Monday, April 1, 2013

မတ်လ ၃၁ ရက်နေ့က ကြံ့ဖွံ့စစ်အစိုးရ ရုပ်သေးသမ္မတ ဦးသိန်းစိန် ပြောကြားခဲ့တဲ့ မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်၊ ၀န်ထမ်းလစာ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒစိုးမိုးရေး၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ... စတဲ့ အချက် ၆ ချက်ပါ ရေဒီယိုမိန့်ခွန်း (အသံ)

6 comments:

boxerburma said...

ကြားကြတယ်နော် .... မသမာသူ အဖျက်သမားတွေ က သွေးထိုးလှုံ့ဆော်မှုတွေ ကို မမြင်ကြဘဲ ... သူတို့ နောက်လိုက်နေရင် တိုင်းပြည်အတွက် ဘယ်လောက်နစ်နာတယ် ဆိုတာ .... လူ လိုတွေး ကြပါ .... ဦးနှောက် မရှိတဲ့ ၀ီရသူ နောက်လိုက်တဲ့ ကောင်တွေ ချီး ဘရိမ်း ....

Dragon. said...

sim ကဒ်တွေ ကျပ် ထောင်ဂဏန်း (ဂဏန်း ၄ လုံး)
နဲ. ရောင်းချပေးမယ်လို. ၀န်ကြီး တွေ၊ အာဏာပိုင်
တွေက အကြိမ်ကြိမ် ပြောခဲ. တယ် ၊
...... ခု တော. ကျပ် နှစ်သောင်း နဲ. ဧပြီ ၅ ရက်နေ.ရောင်းမယ်တဲ. ။
ဦးသိန်းစိန်အစိုး ရ က ဘာပြော ပြော အတည်ပြုလို.
မရဘူး ၊ ပြောတဲ.အတိုင်း လုပ်ချင်မှလုပ်မယ်ဆိုတာပြနေတယ် ။
ပြီးတော. ခရိုနီတွေကို ကာကွယ်စောင်.ရှောက် ရမယ်ဆိုတာ လည်း လက်ကိုင်ထား တာအသေအချာပါ ။

Unknown said...

သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက နှစ်သောင်းဝန်းကျင် သတင်းထွက်နေတာတွေဟာ ကောလဟာလတွေပါ။ သူလည်း တစ်ခါမှ အဲဒီဈေးကို မပြောဖူးပါဘူး။ တကယ်တမ်းမှာက (ဂဏန်း၎လုံး)ကျပ်ထောင်ဂဏန်းမျှနဲ့ ရောင်းချပေးမှာပါ။ အဲဒီထက်မပိုပါဘူး..လို့ မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ပြောကြားခဲ့တယ်။ ပုဂ္ဂလိက ကုမ္ပဏီကတောင် ထောင်ဂဏန်းနဲ့ ရောင်းချပေးမယ်လို့ တရားဝင် ကြေငြာသေးတာပဲဗျာ။ သမ္မတကိုယ်တိုင် စီစဉ်အမိန့်ပေးတာ ဦးစိုးသိန်းပြောသလို ဂဏန်း(၄)လုံးပဲ ဖြစ်မယ်လို့ အားလုံးက ယုံကြည်ထားကြတာပါ။
အခု နှစ်သောင်းဆိုတော့လည်း အရင်ထက်တော့ သက်တော့ သက်သာတာပေါ့ဗျာ။ ဒါပေမယ့် အပေါ်မှာ Dragon ပြောထားသလိုပါပဲ။
ဝန်ကြီးတွေ ကိုယ့်စကားကိုယ် တန်ဖိုးမထားပဲ ဟောင်ဖွာဖွာ၊ ပြီးစလွယ်၊ ကတိမတည်နိုင်တာတွေကို မဖြစ်ညစ်ကျယ် ပြောတတ်ကြတာကတော့ မဖြစ်သင့်ပါဘူး။ သူတို့ရာထူးတွေက နဲတဲ့ရာထူးတွေမှ မဟုတ်တာဗျာ။ ဒီဝန်ကြီးတွေပဲ ငြိမ်းချမ်းရေးကိစ္စ၊ နိုင်ငံတကာကိစ္စတွေ လုပ်နေ ပြောနေကြတာမဟုတ်လား။

Unknown said...



ဧပြီ ၁ ရက်တွင် ရောင်းချမည့် ဖုန်းဆင်းကတ်တစ်ခု၏ တန်ဖိုးမှာ ကျပ်တစ်သောင်းအောက် ထောင်ဂဏန်းမျှသာ ရှိမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု ဦးစိုးသိန်း ပြောကြောင်း သတင်းများ ထွက်ပေါ်နေမှုအပေါ် ၄င်းက “ကျပ်နှစ်သောင်းနဲ့ ရောင်းမယ်ဆိုတာ မပြောခဲ့ပါဘူး။ အလွန်နည်းတဲ့ ဈေးနှုန်းနဲ့ပဲ ရောင်းမယ်လို့ ပြောခဲ့တာပါ။ ဈေးနှုန်းကို ထည့်မပြောခဲ့ပါဘူး။ ကျွန်တော်တို့ စီစဉ်ထားတာက ဂဏန်းလေးလုံး ပမာဏလောက်နဲ့ ရောင်းပေးဖို့ လုပ်ထားတာပါ” ဟု ၄င်းက ပြောသည်။ ယင်းအပြင် ဖုန်းများ ရောင်းချပေးမယ့် ရက်ကိုလည်း ဧပြီ ၁ ရက်ဟု ထပ်မံ အတည်ပြု ပြောကြားခဲ့ပြီး ဈေးနှုန်းအတိအကျကို အများပြည်သူ သိရှိစေရန် တာဝန်ရှိသူများမှ တရားဝင် ထုတ်ပြန်ကြေညာ ပေးလိမ့်မည် ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောသည်။ အဆိုပါ မိုဘိုင်းဖုန်း ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက “ဖုန်းဈေးနှုန်း သတ်မှတ်တာကို ကျွန်တော်တို့ မလုပ်ပါဘူး။ အရင်တုန်းကတော့ ဘယ်ဈေးနဲ့ ရောင်းမယ်ဆိုတာ အထက်ကို အဆိုပြုရတယ်။ အခုတော့ အထက်က ချပေးတဲ့ ပုံစံအတိုင်း အလုပ်လုပ်နေရတာပါ။ ဒါကြောင့် ဈေးနှုန်းကတော့ အထက်ကပဲ သတ်မှတ်မှာပါ” ဟု ပြောသည်။ ယင်းသို့ မိုဘိုင်းဖုန်း နှုန်းထားမှာ ထောင်ဂဏန်းအဆင့်သာ ရှိမည်ဆိုပါက ဖုန်းသုံးစွဲနိုင်သည့် ပမာဏမှာ ရောင်းချမည့် အရေအတွက် အပေါ်သာ မူတည်သွားမည်ဖြစ်ပြီး သုံးစွဲသူများမှာ ဝယ်ယူရန် အဆင်သင့် အနေအထားတွင် ရှိနေမည်ဖြစ်ကြောင်း၊ ၄င်းအပြင် တန်ဖိုးမြင့် ဟန်းဆက်များကိုပါ ကိုင်ဆောင်နိုင်ကြ မည် ဖြစ်ကြောင်း မိုဘိုင်းဖုန်း အရောင်းအဝယ် ကျွမ်းကျင်ပညာရှင်များက သုံးသပ်သည်။ လက်ရှိတွင် မိုဘိုင်းဖုန်း ဈေးနှုန်းများနှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်များအပေါ် နိုင်ငံတော် သမ္မတကြီး၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ထောက်ခံမှုများ ပြုလုပ် ထားကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Dragon. said...

မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော် သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း...
3/30/2013 5:57:00 pm (သစ်ထူးလွင်မှာ....ဖတ်ရတာပါ)
nga ba ပြောသလို ... ၀န်ကြီးတွေ ကိုယ့်စကားကိုယ် တန်ဖိုးမထားပဲ ဟောင်ဖွာဖွာ၊ ပြီးစလွယ်၊ ကတိမတည်နိုင်တာတွေကို မဖြစ်ညစ်ကျယ် ပြောတတ်ကြတာကတော့ မဖြစ်သင့်ပါဘူး။
ကျုပ်ကတော.
-(၁) လူကြီး ဆိုသူတွေ ကိုယ့်စကားကိုယ်တန်ဖိုးထားစေချင်တယ် ၊ ပြောတဲ.အတိုင်း တည်စေချင်တယ် ၊
-(၂) တကယ်ဆင်းရဲတဲ. ပြည်သူတွေရဲ. တယ်လီဖုံး စိတ်ကူး ယဉ်အိမ်မက် တွေ ပျက်မသွားစေချင်ဘူး ၊

အားလုံးကိုချေမှူန်းမယ် said...

မှန်တယ် အပြောနဲ့ အလုပ်ညီကြပါ

ကယ်တင်ရှင်စည်းရုံးရေး သီအိုရီအရ ကတိ တည်ပါ