Monday, April 29, 2013

လက်ပံတောင်းအရေး ကူညီသူ ၈ ဦးကို ဖမ်းဆီးမိန့် ထုတ်တာနဲ့ ပက်သက်လို့ ကိုဟန်ဝင်းအောင်ရဲ့ သဘောထားအမြင် (ရုပ်သံ)

5 comments:

Unknown said...

သွေးထိုးလှုံ့ဆော်လို့ဆိုပြီး ကူညီတဲ့ကျောင်းသား လူငယ်တွေကို ဖမ်းဝရမ်းထုတ်တာမျိုးကတော့ လုံးဝ မဖြစ်သင့်ဘူး။ ဒါဟာ ညစ်ပတ်တာပဲ။ ဒုက္ခပေါင်းစုံ ရင်ဆိုင်နေရတဲ့ တောသူတောင်သား ဒေသခံတွေကပဲ တကယ်မဟုတ်ပဲ လိမ်လည်လှည့်ဖြားနေသလိုလို၊ ပင်ကိုယ် အသိစိတ်ကြောင့်မဟုတ်ပဲ သူများမြှောက်ပေးလို့ပဲ လုပ်နေကြသလိုလို ဖြစ်နေတယ်။ သူတို့တောင် တီဗွီ၊ သတင်းစာ၊ ဂျာနယ်.. စတဲ့ မီဒီယာအားလုံးကို လက်ဝါးကြီးအုပ်ပြီး သတင်းအမှောင်ချ တစ်ဖက်သတ် ၀ါဒအကြီးအကျယ် ဖြန့်ခဲ့တာပဲ။ အောင်မြင်ခဲ့လို့လား။ တကယ်မဟုတ်ရင် ဘယ်ပြည်သူကိုမှ မြှောက်ထိုးပင့်ကောင် စည်းရုံးလို့ မရပါဘူး။ ကြောက်ရလွန်းလို့ ပါးစပ်ပိတ်နေရင်သာရှိမယ်။ ပြည်သူတွေ ဒီလောက်မအ၊ မတုံးပါဘူး။ မြှောက်ပေး ဆွပေးလို့ မရပါဘူး။ ကုလားပြဿနာမှာလည်း အရင်းစစ်လိုက်ရင် မြှောက်ပေး၊ ဆွပေးလို့ မဟုတ်ဘူးဆိုတာ တွေ့လိမ့်မယ်။ ကော်မတီရဲ့ အစီအရင်ခံစာကို ပြီးပြည့်စုံအောင် ပွင့်လင်းမြင်သာစွာ အကောင်အထည် ဖော်လို့မပြီးခင်မှာ လိုရာဆွဲ ဥပဒေတွေနဲ့ ကိုင်ပေါက်ပြီး ဒီလို အာဏာရှင်ဆန်စွာ ဖိအားပေး အနိုင်ယူတဲ့ အပြုအမူမျိုးက မဖြစ်သင့်တော့ပါဘူး။ ဒီလုပ်ရပ်က ပြည်သူတွေ မခံမရပ်နိုင်တဲ့အဆုံး မဖြစ်သင့်တဲ့အမှားတွေ ကျူးလွန်လာအောင် ဆွပေးပြီး လူကျွံဘောဖမ်းဖို့ သက်သက်လုပ်နေသလိုပါပဲ။ တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းတိုက် ဆိုတဲ့ဆောင်ပုဒ်က ရန်သူတွေအတွက်ပါ။ လက်ပံတောင်းတောင် ပြည်သူတွေကို ရန်သူတွေလို့ သဘောထားနေပြီလား။ ပြည်သူတွေအပေါ် မရိုးသားတဲ့ ဗျူဟာတွေ မခင်းစကောင်းပါဘူး။ တတ်နိုင်သမျှ ရိုးသားခြင်းသည်သာ အကောင်းဆုံးသော ဗျူဟာပါ။
ကျနော်တို့မှာလဲ အရူးကို လင်လုပ်နေရသလိုပါ။ တစ်ခါ တစ်ခါ တော်တော်စိတ်ပျက်မိတယ်။ အခုပဲ ချီးကျူးရတော့မလိုနဲ့ ယောက်မ မြင်းစီးလာတာ မြင်ရပြန်ရော။ ၀မ်းသာရတော့မလိုနဲ့ စိတ်ဆင်းရဲရပြန်ရော။ ဖုန်းကိစ္စ၊ ကားကိစ္စ၊ လျှပ်စစ်ကိစ္စတွေလည်း ခုပဲ ၀မ်းသာရမလို၊ ခုပဲစိတ်ပျက်ရမလိုနဲ့ ဘယ်တော့မှ ရှင်းရှင်းလင်းလင်းကို မရှိပါဘူး။ ရှင်းနေတာကို ရှုတ်အောင် လုပ်တဲ့အမူအကျင့်ကြီးက အရိုးစွဲနေတာလား၊ အဲဒီလို လုပ်မှပဲ အလုပ်လို့ ထင်နေသလား မသိပါဘူးဗျာ။ ဗိုလ်သင်တန်း ဆင်းလာကတည်းက နှစ်ပေါင်းများစွာ အပေါ်ကချည်းပဲ နေခဲ့ရသူတွေ နင်းပြားတွေရဲ့ ဘ၀တွေကို မစာနာတတ်တော့ဘူးလို့ ထင်ပါတယ်။

ဖမ်းချင်သပဆိုရင်လည်း ဖမ်းလိုက်ပေါ့။ ဒီလိုစာတွေ ထုတ်နေတာက ဒီမိုကရေစီကို အကျည်းတန်အရုပ်ဆိုးစေပါတယ်။
ကိုဟန်ဝင်းအောင် ခင်ဗျား ကျွတ်နေတာလား၊ ကြောက်နေတာလား၊ ခံပြင်းနေတာလား။ ခင်ဗျား ရင်ကော့ပြီး ရပ်တည်လိုက်စမ်းပါ။ အများအတွက် ပေးဆပ်မယ်ဆိုတဲ့စိတ်နဲ့ ဒီအလုပ်ကို လုပ်မိမှတော့ ဒါတွေကို ရင်ဆိုင်ရမှာပဲ။ နောက်မရွံတမ်း ရင်ဆိုင်လိုက်စမ်းပါ။ ရဲတွေထုတ်တဲ့စာက စာကလေးကို အမြောက်နဲ့ချိန်သလို၊ မိန်းမလို မိန်းမရဆန်တယ်လို့ပဲ ကောက်ချက်ချတယ်။ တစ်တိုင်းပြည်လုံးက လက်ပံတောင်းတောင်ကိစ္စကို သဘောတူချင်မှတူမယ်။ ဒါပေမယ့် ဒီလိုမျိုး အကောက်ကြံတဲ့ လုပ်ရပ်မျိုးကတော့ တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံးက ရှုံ့ချတယ်။

saw kt oo said...

ဟန်ဝင်းအောင် လွဏ်းဆွှေ နိုင်အောင် ခင်ဉမ္မာတို့က တိုင်းပြည်ပျက်မှထမင်းနပ်မှန်မဲ့သူတွေဆိုတာလူတိုင်းသိတယ်၊
တပြည်လုံးက ဒေါ်စုရဲ့အစီရင်ခံစာကိုထောက်ခံတယ်၊
နအဖ လိုစစ်အစိုးရနဲ့ဘဲတန်တဲ့လူတွေ

Hurricane Sandy said...

......... ခက်တာက လက်ပံတောင်း တောသူတောင်သား ဒေသခံတွေ ဘက်မှာ
က လောက်လောက်လားလား ကျောထောက်နောက်ခံ က
ဘာမှမရှိဘူးဗျ ၊ သိပ်ပြီး အာခံ အုံကြွ လာရင် ကြည်.ကျက်
လုပ်လိုက် ပါတော. လို. " မီးစိမ်းပြ " ခဲ.တဲ.သူကလည်း
ပြခဲ.ပါပြီ ၊
..... ဟိုး ရှေးရှေး တုန်းက ......................................................................
................................................................................................... လိုဘဲ ......
... ပက်ပက်စက်စက် ... နှိပ်ကွပ် ချေမှုန်း အုန်းမှာ၊
They will be severely defeated by Bombs & Bullets.

မောင်ပြောချင် said...

ဒေသခံတွေကတောသားလယ်သမား ပညာတတ်မ ဟုတ်တော့ မပြောတတ်မဆိုတတ် ပညာတတ်တွေတောင် မပြောရဲမဆိုရဲ မဝေဖန်ရဲ ကြတဲ့ ဒီအရေးအခင်းကိုယ်နဲ့ဝေးတဲ့မီးလောင်ပါစေ အချိန်တန်ရင် ငြိမ်းသွားမှာပဲအများအတွက် မင်းတို့အနစ်နာခံကြပါလို့ဆိုတဲ့လူတွေ ဒီအများကတိုင်းပြည်အတွက်မဟုတ်ပဲ ဦးပိုင်ဆိုတဲ့လူတစ်စုစာအတွက်ပဲဆိုတာကို အစီရင်ခံစာကို ဖတ်လို့နားမလည်တာလား။မဖတ်ပဲနဲ့ ဇွတ်အနစ်နာခံခိုင်းတာလား။ နိုင်ငံကရမယ့် အခွန် ၁၀% လောက်နဲ့တော့ တိုင်းပြည်ကိုရောင်းစားရက်တဲ့လူတွေ မင်းတို့ဒီလို လုပ်လို့ရအောင်သုံးလိုက်တဲ့အင်အားတွေ ပညာရှင်လို့ပြောကြတဲ့ပညာရှင်တွေ၊နိုဘယ်ဆုရှင်ကြီးတွေနဲ့ ရလဒ်ကလည်းကော်မရှင်ဖွဲ့ကတည်းက မီးစိမ်းပြမယ်ဆိုတာယုံကြည်ပြီးသားပါ။ဒီလို အင်အားစု ကို အဆင်မပြေတာလေးတွေကိုပြောပြချင်တဲ့ လူတန်းစားက ပညာမကြွယ်စကားမတတ် တောသားလယ်သမား။မပြောတတ်လို့ပါးစပ်အငှားနဲ့ကူပြောပေးတဲ့လူတွေကို ကိုယ်နဲ့မဆိုင်ဝင်မလုပ်မပါပါနဲ့ဆိုမှတော့ မင်းတို့လူတစ်စု တွေ ထောင်ထဲဝင်ပြီး လက်ပံတောင်းတောင်ပြုတ်လို့တိုင်းပြည်အကျိုးနဲသွားပြီး ကော်မရှင်က နိုင်ငံတော်ပေါ် သစ္စာဖောက်မိပြီဆိုတာကို ထောင်ထဲကနေစောင့်ကြည့်ပေးလိုက်ပါ။

kyaw said...

ကော်မရှင်ရဲု့စေတနာကို မြင်အောင်ကြည့်နိုင်ကြပါစေ။ အားလုံးနာမှာစိုးလို့ ကြားဝင်ပေးတယ်လို့ပဲ မြင်မိတယ်။ ဒီအချိန်မှာ နိုင်ငံတော်ရဲ့အနာဂတ်၊ တောင်သူတွေအတွက်ပါ အသင့်တော်ဆုံးအစီရင်ခံလို့ပဲမြင်မိတယ်။ ဒီမိုကရေစီက အမှန်တကယ်မရသေးပါဘူး။ ပြေပြေလည်လည်နဲ့ပြီးသွား ကြပါစေ........