Friday, April 12, 2013

ကြေးနီရောင်ထရက်ဂျဒီ

ကြေးနီရောင်ထရက်ဂျဒီ
မျိုးတေဇာမောင်

အဆိုးမြင်စိတ်ဟာ ...
ငါတို့ ဖြတ်သန်းနေတဲ့ ကာလနဲ့ ဒေသရဲ့
လိုအပ်ချက်တခု။

ဟင်းလင်းပွင့်မျိုးဆက်ထဲ
ပစ်ချလိုက်တာ
မီးလောင်ဗုံးတွေ ...
အလိမ်အညာတွေ ...။

“အကောင်းကို ရှာ၏
အကောင်းကား မရှိတော့”
တော မရှိ
တောင် မရှိ
အမှန်တရားငုတ်တိုတောင် မရှိ။

ဒါ ငါတို့ခေတ်ရဲ့
ထရက်ဂျဒီ။ ။

မျိုးတေဇာမောင်
ထရက်ဂျဒီ (tragedy) = အလွမ်းဇာတ်

1 comment:

ှဲKaung said...

Yes, it is true. Better commit suicide now. :)