်းစားပေမယ့် တိုင်းပြည်က အခြေခံစိတ်ဓါတ်တွေကအစ ဘက်ပေါင်းစုံ နိမ့်ပါးပျက်စီး ခဲ့ရတာပါ။
စစ်တပ်ဟာ တိုင်းပြည်လုံခြုံရေးနဲ့ ပတ်သက်ပြီး စစ်ရေးကဏ္ဍမှာ မဖြစ်မနေ တည်ရှိအားကောင်းဖို့ လိုအပ်ခဲ့ပေမယ့် တိုင်းပြည်ရဲ့ ကဏ္ဍအားလုံးမှာ အရှည်သဖြင့် ၀င်ရောက်စွက်ဖက် ဗိုလ်ကျစိုးမိုးခဲ့ တာကတော့ လွမ်းလောက်စရာ မရှိတဲ့ သမိုင်းခါးကြီးပါ။ ဒါကြီးကို ဂုဏ်ယူစာဖွဲ့ထိုက်တဲ့ သမိုင်းအစဉ်အလာလို့ မမြင်မိပါဘူး။ ခေတ်ပြောင်းတယ် ဆိုပေမယ့် စီးပွားရေးကဏ္ဍတွေမှာ ဒီနေ့ထိ အတိုင်းအတာ တစ်ခုအထိ ဗိုလ်ကျစိုးမိုးခွင့် ရနေဆဲပါပဲ။
စစ်သားအလုပ်ကို စစ်သားလုပ်ရင် တိုင်းပြည်က ကြည်ညိုလေးစားနေမှာပါ။ အစဉ်သဖြင့် ဦးညွတ် ဂုဏ်ပြုနေကြမှာပါ။ ဂုဏ်ယူချင်နေကြတာပါ။
ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ဆိုပေမယ့် ကမ္ဘာသိ ပြောခဲ့တဲ့ အချိန်တန်ရင် စစ်တမ်းလျားပြန်မယ်ဆိုတဲ့ စကားတစ်ခွန်းက သူ့ရဲ့ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ခဲ့သလို ပြည်သူရဲ့လေးစားမှုကို အတိုင်းအတာတစ်ခုအထိ ရယူနိုင်ခဲ့တယ်။
သမ္မတကြီးက ဖွဲ့စည်းပုံဥပဒေဆိုတာ သံမဏိဥပဒေမဟုတ်ပါဘူး.. ပြင်ဆင်လို့ရပါတယ်လို့ ဆိုပေမယ့် လက်ရှိပြင်ဆင်ခွင့်ဥပဒေအရ လွှတ်တော်ထဲက ၂၅%ဟာ သံမဏိတွေထက်တောင် ပိုပြီး လုံခြုံလွန်းနေတဲ့ စူပါသံမဏိသဘော သက်ရောက်နေတာပါ။
ပုထုဇဉ်လူသားတွေမို့..
စစ်ဗိုလ်ချုပ်လူထွက်က စစ်တပ်ရဲ့ကဏ္ဍကို ဖေးမမြှင့်တင် ပြောဆိုတာ သဘာဝတော့ ကျပါတယ်။ အဲလိုပဲ တပ်မတော်ရဲ့ဖခင် အရင်းခေါက်ခေါက်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးက တပ်မတော်အပေါ် လိုလားသက်ဝင်တဲ့ စကားပြောတာလည်း သဘာဝကျပါတယ်။
နှစ်ဖက်လုံးက ၀ါးခြမ်းလို့ ရှုမြင်နေပေမယ့် တကယ့်အရှိတရားက ၀ါးလုံးကြီး ဖြစ်နေနိုင်တာမဟုတ်လား။
မေတ္တာတရားတွေ အားကောင်းမောင်းသန်ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။

boxerburma said...

သမတကြီး က ခုနကလို ဆိုတဲ့ စကားကို ဘာလို့ ထည့်ထည့် ပြောနေတာလဲ ငပေါ ငပေါ ....

COBRA said...

မြန်မာ့သမိုင်းစဉ်မှာ တိုင်းပြည် လုံခြုံတည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ တိုင်းပြည်အပေါ်ကယ်တင်ခဲ.တဲ.ကျေးဇူးတွေ အများကြီးတဲ.၊
မြန်မာ.နိုင်ငံရေးမှာ တပ်မတော်အခန်းကဏ္ဍ ပါဝင်သင်.တယ်လို.ဆိုလိုသွားတယ် ၊

၂၀၁၅ အတွက် ဖွဲ.စည်းပုံ ပြင်ရေးကိစ္စ ၊ လွှတ်တော်ထဲဝင်အိပ်ငိုက်မယ်. စစ်တပ် အမတ် ၂၅%
မပါဝင်ရေး ကိစ္စတွေ ပြင်ဆင်ဖို. အဆင်မပြေ နိုင်ဘူးဆိုတာ
SIGNAL ပြလိုက်တာပါဘဲ ။