Monday, April 29, 2013

ကြေးနဲ့ သွန်းတဲ့ တောင်ရုပ်တု

ကြေးနဲ့ သွန်းတဲ့ တောင်ရုပ်တု
မောင်လွမ်းဏီ

ထန်းရွက်ကိုကာ
ထန်းရွက်မိုးခို၊ ရိုးရိုးသားသား
ထန်းရိပ်ဖျားမှာ၊ နားနေအိပ်စက်
သနပ်ခါးလေး ပါးပြင်မွှေးတယ်။

ကြေးနီရောင်လက်
လင်းမထွက်။

ထန်းလက်ပြားနဲ့
အသက်ကိုကာ၊ မြေယာတိုက်ပွဲ
ချွေးရွှဲတောင်ညို၊ သွေးရဲမောင်ကို
အိုဇာမင်းဇာ၊ ဇာတာ ပေရွက်
အသက်ထက်ဆုံး၊ အပြုံးနဲ့ကူ
ဝက်မှေးသူလား၊ ဆည်တည်းသူလား၊ ထိန်သူလားကွယ်။

ကြေးရောင်ကျည်ဆံ
ရင်ကိုမှန်တော့။

ကိုယ့်အားကိုယ်ကိုး၊ တောင်မကျိုးဘူး
ကိုယ့်ဂုဏ်သိက္ခာ၊ ရွာမပျက်ဘူး
ကိုယ့်ထန်းတပင်၊ အသက်ရှင်ရေး
ကိုယ့်ဆွေမျိုးဆက်၊ ယာဆက်ထွန်ရေး
ကိုယ့်ကြေး ကိုယ့်မြေး မွေးကြလော့
ကိုယ့်ဓားကိုယ်ရွေး သွေးကြတော့။ ။

မောင်လွမ်းဏီ
၂၈-၄-၂၀၁၃

1 comment:

Unknown said...

မြ တတဲ့အ တွေး မြတတဲ့အလုပ်တွေနဲ့လုပ်ကြပါ