KO Han Win Aung's video
“လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး ... ဒို့အရေး”
“မီးလောင်ဗုံးတရားခံများအား ဖော်ထုတ်အရေးယူပေးရေး ... ဒို့အရေး”
“ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ... ဒို့အရေး”
... စသည့် တောင်းဆိုချက်များကို ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ နေ့လည် ၁ နာရီတွင် တုံရွာရှေ့မှ စတင်ပြီး ပုသိမ်-မုံရွာလမ်းဆုံ ဦးပိုင်ကုမ္ပဏီရှေ့ထိ သတ်မှတ်အင်အား ၅၀၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့ပြီး ညနေ ၃ နာတွင် ပြီးစီးခဲ့ပါသည်။ ဆန္ဒပြပွဲအား တုံရွာမှ မဌေးဦးနှင့် မခင်ဌေးနွယ် (စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဘိုဌေး၏ သမီး) တို့မှ ဦးဆောင်ခဲ့တာဖြစ်ပြီး ယခုဆန္ဒဖော်ထုတ်ပွဲသည် သပိတ်စခန်းများအား ဒေသတည်ငြိမ်ရေးအတွက် ပြည်သူများမှ တဖက်သတ် ရုပ်သိမ်းခဲ့ပြီးနောက် အာဏာပိုင်တို့ထံ ခွင့်ပြုချက်ယူပြီး ပြန်လည်ဆန္ဒပြမှု ဖြစ်ပါသည်၊ မနက်ဖြန် ၂၄-၃-၂၀၁၃ ရက်နေ့ ၁ နာရီတွင်လည်း ဆည်တည်းရွာမှ ဦးဆောင်၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံဝဖျက်သိမ်းရေး ... စသည့် တောင်းဆိုချက်များအတိုင်း ဆက်လက် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်၊၊
လက်ပံတောင်းတောင်ဒေသ ပြည့်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ
၂၃-၃-၂၀၁၃၊ ညနေ ၃း၃၀ နာရီ
Saturday, March 23, 2013
၂၃-၃-၂၀၁၃ နေ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲ (ရုပ်သံ+ဓာတ်ပုံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment