Saturday, April 27, 2013

သံသယရထား

သံသယရထား
သံလွင်ခ

ယုံထားခဲ့သူတွေဆီက
မယုံနိုင်စရာတွေ ကြားရ။

ယုံမထားခဲ့သူတွေဆီကလည်း
မယုံစရာတွေပဲ ကြားနေရတော့ ...။

ဘယ်စကားတွေက
ဘယ်အချိန်ထိ ရှိနေမှာလဲ။

ဘယ်ကတိတွေက
ဘယ်အထိ ငြိနေမှာလဲ။

ဘယ်သူ့သမိုင်းကကော
ဘယ်အထိ မရိုင်းဘဲနေမလဲ။

တွေးရင်းငေးရင်း
တဖြည်းဖြည်းချင်း
ကိုယ်စီးလာတဲ့ ရထားတောင်
ချောက်ချောက်ချားချား
နောက်ပြန်သွားနေသလား ထင်မိရဲ့ ။ ။

သံလွင်ခ

3 comments:

yoo said...

ကျွန်ုပ်၏ မိတ်ဆွေကြီး ဆရာသံလွင်ခအား
အထူးပြောကြား လိုသည်မှာကား...
မိတ်ဆွေကြီး၏ ခံစား၊ခံယူချက် မှာ
ကျွနု်ပ်၏ နှင့် တထပ်တည်း တူညီနေကြောင်း
ပင်ဖြစ်ပါလေ၏။ ။

သို့ ဖြစ်ရကား..
မိတ်ဆွေကြီး စီးလာတဲ့ ရထားတောင်
ချောက်ချောက်ချားချား
နောက်ပြန်သွားနေသလား ထင်မိရဲ့..ဆိုလေသော
မိတ်ဆွေကြီး၏ စကားတွေသည်လည်း
ကျွနု်ပ်မှာ မယုံစရာတွေပဲ ကြားနေရလေသည်ဟု
ထင်ခြင်းမက ထင်မှတ်ရမှု များ
ဘယ်အချိန်ထိ ရှိနေမှာလဲ...ဟု
မေးခွန်းများ ပေါ်ပေါက်ရမှုများ ရှိခဲ့ ရလေတော့၏။

Hurricane Sandy said...

ယုံထားခဲ့သူတွေဆီက
မယုံနိုင်စရာတွေ ကြားရ။
.... မှန်လိုက်လေ ... သံလွင်ခ ရာ ။

Unknown said...

ဒီကဗျာ.. ဖတ်ရင်းကို အရသာ ရှိ..ရှိလာတယ်။
အဓိပ္ပါယ်အပြည့်..
ခံစားချက်လည်းပါတယ်..
လိုရင်းလည်းရောက်တယ်..
ရိုးသားမှုလည်းရှိတယ်..
စကားလုံးတွေကလည်းထိတယ်.. မိတယ်..
ကြိုက်.. ကြိုက်လာလို့..
ကော်ပီယူထားလိုက်ပါတယ်။