Friday, April 26, 2013

မနေ့က ဖမ်းဆီးခံခဲ့ရတဲ့ ထွန်တုံးတိုက်ပွဲဝင်သူ ၃ ယောက် လွတ်မြောက်ရေး လက်ပံတောင်းဒေသခံတွေရဲ့ ယနေ့ ဧပြီ ၂၆ ရက် ဆန္ဒပြပွဲ (ရုပ်သံ)

2 comments:

thaung wai said...

မိဘဘိုးဘွားလုပ်ကိုင်စားသောက်မြေကိုတားမြစ်တယ်ဆိုတော့ အာနာရှင်တွေ စရိုက်ကမကုန်သေးဘူး ဒီလိုသာအုပ်ချူပ်ဆိုင် နောင်မစဉ်းစားစရာဘဲ

Unknown said...

သွေးထိုးလှုံ့ဆော်လို့ဆိုပြီး ကူညီတဲ့ကျောင်းသား လူငယ်တွေကို ဖမ်းဝရမ်းထုတ်တာမျိုးကတော့ လုံးဝ မဖြစ်သင့်ဘူး။ ဒါဟာ ညစ်ပတ်တာပဲ။ ဒုက္ခပေါင်းစုံ ရင်ဆိုင်နေရတဲ့ တောသူတောင်သား ဒေသခံတွေကပဲ တကယ်မဟုတ်ပဲ လိမ်လည်လှည့်ဖြားနေသလိုလို၊ ပင်ကိုယ် အသိစိတ်ကြောင့်မဟုတ်ပဲ သူများမြှောက်ပေးလို့ပဲ လုပ်နေကြသလိုလို ဖြစ်နေတယ်။ သူတို့တောင် တီဗွီ၊ သတင်းစာ၊ ဂျာနယ်.. စတဲ့ မီဒီယာအားလုံးကို လက်ဝါးကြီးအုပ်ပြီး သတင်းအမှောင်ချ တစ်ဖက်သတ် ၀ါဒအကြီးအကျယ် ဖြန့်ခဲ့တာပဲ။ အောင်မြင်ခဲ့လို့လား။ တကယ်မဟုတ်ရင် ဘယ်ပြည်သူကိုမှ မြှောက်ထိုးပင့်ကောင် စည်းရုံးလို့ မရပါဘူး။ ကြောက်ရလွန်းလို့ ပါးစပ်ပိတ်နေရင်သာရှိမယ်။ ပြည်သူတွေ ဒီလောက်မအ၊ မတုံးပါဘူး။ မြှောက်ပေး ဆွပေးလို့ မရပါဘူး။ ကုလားပြဿနာမှာလည်း အရင်းစစ်လိုက်ရင် မြှောက်ပေး၊ ဆွပေးလို့ မဟုတ်ဘူးဆိုတာ တွေ့လိမ့်မယ်။ ကော်မတီရဲ့ အစီအရင်ခံစာကို ပြီးပြည့်စုံအောင် ပွင့်လင်းမြင်သာစွာ အကောင်အထည် ဖော်လို့မပြီးခင်မှာ လိုရာဆွဲ ဥပဒေတွေနဲ့ ကိုင်ပေါက်ပြီး ဒီလို အာဏာရှင်ဆန်စွာ ဖိအားပေး အနိုင်ယူတဲ့ အပြုအမူမျိုးက မဖြစ်သင့်တော့ပါဘူး။ ဒီလုပ်ရပ်က ပြည်သူတွေ မခံမရပ်နိုင်တဲ့အဆုံး မဖြစ်သင့်တဲ့အမှားတွေ ကျူးလွန်လာအောင် ဆွပေးပြီး လူကျွံဘောဖမ်းဖို့ သက်သက်လုပ်နေသလိုပါပဲ။ တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းတိုက် ဆိုတဲ့ဆောင်ပုဒ်က ရန်သူတွေအတွက်ပါ။ လက်ပံတောင်းတောင် ပြည်သူတွေကို ရန်သူတွေလို့ သဘောထားနေပြီလား။ ပြည်သူတွေအပေါ် မရိုးသားတဲ့ ဗျူဟာတွေ မခင်းစကောင်းပါဘူး။ တတ်နိုင်သမျှ ရိုးသားခြင်းသည်သာ အကောင်းဆုံးသော ဗျူဟာပါ။
ကျနော်တို့မှာလဲ အရူးကို လင်လုပ်နေရသလိုပါ။ တစ်ခါ တစ်ခါ တော်တော်စိတ်ပျက်မိတယ်။ အခုပဲ ချီးကျူးရတော့မလိုနဲ့ ယောက်မ မြင်းစီးလာတာ မြင်ရပြန်ရော။ ၀မ်းသာရတော့မလိုနဲ့ စိတ်ဆင်းရဲရပြန်ရော။ ဖုန်းကိစ္စ၊ ကားကိစ္စ၊ လျှပ်စစ်ကိစ္စတွေလည်း ခုပဲ ၀မ်းသာရမလို၊ ခုပဲစိတ်ပျက်ရမလိုနဲ့ ဘယ်တော့မှ ရှင်းရှင်းလင်းလင်းကို မရှိပါဘူး။ ရှင်းနေတာကို ရှုတ်အောင် လုပ်တဲ့အမူအကျင့်ကြီးက အရိုးစွဲနေတာလား၊ အဲဒီလို လုပ်မှပဲ အလုပ်လို့ ထင်နေသလား မသိပါဘူးဗျာ။ ဗိုလ်သင်တန်း ဆင်းလာကတည်းက နှစ်ပေါင်းများစွာ အပေါ်ကချည်းပဲ နေခဲ့ရသူတွေ နင်းပြားတွေရဲ့ ဘ၀တွေကို မစာနာတတ်တော့ဘူးလို့ ထင်ပါတယ်။