Sunday, March 17, 2013

“ဒေါ်အောင်ဆန်းစုကြည် မှားသွားသလား” (လွတ်လပ်အတွေး ဆွေးနွေးဖလှယ်)

စနေညတိုင်း တင်ဆက်တဲ့ ဘီဘီစီ “လွတ်လပ်အတွေး ဆွေးနွေးဖလှယ်” တိုက်ရိုက်ရေဒီယိုဆွေးနွေးခန်းမှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဒေသခံတွေနဲ့ ဘီဘီစီ ပရိသတ်/သောတရှင်တွေ အခြေအတင် အကျေအလည် ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်း ဆွေးနွေးထားတာတွေကို နားဆင်သုံးသပ်နိုင်ပါတယ်။ ကိုချို တင်ဆက်ထားပါတယ်။

6 comments:

ထလော့မြန်မာ said...

အစီရင်ခံစာကိုခြုံငုံသုံးသပ်လိုက်ရင်မျက်လှည့်ဆရာမျက်လှည့်
ပြနေတာကြည့်လိုက်ရသလိုပါပဲ။
အပြစ်တော့တွေတယ်ယခင်အစိုးရကိုလွဲ့ချတယ်
ဒေါ်စုသုံးသပ်ရမှာကလူမပြောင်းဘူးမူပဲပြောင်းတာ
တရားဥပဒေစိုမိုးရေးကော်မတီဥက္ကဌဖြစ်ပါလျှက်နှင့်ဓါတုဗုံးအသုံး
ပြုသူများသည်သုံးစွဲရန်အလေ့အကျင့်မရှိခြင်းနားမလည်ပဲသုံးစွဲခြင်း
များကိုခွင့်လွတ်နိုင်တယ်ဆိုတော့ပြည်သူကိုတော့တည်ဆဲဥပဒေ
ရှိတယ်အာဏာပိုင်အုပ်ချုပ်ရေးအစိုးရတွေကမသိလိုပါနားမလည်လ်ုးပါမှားသွားလို့ပါဆိုတာနဲ့ဥပဒေမလိုတဲ့သူတွေဖြစ်နေတာရှင်း
ပါတယ်တရားဥပဒေအထက်မှာဘယ်သူရှိတယ်ဆိုတာပြည်သူ
သိအောင်ထုတ်ပြလိုက်တာပါပဲ

Tomahawk said...

ဒီအသံဖိုင်ကိုနားထောင်သူတိုင်းသိနိုင်ပါတယ်
ရွာခံရောပြည်တွင်းကပါဝင်ဆွေးနွေးတဲ့လူတွေရော
ဒေါ်စုမှားတယ်လို့မပြောရဲကြရှာဘူး၊သနားလိုက်တာ
လုထုခေါင်းဆောင်လဲလူပဲ၊သူမှားရင်မှားတယ်လို့ပြောဆို
ဝေဖန်ဖို့ဘာမှတွန့်ဆုတ်နေစရာမလိုဘူး
ဒေါ်စုဒီလိုအမှားမျိုးနောက်ထပ်မလုပ်မိအောင်ပြည်သူအားလုံး
ကတောင်းဆိုဝေဖန်သင့်တယ်
စစ်အုပ်စုမှာတိကျတဲ့Game Plan အသေအချာရှိတယ်
သူတို့ကိုအခါတော်ပေးနေတာPhdအဆင့်နိုင်ငံခြားသားတွေ
အဖွဲ့လိုက်ငှားထားပြီးကစားကွက်အသာစီးကရအောင်လုပ်နေ
ခြင်းဖြစ်တယ်။
ဒေါ်စုမှာတော့သူကလွဲလို့ပြည်တွင်းမှာအားကိုးလောက်တဲ့
ပညာရှင်အဆင့်တကယ်အမှန်တရားမြတ်နိုးတဲ့လူမျိုးမရှိသလောက်
ပါပဲ၊
နောက်တခုကရိုးသားတဲ့ဒေသခံလူထုကိုဒေါ်စုရဲ့ဆက်ဆံပြောဆိုတဲ့
အမူအရာတွေပာာရင့်သီးလှတယ်၊အဒီလိုအမူအရာတွေကသူ့ရဲ့
အရှိအဝါတွေကိုအမှန်ပဲထိခိုက်စေပါတယ်
Everyone thinks if you are good leader, you are smarter than anybody that's why they believe and rely on you.
If you are not reliable , what more can we say?

Tomahawk said...

အရှိန်အဝါ(လို့ပြင်ဆင်ဖတ်ရှူပါရန်)

Unknown said...

ဒေါ်အောင်ဆန်းစုကြည်လုပ်တာတွေထောက်ခံတယ်။ပြည်သူ.မျက်နျာကြည်.ဆိုတာမှန်ပေမယ်.တကယ်ကြည်.ရမှာကတစ်ဘက်ကနိင်ငံခြားကုမ္ပဏီ။တစ်ဘက်ကစစ်တပ်။တစ်ဘက်ကလက်ရှိအစိုးရ။တစ်ဘက်ကတည်ဆဲဥပဒေ။နောက်တစ်ဘက်ကပြည်သူ။နောက်တစ်ဘက်ကနောက်ထပ်ဝင်လာမယ်.နိင်ငံခြားရင်နှီးမြုပ်နှံသူတွေ။ကဲခုဝေဖန်နေတဲ.လူတွေဒေါ်စုနေရာမှာဝင်ပြီးစိတ်ကူးနဲ.ဆုံးဖြတ်ကြစေချင်ပါတယ်။

minzaw741 said...

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးကဲ့သို့ တပည့်တော်တို့ ပြည်သူပြည်သားများလည်း အမေစုကို လေးစားတန်ဖိုးထားပါတယ်ဘုရား ခေတ်နောက်ပြန်ဆွဲစေချင်သောလူတွေ။ပြည်တွင်းပြည်ပ မလိုမုန်းတီးသူတွေအတွက် ထားခဲ့ပါမယ့်ဘုရား။သူတို့ က ဦးသန်းရွေလို လက်နက်နဲ့ တည့်တည့်ပြစ်မှ ကြိုက်ကြတဲ့ လူတွေမို့ ပါဘုရား...(ကိုထွန်းဝေ)ဖော့ဘုတ်မှ

ဒေါင်းယောင်ဆောင်တဲ့ကျီး said...

ဒီ လို အ ကွက် ဆင် ထား မှန်း သိ ရဲ့ သား နဲ့ အာ မ ခံ တာ လေ ပြည် သူ က လည်း
ဒီ အဖြေ ထွက် မယ် ဆို တာ သိ ပြီး သား ပဲ ။ဒေါ် စု မလုပ် လည်း ဒီ အ ဖြေ ပဲထွက်
မယ် ဆို တာ သိ ပြီး သား ပါ။ ဒါ ပေ မဲ့ လူ ထု အား နဲ့ ကယ် ထုတ် ထား တဲ့  ဒို့ ခေါင်း
ဆောင် ဒို့ အလှည့် တော့ နည်း နည်း ကူ ညီနိုင် လေ မလားလို့ တော့ မျှော်လင့် မိ ကြ
တယ်။မိုး ထဲ ရေ ထဲ ရောက် တော့ ရွှေ ပြည် အေး တရား ဟော နေတော့တာပဲ ။
အပြစ် ကို အပြစ် အတိုင်း အ ရေး ယူ စေ ပြီး အိမ်နီး ချင်း နိုင် ငံ ဖြစ် သည့် အ တွက်
အစိုးရ ကုမ္ပ ဏီ ပြည် သူ လူ ထုတို့ ပူး ပေါင်း ဆောင် ရွက် ခိုင်း ရင် ကို အ မေ စု
ကို ပိုပိုချစ် ကြ အုံး မှာ ။ အပြစ်ကို အပြစ် လို ဥပ ဒေ အ တိုင်း အ ရေး ယူ အ လုပ်
ကို ဥ ပ ဒေ ဘောင် အ တွင်း က ပြည် သူ နှင့် ညှို နှိုင်း ဆောင် ရွက် နိုင်ပါ သည် လို့
ထုတ် ပြန် လိုက် ရင် ဘယ် လောက် ကောင်းမ လဲ ဟု စိတ် ကူး ယဉ် မိ ပါ သည်။