Sunday, March 31, 2013

မောင်လူရေး - လက်ပံတောင်းကို ဖတ်ရှုခြင်း

(မိုးမခ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါး ၄ ပိုင်းကို တစုတစည်းတည်း ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ မူရင်းသတ်ပုံအတိုင်း ပီဒီအက်ဖ်ဖိုင် ပြုလုပ် တင်ဆက်ထားခြင်းဖြစ်ပါသည်။)

1 comment:

Unknown said...

မြန်မာ့ရုပ်ရှင်၊ ဗွီဒီယိုတွေကဗျာ.. တခါလာလည်း သရဲ၊ တစ္ဆေဇာတ်ကား၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးကား၊ ချစ်ကွဲညား ပေါ်ပင်ဖက်ရှင်အနုပညာလောက်နဲ့ လုပ်စားနေကြတယ်။ ဦးဇင်ဝိုင်းတို့လို လူတွေမှာ လုပ်ပိုင်ခွင့်တချို့တ၀က် ဟန်ဆောင်ပန်ဆောင်ရလာလည်း ဒီဇာတ်လမ်းဇာတ်အိမ်တွေ စိတ်ကူးစိတ်သမ်းတွေက တိုးတက်မှု ဘာမှမတွေ့ရဘူး။ အပျိုလူပျိုတွေ တရှိုက်မက်မက် တဏှာကြွ နမ်းပြတာမျိုးရိုက်ပြတာ၊ ခြင်ထောင်မြင်ကွင်းမျိုးတွေ ပေါ်တင်ကြီးချပြနိုင်တာလောက်ကို လွတ်လပ်တဲ့ အနုပညာ ဖန်တီးမှုလို့ ထင်နေတာတွေဟာ ဘယ်လိုမှ ကမ္ဘာကျော်တဲ့ အနုပညာဖန်တီးမှုမျိုး မထွက်ပေါ်လာနိုင်ပါဘူး။
တကယ်တမ်း ကမ္ဘာကျော်ချင်ရင်ဗျာ မင်းကိုနိုင်စာပေဟောပြောပွဲထဲက သပြေတန်းခံတပ်နဲ့ ခိုင်းနှိုင်းသွားတဲ့ မြန်မာ့အလုပ်သမလေးတွေရဲ့ ကြေကွဲဖွဲ အတိပြီးနေတဲ့ ဘ၀နစ်နာမှု၊ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အသွေးအသား လူမျိုးတွေ တကယ်တမ်း ခံရပြီဆိုတော့ စာနယ်ဇင်း မီဒီယာသမားတွေလည်း လူသားစိတ်ရှိတဲ့ နိုင်ငံသားတွေပီပီ ထိခိုက်ကြေကွဲပြီး မိမိတတ်စွမ်းတဲ့ဖက်က ဘောင်ထဲကနေ မအိပ်မနေ ရပ်တည်လှုပ်ရှား ပေးဆပ်ဖေးမခဲ့ရပုံတွေ..။ တချို့သော လုပ်ငန်းရှင် နိုင်ငံခြားသားအများစုတွေရဲ့ လူမဆန်စွာ ရက်စက်ဖိနှိပ်မှု၊ အမြတ်ထုတ်မှု၊ လက်ပံတောင်းတောင် လူထုလိုမျိုးတွေရဲ့ အမှန်တကယ်ကြုံတွေ့နေတဲ့ ဒုက္ခသုက္ခတွေ၊ တရုတ်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ၊ ဘာသာသာသနာအပေါ် ဆော်ကားမိုက်ရိုင်းမှုတွေ နောင်ဖြစ်လတ္တံသော အခြေအနေ လူနေမှုဘ၀ပုံရိပ်တွေ.. အရင်စစ်အစိုးရရဲ့ ကမ်းကုန်အောင် ဥပဒေမဲ့ ထင်တိုင်းကျဲခဲ့သမျှ ဆိုးကျိုးတွေကို ဒီမိုကရေစီ ဖော်ဆောင်ပါတဲ့ အသွင်ယူအစိုးရလည်း ဖင်မနိုင်ပဲ ကျဉ်းထဲကြပ်ထဲ ရောက်ရပုံတွေ.. စသဖြင့်.. အနုပညာနဲ့ ထင်ဟပ်ရိုက်ကူးနိုင်ရင် ဇာတ်လမ်းဇာတ်အိမ် ခိုင်မာပြီး တကယ့်အဖိုးမဖြတ်နိုင်တဲ့ ကမ္ဘာ့အဆင့်မီ ဇာတ်ကားကြီးတွေ ထွက်ပေါ်လာမှာပါ။ ဘေးထွက် အကျိုးအမြတ်အနေနဲ့ စာဖတ်ပျင်းကြတဲ့ လူတွေလည်း ဒီလိုဇာတ်ကားတွေကြည့်ပြီး လူသားချင်း စာနာစိတ်မွေးလာ နိုင်ကြမှာပါ။ နိုင်ငံခြားမှာ လူသိန်းချီပြီးသေတာကို စိတ်မ၀င်စား မတုန်လှုပ်ပေမယ့် ကိုယ့်အသိမိတ်ဆွေထဲက ခွေးကိုက်တာလောက်သိရရင်ပဲ တဆွေ့ဆွေ့ဖြစ်တတ်ကြတဲ့ လူမျိုးတွေရဲ့ နှလုံးသားတွေကိုလည်း လှုတ်ရှားလာနိုင်စေမှာပါ။ ကိုယ့်နိုင်ငံမှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ ဒီအဖြစ်အပျက်တွေထဲမှာ တကယ်ကို ပေးဆပ်မှုမြင့်မားပြီး တန်ဖိုးရှိလွန်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ များစွာရှိပါတယ်။ ဒီလို အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ ကမ္ဘာကျော်ဇာတ်ကားတွေ များစွာရှိပါတယ်။ မြန်မာပြည်က အင်မတန်လေလုံးထွားကြတဲ့ ဆရာကြီးတွေ လွတ်လပ်ရေးဇာတ်ကားတွေပဲရိုက်ရင်း မြန်မာပြည်မှာ လက်တွေ့ သူ့ကျွန်ဘ၀၊ အဖိနှိပ်ခံ အဆော်ကားခံဘ၀ ရင်နင့်ခါးသီးဖွယ် ကြုံတွေ့နေရတာတွေကို မေ့နေကြတယ်။ မြန်မာတို့ရဲ့ ယဉ်ကျေးမှုအပေါင်းတို့ ထွန်းကားဖြစ်တည်ရာ.. တည်နေရာအားဖြင့် မြန်မာနိုင်ငံရဲ့ အလယ်ခေါင်တည့်တည့် နိုင်ငံအမြုတေလို့ဆိုနိုင်တဲ့ ရွှေနန်းတည်ရာ မန္တလေးမြို့ကြီး နယ်ချဲ့တိုင်းတပါးကျူးကျော်လက်ထက် ကျရောက်မှန်းမသိ အလုံးစုံ ကျရောက်နေခဲ့ရတာတွေ.. မေ့နေကြတယ်။ မေ့ထားရက်ကြတယ်။
ဒါတွေကို အနုပညာနဲ့ တင်ပြကြပါလားဗျာ။ အနုပညာ သိပ်အားကောင်းရင် ဘယ်သူမှ အစွန်းရောက် နစ်နာမှုမရှိပဲ စစ်မှန်မှုနဲ့ လိုရင်းရောက်အောင် ဖန်တီးနိုင်ကြပါတယ်။ ခင်ဗျားတို့ အားထည့်ရင်အားထည့်သလို စေတနာပါရင်ပါသလို ကမ္ဘာကျော် ဇာတ်ကားကြီးတွေတောင် ထွက်ပေါ်လာမှာပါ။ ဒီအကြောင်းလေးတွေကို ဦးဇင်ဝိုင်းနဲ့တကွ တာဝန်ရှိသူ အနုပညာရှင်တွေကို တဆင့်စကားနဲ့ တိုက်တွန်း အကြံပြုကြပါဗျာ။ တိုင်းပြည်က ဖိနှိပ်မှု အတားအဆီးများစွာတွေထဲကတောင် ကိုယ်လုပ်ချင်တာကို ရအောင်လုပ်ကြတဲ့ လူတွေပဲဗျာ.. ဆန္ဒသာ တကယ်ရှိရင် လုပ်လို့ရနိုင်ပါတယ်။ တကယ်တမ်း ကမ္ဘာကျော်ချင်ရင် ကမ္ဘာကျော်လောက်တဲ့ အကြောင်းအရာတွေကို မျှတစွာ ရဿမွှမ်းပြီး ချပြနိုင်ရမှာပါ။
ကျနော်တို့ အသွေးအသား လက်ပံတောင်းပြည်သူတွေ နာကျည်းမှုစိတ်ဒါဏ်ရာတွေက အမြန်ဆုံး ကင်းလွတ်နိုင်ကြပါစေ...