Tuesday, May 21, 2013

နိုင်ငံတော်သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေနွေးချက် (အသံ)

2 comments:

Unknown said...

နိုင်ငံတကာမှာက ညမထွက်ရအမိန့်လိုမျိုး၊ ပြည်သူရဲ့ နိစ္စဓူဝရှာဖွေ စားသောက်ရတဲ့ဖြစ်စဉ်ကို အနှောက်အယှက် ဖြစ်စေတဲ့အမိန့်မျိုးကို အလွန့်အလွန်မလွှဲသာလို့ ထုတ်ပြန်ခဲ့ရင်တောင် အတတ်နိုင်ဆုံး အလျှင်အမြန် ပြန်လည်ရုပ်သိမ်းကြတာ တွေ့ရပါတယ်။ ဥပမာ- ဘော်စတွန်မာရသွန် ဗုံးပေါက်တော့ နေ၀င်မီးငြိမ်းအမိန့်လိုမျိုး ထုတ်ပြန်ပြီး အင်အားသုံးရှာဖွေ စစ်ဆေးခဲ့ပေမယ့် တရားခံကို မတွေ့ဘူးဆိုတာနဲ့ သုံးလေးရက်အတွင်း အချိန်မဆိုင်းဘဲ ချက်ချင်းလိုလို အဲဒီအမိန့်ကို ပြန်လည်ရုတ်သိမ်းပေးခဲ့တယ်။ အမိန့်ရုပ်သိမ်းပြီး အချိန်ပိုင်းတွင်းမှာပဲ သတင်းပေးပြည်သူကြောင့် တရားခံကို ဖမ်းမိခဲ့တယ်။ ပြည်သူတွေရဲ့ ရောင်းဝယ်မှု၊ စားဝတ်နေရေးနဲ့ လူမှုပါတ်ဝန်းကျင်ကို အမိန့်ကြောင့် ဖိအားတစ်စုံတစ်ရာ မသက်ရောက်စေချင်တဲ့ သဘောလို့ ထင်ပါတယ်။
မြန်မာနိုင်ငံမှာကတော့ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးရင် ပြန်ရုပ်သိမ်းမှန်း မကြော်ငြာပေးယုံတင်မကဘူး၊ သက်ဆိုင်ရာကို သွားမေးရင်လည်း ဟိုလိုလို ဒီလိုလိုနဲ့ ရေရာတိကျတဲ့ အဖြေကို သိရရိုး ထုံးစံမရှိသလိုကို ဖြစ်နေတာပါ။ ညနေဖက်မှ ထွက်ရတဲ့ဈေးဆိုင်တွေ၊ ဈေးသည်တွေမှာက စီးပွားပျက်ယုံတင်မကဘဲ ၁ပတ်၁၀ရက်ကြာလို့ ဘာမှမထူးတာနဲ့ ကိုယ့်နားလည်မှုနဲ့ကို ဈေးဆိုင်ပြန်ဖွင့်တော့လဲ ဘယ်သူများ လာတားဆီးမလဲလို့ စိတ်တထင့်ထင့်နဲ့ ကျီးလန့်စာစား ရှာဖွေစားသောက်ကြရတယ်။ သက်ဆိုင်ရာ အာဏာရှိသူတွေက ပြည်သူတွေရဲ့ ဒုက္ခကို အရသာခံနေကြသလားလို့တောင် ထင်မှတ်မှားကြရတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့လပိုင်း အစ္စလာမ် စာသင်ကျောင်း မီးလောင်တုန်းက မြို့နယ်အချို့မှာ ညမထွက်ရအမိန့်ထုတ်ပြန်ပြီး သက်ဆိုင်ရာတွေက ဈေးဆိုင်တွေကို ည(၉)ကျော်ပြီး မဖွင့်ဖို့ လိုက်လံတားဆီးကြတယ်။ ဒါပေမယ့် ဒီနေ့ထိ အဲဒီမြို့နယ်တွေမှာ အဲဒီအမိန့် ရုပ်သိမ်းတယ်ဆိုတာ တရားဝင် ကြေငြာအသိပေးတာမျိုး မလုပ်ကြသေးဘူး။ အဲ့ဒီအမိန့် ရုပ်သိမ်းလား၊ မသိမ်းဘူးလား ခုထိ ပြည်သူတွေ တရားဝင် မသိရသေးဘူး။

ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတင်ပြသွားတာ သိပ်ကောင်းတယ်။ တစ်သက်လုံး အမိန့်ဆိုတာကိုပဲ အလုပ်တစ်ခုလို နားလည် လုပ်ကိုင်တတ်ခဲ့တဲ့ စစ်သားတွေအကြားမှာ ဒီလိုဆွေးနွေးမှုမျိုးကိုလုပ်ဖို့ တော်တော်လေး ချိန်ဆခဲ့ရမယ်လို့ထင်တယ်။

haymar said...

Absolutely agree Mom Su.

Chee huat President U Thein Sein still playing political & brain wash to people.