Friday, March 29, 2013

မြန်မာတွေ သတိမူစရာ အိန္ဒိယနိုင်ငံက ဘာသာရေး အဓိကရုဏ်း

မြန်မာတွေ သတိမူစရာ အိန္ဒိယနိုင်ငံက ဘာသာရေး အဓိကရုဏ်း
အောင်စံအေး

မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်းတွေနဲ့ အကြမ်းဖက်မှု၊ လူသတ်မှုတွေ ဖြစ်နေတော့ အနှစ်၂၀လောက် နေထိုင်ခဲ့တဲ့အိန္ဒိယက ဘာသာရေးပဋိပက္ခတွေကို ပြေးမြင်မိတယ်။ ကျနော်တို့ရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကြီးမှာ ဟိန္ဒူမူစလင် အရေးပြဿနာနဲ့ အဓိကရုဏ်းတွေ မကြာခဏပဲ ဖြစ်တတ်တယ်။

၂၀၀၁ ခုနှစ် စာရင်းအရ ဟိန္ဒူဘာသာဝင် ၈၀.၅ ရာခိုင်နှုံး၊ အစ္စလာမ်က ၁၃.၄ ရာခိုင်နှုံး ရှိပါတယ်။ ဗုဒ္ဓဘာသာဆိုတာ ၀.၈ ရာခိုင်နှုံးပဲ ရှိပါတယ်။ ဟိန္ဒူမွတ်စလင် ဘာသာရေးဟာ အထိမခံ ရွှေပန်းဂံပါပဲ။ ကိုယ်နေထိုင်လာခဲ့တဲ့ အနှစ်၂၀ ကာလအတွင်း ဟိန္ဒူ မွတ်စလင် အဓိကရုဏ်းကြီး ၂ကြိမ်ကြုံဖူးပါတယ်။ အယုဒ္ဓယ အဓိကရုဏ်းနဲ့ ဂေါ်ဒရာ အဓိကရုဏ်းတို့ ဖြစ်တယ်။ ၂ခုလုံးက ရက်ရက်စက်စက် ကြောက်ခမန်းလိလိပဲ။

ဒီကနေ့ မိထ္တီလာအပါအ၀င် ဒေသ အနီးတ၀ိုက်မှာပျံ့နှံ့နေတဲ့ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခတွေ ကြားရတော့ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က စက်မှုစီးပွားဖွှံ့ဖြိုးတဲ့ အိန္ဒိယ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ထဲက ဆင်းရဲသားများတဲ့ မထင်မရှား ဂေါ်ဒရာမြို့လေးကနေ အစပြုပြီး ပြည်နယ်တခုလုံး မီးဟုန်းဟုန်းတောက်ခဲ့သလို သွေးချောင်းစီးဂယက်ထသွားတဲ့ အဓိကရုဏ်းကို မျက်စေ့ထဲ ပြန်မြင်လာပါတယ်။

အဲဒီအဓိကရုဏ်းနောက်ကွယ်က နိုင်ငံရေးကစားကွက်နဲ့ ဘာသာရေးအစွန်းရောက်တွေရဲ့ မဲတွေကို သိမ်းကြုံးလိုချင်တဲ့ အာဏာရ လကျာင်္စွန်း ဟိန္ဒူပါတီကြီးရဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ကျနော်တို့ ပြည်သူတွေ သိစေလိုတဲ့ စိတ်တွေပေါ်လာတယ်။

“ဂေါ်ဒရာ အရေးအခင်းဖြစ်ပြီး ၂ နှစ်အကြာ ၂၀၀၄ ခုမှာ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတယ်။ BJP ပါတီက ဇာတ်လိုက်ကြီး မိုဒီး ကို ပွဲထုတ်တယ်။ ဒါပေမယ့် မရဘူး။ မီဒီယာတွေကလည်း ပညာပေး၊ နိုင်ငံရေး နိုးကြားပြီး နိုင်ငံရေးအသိကလည်း မြင့်မားတဲ့ အိန္ဒိယပြည်သူတွေက မိအေးတခါပဲ အနာခံတယ်။ ၁၉၈၀ လောက်ကမှ ပါတီဖွဲ့ပြီး အချိန်တိုတိုအတွင်း အစိုးရဖွဲ့လိုက်နိုင်တဲ့ BJP ဟိန္ဒူအမျိုးသားရေးပါတီကြီးဟာ ပဋိပက္ခအလွန် ရွေးကောက်ပွဲမှာ ခွက်ခွက်လန်လန်အောင် ရှုံးတယ်၊ ပြည်သူတွေက လှလှလေး ဒဏ်ခတ်ခဲ့တယ်။ မတရားသူတွေကို ဥပဒေကြောင်းအရ အပြစ်မပေးနိုင်ခဲ့ပေမယ့် နိုင်ငံရေးအမြင်ရှိတဲ့ အိန္ဒိယပြည်သူတွေက ပညာသားပါပါတော့ ဆုံးမနိုင်ခဲ့တယ်။”

၂၀၀၂ခု ဖေဖ၀ါရီလ ၂၇ရက် ကပါ။ ဟိန္ဒူတွေ အထွတ်အမြတ်ထားတဲ့ ရာမမင်းသားရဲ့ ဇာတိ အယုဒ္ဒယမြို့ကလေးကနေ ဘုရားဖူးတွေ ငါးပိငါးချဉ်သိပ် စီးနင်းလိုက်ပါလာတဲ့ မီးရထားကြီးဟာ ဂေါ်ဒရာဘူတာလေးကို ဆိုက်လာတယ်။ ထုံးစံအတိုင်း ရထားတွဲပေါ် ဈေးသည်တွေ အပြေးအလွှားတိုးဝှေ့ပြီး ဈေးတက်ရောင်းတယ်။ အဲဒီမှာ ဈေးသည်တယောက် နဲ့ ခရီးသည် ကတောက်ကဆတွေ ဖြစ်၊ စ ရင်းနောက်ရင်း ဆဲဆိုရင်း ဈေးသည်ရဲ့ပါးကို ခရီးသည်တယောက်က ဆတ်ကနဲ ရိုက်လိုက်တယ်။ အဲဒီမှာ ပွဲကစသွားတာပဲ။ ဈေးသည်က ရထားပေါ်ကဆင်းပြီး သူ့မိတ်ဆွေတွေကို အကူအညီတောင်းတယ်။ ဖြစ်ချင်တော့ အဲဒီဘူတာအနီးတ၀ိုက် နေထိုင်သူတွေက မူစလင်ဘာသာဝင်တွေ၊ ဆင်းရဲသား ပညာမတတ်ရှာဖူး။ ဒေါသတွေနဲ့ တုန့်ပြန်ရင်း ဘာသာရေးစော်ကားမှုတွေ ဖြစ်လာတယ်။ နောက်ဆုံး ရထားတွဲတွေ မီးရှို့လိုက်တယ်။ အနီးအနားက လက်နက်ကိုင် မီးရထားလုံခြုံရေးရဲတွေက မိုးပေါ်သေနတ်ထောင်ပြီး လူစုလူဝေးကို ရှင်းဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ အခြေအနေက ထိမ်းမရတော့ဘူး။ ခြေလွန်လက်လွန်တွေ၊ ဒုတ်တပျက် ဓားတပျက်တွေဖြစ်ကုန်ပြီ။ နောက်ဆုံးတော့ မီးရထားပေါ်က ခရီးသည် ၁၀၀ကျော် တခါတည်း မီးလောင်သေဆုံးသွားတယ်။

ပြဿနာက မီးခိုးမဆုံး မိုးမဆုံး ဖြစ်ကုန်တယ်။ အဓိကရုဏ်းက တောမီးလို ပျံ့သွားတယ်။ ပြည်နယ်ရဲ့ အဓိက မြို့ကြီးတွေဖြစ်တဲ့ ဂန်ဒီနာဂါး၊ အမ္မဒါဘတ်ဂ် ၊ စူရတ်စ် မြို့ တွေက ဟိန္ဒူ နဲ့ မွတ်စလင်တွေ ရန်စောင်ကုန်တယ်၊ ရိုက်ကြနှက်ကြတယ်။ ပြည်နယ်အနှံ့ မြို့ကြီးတွေမှာ ပဋိပက္ခတွေ ပျံ့နှံ့သွားတယ်။ နောက်တရက် ဖေဖေါ်ဝါရီ ၂၈ ရက်ဟာ ဂူဂျာရတ်ပြည်နယ် ကမ္ဘာပျက်တဲ့နေ့ပဲ။ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ အသက်အရွယ်ကြီးသူတွေ ဓားဆာခံဖြစ်ရတယ်။ သူတို့အများဆုံး ထိခိုက်သေဆုံးတယ်။ အဲဒီ၂ ရက်အတွင်း သေဆုံးမှုက ကြောက်ခမန်းလိလိပဲ။ ခန့်မှန်းချေ မွတ်စလင် ၂၅၀၀၊ ဟိန္ဒူ ၅၀၀ သေဆုံးတယ်။ မွတ်စလင် တသိန်းလောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်။

ဟိန္ဒူဘုရားကျောင်းတွေ ဗလီတွေ သာမက ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းတွေပါ အဆစ်ပါတယ်။ စုစုပေါင်း ဘာသာရေးဆိုင်ရာ အဆောက်အဦး ၈၀၀ လောက် ပျက်ဆီးသွားတယ်။ နောက်ပိုင်း အဓိကရုန်းမှာ ပါဝင်တဲ့ ဟိန္ဒူအစွန်းရောက် ၂၇၀၀၀ လောက်ကို ထိန်းသိမ်းခဲ့တယ်။ မွတ်စလင်က ၈ ထောင်လောက်ပါတယ်။

နောက်ကွယ်က လက်မဲ

အဲဒီကာလ ဂူဂျာရတ်ပြည်နယ်ကို အုပ်ချုပ်နေတာက BJP( Bharatiya Janata Party) ဖြစ်တယ်။ တနည်းပြောရရင် လကျာင်္အမျိုးသား အစွန်းရောက်ပါတီ ဖြစ်တယ်။ တိတိကျကျ ပြောရရင် ဟိန္ဒူ အမျိုးသားရေးကို ရှေ့တမ်းတင်ပြီး အာဏာခိုင်မြဲအောင် ကြိုးပမ်းနေတဲ့ ပါတီပါ။ ၁၉၉၂ခုနှစ်က ဖြစ်ခဲ့တဲ့ အယုဒ္ဓယအရေးအခင်း (ရာမမင်းသားကြီး မွေးဖွားရာ နေရာမှာ တည်ရှိနေတဲ့ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ ဘာဘရီ ဗလီကြီးကို ဖြိုချဖျက်ဆီးမှုမှ အစပြု) ကိုလည်း BJP ပါတီကပဲ လှုံ့ဆော်ခဲ့တာဖြစ်တယ်။ အဲဒါက ဘာသာရေး ပဋိပက္ခသက်သက်ဖြစ်တယ်။ အခုဟာက လူတစုနဲ့တစု ခိုက်ရန်ပွဲကနေ ဘာသာရေးအဓိကရုဏ်း ဖြစ်အောင်လှုံ့ဆော်တဲ့ နိုင်ငံရေးအကောက်ကြံမှုပါ။

အဲဒီဂူဂျာရတ်ပြည်နယ် ၀န်ကြီးချုပ် မိုဒီး (Narendra Modi) နိုင်ငံရေးအာဏာဆုတ်ကိုင်ဖို့ ကြိုးစားမှုကိုပါ အိန္ဒိယ သတင်းမီဒီယာတွေက ဖော်ထုတ်နိုင်ခဲ့တယ်။ တကယ်တော့ အဲဒီအချိန် ဂေါ်ဒရာ ပြဿနာပေါ်ပြီဆိုတာနဲ့ အတွေ့ အကြုံရင့်ကျက်တဲ့ ရဲမင်းကြီးတွေက ဟိန္ဒူ မူစလင် အဓိကရုံး ဖြစ်နိုင်တဲ့ အရပ် ဒေသတွေမှာ လုံခြုံရေး အစီအမံချထားဖို့ ချက်ချင်းစီစဉ်ကြတယ်။ ဒါပေမဲ့ သိပ်မကြာလိုက်ဖူး၊ ရက်ပိုင်းအတွင်းမှာ အဲဒီအတွေ့အကြုံရှိတဲ့ ရဲအရာရှိတွေ နယ်ပြောင်းခံရတယ်၊ ရာထူးချခံလိုက်ရတယ်။ ၀န်ကြီးချုပ်မိုဒီး ဟာ သူစိတ်ချရတဲ့ ရဲအရာရှိတွေကို ရာထူးတိုးပေးပြီး ဘာသာရေး ပဋိပက္ခကို ၀င်ကိုင်တယ်။

နောက်ပိုင်း သတင်းမီဒီယာတွေနဲ့ စုံစမ်းရေးကော်မရှင်တွေရဲ့ (စုံစမ်းရေးကော်မရှင်က ၅ဖွဲ့လောက်ရှိတယ်၊ ဗဟိုအစိုးရ ကဖွဲ့တဲ့ ကော်မရှင်၊ ပြည်နယ်အစိုးရဖွဲ့တဲ့ ကော်မရှင် ၊ လူ့အခွင့်အရေးကော်မရှင်၊ လွတ်လပ်တဲ့ လူထုတန်းစားတွေက ဖွဲ့တဲ့ ကော်မရှင် တွေလည်း ပါတယ်) တွေရဲ့ စုံစမ်းဖော်ထုတ်ချက်တွေအရ --- အကြမ်းဖက်မှုမှာ လက်မဲကြီး၂လက်ရဲ့လှုပ်ရှားမှုကို တွေ့ရတယ်။ ပထမလက်မဲကတော့ လူဆိုးလူမိုက်တွေကို BJP ပါတီရဲ့အဓိက ဟိန္ဒူ အမျိုးသားရေး အသင်းကြီး ဖြစ်တဲ့ အာ အက်စ် အက်စ် (RSS-Rashtriya Swayamsevak Sangh) အဖွဲ့ဝင်တွေရဲ့လက်ချက်ကြီးဖြစ်တယ်။ လူဆိုး လူမိုက်တွေစု၊ ငွေပေး အရက်သေစာ တိုက်ပြီး မွတ်စလင်တွေနေတဲ့ ရပ်ကွက်ထဲ ၀င်ပြီး မီးရှို့ဖို့ စီစဉ်ခဲ့တာတွေပဲ။ ဒုတိယလက်မဲက ပဋိပက္ခ ဖြစ်နေတာကို ထိန်းသိမ်းဖို့သွားတဲ့ ရဲတွေကိုယ်တိုင်က RSS အဖွဲ့ဝင်တွေ။ သူတို့ဟာ အရေးအခင်းမဖြစ်ပွားမီ နှစ် အတန်ကြာကတည်းက (နအဖခေတ်-စွမ်းအားရှင်တွေလို) ရဲတပ်ဖွဲ့ထဲ မြှုပ်နှံထည့်သွင်းထားတဲ့ ဆဲလ်တွေဖြစ်တယ်။ ဒါကြောင့် တကယ်တမ်း အရေးအခင်းနဲ့ ထိတ်တိုက်တွေ့တဲ့အခါ သူတို့ကိုယ်တိုင် မွတ်စလင် ရပ်ကွက်ထဲဝင်ပြီး ပစ်ခတ်တော့တာပဲ။

ပြည်နယ်ဝန်ကြီး မိုဒီးဟာ သူအပိုင်စားတဲ့ ဂူဂျာရတ်ပြည်နယ်တင် မကဘူး၊ တခြားထိစပ်နေတဲ့ မဒရာပရာဒါခ်ျ၊ ရာဂျက်စတ္တန်၊ မဟာရာဇ်စတာ ပြည်နယ်တွေကိုပါ ကူးစက်အောင် အားထုတ်ခဲ့တယ်။ အဲဒီပြည်နယ်တွေမှာလည်း BJP ပါတီက အာဏာရထားတာကိုး။ ဒါပေမဲ့ ပြည်သူတွေက သတိရှိတော့ မဖြစ်ခဲ့ဖူး။ အဓိကရုဏ်း ဖြစ်အောင်လှုံ့ဆော်တဲ့ အစွန်းရောက် ဟိန္ဒူတချို့ကို စာရွက် စာတမ်းတွေနဲ့ အတူ ဖမ်းဆီးမိတယ်။ အဲဒီလို ဂူဂျာရတ်မှာ မီးးဟုန်းဟုန်းတောက်နေချိန်၊ နယူးဒေလီ ပါလီမန်ကနေ အခင်းဖြစ်ပွားမှုတွေကို အမြန်ဆုံးရပ်စဲကြဖို့ အာဏာရ အစိုးရကို အပြင်းအထန် တောင်းဆိုကြတယ်။ အာဏာရ အစိုးရကလည်း BJP လူများစုက ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ ဖြစ်နေတယ်။

အခင်းဖြစ်နေတဲ့ ဒေသတွေကို စစ်တပ်စေလွှတ်ဖို့လည်း ဗဟိုအစိုးရက နှောင့်နှေးနေတယ်။ နောက် ၄ ရက်အကြာမှ စစ်သား ၂ သောင်းနဲ့ အရေးအခင်းကို ထိမ်းသိမ်းနိုင်ခဲ့တယ်။ မီဒီယာတွေကလည်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ၂၄ နာရီ သတင်းထုတ်နေတယ်။ အခင်းဖြစ်တဲ့ နေရာတွေထိ ရောက်အောင်သွားတယ်။ အချိန်နဲ့ တပြေးညီ အရပ်သားဂျာနယ်လစ်တွေ၊ သတင်းသမားတွေရဲ့ အကူအညီတွေ ထိထိရောက်ရောက် သုံးနိုင်ခဲ့တယ်။ အိန္ဒိယ မီဒီယာတွေ ကို အတုယူဖို့ကောင်းတာက ရက်ရက်စက်စက်ပုံတွေ ကို အစောပိုင်း သတင်းဌာနတချို့က (နာမည်ကြီး လူကြိုက်များအောင်) အသုံးပြုပေမဲ့ နောက်ပိုင်းမှာ သတင်းမီဒီယာ အဖွဲ့အစည်းတွေ အားလုံးက မေတ္တာရပ်ခံပြီး၊ အဓိကရုဏ်းပိုမို မကြီးထွားအောင် သတိပြုပြီး ထိန်းထိန်းသိမ်းသိမ်း ရေးသားဖော်ပြကြတယ်။ နောက်ကွယ်က လက်သည်တရားခံတွေကို ကြိုးစားဖော်ထုတ်ကြတယ်။ ပြည်နယ် အစိုးရရဲ့ အားနည်းချက်နဲ့ မတရားမှုတွေကို သတ္တိကောင်းကောင်းနဲ့ နှိုက်ထုတ်ခဲ့ကြတယ်။

စုံစမ်းရေး ကော်မရှင် အမျိုးမျိုးဖွဲ့ပြီး နောက်ကွယ်က တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့တယ်။ ပြည်နယ် ၀န်ကြီးချုပ် မိုဒီး ကိုလည်း တရားစွဲဖို့ အားထုတ်ခဲ့တယ်။ ဒါပေမဲ့ အထမမြောက်ခဲ့ဖူး။ အာရှမှာ ရာစုနှစ်ပေါင်း ထောင်နဲ့ချီပြီး ထွန်းကားခဲ့တဲ့ အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှု ရဲ့ ဘုန်းရောင် ဂုဏ်အရှိန်ဟာ ဆင်းရဲတဲ့ ဂေါ်ဒရာမြို့ငယ်လေးရဲ့ ပဋိက္ခကို အစပြုပြီး ဂုဏ်သိက္ခာညှိုးခဲ့ ရတယ်။ နိုင်ငံတကာမှာ အရှက်တကွဲ အကျိုးနည်းခဲ့ရတယ်။

ပြည်သူ့တွေရဲ့ အမြင်ကျယ်မှု

ဂေါ်ဒရာ အရေးအခင်းဖြစ်ပြီး ၂ နှစ်အကြာ ၂၀၀၄ ခုမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတယ်။ BJP ပါတီက ဇာတ်လိုက်ကြီး မိုဒီး ကို ပွဲထုတ်တယ်။ ဒါပေမဲ့ မရဖူး၊ မီဒီယာတွေကလည်း ပညာပေး၊ နိုင်ငံရေး နိုးကြားပြီး နိုင်ငံရေး အသိကလည်း မြင့်မားတဲ့ အိန္ဒိယ ပြည်သူတွေက မိအေးတခါပဲ အနာခံတယ်။ ၁၉၈၀ လောက်ကမှ ပါတီဖွဲ့ပြီး အချိန်တိုတို အတွင်း အစိုးရဖွဲ့လိုက်နိုင်တဲ့ BJP ဟိန္ဒူ အမျိုးသားရေး ပါတီကြီးဟာ ပဋိပက္ခ အလွန် ရွေးကောက်ပွဲမှာ ခွက်ခွက်လန်လန်အောင်ရှုံးတယ်၊ ပြည်သူတွေက လှလှလေး ဒဏ်ခတ်ခဲ့တယ်။ မတရား သူတွေကို ဥပဒေကြောင်းအရ အပြစ်မပေးနိုင်ခဲ့ပေမဲ့ နိုင်ငံရေး အမြင်ရှိတဲ့ အိန္ဒိယပြည်သူတွေက ပညာသားပါပါတော့ ဆုံးမနိုင်ခဲ့တယ်။

အိန္ဒိယက ဂေါ်ဒရာ ဘာသာရေးအဓိကရုဏ်းဟာ ကျနော်တို့ပြည်သူတွေ အတွက် ယူသင့်ယူထိုက်တဲ့ စံနမူနာကို ပြသနေတယ်။ စေတနာလည်း မမှန် မူလည်းမမှန်တဲ့ အမျိုးသားရေး စိတ်နဲ့ သွေးထိုးပေမဲ့ ပြည်သူတွေဘက်က အသိတရားနဲ့ သတိတရားရှိထားရင် အဲလို နိုင်ငံရေးပါတီမျိုး၊ အင်အားစုမျိုးကို ပြည်သူက အာဏာမရအောင် ထိမ်းချုပ်ထားနိုင်တယ်ဆိုတာ ဂေါ်ဒရာက သက်သေပြနေပါတယ်။

အောင်စံအေး
(Burma-Newselite ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ မူရင်းသတ်ပုံအတိုင်း ကူးယူဖော်ပြပါသည်။)

5 comments:

nga ba said...

Good article, we have to learn this phenomenon of neighbor country in the past and compare with our country's present circumstances. We, two rligious groups have to understand that the major cause of this conflict and why did they controlled as a mastermind. I think that the role of fourth pillar is the most important for the knowledge of political understanding and to show hidden cause of their nature...

kyawthusukyi said...

Maybe ........ ! ! ! ! ! ! ! ! !

genius said...

မြန်မာပြည်အခြေအနေနဲ. အားလုံးတော.မတူပါ ။
.... ကျွန်တော. အိမ်မှာ မွတ်ဆလင် တစ်ဦး ဘောလုံးပွဲ
လာကြည်.ဘူး တယ်၊ ကြာပီ ၊ တီဗွီမှာ မြန်မာနဲ. မလေးရှား ကန်နေကြတယ် ၊ မလေးရှား က မြန်မာ ဂိုးပေါက်ဆီကန်
သွင်းတိုင်း ထအော်ပြီး မလေးရှားကို အားပေးတယ် ၊
မေးကြည်.တော. ကျွန်တော်တို. အစ္စလမ် နိုင်ငံကို ဘဲ
အားပေးမှာပေါ. .... လို.ပြောတယ် ၊ကျောချမ်းစရာဘဲ ၊
... ကိုယ်တွေ.တစ်ခုပါ ၊ ဘာသာရေး လှုံ.ဆော်တာမဟုတ်ပါဘူး ။

လူမှန် said...

ကျနော်ကတော့မွတ်ဆလင်တွေကို3Dပုံတစ်ခုနဲ့ နှိုင်းချင်တယ်၊သာမန်သာကြည့်မယ်ဆိုရင်အရောင်စုံ
ဆေးစက်တွေနဲ့ ချယ်ထားတာဘာမှမထူးခြားပေမဲ့သေသေချာချာစူးစိုက်ကြည့်တတ်ရင်အဖြေကိုတွေ့ ပါ
လိမ့်မယ်၊သင်ဟာမျက်မမြင်တစ်ယောက်မဟုတ်ခဲ့ရင်ပေါ့။
ကမ္ဘာပေါ်ကရှိသမျှသောဘာသာတရားတွေနဲ့ ကွဲပြားစွာပေါင်းစပ်ရောနှောမရနိုင်တာအစ္စလာမ်ဘာသာ
တစ်ခုပဲရှိတယ်

May Phyu said...

That is a good article in the Lwan Swe Blogger for people/readers.
Pls write a good article for people.
We do not like to read on "SEIN THAN LOON & ZAW WIN (88) & LWAN SWE articles, most of all articles are negative sense for people.