Wednesday, April 3, 2013

စစ်ကျွန်ဆက်မဖြစ်ချင်ရင် ဗမာတွေ အမြော်အမြင် ရှိကြ

Ko Aung Hmaing's Article 03042013 by ko latt

8 comments:

Unknown said...

စစ်ကျွှန်လည်းပြန်မဖြစ်ဖို့ လိုသလို တကယ့်အစွန်းရောက် အကြမ်းဖက်ဝါဒသမား ဘာသာခြား လူမိုးခြားတွေရဲ့ ဝါးမြိုနယ်ချဲ့ မှု့ ကိုလည်း ကာကွယ်တွန်းလှန်မောင်းထုတ်ဖို့ လိုနေပြီ

Unknown said...

ကိုကျော်ပြောတာ မှန်ပါတယ်။ ဖြည့်စွက်ဆွေးနွေးခြင်တာက...
တကယ်တော့ ဗုဒ္ဓသာသနာဆိုတာ ဗုဒ္ဓရဲ့အဆုံးအမတွေကို လိုက်နာခြင်းပါ။ ဗုဒ္ဓဘာသာဝင်ဆိုတာ ဗုဒ္ဓရဲ့နှုတ်ထွက် ဆိုဆုံးမမှုတွေကို လိုက်နာကျင့်သုံးသူပါ။ ဗုဒ္ဓရဲ့ အဆုံးအမ စည်းကမ်းတွေကို လိုက်နာခြင်းမရှိတော့ရင် အဆောက်အဦ၊ စေတီပုထိုးတွေ ဘယ်လောက်ပဲရှိနေနေ သာသနာကွယ်နေတာပါပဲ။ တစ်ဦးတစ်ယောက်ဟာ ဘယ်လိုပဲ ဗုဒ္ဓဘာသာဝင်လို့ အမည်ခံထားထား ဗုဒ္ဓရဲ့အဆုံးအမတွေကို လိုက်နာခြင်းမရှိရင် သူ့အတွက်တော့ သာသနာကွယ်နေတာပါပဲ။ ကျွန်တော်တို့ စစ်မှန်တဲ့စေတနာနဲ့ သာသနာကို စောင့်ရှောက်ချင်ရင်၊ သာသနာကွယ်ပျောက်မဲ့အရေးကို ဟန့်တားချင်ရင် တစ်ဦးတစ်ယောက်ချင်းက ဗုဒ္ဓရဲ့အဆုံးအမတွေကို မပျက်မကွက် လေးစားလိုက်နာဖို့ တာဝန်ရှိပါတယ်။ နှလုံးသားထဲမှာ စွဲမြဲစွာယုံကြည်လိုက်နာနေသမျှ ဘယ်သူမှ ကိုယ့်ယုံကြည်ချက်ကို မဖျောက်ဖျက်နိုင်ပါဘူး။ သာသနာတော်ဟာလည်း ထွန်းလင်းတောက်ပ နေမှာပါ။
ဘုရားသားတော် သံဃာတော်များက လူသားတွေရဲ့ နှလုံးအိမ်ထဲမှာ ဗုဒ္ဓရဲ့ အဆုံးအမတွေကို လေးစားလိုက်နာရကောင်းမှန်းသိအောင် ဟောပြောဆုံးမဖို့နဲ့ ဒီတရားတော်တွေ မပျောက်ပျက်သွားရအောင် အစဉ်အဆက် လက်ဆင့်ကမ်းပြီး နည်းအမျိုးမျိုးနဲ့ ထိန်းသိမ်း တာဝန်ယူခဲ့ကြရတာပါ။ သံဃာရဲ့တာဝန်ကို မကျေပွန်သူနဲ့ သံဃာတွေရဲ့ ထမ်းထားရတဲ့တာဝန်ကို သိနားလည် ကြည်ညိုရကောင်းမှန်း မသိသူတွေဟာ သာသနာတော်အပေါ် တန်ဖိုးထားစောင့်ရှောက်သူတွေ မဖြစ်နိုင်ပါဘူး။ တကယ်တော့ တစ်ဦးတစ်ယောက်ခြင်းရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓရဲ့အဆုံးအမတွေ ဘယ်လိုဘေးပရောဂကြောင့်မှ မပျောက်ပျက်သွားအောင် ထိမ်းသိမ်းထားနိုင်ကြမယ်ဆိုရင် သာသနာတော်ကြီး အရှည်တည်တံ့နေဦးမှာပါ။
စောင်းပါးနဲ့ ကွန်မန့်က တခြားဆီဖြစ်နေပါပြီ။
ဒီစောင်းပါးနဲ့ ပတ်သက်တာက..
မြန်မာတွေက ခပ်ကြမ်းကြမ်းပြောမှ နားစွဲလွယ်၊ သဘောပေါက်လွယ်တယ်ဆိုပေမယ်.. ပြောသူလူပုဂ္ဂိုလ်အပေါ် များစွာ မူတည်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း တိုင်းပြည်ကို ပြောခဲ့တဲ့ ".. ဒီစောက်ချိုးတွေအတိုင်း သွားနေရင် ဟိုနိုင်ငံမျက်နှာလုပ်ရ၊ ဒီနိုင်ငံ မျက်နှာချိုသွေးရနဲ့ ဖာနိုင်ငံလိုဖြစ်..." ဆိုတဲ့စကားကို ဗိုလ်ချုပ်လို တိုင်းပြည်က ချစ်ခင်၊ လေးစား၊ ကြည်ညိုတဲ့သူက ပြောတော့ မှန်လိုက်လေဆိုပြီး ခေါင်းတညိမ့်ညိမ့်နဲ့ နားဝင်လို့ ကောင်းနေပေမယ့်.. ဒီစကားကိုပဲ အရင်အာဏာရှင်ကြီးက ပြောခဲ့ရင် ဘယ်လိုတုံ့ပြန်ကြမလဲ စဉ်းစားကြည့်ပါ။
အဲဒီလိုသာ တိုင်းပြည်ကို တကယ် ပြောခဲ့ရင်..
သူ့ခေတ်အခါတုန်းက အရှေ့မှာတော့ကြောက်လို့ ငြိမ်ခံနေတာမျိုး ရှိနိုင်ပေမယ့် မမြင်ကွယ်ရာမှာတော့ နားမ၀င်တဲ့အပြင်-ါ-ိုး--ား မိုက်ရိုင်းတယ်လို့.. ငါကိုင်တုတ်ကြမယ် ထင်ပါတယ်။

နွေဦး said...

ကိုအောင်မှိုင်း ဘယ်လို ပြောပြော နားမလည် ကြပါလား။ အစိုးရ ထောင်ချောက်ထဲ ဇွတ်တိုးချင်နေ ကြသေးတာကိုး။

ကိုအောင်မှိုင်း ဆောင်းပါးကို အကုန် သဘောတူပါတယ်။ တခုပဲ ပြောချင်တာက လက်ပံတောင်း စီမံကိန်းကနေ နိုင်ငံတော်က ရမှာက ၁၂ ရာနှုန်း မဟုတ်ဘူးထင်တယ်ဗျ။ ၈.၈ ရာနှုန်းပဲ လို့ ပြောတယ်။ အဲဒီ နိုင်ငံတော် ရမယ်ဆိုတဲ့ ဟာကလည်း သူတို့ကိုယ်သူတို့ နိုင်ငံတော်လို့ ထင်နေကြတဲ့ လူတွေရဲ့ အိတ်ထဲရောက်မှာပါပဲ။ တိုင်းပြည်က ဒီ့ထက်နာစရာ ဘာကျန်တော့မလဲဗျာ။

haymar said...

Himm, when we can liberate / free from these Military idots?

Unknown said...

စစ်ကျွန်ဖြစ်မှာစိုးယုံ သက်သက်နဲ့ ဘာသာရေးပဋိပက္ခတွေ မဖြစ်ပဲ အောင့်ထား၊ ထိန်းထားလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြီးပြည့်စုံတဲ့ ထာဝရအေးချမ်းမှုတော့ မဖြစ်နိုင်ပါဘူး။ ကြောက်စရာတစ်ခုကြောင့် ဟန်ဆောင်ငြိမ်သက်နေပေမယ့် ကြောက်စရာ မရှိတော့တဲ့တစ်နေ့ အမုန်းတရားတွေ အားကောင်းနေသရွေ့တော့ အချိန်မရွေး ထဖြစ်နိုင်တာပါပဲ။ ပိုလို့တောင် ကြီးထွားလာနိုင်ပါသေးတယ်။ တကယ်တမ်း ကိုယ်ကိုးကွယ်တဲ့ဘာသာတရားကို ဘာသာဝင် အသီးသီးက အမှန်တကယ် လေးစားယုံကြည် လိုက်နာမှသာလျှင် စစ်မှန်တဲ့ထာဝရ ငြိမ်းချမ်းတဲ့လူ့ဘောင်ကို ရရှိကြမှာပါ။ ကျန်တာတွေက အောင်းနာနဲ့ ဆေးခါးကြီး၊ ဆေးမြီးတိုတွေပါ။
ကိုနွေဦးက.. ကိုအောင်မှိုင်းဘယ်လိုပြောပြော နားမလည်ကြပါလား..လို့ပစ်တင်ယူဆနေတယ်။ ကျနော်က ကိုအောင်မှိုင်းကို သဘောတူလို့ စစ်ကျွန်မဖြစ်ရအောင် ဘာသာရေးကို အမှန်တကယ်လေးစားလိုက်နာသင့်တယ်ဆိုတဲ့ ရှုထောင့်က ဆွေးနွေးကွန်မန့်ပေးထားတာလေဗျာ။
နောက်တစ်ခုက ခံရလွန်းအားကြီးလို့ သမိုင်းတောင် အသားမာတက်နေပြီဆိုတဲ့အတိုင်း ခုချိန်မှာတော့ စကားကို ကြမ်းကြမ်းပဲပြောပြော၊ နုနုပဲပြောပြော အားလုံးက သဘောပေါက်နေကြပါပြီ။ ဘယ်သူမှ စစ်ကျွန်ဖြစ်မခံချင်ကြပါဘူး။ ကျန်တဲ့အချက်က စကားကိုခပ်ကြမ်းကြမ်းပြောမှ နားဝင်တယ်ဆိုတဲ့ စကားအသုံးကို ဟိုနားဒီနား မကြာခဏ တွေ့..တွေ့နေရလို့ အဲဒီအပိုင်းလေး၊ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး စောဒက တက်ထားတာပါ။ ဆောင်းပါးကို ကန့်ကွက်တာမှ မဟုတ်ဘဲ။
သေချာတာက ကွန်မန့်ကို အသေအချာမဖတ်ပဲ အားမလိုအားမရ စိုးရိမ်ဒေါသထွက်နေတာလို့ ထင်ပါတယ်။
ကိုအောင်မှိုင်းရဲ့ ဆောင်းပါးတစ်ခုလုံး အပြည့်အ၀ သဘောတူပါတယ်။ လက်ပံတောင်းတောင်နဲ့ ပတ်သက်တာကတော့ ကိုနွေဦးထောက်ပြတဲ့အတိုင်းပါပဲ။
စစ်ကျွန်မဖြစ်ရေးဆိုတာ တစ်တိုင်းပြည်လုံးရဲ့ ဘုံသဘောတူညီချက်ပါ။

paper...bullet... said...

လက်ပံတောင်း တောင်မှာ သံဃာတွေ မီးရှို.ခံရတာ
တရားဥပဒေ အရ အရေးယူ ဆောင်ရွက်မပေးဘူးဆို
တော. .....အာဏာပိုင်တွေ တခုခု ကိုကြောက်နေရလို.လား ၊
..... ဗုဒ္ဒဘာသာဝင်တွေ ... ကြည်.နေကြမှာလား၊
...... ( သွေးထိုးလှုံ.ဆော်တာမဟုတ်)
...... ဒီတိုင်း သာဆို .. တိုင်းပြည်အနာဂါတ်
မကောင်းနိုင်ပါ ၊
...... မြန်မာပြည်မှာ .. ဥပဒေ စိုးမိုးမှု ...
ရှိရော ရှိ ပါရဲ.လား၊

အားလုံးကိုချေမှူန်းမယ် said...

အတွေးအမြင်တွေ ပြောင်းပါ စစ်သားဆိုတာ သီးခြားလူတန်းစားမဟုတ်ဘူး

ကောင်းစားနေတဲ့ လူတစုကိုကြည့်ပြီး သိမ်းကြုံးမပြောပါနဲ့ စားရမဲ့ နေစရာ

မရှိတဲ့ စစ်သားလူထွက် တွေ တိုက်ပွဲမှာ ဒဏ်ရာရပြီး EA1/EA2 စစ်ဗိုလ်တွေ

အကြပ် ရဲဘော်တွေ အများကြီးပါ ။

ပြည်သူတွေဆီ က မတရားရယူထားတာဖေါ်ထုတ်ပါ အင်တာနက်တင်ပါ

အောက်ခြေ အရာရှိတွေကို သိမ်ကြုံး မပြောပါနဲ့။

Gil said...

ဘာမှမပြောချင်တော့ဘူး
စောလူးမင်းလို ခွေးသေ၀က်သေ သေ ကြပေရော့လို့ ပစ်ထားလိုက်ကြပါတော့ဗျာ
မြန်မာလူမျိုးတွေ ဒီမိုကရေစီမရနိုင်ဘူးလို့ ယိုးဒယားတစ်ယောက်ပြောတုံးကမယုံခဲ့ဘူး မင်းတို့ကွဲဦးမှာဘဲတဲ့ အခုတော့ယုံပြီ ပန်းတိုင်မရောက်ခင်တက်ထောင်တာတို့ဗမာ လမ်းပေါ်ဆေးရိုးလှမ်းတာတို့ဗမာ
ဖာနိုင်ငံဖြစ်အောင်လုပ်မှာတို့ဗမာ
သူခိုးဓါးရိုးကမ်းတာတို့ဗမာ
အာဇာနည်တွေအတွက် ကျောင်းသားတွေအတွက် အားနာလှပါပြီ
ရှေ့ကအနစ်နာခံခဲ့တဲ့လူတွေက လိုချင်တာ
တစ်မျိုး အခြေနေပေးလာရင် လုပ်ကြတာ တစ်မျိုး ဒီ နိုင်ငံသားတွေကို ထားခဲ့ကြပါတာ့