Monday, April 15, 2013

နိုင်ငံသားဥပဒေအပေါ် ဂျပန်ရောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်သုံးသပ်ချက်

ခွန် ဒီးယမ်'s video

11 comments:

Unknown said...

နိုင်ငံတော် သမတ နှင့် ဒုသမတ အရည်အချင်း တို့ အတွက် ပြဌာန်းထားသော ဥပဒေ ဟာ ဒေါ်အောင်ဆန်းစုကြည် ကို ပိတ်ပင်ဖို့ပြဌာန်းထားတယ်ဆိုရင်တောင် သဘောမတူစရာမရှိပါ။ အကြောင်းကတော့ နိုင်ငံတော်သမတမှာ နိုင်ငံခြားသား သားသမီးရှိနေတယ်ဆိုရင် အဲ့ဒီနိုင်ငံသို့မဟုတ် အခြား နိုင်ငံတခုခု သို့မဟုတ် အဖွဲ့ အစည်း တခုခု (ထောက်လှမ်းရေးကဲ့သို့) မှ ထိုသားသမီးကို ကိုင်ပြီး နိုင်ငံတော် သမတ၊ ဒုသမတ တို့ ရဲ့ဆုံးဖြတ် ချက်များ ကို လွှမ်းမိုးနိုင်ပါတယ်။ ဒေါ်စုကတော့ သူ့သားများနဲ့ နိုင်ငံရေးခွဲခြားပြီးမြင်နိုင်ပေမယ့် ဒေါ်စု နောက် တက်လာမယ့် သမတ များဟာ ဘယ်သူဘယ်ဝါ ဖြစ်လာမယ်ဆိုတာ ကြိုတင် မခန့်မှန်းနိုင်ပါ။ အဲ့ဒီ အခါ ဟိုလူ့အတွက် ဥပဒေပြင်ရ ဒီလူ့ အတွက်ဥပဒေပြင်ရ ဆိုတာ ဟာ နိုင်ငံသိက္ခာကျပါတယ်။
ဒေါ်စုလည်းလုပ်နိုင်လှ ၅ နှစ်ပါ၊ အသက်အရွယ်က သိပ်ပြီး ခွင့်မပြုတော့ပါ။ ဒေါ်စု နောက်တက်လာသူ တစ်ဦးဦး မှာ အလွန်ချစ်တဲ့ သမီးတဦးရှိတယ် ဆိုပါစို့၊ သူ့ သမီးက တရုတ်နိုင်ငံသားနဲ့ ယူပြီး တရုတ်နိုင်ငံသားဖြစ်နေပြီဆိုပါစို့၊ အဲ့ဒီအခါကျ ခက်သွားပါလိမ့်မယ်။ အစကတည်းက တိတိကျကျ လုပ်ထားတာကောင်းပါတယ်။ ဒေါ်စုကိုတော့ လေးစားပါတယ်။ ဒါပေမယ့် National security ကိုတော့ အမြဲ အလေးပေးရပါမယ်။

Unknown said...

နိုင်ငံတော် သမတ နှင့် ဒုသမတ အရည်အချင်း တို့ အတွက် ပြဌာန်းထားသော ဥပဒေကို အပြည့်အ၀ တောက်ခံပါတယ်။ ( တစ်ခြား ဥပဒေများကို မဆိုလိုပါ။ ) တစ်နိုင်ငံ လုံးကို အုပ်ချုပ်မည့် သူဖြစ်နေလို့ပါ။ အထက်က ရေးတဲ့ ကွန်မန့်ကို လေးစားပါတယ်။

Winnie said...

It doesnt matter
Plz open your eyes n watch outside world
Who is the president of USA?
Which nationality he is?
The point is whoever is elected for president, must be faithful to the country and have commiment to govern all the people by trying all his/her best!
Watch back our country history, did we get good results though these pure burmese generals governed?
So plz dont be narrow minded and observe the outside world what is happening!
Happy new year!

KO NAING said...

LIKE KO Winnie comment

Unknown said...

ဗမာ ဗမာ ချင်းကမွေးပြီး တော့ရော ဘာအာမခံချက် ပေးနိုင်မလည်း မြန်မာနိုင်ငံသား ဖြစ်နေရင် ဘယ်သူမဆို သမ္မတ ဖြစ်နိုင်စေရမယ် တိုင်းပြည်အတွက် ဦးဆောင်နိုင်တဲ့ မြန်မာနိုင်ငံသား ဖြစ်ဖို့ ခင်ဗျားလည်းကြိုးစား ခဲ့ရင် သမ္မတ ဖြစ်ရမှာပေါ့ ခင်ဗျား မိန်းမ လူမိုးခြား ဖြစ်တာနဲ့ အရည်အချင်းရှိတဲ့ မြန်မာနိုင်ငံသား ခင်ဗျားကို လက်လွတ်အဆုံးအရှုံး ခံရမယ်ဆို ရင် ဒီမိုကရေစီ စနစ်ဘယ်ဟုတ်တော့မလည်း ခင်ဗျားသာ တိုင်းပြည်အပေါ်သစ္စာမဖေါက်နဲ့ ပေါ့ဗျာ

moekyawtin said...

yes true kokyaw is true

haymar said...

Agree with Winnie & Ko Kyaw.

Public can desice or choose any leader upon Democracy rules and regulations.

That's open minded and can find out the Good Leader Like DASSK.

We recommended absolutely DASSK to be a President.


Unknown said...

အဓိက က တိုင်းသူပြည်သားအများစုက သိပ်ပြီး လိုလားလက်ခံရင် ဘယ်သူမဆို သမ္မတဖြစ်ထိုက်တယ်လို့ ထင်တယ်။ တိုင်းပြည်က မလိုလားတဲ့ သူတွေတောင် ရာစုနှစ်တစ်ဝက်လောက် အုပ်ချုပ်သွားကြသေးတာပဲ။ တိုင်းပြည်က လိုလားတဲ့သူကို ၅နှစ်လောက် အုပ်ချုပ်ခွင့် ဘာလို့ မပေးနိုင်ရတာလဲ။ တိုင်းပြည်က လိုလားလက်ခံနေပါလျက် ဖွဲ့စည်းပုံဥပဒေက အတားအဆီးဖြစ်နေရင် ဒီဥပဒေဟာ တိုင်းသားပြည်သူတွေကို ကိုယ်စားပြုတဲ့ ဥပဒေလို့ မဆိုထိုက်ပါဘူး။ သမ္မတဖြစ်မယ့်သူမှာ တိုင်းတစ်ပါးလက်အောက်ခံ သားသမီးရှိနေလို့ တိုင်းသားပြည်သူတွေက လက်မခံရင်လည်း ဥပဒေက ဘယ်လောက်ပဲဖွင့်ပေးထားထား သမ္မတ ဖြစ်မလာနိုင်ပါဘူး။ နောက်လူတွေအတွက် သိပ်ကြီး အစိုးရိမ်ကြီးနေစရာ မလိုပါဘူး။ မြန်မာတွေ အဲဒီလောက် မတုံးပါဘူ။ အဓိကကတော့ ပြည်သူအများစုရဲ့ ဆန္ဒကို ဖေါ်ဆောင်ပေးတဲ့ ဥပဒေမျိုးတွေပဲ ဖြစ်သင့်တယ်။ ဥပဒေတစ်ခုဟာ တစ်ဦးတစ်ယောက်၊ တစ်ပါတီရဲ့ အလိုဆန္ဒ၊ အထင်အမြင်ကိုသာ ကိုယ်စားပြု ရေးဆွဲတဲ့ ဥပဒေမျိုးကတော့ ဘယ်နည်းနဲ့မှ မဖြစ်သင့်ပါဘူး။

မောင်ပြောချင် said...

ဘယ်နိုင်ငံသူ နိုင်ငံသားကမှ ကိုယ့်ရဲ့ သမ္မတကို နိင်ငံခြားသား/သူ တစ်ဦးဦးရဲ့ ဇနီး ခင်ပွန်းအဖြစ် မမြင်ချင်ကြပါဘူး။မြန်မာနိုင်ငံသား ဖြစ်ရုံ နဲ့ပဲ သမ္မတ အဖြစ်အရွေးချယ်ပိုင်ခွင့် ရှိပါတယ်။သမ္မတလောင်းရဲ့ ဇနီး ခင်ပွန်းသားသမီးတစ်ဦးဦးက နိုင်ငံခြားသြဇာခံဖြစ်နေရင် သမ္မတ ဖြစ်ခွင့်ကန့်သတ်ထားဖို့ မလိုရလောက်အောင် ဖြစ်သင့်တာပေါ့။ ဒီမို ကရေစီအခြေကောင်းကောင်းမွန်မွန်တည်ပြီးတဲ့နိုင်ငံမှာ သမ္မတ ဖြစ်ခွင့် နိုင်ငံသားတိုင်းမှာရှိပါတယ်။ဒါပေမယ့် ဒီလို နိုင်ငံခြားသား ဇနီးခင်ပွန်း သားသမီးရှိတဲ့ သမ္မတလောင်းကတော့ ပြိုင်ဘက်သမ္မတလောင်းနဲ့ တူတူတန်တန် ယှဉ်ဖို့လွယ်ပါ့မလား။စောစောစီးစီးနောက်ကောက် ကျသွားမှာပဲ။ခင်ဗျားမှာ သိပ်အရည်အချင်းရှိနေရဲ့သားနဲ့ ဒီလိုကန့်သတ်ချက်တွေကြောင့် သမ္မတဖြစ်ခွင့်မရလို့ တိုင်းပြည်သိပ်နစ်နာသွားမယ်မထင်ပါနဲ့။တိုင်းပြည်အတွက်တတ်စွမ်းနိုင်တဲ့ဘက်ကဆောင်ရွက်ပေးနိုင်တဲ့ အနေအထားတွေရှိမှာပဲ။အဲဒီမှာပေးဆပ်ပါဝင်ပြီး နိုင်ငံတော်ကို လမ်းညွှန်အကြံပေးပေါ့။ဒီလိုမှမဟုတ်ဘဲ သမ္မတဖြစ်မှပဲ လုပ်ချင်တယ်ဆိုရင်တော့ ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲပေါ့လေ။
အမြင်ကျယ်ပါရဲ့ အတွေးကတိမ်လွန်းနေတော့ မြင်နေတဲ့အရာရဲ့အဓိပ္ပါယ်ကို နားမလည်သဘောမပေါက်နိုင်ဘူး။

ှဲKaung said...

နိုင်ငံအကျိုးဆောင်ရွက်နိုင်မယ့် ခေါင်းဆောင်ကောင်းလုပ်နိုင်တဲ့ နိုင်ငံသားဖြစ်ရင်ရပါပြီ။ သမ္မတတစ်ယောက်ဖြစ်သင့်တဲ့ ကျန်တဲ့ အရည်အချင်း ရှိသင့်တဲ့ အရည်အချင်းကို ပြည်သူတွေက ဆုံးဖြတ်ပါလိမ့်မယ်။

Unknown said...

အဲဒီအဘွားကြီးက ဘယ်နေရာတွေမှာ ကိုယ်တိုင်ကိုယ်ကျ ထူးထူးချွန်ချွန် လုပ်ပြ လုပ်ပေး ခဲ့ပါသလဲ လျှောက်သွားလိုက် ပေါက်ကရတွေ လူပြိန်းအကြိုက် ပြောလိုက် အောက်ဆီဂျင် လိုက်လုပ်နေတာလောက်ပဲ ရှိတယ်