Tuesday, March 26, 2013

လက်ပံတောင်း ငြင်းဆန်မှု၊ စစ်ခေါင်းဆောင်ကြီးများ၏ ရှော့ခ်နှင့် မိတ္ထီလာအဓိကရုဏ်း

လက်ပံတောင်း ငြင်းဆန်မှု၊ စစ်ခေါင်းဆောင်ကြီးများ၏ ရှော့ခ်နှင့် မိတ္ထီလာအဓိကရုဏ်း
ဒေါက်တာလွဏ်းဆွေ

မတ်လ ၁၃ ရက်နေ့တွင် လက်ပံတောင်းအစီရင်ခံစာနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြောပြမှုကို ဒေသခံများက လက်မခံ ငြင်းဆန်လိုက်ပြီးနောက် သိပ်မကြာမတင် မတ်လထဲမှာပင် တုန်လှုပ်ချောက်ခြားဖွယ်ရာ မိတ္ထီလာအကြမ်းဖက်မှုကြီး ပေါ်ပေါက်လာသည်။

“ဦးပိုင်အကျိုးစီးပွား” အား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ပံတောင်းအစီရင်ခံစာဖြင့် အကာအကွယ်ပေးသည်ကို ဒေသခံများက လက်မခံ ငြင်းဆန်လိုက်သည့်အပေါ် ကန့်လန့်ကာနောက်ကွယ်မှ စစ်ခေါင်းဆောင်ကြီးများ ထိတ်လန့်တုန်လှုပ်သွားပုံပေါ်သည်။ အထူးသဖြင့် တရုတ်စီမံကိန်းများနှင့် ပတ်သက်၍ အကျိုးအမြတ်များ နင်းကန်ရယူထားပြီး စစ်တပ်ကိုလည်း ကြိုးကိုင်ထားနိုင်ဆဲဖြစ်သည့် စစ်ခေါင်းဆောင်ကြီးများ ရှော့ခ်ရသွားပုံပေါ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ပေးသည်ကိုပင် လူထုက လက်မခံ ငြင်းဆန်ပြီဆိုလျှင် သူတို့အကျိုးစီးပွားအတွက် လက်နက်အားကိုးပြီး ကာကွယ်ရန်မှတပါး အခြား နိုင်ငံတကာအမြင်ကောင်းစေမည့် အကာအကွယ် မရှိတော့၊ မကြာမတင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး တောင်းဆိုလာကြမည့် လူထုနှင့် သူတို့ ထိပ်တိုက် တွေ့လာရဖို့သာ ရှိတော့မည်ဟု ကန့်လန့်ကာနောက်ကွယ်မှ စစ်ခေါင်းဆောင်ကြီးများ စိတ်ဂဏှာမငြိမ် ဖြစ်လာပုံပေါ်သည်။

- လက်ပံတောင်းတောင်စီမံကိန်း လုံးဝဖျက်သိမ်းရေးမှသည် ရခိုင်-ကူမင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ဖျက်သိမ်းရေး ...

- ထိုမှသည် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများ ဖျက်သိမ်းရေး ...

- ထိုမှသည် ဦးပိုင် ဖျက်သိမ်းရေး ... အထိ မီးခိုးကြွက်လျှောက် လာတော့မည်ကို စစ်ခေါင်းဆောင်ကြီးများ တွေးလန့်လာပုံရသည်။

အထက်ပါ စိုးရိမ်ပူပန်မှုများကြောင့် ကန့်လန့်ကာနောက်ကွယ်မှ စစ်ခေါင်းဆောင်ကြီးများ စိတ်ဂဏှာမငြိမ် ဖြစ်လာပြီး သကာလ ..

- ကြောက်စိတ်နှင့်အတူ နိုင်ငံရေးမျက်လှည့်ပြ လမ်းလွှဲလိုစိတ်များ၊

- တိုင်းသူပြည်သားများ သွေးပျက်ချောက်ခြားအောင် ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးပြီး စစ်တပ်အာဏာပြန်သိမ်းတော့မလို အရိပ်အယောင်ပြလိုစိတ်များ ... တဖွားဖွား ပေါ်ပေါက်လာကာ တုန်လှုပ်ချောက်ခြားဖွယ်ရာ မိတ္ထီလာအကြမ်းဖက်မှုကြီးနှင့် နောက်ဆက်တွဲ နေရာအနှံ့ အကြမ်းဖက်မည့် ခြိမ်းခြောက်မှုများကို ဆိုင်းမဆင့်ဗုံမဆင့် ဖန်တီးခဲ့၊ ဖန်တီးနေသည်ဟု နိုင်ငံရေးသတိဖြင့် ဆက်စပ်စဉ်းစားကြည့်မိပေ၏။

ဒေါက်တာလွက်းဆွေ

26 comments:

Unknown said...

I agree with you 100%

Unknown said...

more chances of possibilities

Unknown said...

no,not agreed.

Unknown said...

i am not other side,but our people mind is weak,so we must do more institution,regards.

genius said...

ကျုပ်အမြင်ကတော. ဖွဲ.စည်းပုံအခြေခံ ဥပဒေ ပြင်ဖို.
လွှတ်တော်မှာ သဘောတူကြပြီးတာနဲ. မိတ္ထီလာ အဓိကရုန်း ပေါ်လာတာဘဲ ၊ နောက်ကွယ်ကတရား ခံ
ဖေါ်ထုတ်ဖို. စစ်တပ်နဲ.ထောက်လှမ်းရေးမှာ တာဝန်၇ှိပါတယ် ။ အဲ .... မဖေါ်ထုတ်နိုင်၇င်တော.
..... အဲ ဒါ .... သူတို.ကိုယ်တိုင် လက်ချက် ဘဲ ။ ။ ။

mrmonn said...

It is similar to past history of Argentina .I agree with you Dr Luwn Swe.

blacktiger said...

This is right. Most of the people who live in district are not familiar with politics tricks. So they have to persuade by militarygovermnents.

Unknown said...

ဗိုလ်ချုပ်ကြီးတဖြစ်လဲ သမတကြီး ဦးသိန်းစိန်နဲ့ဦးရွှေမန်းအပါအဝင် ဗိုလ်ချုပ်ဟောင်းများကို လုံးဝမယုံကြည်ပါ။ သူတို့အာဏာတည်မြဲဖို့ နည်းမျိုးစုံနဲ့လုပ်ကိုင်ကြံစည် မှာဘဲ။ပြည်သူ့အထာလဲ သိတယ်။ အပေါ်ယံ အပြောင်းအလဲဘဲလုပ်ပြတယ်။ အနှစ်သာရအားဖြင့် ဘာပြောင်းလို့လဲ။ ဒီဗိုလ်ချုပ်ဟောင်းတွေ၊မူဝါဒတွေ၊လက်ဝါးကြီးအုပ်ထားးတဲ့ စီးပွားရေးလုပ်ငန်းတွေ ဘာပြောင်းလို့လဲ။

Unknown said...

မြန်မာ့ရိုးရာအမြဲတမ်းမလွဲတမ်းတလွဲလမ်းပြဇာတ်ကြီးပြန်လည်ကပြ နေပါပြီခင် ဗျား။

ှဲKaung said...

လွဏ်းဆွေဖွရင် သတိထားပြီး ယုံကြပါ။
သူက အမြဲ သူဖြစ်ချင်တာတွေကို ရှေ့ တန်းတင်ပြီး အမြဲဖွပါတယ်။
ဖွတဲ့ဟာတွေ အားလုံးကလည်း မြန်မာပြည် ပျက်သုံးရေးကို ဦးတည်တာတွေချည်းပါပဲ။
ဒီမှာကြည့်ပါ။
http://burmese.dvb.no/archives/37782 (ဒါသတင်းအမှန်ပါ)
လွဏ်းဆွေက အရင် NLD ညီလာခံမတိုင်ခင်မှာ ကယားပြည်မှာ NLD ပါတီဝင် ၁၀၀၀၀ ကျော်ထွက်တယ်ဆိုပြီး ၀မ်းသာအားရ ဖွပါတယ်။

komk said...

တိုင်းပြည်ကိုမတည်ငြိမ်အောင် လုပ်နေသူများတခြားနည်းလမ်းသုံးပါ
လူမျိုးရေး ဘာသာရေးကိုအ ခြေခံပြီးလုပ်တဲ့နည်းကိုရှောင်ကြပါ။
အစ္စလာမ်နဲ့ဗုဒ္ဓဘာသာဝင်တွေကြားဘယ်တော့မှရင်ကြားပြန်စေ့နှိုင်တော့မှာမဟုတ်ဘူးဖြစ်သွားလိမ့်မယ်။အဲဒါဆိုဘယ်အစိုးရတက်တက်တိုင်းပြည်မတည်ငြိ
မ်းနှိုင်တော့ဘူး
ပြည်ပ ပ ယောဂပါဝင် လာနှိုင် တယ်။ သတိကြီးစွာထားကြပါ။အမြှော်အမြင်ကြီးကြီးထားကြပါ။သူများသွေးထိုးတိုင်းမယုံကြပါနဲ့။

သားတို့ဖေဖေ said...

ကိုလွဏ်းဆွေ..ပြန်လည်ကျန်းမာလာလို့
blog မှာပြန်ရေးနေပေမဲ့ ခင်ဗျားရဲ့ကျန်းမာရေး
သိပ်မကောင်းသေးဘူး။ခင်ဗျားဆေးကျောင်း
တက်နေတုန်းကအတန်းတွေလစ်နေလို
့သေသေချာချာခင်ဗျားကိုမသင်လိုက်ရတဲ့
ရောဂါစမ်းသပ်ရှာဖွေခြင်း(Clinical Examination)၊ရောဂါအမည်သတ်မှတ်ခြင်း
(Diagnose)၊ကုသချက်(Treatment)
တွေကိုကိုးကားပြီးကျနော်သိသလောက်
ပြန်ပြီးပို့ချရရင်...ခင်ဗျားမှာ Mass Hysteria လို့ ခေါ်တဲ့ အဓိကရုန်း၊အုံကြွမှုတွေဖြစ်လာရေး ကိုအလွန်အမင်းစိတ်အားထက်သန်ပြီး
အဲဒါနဲ့တိုက်ရိုက်အချိုးကျဆက်စပ်နေတာကတော့
ခင်ဗျားဝေဖန်သူတွေ၊ ခင်ဗျားနဲ့အတွေးအခေါ်အယူအဆမတူသူတွေ၊ လက်ရှိအစိုးရအာဏာပိုင်တွေသွားတဲ့လမ်းကြောင်းဟာခင်ဗျားတွေးထင်သလိုတွေဖြစ်မလာတော့..depressed ဖြစ်လာတယ်။ အကျိုးဆက်ကတော့ခင်ဗျားမှာ haughty blogger ဖြစ်လာတယ်။ပေါက်တတ်ကရအတွေးတွေနဲ့ထင်သလိုလျှောက်ရေးတော့တာပါဘဲ။ ဒါကိုပျောက် ကင်းအောင်ကုသနည်းကတော့..အရက်မသောက်ဘဲ တရားထိုင်၊ပဌန်းဒေသနာကိုနေ့စဉ်ကြားနာဖို့ပါဘဲ။ပြီးရင်အားလုံးကို မေတ္တာပို့အမျှဝေပါ။ အဲဒါဆိုရင်ခင်ဗျားခံစားနေရတဲ့ရောဂါဝေဒနာတွေအားလုံးသက်သာပျောက်ကင်းသွားပါမယ်..ဒေါက်တာကီး။

ှဲKaung said...

လွဏ်းဆွေရောဂါက စိတ်ရောဂါပါ။
အပျက်တွေပဲမြင်ပြီး။ အပျက်တွေပဲ ကြံနေတဲ့ရောဂါပါ။
အနိစ္စ သဘောနဲ့  မြင်တဲ့ အပျက်မဟုတ်ပဲ ပျက်စီးခြင်းကိုပဲ မြင်ချင်နေတဲ့  အဘိဇ္ဇာ အားကြီးနေတဲ့ စိတ်ဓါတ်ပါ။
တရားလေး အေးအေးဆေးဆေး ထိုင်ပြီး အခြေအနေတွေကို ယောနိသော မနီသိကာရ ဖြစ်အောင် ကြည့်တတ်ရင် ရောဂါသက်သာလာပါ။

kyawthusukyi said...

right

kyawthusukyi said...

မှန်၏ ဆက်ပြောစေသတည်း

kyawthusukyi said...

လောဘကြီး အတ္တကြီး ဆိုရင်ဘာနဲ့မှပျောက်အောင်ကုမရပါ

ဒေါ်တင်ကြည် said...

အကောင်းဆုံးဆောင်ပါးလေးပါ။။။
ပုံ
အိမ်ရှင်မ။။။

Unknown said...

Alclhol သိပ်များသွားလို့ ထင်တယ်

S.Maung Chain said...

This is old plot and new screen play by the slorc.

yadanar.latyar said...

Saya ,i'm totally agreed your artical.your prediction is possibilities.takecare your health.regards Ko Freddie.

haymar said...

That's absolutely right U Lun Swe. Military people still betraying that we can see Than Shwe grandson bullied the ordinary personnel the traffic police. That's show they are still stupid and betraying the country and people. U Shwe Man / Htay Oo / Thein Sein are real Than Shwe' s best men. We do not believe any military men. Very disguarding!

Unknown said...

""This is old plot and new screen play by the slorc""
RIGHT!!! Bro..
I like to continue...
Believe it or not!
They trying to improve their acting abilities more and more, to be a potential 2015 academy award winners.
The film was named "the return of slorc."
Just for fun....

Unknown said...

More than 100% correct. The poor victims are really effected,because,the poor people suffered the most by political plays.Still many destruction happen in the remote area.No action.Think about Rakhine nearly one year,Who, & Why, is not clearly visible. What Mr.Tomas Ojae Quintana predicts has come true. But, if you against the Government...WHY they... so fast???

moemoe said...

သားတို့ ဖေဖေ ရဲ့ စေတနာ အကြံ ကောင်း ကို လေးလေး စား စား လိုက်နာ သင့် ပါ ကြောင်း မောင်လွမ်းဆွေ အား အကြံ ပြု လိုပါ သည်.....

minzaw741 said...

ဘာတွေ ရန်တိုက်ပေးနေတာလဲ။ အမေစုနဲ့ ပြည်သူတိုက်ပေး၊အမေစုနဲ့ အစိုးရတိုက်ပေး၊မရတော့ ဘာသာရေးအကြောင်းပြုပြီးတော့ တိုက်ပေးပြန်ပြီးနော် ခင်များ တော်တော်ခက်တဲ့ လူပဲဗျာ အေးချမ်းနေတဲ့ မြန်မာနိုင်ငံကို တိုင်းတပါးကနေ ပျက်စီးရာ ပျက်စီးကြောင်း အမြဲကျန်နေတဲ့ သူလို့ ဒေါက်တာကို မြင်ပါတယ် ကျေးဇူးပြုပြီးတော့ မြန်မာနိုင်ငံတော်ကြီးစည်းလုံးပြိုကွဲအောင် မလုပ်ပါနဲ့ ၊ ကျွန်တော်တိုင်း တိုင်းရင်းသားတွေက မအ တော့ ခင်များပဲ စိတ်ရောဂါနဲ့ အသေဆိုးနဲ့ သေလိမ့်မယ်။

နေနဂါး said...

အစိုးရအနေနဲ့လက်ဆုပ်လက်ကိုင်ဆူပူမှု့ရဲ့အသင်းအဖွဲ့ ခေါင်းဆောင်( လူစားထိုးမပါ )မဖမ်းနိုင်ဘူးဆိုတော့ လွဏ်းဆွေရေးတာ၁၀၀%မုချမှန်တယ်