Sunday, March 17, 2013

လက်ပံတောင်းတောင်ကို သေဒဏ်ချမှတ်လိုက်ခြင်း၏ နောက်ဆက်တွဲ အလားအလာများ

လက်ပံတောင်းတောင်ကို သေဒဏ်ချမှတ်လိုက်ခြင်း၏ နောက်ဆက်တွဲ အလားအလာများ
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

လက်ပံတောင်းတောင် အကျပ်အတည်းဟာ သိပ်ကြီးမားတယ်။ လက်ပံတောင်းအစီရင်ခံစာက အဲဒီအကျပ်အတည်းကို ဖြေရှင်းမပေးနိုင်ရုံမက ပိုကြီးထွားလာစေတယ်။ အကျပ်အတည်းရဲ့ ထွက်ပေါက်ဟာ ခက်ခဲနေတယ်။ အများပြည်သူအတွက် အန္တရာယ်သိပ်ကြီးနေတယ်။

အစီရင်ခံစာရဲ့ တရားမျှတမှု

လက်ပံတောင်းအစီရင်ခံစာဟာ အစီရင်ခံစာရေးသားဖို့ အခြေခံတဲ့ အခြေခံမူမှာကတည်းက တိမ်းစောင်းတယ်။ ဒါ့ကြောင့် အစီရင်ခံစာ တိမ်းစောင်းတာပါ။ အခြေခံသည့်မူများက (က) နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွား၊ (ခ) ပြည်သူလူထုအတွက် ရေရှည်အကျိုးစီးပွား၊ (ဂ) အပြုသဘောဆောင်သည့်အမြင် ဆိုပြီး အချက် ၃ ချက် ဖော်ပြထားတယ်။

တတိယအချက်ကစပြောပါမယ်။ တတိယအချက်မှာ အပြုသဘောဆောင်သည့်အမြင်ဆိုတာကိုက အမှားရဲ့ မျိုးစေ့ဖြစ်နေပါပြီ။ ဒီလိုအစီရင်ခံစာမျိုးကို ပြုစုတယ်ဆိုတာ အပြုသဘောလည်း ဆောင်စရာမလိုသလို၊ အပျက်သဘောလည်း ဆောင်စရာမလိုဘူး။ အပြုသဘော အပျက်သဘောဆိုတာ ဆန္ဒစွဲတွေပါ။ တနည်းပြောရရင် ဂတိတရားတွေ ဖြစ်ပါတယ်။

ဒီလိုအစီရင်ခံစာမျိုး ပြုစုတယ်ဆိုတာ အချစ်၊ အမုန်းဆိုတဲ့ ဂတိတွေ ကင်းရတယ်။ အပြုအပျက်အမြင်တွေ ရှောင်ရှားရတယ်။ ဓမ္မဓိဌာန်ကျရတယ်။ ဓမ္မဓိဌာန်ကျရတယ်ဆိုတာ Objective ဖြစ်ရတယ်လို့ ဆိုချင်တာပါ။ ဆန္ဒအပေါ် အခြေမခံဘဲ၊ အချက်အလက်အပေါ် အခြေခံရမယ်လို့ ဆိုချင်တာပါ။ ဆန္ဒစွဲမပါဘဲ တွေ့တဲ့ အချက်အလက်အတိုင်း တင်ပြရတယ်။ ခုတော့ အပြုသဘောဆိုကတည်းက တဘက်ကို စပြီး စောင်းနေပါတယ်။ အစီရင်ခံစာ မထွက်ခင်ကတည်းက အပြုသဘောဆောင်စေချင်တဲ့ ဆန္ဒက ဦးစီးထားပြီးနေပြီ။ ထွက်လာမယ့်ရလဒ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြဌာန်းထားတဲ့ သဘောထားတရပ်ရှိနေပြီ။

“အခု သူ လိုချင်သလို စစ်ဗိုလ်ချုပ်တွေနဲ့ ပြေလည်သွားပြီ။ ဦးပိုင်တို့ ဝမ်ဘောင်တို့က ချက်ချင်း ကြိုဆိုလိုက်ကြပြီ။ ဒါပေမဲ့ တခြားတဘက်မှာ ပြည်သူတွေနဲ့ စိတ်ဝမ်းကွဲရပြီ။ ထိုက်တန်ရဲ့လား။ ဒီမိုကရေစီအင်အားစုတွေကြားမှာ မကြုံဖူးတဲ့ အတိုင်းအတာအထိ ညီညွတ်ရေးပြိုကွဲရပြီ။ ထိုက်တန်ရဲ့လား။ ပေးဆပ်ရကျိုးနပ်ရဲ့လား။ ဒေါ်စုဟာ ရန်သူကိုတော့ မိတ်ဆွေဖွဲ့လိုက်နိုင်ပါရဲ့။ ဒါပေမဲ့ လွယ်လွယ်နဲ့ ဖွဲ့လိုက်နိုင်တာ မဟုတ်ဘူး။ မိတ်ဆွေတွေနဲ့ ရန်သူဖြစ်ပြီးမှ ရန်သူကို မိတ်ဆွေဖွဲ့လိုက်နိုင်တာဖြစ်တယ်။ ထိုက်တန်ပါရဲ့လား။ ဒေါ်စုသာ သမ္မတ ဖြစ်လာမယ်ဆိုရင်တော့ တန်တယ်လို့ ဆိုချင်သူတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေရှိရဲ့လား။”

အပြုသဘောဆိုတာ အစီရင်ခံစာ ပြုစုသူတို့က အပြုသဘောလို့ ရှုမြင်တဲ့ နိုင်ငံရေးအမြင်နဲ့ ဆိုင်တယ်။ သူက သူ့နိုင်ငံရေး အယူအဆအရ အပြုသဘောလို့ မြင်ပေမဲ့ သူ့အပြုသဘောက သူနဲ့ နိုင်ငံရေး မတူသူအတွက် အပြုသဘော ဟုတ်ချင်မှဟုတ်မယ်။ အပြုသဘောဆိုတာကိုက နိုင်ငံရေးပါနေတယ်။ ဒီတော့ အစီရင်ခံစာ ပြုစုသူတို့ရဲ့ နိုင်ငံရေးအမြင်ကို ထင်ဟပ်တဲ့ အစီရင်ခံစာ ထွက်လာတာပါပဲ။

ပထမ ၂ ချက်မှာ နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားနဲ့ ပြည်သူလူထုအတွက် ရေရှည်အကျိုးစီးပွားဆိုပြီး ခွဲခြားဖော်ပြထားတယ်။ နိုင်ငံတော်အကျိုးစီးပွားနဲ့ ပြည်သူလူထုအကျိုးစီးပွားဟာ မတူဘူးလို့ ဆိုချင်တဲ့ သဘောပဲ။ နိုင်ငံတော်အကျိုးစီးပွားဆိုတာ ဘာလဲ။ တော်တော် ရှုပ်ထွေးတယ်။ နိုင်ငံတော်အကျိုးစီးပွား ဆိုတာ ဘာလဲလို့ အဓိပ္ပာယ်ဖွင့်ရင် အဓိပ္ပာယ်အမျိုးမျိုးထွက်လိမ့်မယ်။ နိုင်ငံရေး မတူရင် အဓိပ္ပာယ်တူမှာ မဟုတ်ဘူး။ ကျနော် အဓိပ္ပာယ်ဖွင့်မပြတော့ဘူး။ ဒါပေမဲ့ သတိပြုစရာအချက်အဖြစ် ထောက်ပြခဲ့ပါရစေ။

နောက်တချက်က ဒီအစီရင်ခံစာဟာ အပြစ်ရှာတာ၊ တရားခံရှာတာကို လုပ်မှာမဟုတ်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားသလို၊ ဒေါ်အောင်ဆန်းစုကြည် တုံရွာမှာ ရှင်းလင်းပြောကြားရာမှာလည်း ထည့်ပြောသွားတယ်။ ဖြစ်ရပ်တခုမှာ ဗုံးခွဲသူက တဘက်၊ ဗုံးခွဲခံရပြီး မီးလောင်ကျွမ်းသူက တဘက်ရှိနေတယ်။ ဒီလိုအခြေအနေမှာ တရားခံမရှာတော့ဘူးဆိုတာဟာ ဘက်နှစ်ဘက်ကြားမှာ တရားမျှတရဲ့လား။ ဒါ မတရားဘူးဆိုတာ ထင်ရှားတယ်။ ဒီလိုသာ ဖြစ်ပြီးရင် ပြီးပါစေတော့လို့ ပြောကြေးဆိုရင် ဦးတဲ့သူက မြန်မြန်တွယ်လိုက်ဖို့သာရှိတယ်။ ပြီးရင် ပြီးပြီပေါ့။ ဒါ့ကြောင့် ခံရတဲ့သူတွေဘက်က ဒီအစီရင်ခံစာကို မကျေနပ်နိုင်တာဖြစ်တယ်။

ဗုံးခွဲဒဏ်ရာရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဖို့ ပြောရာမှာ အတိတ်ကို ပြန်ပြီး အပြစ်မတင်ဘူး၊ ပစ္စပ္ပန်နဲ့ အနာဂတ်ကိုပဲ ကြည့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ဒါပေမဲ့ အစီရင်ခံစာမှာ ဆန္ဒပြသူတွေဟာ ဟန့်တားမှု၊ ဆဲဆိုခြိမ်းခြောက်မှု၊ ဖျက်ဆီးမှု၊ ဆူပူဆန္ဒပြမှု ၁၂၄ ကြိမ် လုပ်ခဲ့တယ်လို့ ဆိုတယ်။ ဆူပူဆန္ဒပြတယ်လို့ ဘာ့ကြောင့်ပြောသလဲ။ ခြံဝင်းတံခါးကို ၂ ကြိမ် ချိုးဖျက်တယ်ဆိုတာက လွဲပြီး ဆူပူတယ်လို့ ပြောစရာ တခြားဘာအချက်မှ မရှိဘူး။ ဒါပေမဲ့ ဆန္ဒပြသူတွေကို ဆူပူဆန္ဒပြတယ်လို့ သုံးနှုန်းတယ်။ ဘာ့ကြောင့်လဲ။ အော်ဟစ်ကြွေးကြော်တာ၊ တောင်းဆိုတာကိုတော့ ဆူပူတယ်လို့ ပြောရင်တော့ အလွန်အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်လို့သာ ဆိုရတော့မယ်။

ရဲတွေကိုကျတော့ လေ့ကျင့်စမ်းသပ်မှု မလုပ်ခဲ့လို့ဆိုတဲ့ အချက်ပဲဖော်ပြတယ်။ ဒါတင်မကဘူး။ မတ်လ ၁၄ ရက်နေ့ မုံရွာသတင်းစာရှင်းလင်းပွဲမှာ ရဲတွေ အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။ ရဲတွေဟာ ရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ဘူးလို့လည်း ပြောတယ်။ ဒီနေရာမှာ နစ်နာသူတွေဘက်က မကျေနပ်စရာတွေ အများကြီး ဖြစ်သွားတယ်။ ပထမတချက်ကို ထောက်ပြရရင် အဲဒီညက ဆန္ဒပြနေသူတွေဟာ အကြမ်းဖက်သူတွေ မဟုတ်ဘူး။ ဆူပူသူတွေ မဟုတ်ဘူး။ အနည်းဆုံး အဲဒီညမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတာဖြစ်တယ်။ ဒါကို ဘယ်သူမှ မငြင်းနိုင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းမှ သံဃာတော် တော်တော်များများဟာ အိပ်တောင်နေကြတာ။ ဒီလို အိပ်နေကြတဲ့သူတွေကို ဘာကြောင့်မှ ဖြိုခွဲစရာ အကြောင်းမရှိဘူး။ ဖြိုခွဲတာကိုက မှားနေပြီ။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူကို တုတ်နဲ့ ရိုက်ရင်တောင် ဥပဒေကိုကျော်လွန်ပြီး အကြမ်းဖက် အင်အားသုံးတာဖြစ်တယ်။ ဒါကို အစီရင်ခံစာက မျက်ကွယ်ပြုတယ်။ နောက်တချက်က ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူးတဲ့။ ရည်ရွယ်ချက်ပါမပါ ဘယ်လို သိနိုင်သလဲ။ ထားပါတော့။ ရည်ရွယ်ချက် မပါဘူးဘဲ ထားပါတော့။ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ရင် အပြစ်မရှိဘူးလား။ ကားကို ကျွမ်းကျွမ်းကျင်ကျင် မမောင်းတတ်တဲ့လူ တယောက်က လမ်းပေါ်တက် ကားမောင်းလို့ လူတယောက် သေသွားတယ်ဆိုပါတော့ အဲဒီလူ အပြစ်ရှိသလား၊ မရှိဘူးလား။ အဲဒီကားမောင်းတဲ့လူဟာ လမ်းပေါ်က လူကို သေစေချင်တဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမဲ့ လူသေမှုအပြစ်တော့ ရှိနေပြီမဟုတ်လား။ မကျွမ်းကျင်ဘဲနဲ့ လုပ်တယ်ဆိုရင် ပိုလို့တောင် အပြစ်ရှိသေးတယ်။ ခုတော့ ရဲမှာ အပြစ်မရှိဘူးတဲ့။ ဒါတရားသလား။

“လူတွေ ဆန္ဒပြဖို့ကိုတော့ ဥပဒေနဲ့အညီ ခွင့်တောင်းရမယ်တဲ့။ ဥပဒေနဲ့အညီ မလုပ်ရင် အရေးယူဖို့ သူကိုယ်တိုင်က တောင်းဆိုမယ်တဲ့။ အရင်က ဥပဒေဖောက်ဖျက်ကျူးလွန်ခဲ့သူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ပြောတော့ တရားခံရှာဖို့ မဟုတ်ဘူးတဲ့။ အတိတ်ကို ကြည့်ဖို့ မဟုတ်ဘူးတဲ့။ ပြီးတာတွေ ပြီးပါစေတော့တဲ့။ ဒါတရားသလား။ ရဲအတွက်ကျတော့ တမျိုး လူထုအတွက်ကျ တမျိုး ဖြစ်မနေဘူးလား။”

မီးလောင်ဗုံးမဟုတ်ဘူးတဲ့ မီးခိုးဗုံးတဲ့။ ပြောချင်ရာပြောပေတော့။ ဖော့စဖရပ်ပါတယ်ဆိုတာတော့ အစီရင်ခံစာက ဝန်ခံထားပြီးပြီ။ ဖော့စဖရပ်ပါတဲ့ ဗုံးဟာ စစ်ပွဲမှာတောင် မသုံးဖို့ ကုလသမဂ္ဂက တားမြစ်ထားတဲ့ ဗုံးပဲ။ ဒီလိုဗုံးမျိုးကိုသုံးတာဟာ တရားမဝင်ကြောင်း၊ အရေးယူဖို့ လိုကြောင်း ဘာ့ကြောင့် မပြောသလဲ။ ဒါဟာ ဘက်လိုက်တာပဲ မဟုတ်လား။ ဖော့စဖရပ်ပါကြောင်း ထည့်ပြောတာတောင်မှ ရှေ့နေကွန်ယက်က ခြေသွက်လက်သွက်နဲ့ အချက်အလက် သက်သေ ကြိုရှာပြီး အထောက်အထားပြထားလို့ မလွဲမရှောင်သာ ထည့်လိုက်ရတာဖြစ်ဖို့ရှိတယ်။

လူတွေ ဆန္ဒပြဖို့ကိုတော့ ဥပဒေနဲ့အညီ ခွင့်တောင်းရမယ်တဲ့။ ဥပဒေနဲ့အညီ မလုပ်ရင် အရေးယူဖို့ သူကိုယ်တိုင်က တောင်းဆိုမယ်တဲ့။ အရင်က ဥပဒေဖောက်ဖျက်ကျူးလွန်ခဲ့သူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ပြောတော့ တရားခံရှာဖို့ မဟုတ်ဘူးတဲ့။ အတိတ်ကို ကြည့်ဖို့ မဟုတ်ဘူးတဲ့။ ပြီးတာတွေ ပြီးပါစေတော့တဲ့။ ဒါတရားသလား။ ရဲအတွက်ကျတော့ တမျိုး လူထုအတွက်ကျ တမျိုး ဖြစ်မနေဘူးလား။

ဒီစီမံကိန်းကို လိုအပ်တဲ့ ပြင်ဆင်မွမ်းမံမှုတွေ လုပ်ပြီး ဆက်လုပ်တဲ့။ သဘာဝပတ်ဝန်းကျင်မပျက်အောင်၊ လူတွေ မထိခိုက်အောင် လုပ်တဲ့။ ဘယ်လို လုပ်ရမှာလဲ။ ဘယ်သူတွေက လုပ်မှာလဲ။ ဘယ်လို လုပ်ရမှာလဲ ဆိုတာ တိတိကျကျ ဖော်ပြမထားဘူး။ ဘယ်သူတွေက လုပ်မလဲဆိုတာကတော့ ထွက်လာပြီလို့ ယူဆစရာရှိလာတယ်။ အခုအစိုးရက အသစ်ဖွဲ့လိုက်တဲ့ ကော်မတီက လုပ်မယ့်သဘောပဲ။ ဘယ်သူတွေလဲကြည့်။ သူတို့ပုပ်ထဲကပဲတွေချည်းပဲ။ ဒီလူတွေအရင်က ဘယ်လိုလုပ်ခဲ့ဖူးသလဲ။ အားလုံးအသိပဲ။ အခုလည်း ဒီလူတွေက လုပ်ပြီးပါပြီ၊ ပြင်ပြီးပါပြီဆိုပြီး လုပ်ချင်သလို လုပ်သွားရင် ကျေနပ်လိုက်ရမယ့် သဘောပဲ။ ဒါတွေကို ပြည်သူတွေက ကြိုမြင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မမြင်ချင်ယောင်ဆောင်နေတယ်။

တောင်တွေ ကုန်မှာလားဆိုတော့ ကုန်မှာပဲတဲ့။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောပါတယ်။

ပြောစရာတွေ ထောက်စရာတွေ မမျှတတာတွေ အများကြီးပါ။ သိပ်ရှည်မှာ စိုးလို့ မပြောတော့ဘူး။ တခြားလူတွေလည်း အားလုံးမြင်ကြပါတယ်။ တော်တော်များများလည်း ပြောပြီးကြပြီ။

ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် ဒီလိုလုပ်သလဲ

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးကို ရည်ရွယ်ပြီး လုပ်တာပါ။ ဒါကို သူကိုယ်တိုင် ထုတ်ဖော်ပြီးတော့လည်း ပြောခဲ့တယ်။

ကောင်းပြီ။ သူလိုချင်တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဘာလဲ။ သူလိုချင်တဲ့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာ စစ်ဗိုလ်ချုပ်တွေနဲ့ အဆင်ပြေရေးပဲ။ ၂၀၁၅ ရွေးကောက်ပွဲ ထမြောက်အောင်မြင်ရေးပဲ။ ၂၀၁၅ မှာ သူ သမ္မတ ဖြစ်ရေးပဲ။

အခု သူ လိုချင်သလို စစ်ဗိုလ်ချုပ်တွေနဲ့ ပြေလည်သွားပြီ။ ဦးပိုင်တို့ ဝမ်ဘောင်တို့က ချက်ချင်း ကြိုဆိုလိုက်ကြပြီ။ ဒါပေမဲ့ တခြားတဘက်မှာ ပြည်သူတွေနဲ့ စိတ်ဝမ်းကွဲရပြီ။ ထိုက်တန်ရဲ့လား။ ဒီမိုကရေစီအင်အားစုတွေကြားမှာ မကြုံဖူးတဲ့ အတိုင်းအတာအထိ ညီညွတ်ရေးပြိုကွဲရပြီ။ ထိုက်တန်ရဲ့လား။ ပေးဆပ်ရကျိုးနပ်ရဲ့လား။ ဒေါ်စုဟာ ရန်သူကိုတော့ မိတ်ဆွေဖွဲ့လိုက်နိုင်ပါရဲ့။ ဒါပေမဲ့ လွယ်လွယ်နဲ့ ဖွဲ့လိုက်နိုင်တာ မဟုတ်ဘူး။ မိတ်ဆွေတွေနဲ့ ရန်သူဖြစ်ပြီးမှ ရန်သူကို မိတ်ဆွေဖွဲ့လိုက်နိုင်တာဖြစ်တယ်။ ထိုက်တန်ပါရဲ့လား။ ဒေါ်စုသာ သမ္မတ ဖြစ်လာမယ်ဆိုရင်တော့ တန်တယ်လို့ ဆိုချင်သူတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေရှိရဲ့လား။

စစ်အုပ်စု ဘာတွေ လုပ်နေသလဲ

စစ်အုပ်စုဟာ လက်ပံတောင်းကြေးနီစီမံကိန်းကို ဖျက်မပေးချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဦးပိုင် အကျိုးစီးပွားမို့လို့ပဲ။ စစ်အုပ်စု အကျိုးစီးပွားမို့လို့ပဲ။ စစ်အာဏာရှင်ကြီးတွေရဲ့ အကျိုးစီးပွားမို့လို့ပဲ။ ဒါကို လူတိုင်းသိပါတယ်။

ပွင့်လင်းမြင်သာမှုမရှိတဲ့ သူတို့ စာချုပ်ကြီးကလည်း ပြဿနာပဲ။ ဘာတွေချုပ်ထားမှန်းမသိရဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပွင့်လင်းမြင်သာမှု မရှိတာကို စုံစမ်းစစ်ဆေးရေး မလုပ်ခင်တုန်းက ထောက်ပြဖူးတယ်။ ခုတော့ သူက စာချုပ်ကို ကြည့်လိုက်ရပြီမို့ ကျေနပ်သွားပြီ။ ဒါပေမဲ့ သူတယောက်တည်း ကြည့်ရတာနဲ့ ပွင့်လင်းမြင်သာပြီလို့ ပြောလို့မရဘူး။ အများသိဖို့ လိုတယ်။ အထူးသဖြင့် သူက ဦးပိုင်ဘက်လိုက်နေတယ်လို့ အများက ထင်နေချိန်မှာ ပိုပြီးတော့တောင် အများသိဖို့ လိုတယ်။

စစ်အုပ်စုဟာ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လှလှပပ အသုံးချတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကို ရန်တိုက်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုဟာ ဘယ်တော့မှ မယုံဘူး။ ဒါ့ကြောင့် လက်ပံတောင်းကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌရာထူးပေးထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်မဲ့သူဆိုလို့ ဒေါ်ခင်စန်းလှိုင်နဲ့ ဒေသခံရွာသား ၂ ယောက်ပဲ ထည့်ပေးထားတယ်။ စစ်အစိုးရက သူတို့ အမာခံတွေဖြစ်တဲ့ ဦးကျော်တင့်ဆွေ၊ ဦးဇော်မြင့်ဖေ၊ ဦးလွန်းသီတို့ကို ထည့်ထားတယ်။ ဒေါ်စု လှုပ်မရဘူး။ ဒါပေမယ့် ဒေါ်စုက သူ့ကိုယ်သူ သိပ်အထင်ကြီးတယ်။ ဒါကြောင့် စစ်ဗိုလ်တွေ ပတ်ချာဝိုင်းတဲ့ ကော်မရှင်ဥက္ကဌရာထူးကို ဒေါ်စုက လက်ခံလိုက်တယ်။ ဒီလိုနဲ့ ဒီကော်မရှင်ဟာ အစကတည်းက မလွတ်လပ်တဲ့ ကော်မရှင်ဖြစ်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကော်မရှင်ကို အသုံးပြုပြီး စစ်အုပ်စုနဲ့ သူနဲ့ ချစ်ကြည်ရေးရဖို့ ကြိုးစားတယ်။ ဒေသခံရွာသူရွာသားတွေကိုလည်း သူပြောရင် ရမယ်လို့ အပိုင်တွက်တယ်။ ရွာသားတွေက သူ့ကို ချစ်ကြတယ်လို့ သူက နားလည်ထားတာကိုး။ မှန်တယ်။ ရွာသူရွာသားတွေက သူ့ကို ချစ်ကြတာ အမှန်ပဲ။ ဒါပေမဲ့ ရွာသူရွာသားတွေရဲ့ အခြေအနေမှန်ကို ဒေါ်စု နားမလည်ခဲ့ဘူး။

ရွာသားတွေရဲ့ အခြေအနေ

ရွာသားတွေကို လျော်ကြေးပေးလိုက်ရင် ကျေနပ်မှာပဲလို့ ဒေါ်စုက လွယ်လွယ်တွေးခဲ့တယ်။ ခက်တာက ရွာသားတွေကို အခု သူတို့ပေးမယ်ဆိုတဲ့ လျော်ကြေးဟာလည်း ကာလပေါက်ဈေး တန်ရာတန်ကြေးမဟုတ်ဘူး။ ကာလတန်ကြေးပေးဦး။ ရွာသားတွေရဲ့ အခြေအနေက သိပ်ခက်ခဲတယ်။ ဦးပိုင်ဝမ်ပေါင်က သိမ်းပိုက်လိုက်တယ်ဆိုတာ မြေတကွက်နှစ်ကွက် မဟုတ်ဘူး။ ဒေသတခုလုံးမှာရှိတဲ့ မြေတွေကို သိမ်းလိုက်တာ။ ကာလတန်ကြေးရရင်တောင် လယ်သမားတွေမှာ အစားထိုးပြန်ဝယ်စရာ မြေမရှိဘူး။ မသွဲ့သွဲ့ဝင်း ဘီဘီစီမှာ ပြောသလိုပဲ။ ဦးပိုင်ဝမ်ဘောင်မှာကလည်း သူတို့ ခုတ်ထွင်ရှင်းလင်းထားတဲ့ ဓါးမဦးချမြေ ရှိတာမဟုတ်ဘူး။ တောင်သူလယ်သမားဆိုတာ မြေမရှိရင် ဘဝပျက်တာပဲ။ တောင်သူလယ်သမားကို ဦးပိုင်ကုမ္ပဏီရဲ့ ဝန်ထမ်းလုပ်ဖို့ ပြောတာဟာ ငါးကို ကုန်းပေါ် ပစ်တင်လိုက်တာနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ လိပ်ကို ပက်လက်လှန်လိုက်သလို ယက်ကန်ယက်ကန် ဖြစ်နေဖို့ပဲ ရှိတယ်။ ဒီသဘောကို ဒေါ်စု နားမလည်ဘူး။ လယ်သမားနဲ့ မနီးစပ်တော့ လယ်သမားတွေရဲ့ ခံစားချက်ကို မသိဘူး။ ဒေါ်စုဟာ သိအောင် နားထောင်တတ်သူလည်း မဟုတ်ဘူး။ သူကသာ ပြောချင်သူ ဖြစ်တယ်။ တောသူတွေထက် သူက အစစအရာရာ သိရှိနားလည်တယ်လို့ ယူဆထားသူလည်း ဖြစ်တယ်။

တောင်သူလယ်သမားတွေမှာက နောက်ပြန်ဆုတ်ချင်ဦးတော့၊ ဆုတ်လမ်းမရှိဘူး။ ဒေါ်စုကို သူတို့ ချစ်တယ်၊ ဒေါ်စုစကားကို သူတို့ နားထောင်ချင်တယ်။ ဒါပေမဲ့ အဲသလို နားထောင်ရင် သူတို့ဘဝပျက်ဖို့ပဲ ရှိတယ်။ ဒါ့ကြောင့် လယ်သမားတွေဘက်က လက်မခံနိုင်ကြတာဖြစ်တယ်။ ဒါ့ကြောင့် လယ်သမားတွေ စိတ်ပျက်ကြတယ်။ ဒါ့ကြောင့် လယ်သမားတွေ ငိုယိုကြတာဖြစ်တယ်။

“ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်း အပါအဝင် အစိုးရကို အစစအရာရာ အလျှော့ပေး လိုက်လျောနေတာတွေ အားလုံးဟာ ၂၀၁၅ မှာ သူ သမ္မတဖြစ်ရေး မျှော်လင့်ချက်အတွက်ပဲ။ ၂၀၁၅ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်မြောက်ပြီး သူ သမ္မတဖြစ်မှသာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲတည်ဆောက်နိုင်မယ်လို့ သူက ယုံကြည်နေတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကို အစိုးရဘက်က ညစ်ရင် သူ သမ္မတဖြစ်မလာရင် အခု ပေးဆပ်ရတာတွေအားလုံးဟာ အချီးအနှီး ပေးဆပ်ရတာတွေ ဖြစ်သွားဖို့ပဲ။ ဒီအချက်ကို သူ ထည့်မတွက်ဘူး။ ထုံးစံအတိုင်း သူ့ကိုယ်သူ အထင်ကြီးနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်မှာမှန်းမသိတဲ့ သူ့ရဲ့ မုန့်ဆီကြော်အတွက် လယ်သမားတွေရဲ့ ထမင်းတလုပ်ကို ဆွဲထုတ်လုယက်ပြီး ဦးပိုင်နတ်ကြီးကို ပူဇော်ပသနေတယ်။”

တောင်ကာကွယ်ရေးအဖွဲ့ရဲ့ သဘောထား

တောင်ကာကွယ်ရေးအဖွဲ့ရဲ့ သဘောထားက ပိုပြတ်သားတယ်။ သူတို့က တောင်ပြိုမယ့် အလုပ်ဆိုရင် လက်မခံနိုင်ဘူး။ တောင်တလုံးဖြစ်ဖို့ နှစ်သန်းနဲ့ချီ ကြာတာဖြစ်လို့မို့ တောင်ကို အပြိုမခံနိုင်အပျက်မခံ နိုင်ကြဘူးလို့ဆိုတယ်။ တောင်ဟာ သဘာဝပတ်ဝန်းကျင်ကို စိုပြေစိမ်းလန်းစေတဲ့ အရာဖြစ်တယ်။ တောင်ဟာ ဒေသခံပြည်သူတွေအတွက် မီးဖိုချောင်ဖြစ်တယ်။ တောင်တန်းဟာ သဘာဝအကာအကွယ်ဖြစ်တယ်။

တောင်ကာကွယ်ရေးအဖွဲ့ကိုလည်း ထည့်မတွက်လို့ မရဘူး။ တောင်ကာကွယ်ရေးအဖွဲ့ရဲ့ နောက်မှာ အနုပညာသည်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေလည်း ရှိနေတယ်။

ရှေ့နိုင်ငံရေး အလားအလာ

ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်း အပါအဝင် အစိုးရကို အစစအရာရာ အလျှော့ပေး လိုက်လျောနေတာတွေ အားလုံးဟာ ၂၀၁၅ မှာ သူ သမ္မတဖြစ်ရေး မျှော်လင့်ချက်အတွက်ပဲ။ ၂၀၁၅ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်မြောက်ပြီး သူ သမ္မတဖြစ်မှသာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲတည်ဆောက်နိုင်မယ်လို့ သူက ယုံကြည်နေတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကို အစိုးရဘက်က ညစ်ရင် သူ သမ္မတဖြစ်မလာရင် အခု ပေးဆပ်ရတာတွေအားလုံးဟာ အချီးအနှီး ပေးဆပ်ရတာတွေ ဖြစ်သွားဖို့ပဲ။ ဒီအချက်ကို သူ ထည့်မတွက်ဘူး။ ထုံးစံအတိုင်း သူ့ကိုယ်သူ အထင်ကြီးနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်မှာမှန်းမသိတဲ့ သူ့ရဲ့ မုန့်ဆီကြော်အတွက် လယ်သမားတွေရဲ့ ထမင်းတလုပ်ကို ဆွဲထုတ်လုယက်ပြီး ဦးပိုင်နတ်ကြီးကို ပူဇော်ပသနေတယ်။

စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပျော့ကွက်ကို ကောင်းကောင်းနားလည်တယ်။ ဒါ့ကြောင့် ဒေါ်စုကို ၂၀၁၅ နဲ့ မျှားပြီး ပြည်သူနဲ့ ထိပ်တိုက်တွေ့ရမယ့် ကိစ္စမှာ ဒေါ်စုကို ရှေ့ကထွက်ပြီး လူမိုက်လုပ်ခိုင်းလိုက်တယ်။ ဒေါ်စုကို လူထုထောက် ခံမှုလျော့နည်းအောင် လုပ်တယ်။ သူတို့ စစ်အုပ်စုရဲ့ လက်ကိုင်တုတ် ကြံ့ဖွတ်ပါတီ ရမယ့်မဲ ဆိုတာ အကန့်အသတ်ရှိတာကို သူတို့ သဘောပေါက်တယ်။ ခြိမ်းခြောက်ပြီး ရမယ့်မဲ၊ ဝယ်ယူလို့ရမယ့် မဲ၊ သူတို့ဖာသာ အကျိုးအမြတ်မျှော်ကိုးပြီး ထည့်မယ့် အလိုတော်ရိမဲ ဒီမဲတွေပဲ ရဖို့ရှိတယ်။ ဒီလိုမဲမျိုးဆိုတာကလည်း အကန့်အသတ် အတိုင်းအတာတခုအတွင်းမှာပဲ ရှိတယ်။ များများစားစား မရှိလှဘူး။ ဒီတော့ သူတို့ မဲရရေးထက် ဒေါ်စုရဲ့ မဲ ကွဲဖို့ကို အဓိကထား ဆောင်ရွက်တယ်။ ဒေါ်စုရမယ့် မဲတွေ တခြားပါတီတွေဘက် ကွဲသွားရင် သူတို့အတွက် အမြတ်ချည်းပဲ။ တကယ်တော့ လွှတ်တော်မှာ ဒေါ်စုရဲ့ပါတီက ကိုယ်စားလှယ်ဘယ်နှစ်ယောက်ပဲ ရောက်လာရောက်လာ သူတို့က သိပ်အရေးလုပ်တာမဟုတ်ဘူး။ သူတို့ အဓိက ဖြစ်စေချင်တာက သူတို့မှတပါး ဘယ်သူမှ အစိုးရအဖွဲ့ မဖွဲ့နိုင်ရေးက အဓိကပဲ။ ဒေါ်စု သမ္မတ မဖြစ်ရေးက အဓိကပဲ။

တကယ်တော့ ၂၀၁၅ မှာ ဒေါ်စု သမ္မတ မဖြစ်နိုင်ဘူး။ ဒေါ်စုပါတီကလည်း သမ္မတ မဖြစ်နိုင်ဘူး။ ကြံ့ဖွတ်က ဒါမျိုး အဖြစ်မခံဘူး။ စစ်တပ်က ဒါမျိုး အဖြစ်မခံဘူး။ အဲသလို အဖြစ်မခံဖို့အတွက် သူတို့လုပ်မယ့် နည်းလမ်း အမျိုးမျိုးရှိတယ်။

၁။ မဲညစ်မဲခိုးတဲ့နည်း။

၂။ ရွေးကောက်ပွဲ စနစ်ပြောင်းပြီး ပီအာစနစ် ကျင့်သုံးတဲ့နည်း။

၃။ အာဏာသိမ်းတဲ့နည်း

၂၀၁၀ လမ်းစဉ်အတိုင်း မဲညစ် မဲခိုးတဲ့နည်း တနည်းထဲကို ကျင့်သုံးရင် သူတို့အတွက် သိပ်ခက်ခဲမယ်။ သူတို့ သိပ်နာမည်ပျက်မယ်။ အဆင်မသင့်ရင် လူထုအုံကြွမှု ဖြစ်နိုင်တယ်။ ၂၀၁၅ မှာ ဒီနည်းဟောင်း တခုတည်းကို သူတို့ သုံးမယ်မထင်ဘူး။

ဒီထဲမှာ သူတို့အတွက် အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်း၊ နာမည်ပျက် အနည်းဆုံးနည်းက ရွေးကောက်ပွဲ စနစ်ပြောင်းပြီး ပီအာစနစ် ကျင့်သုံးတဲ့နည်းပဲ။ ဒီနည်းကို သူတို့သုံးဖို့ များတယ်။ ဒါပေမဲ့ သူတို့က သူတို့ဘက်က သေချာမှ ကြိုက်တဲ့သူတွေဆိုတော့ မဲညစ်မဲခိုးတဲ့နည်းကိုလည်း ပူးတွဲ အသုံးပြုဖို့ များတယ်။ ပီအာစနစ်က ဘာ့ကြောင့် သူတို့အတွက် အကျိုးရှိသလဲဆိုတော့ ပီအာစနစ်အရ သူတို့က ဒုတိယ မဲအများဆုံးရမယ့်သူတွေ ဖြစ်နေလို့ပဲ။ ပီအာစနစ် ကျင့်သုံးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရွေးကောက်ခံထိုင်ခုံ ၇၅ ရာနှုန်းအနက် မဲ ၆၀ ရာနှုန်းရပြီး ကြံ့ဖွတ်က ၃၀ ရာနှုန်းရရင် အစိုးရအဖွဲ့ ဖွဲ့ခွင့်ရမယ့်သူဟာ ကြံ့ဖွတ်ဖြစ်မှာပဲ။ ဘာ့ကြောင့်လဲဆိုတော့ ရှိပြီးသား စစ်တပ်တမတ်သားကို ထည့်ပေါင်းလိုက်ရင် ကြံ့ဖွတ်က အများစုဖြစ်သွားမှာမို့ပဲ။ ဒီတော့ ပီအာစနစ်ဟာ သူတို့အတွက် အဲသလောက်အထိ အကျိုးရှိတယ်။ ပီအာစနစ်လုပ်ဖို့ သူတို့ ကြိတ်ကြံနေကြပြီးလည်းဖြစ်တယ်။ ပီအာစနစ်ကို ဦးသုဝေတို့ ဦးခင်မောင်ဆွေတို့ တင်တဲ့အချိန်မှာ ချက်ချင်း ဥပဒေမထုတ်တာ၊ မဆွေးနွေးသေးတာက လူထုအတွက် စဉ်းစားပြင်ဆင်ချိန်ရသွားမှာ စိုးလို့ပါ။ ဒီချုပ်အတွက် ပြင်ဆင်ချိန်ရသွားမှာ စိုးလို့ပါ။ ဒါ့ကြောင့် အသာလေးလျှိုပြီး နှပ်ထားတာဖြစ်ပါတယ်။ ပီအာစနစ်ကို အနားကပ်ပြီးမှ သူတို့ပြောင်းကြပါလိမ့်မယ်။ ဒီချုပ်ကတော့ ထုံးစံအတိုင်းပဲ၊ ဘာမှ စဉ်းစားပြင်ဆင်ထားပုံမရပါဘူး။ ဒီတပွဲမှာလည်း ထုံးစံအတိုင်း နောက်ကောက်ကျဖို့ များပါတယ်။

တကယ်လို့ ၁၊ ၂ နည်းတွေ သုံးတဲ့ ကြားက ကြံ့ဖွတ်မဟုတ်သူ သမ္မတဖြစ်ပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် စစ်တပ်က မုချ အာဏာသိမ်းပါမယ်။ စစ်တပ်ဟာ ဘယ်နည်းနဲ့မှ တခြားသူတခြားအဖွဲ့ကို အစိုးရဖွဲ့ခွင့် မပြုပါဘူး။ သမ္မတဖြစ်ခွင့် မပေးပါဘူး။ အဲသလို ပေးလိုက်ရင် သူတို့စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ခရိုနီတွေ အမြတ်ထုတ်သွေးစုပ်နိုင်တဲ့ခေတ် ကုန်ဆုံးသွားမှာမို့ပါပဲ။ မဖြေရှင်းနိုင်တဲ့သူတို့ရဲ့ ပြဿနာဟောင်းတွေ ဗူးပေါ်သလို ပေါ်လာမှာမို့ပါပဲ။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ မှာ သမ္မတမဖြစ်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက တယောက်ယောက်လည်း သမ္မတမဖြစ်နိုင်ဘူး။

၂၀၁၅ မှာ သမ္မတဖြစ်ရေးကို မျှော်ကိုးပြီး အလျှော့ပေးသမျှ၊ ကိုယ့်တပ်ကိုယ် ပြန်နင်းသမျှဟာ ဖွတ်မရ ဓါးမဆုံးသာဖြစ်ဖို့ရှိပါတယ်။

လက်ပံတောင်းအန္တရာယ်

ဒီအခြေအနေတွေကို ကြည့်ရင် လက်ပံတောင်းအန္တရာယ်ဟာ သိပ်ကြီးနေပြီဆိုတာ ထင်ရှားပါတယ်။ အစီရင်ခံစာကြောင့် စစ်အုပ်စုဘက်က သိပ်အားတက်သွားပါပြီ။ နောက်ဆုတ်ပေးမှာ မဟုတ်ပါဘူး။ လယ်သမားတွေဘက်ကလည်း နောက်ဆုတ်ဖို့ ခက်နေပါပြီ။ နောက်ဆုတ်ရင် သူတို့အတွက် ဘာမှ ကျန်မှာမဟုတ်ပါဘူး။

ခုဆိုရင် လယ်သမားတွေ ရိုင်းတယ်၊ ဘာမှနားမလည်ဘူး၊ ဟန်ဝင်းအောင်မြှောက်ပေးနေတယ် ဆိုတဲ့ အသံတွေ ဒေါ်စုလူတွေနဲ့ အစိုးရလူတွေဘက်က ထွက်ပေါ်လာနေကြပါတယ်။ ဒါတွေဟာ အစိုးရဘက်က လူထုကို ဖြိုခွဲရေးအတွက် အားတက်စရာအချက်တွေပါ။ အစိုးရက ဒီတခါ ဖြိုခွဲရင် ဒေါ်စုကတောင် ပြောလို့မရတဲ့သူတွေမို့လို့ အပြင်ဘက်က မြှောက်ပေးတဲ့သူတွေရှိလို့ ခွဲရတာပါဆိုပြီး ပြောပါလိမ့်မယ်။ ပထမ သံဃာတွေကို မီးလောင်ဗုံးခွဲတာကို ခွင့်လွှတ်နိုင်တဲ့ ဒေါ်စုကလည်း ဒီတပွဲမှာ ဖြိုခွဲရင်တော့ နည်းတောင်နည်းသေးတယ်လို့ ထင်ပါလိမ့်မယ်။ တကယ်တော့ ဒေါ်စုရဲ့ အစီရင်ခံစာထွက်လာတာဟာ လက်ပံတောင်းတောင်သူလယ်သမားတွေအတွက် အန္တရာယ်ပိုကြီးလာပါတယ်။ ဒေါ်စုရဲ့ အစီရင်ခံစာဟာ လူထုကို ဖြိုခွဲဖို့ မီးစိမ်းပြပေးလိုက်သလိုပါပဲ။

ဒီအချိန်မှာ အများပြည်သူက အချိန်မီ ဝိုင်းဝန်းမကူညီနိုင်ခဲ့ရင်၊ တောင်သူလယ်သမားတွေထဲမှာ လျော်ကြေးယူမယ့်သူတွေနဲ့ မယူမယ့်သူတွေဆိုပြီး ညီညွတ်ရေး ပြိုကွဲခဲ့ရင်ဖြင့် လက်ပံတောင်းအရေးဟာ အလွန်ရင်လေးဖို့ ကောင်းပါလိမ့်မယ်။ ဒီအခြေအနေဆိုးကို လက်ပံတောင်း ပြည်သူကွက်ကွက်ကလေးက ခုခံကာကွယ်နိုင်ဖို့ဆိုတာ သိပ်မလွယ်ကူပါဘူး။ ကျန်မြန်မာနိုင်ငံတဝန်းက ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု၊ စာနာကူညီမှု လိုအပ်ပါတယ်။ ဒီနည်းကလွဲပြီး တခြားဘာကမှ ကုစားနိုင်ဖို့ မရှိပါ။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
၁၆ မတ်၊ ၂၀၁၃

43 comments:

Unknown said...

negative,object,wrong,totally wrong,regards.

Unknown said...

Daw Su Kyi right,regards.

Zaw said...

အပြောတွေပဲ ပြောမနေပါနဲ့။ အလုပ်လုပ်ကြပါ...

ဘယ်သူကပြောလဲ ပြည်သူနဲ့ဒေါ်စု စိတ်ဝမ်းကွဲရတယ်ဆိုတာ....

ဒီအစီအရင်ခံစာကြောင့် အကျိုးများသလား၊ အပြစ်များသလား.....

ကိုယ်တိုင်လေ့လာပါ... ပြီးမှဝေဖန်ပါ......



Unknown said...

I don't know who is the person wrote this article.
What I can feel is, the write is 21 century 'Da Wa Dut'. Or no brain in his head. Lobster or prawn else he wrote this article because there might be something behind the sense that is he will gain some thing from someone and get own benefit. Selfish and idiot.

kyawthusukyi said...

n

Unknown said...

All of us know what is the thing inisde and contents of the lobster or prawn head .

The writer (Zaw Win) wrote this article for own benefit or he has no brain in his head. Or He might get something in terms of cash or etc.. from someone who want to destroy future of our country and Zaw win must be member of that group.

Unknown said...

TO; ZAW WIN (88 STUDENT) & SEIN THAN LONE

100% CRAZY BOTH ARTICLES,

NO SENSE EACH SENTENSE IN THE BOTH ARTICLES,

DON'T READ ON THIS BOTH ARTICLES,

THROW IT AWAY IN THE DUST BIN.

SHAMLESS.

BY: MAY PHYU

kyawthusukyi said...

ဇော်ဝင်း ၈၈ကျောင်းသားဟောင်းရေ့
စိတ်ချနေပါ ... ၂ဝ၁၅ အတွက် True Leader သမ္မတ
ကို ကျမပဲလုပ်မယ် ... ဒေါ်အောင်ဆန်းစုကြည်မဟုတ်ဘူး
ရှင်းပီလား ? ဘယ်သူ့ကိုမှမယုံလို့ တိုင်းပြည်အတွက် True Leader နေရာကိုကျမပဲလုပ်မယ်
( You ... ဘာလုပ်ချင်လဲ ? )

Balck Pepper said...

Too much negative.

Unknown said...

People asking for totally stop this project. If this is stopped, after------------
1. Government pays penalty.
2. No trust partner to FDI.
3. People still loose their farms.
4. None cure on environmental damage.
5. Never get back the mountains.
6. Activist will be famous.
7. DASSK get more support from people.
8. Activist will search to stop another project reason that environmental damage or people disagree.
9. Stop the next project.
10. Activist will become more and more famous.
11. Government pays penalty fees.
12. None of the investment from foreign will come.
13. Again and again such for newer projects to stop.
14. Stop and stop again.
15. Pay and pay more penalty fees.
16. No investment from other counties.
17. Jobless rate will be getting high.
18. Blame to Government.
19. Violence will rise out.
20. Again back next 50 years.
Very Good.
Very Good.!!!!!!

boxerburma said...

ကိုဇော်ဝင်းရေ ... ဒေါ်စု အကြောင်း မကောင်းပြောရင် နာတတ်ကြတယ်ဗျ နောက်လိုက်တွေ က အများသား .... ခင်ဗျား ဆောင်းပါး ကို ကြိုဆိုပါတယ် ....

S.Maung Chain said...

I don't care about Ko Zaw Win but I care about what his articles.What he means and what he writing on reasonable.However we need to think about the truth.who is defending for the truth and who is destroying the truth.That all we have to think about.

yadanar.latyar said...

I dont know Daw ASSK personally.what i knew was i'm trust and respect her's brave,strong and sharp decision.She was sacrifice her whole of the life not only for the Burmese people but also Truth and i want to know where are you(article's writer) and what are you doing that time. Ko Freddie.

yadanar.latyar said...

I dont know Daw ASSK personally.what i knew was i'm trust and respect her's brave,strong and sharp decision.She was sacrifice her whole of the life not only for the Burmese people but also Truth and i want to know where are you(article's writer) and what are you doing that time. Ko Freddie.

Anonymous said...

ပြဿနာအားလုံးပြေလည်ဖို့ ****
(အ သေသတ် ရန်)
နော်အုံးလှ
ဟန်ဝင်းအောင်
သွဲ့သွဲ့ဝင်း ဆိုသော ခွေးမျိုးများကို သတ် ရန်။
(ရိုက်နှက်ဆုံးမ ရန်)
အံ့မောင်
မြ အေး
ဦးဝင်းတင်
အယုတ်တမာ လောက်ကောင် များအား ဆုံးမမှ ရမည်
မ သေမချင်း တိုင်းပြည်ကိုဆူပူအောင် လုပ်ပြီး ဒုက္ခပေး
မည့်သူများဖြစ်သည်

May said...

ပြဿနာတခုကိုကြည့်တဲ့အခါ ချစ်ခြင်းနဲ့ မုန်းခြင်းဟာ လူတွေကို တွေဝေစေတယ်။
ချစ်ခြင်းနဲ့ မုန်းခြင်းကို ဖယ်ကြည့်မှသာ သေချာတဲ့ အမှန်တရားကို တွေ့နိုင်ပါလိမ့်မယ်။
ဘက်လိုက်ခြင်းကင်းပြီး မျှတ မှန်ကန်တဲ့ အဖြေကို ရနိုင်ပါလိမ့်မယ်။

moe said...

Ko Zaw Win,
You reported all the facts.
It would be better if you do not attack DASSK personally.
Regards.
Moe

Unknown said...

အပြင်ကနေ ဟောင်မနေနဲ့ သတ္တိရှိရင် ကိုယ်တိုင်ဝင်လုပ်
မှားသွားတောင် ရိုးရိုးသားသား ဆိုရင် ခွင့်လွတ်မယ်

minzaw741 said...

ဘာကိုသေဒဏ်ချမှတ်လိုက်တာလဲ လက်ပံတောင်းတောင်ကို ဆက်လုပ်လို့ မြန်မာနိုင်ငံကြီး ပျောက်သွားမှာလား။ခင်များတို့ ရော အမေစုလိုမှန်ကန်တဲ့ လုပ်ရက်ကို လုပ်ရဲလား။ လက်ပံတောင်းတောင်အနီးဝန်ကျင်က ပြည်သူလူထုအတွက်လည်းကောင်း မြန်မာနိုင်ငံတွင်းက ပြည်သူလူထုအတွက်လည်းကောင်း အကောင်းဆုံးဖြစ်မယ့်အဖြေကိုထုတ်ခဲ့ပြီးပြီလေ ဘာပဲပြောပြော ပြည်သူပြည်သားတွေက နားလည်လက်ခံကြတယ်။အချို့ လောက်သာ မကျေနပ်နိုင်တာပါ။ခင်များတို့ ရမ်းရေးသားထားတာတော့ လျှော့လိုက်ပါဗျာ..

Unknown said...

အလုပ်လုပ်တဲ့သူဟာ မှားချင်မှားမှာပေါ့။သူများကိုဝေဖန်တာထက် မင်းကိုယ်တိုင်ဝင်လုပ်ပါလား။မင်းတို ၈၈ ကိုသမတက တာဝန်ပေးတော့တာဝန်မယူရဲဘူး။ပြီးမှ သူများကိုသောက်တလွဲလိုက်ဝေဖန်တယ်။မင်းကဘယ်လောက် သောက်ဆင့်ရှိလို့လဲ။အပြင်ကတိုင်းရင်းသားတွေသွေးစည်းဖို့လိုသလို အတွင်းက၀န်ထမ်းတွေနဲ့ရောသွေးမစည်းသင့်ဘူးလား။ရဲတွေကလည်းတိုင်းရင်းသားမဟုတ်ဘူးလား။ဒေါ်စုကလည်းပြည်သူအတွက်လုပ်နေတာမဟုတ်ဘူးလား။လူလိုတွေးပြီ လူလိုရေးကွ။သွေးလိုက်မခွဲနဲ့။ထောင်ကျဖူးတဲ့ ၈၈ ထဲမှာမင်းနာမည်တစ်ခါမှမတွေ့ဖူးဘူး။ခုမှလူစွာလုပ်မနေနဲ့။

win said...

၈၈တွေလဲ မင့်လိုကောင်းတွေကြောင့်
လူအများစုက အထင်သေးလာကြပြီး
ကိုယ်တိုင် တစ်ဖက်တစ်လမ်းကတော့
အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ တိုင်းပြည်
တိုးတက်ရေး ဝင်းကူမယ်မရှိဘူး
အခြေအနေနဲ့အချိန်အခါကို နားလည်သင့်ပြီး

Unknown said...

၈၈တွေ၉၉တွေနားမလည်ဘူး မင်းဒီစာကိုရေးကတည်းက စိတ်ဓါတ်တော်တော် ညံ့တယ် ငါထင်တယ် ဇော်ဝင်း ။ မြအေးဆိုတဲ့ကလား လဲသတိထားခိုင်းလိုက် ရှင်းလား

yarzar said...

ကိုဇော်ဝင်းရေ
ဟုတ်တာဆိုနာလိုခံခက်အမျက်ထွက်တယ်တဲ့.ခင်ဗျား
ပြောတာတွေမှန်နေတော့နာကြမှာပေါ့ဗျာ.ကျနော်တို့ကတော့အားပေးနေပါတယ်.အဲဒိလိုအတွေးအခေါ်
တွေမြန်မာပြည်ကိုတကယ်ချစ်တဲ့သူတွေအတွက်
်တကယ်လိုအပ်ပါတယ်.လက်ပတောင်းကိစ္စမှာပြည်သူ့ဘက်ကရပ်တဲ့ဘုန်းတော်ကြီးတွေကိုကံ၃ပါးနဲ့ပြစ်မှားတဲ့လူတွေ.အဲဒိလူတွေကိုကူလိမ်ပေးနေတဲ့လူတွေ.ကူလိမ်တဲ့လူကိုထောက်ခံနေတဲ့လူတွေအားလုံး
တနေ့တူသောအကျိုးပေးမှာပါပဲ.
လက်ပတောင်းတောင်စဉ်တွေကိုရောင်း
စားနေသူတွေကိုတခုပဲပြောချင်ပါတယ်.သူတို့အမေတွေကိုသူတို့ကိုယ်အလေးချိန်နဲ့ညီမျှတဲ့ငွေတွေ
ပေးပြီးခေါ်သွားမယ်.ပြီးရင်လုပ်ချင်ရာလုပ်မယ်.သတ်ချင်သတ်မယ်လို့ပြောရင်ငွေတွေယူပြီးရောင်းထဲ့
လိုက်မှာပဲလား.လက်ပတောင်းတောင်ဟာဒေသခံ
တွေအတွက်မိခင်ဆိုလည်းဟုတ်ဖခင်ဆိုလည်းဟုတ်
ပါတယ်.ကိုယ်ချင်းစာနိုင်ကြပါစေ.

Thuya said...


stupid attitude !

sawnaung said...

I agree with ko zaw win.this article is 100% true.thank you

Unknown said...

ကျွန်တော်ဟာသာမန် ပညာတတ်ပြည်သူတယောက်ပါ။ လက်ပံတောင်းအစီရင်ခံစာ ကိုလက်မခံနိုင်ပါ။ အမေစုပြောတိုင်းလဲ မျက်စိမှိတ်ပြီး လက်မခံနိုင်ပါ။ ကိုဇော်ဝင်း (၈၈ ကျောင်းသားဟောင်း) ရဲ့ သုံးသပ်ချက်တွေဟာ စဉ်းစားသင့်တဲ့အချက်တွေဖြစ်ပါတယ်။ မျက်စိမှိတ်ပီး ဇွတ်ငြင်းနေရင်တော့အမှန်တရားနဲ့ဝေးနေလီမ့်မယ်။

Unknown said...

ဓမ္မပဒမှာဖတ်ဖူးတယ်။သင်္ကန်းကိုစွဲပြီးပျံလွန်တော်မူတဲ့ ရဟန်းတစ်ပါးအကြောင်းပါ။နောက်ဘ၀မှာအဲဒီသက်န်းမှာ သန်းဖြစ်သွားသတဲ့။လက်ပန်းတောင်ကယ်တင်ရေး အဖွဲ့သားတွေကိုလည်းအယူတိမ်းပြီးနတ်စိမ်းဖြစ်မှာကိုစိုးရိမ်မိပါတယ်။

Unknown said...

ဝမ်ပေါင်မတိုင်ခင် ဟိုးးး အိုင်ဗင်ဟိုးထဲက လုပ်လာတာ အခုမှ ထပြီး သည်တောင်ကြီးမှ မရှိရင်သေရပါတော့မယ်ဆိုတော့ အဲ့အချိန်တွေတုန်းကတော့ အဲ့လူတွေက ဘယ်ဘဝရောက်နေလို့တုံးလို့ ....ကြည့်ရတာနတ်သက်လေးတွေ မကြွေကြသေးလို့ထင်ရဲ့......

Thu said...

ဖြစ်နိုင်ရင် မိသားစုနဲ့ အတူ နေရင်း သားလေးတွေ ကြီးပြင်းလာတာကို ကိုယ်တိုင် မြင်ခွင့်ရချင်ခဲ့ပါတယ် ။ ဒါပေမယ့် မြန်မာပြည်သူတွေနဲ့နေဖို့ ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး နောင်တ ၊ သံသယဆိုတာတွေ
တော့ ကျမမှာ မရှိပါဘူး ။ ( ဒေါ်စု )

knife wafer said...

ကိုဇော်ဝင်း ရဲ.ရေးသားချက်တွေ ဟာ ခေါင်းဆောင်စွဲ
(ပုဂ္ဂိုလ်စွဲ) မထားဘဲ Educated ဖြစ်တဲ. ၊ Sharp ဖြစ်တဲ.
အမှန်တရား မြတ်နိုးသူ မြန်မာနိုင်ငံသား များရဲ. သဘော
ထားကိုကိုယ်စားပြုနေပါတယ် ၊
ဒေါ်စု အနေနဲ.က အကန်.အသတ်တွေ ၊ ဖိအားတွေနဲ. အကျဉ်းအကျပ်ထဲမှာ
အခြေအနေအရ အကောင်းဆုံး ၊ အတတ်နိုင်ဆုံးကို
လုပ်ခဲ.၇တာပါ ၊
ဒါပေမယ်. အမှန်တရား ၊ တရားမျှတမှု နဲ. ကင်းကွာသွား
လို.ပြည်သူတွေ လက်မခံကြတာပါ ၊ .ပြည်သူတွေ ဆိုရာမှာ
လက်ပံတောင်း တောင်ဒေသခံ တွေချည်းမဟုတ် ၊ နိုင်ငံ
အ၀ှမ်းက ပြည်သူများဖြစ်ပါတယ် ။ ။ ။
အစီရင်ခံစာထဲမှာ သံဃာတော်တွေကို ညသန်းခေါင်
မီးတင်ရှို.တာ တာဝန်ရှိသူအမည်၊ ၇ာထူး ဖေါ်ထုတ်ပြီးသားဖြစ်နေရမှာ ပါ ၊ တာဝန်ပေးတဲ.ထဲပါပါ မပါပါ ဖေါ်ထုတ်ရမှာပါ ၊ ဒါဗုဒ္ဓဘာသာနိုင်ငံပါ ၊သံဃာတော်တွေကို
မီးတင်ရှို.တာကို တ၇ားခံဖေါ်ထုတ်ဖို. ဆန္ဒ မရှိလောက်
အောင် ဘယ်အရာတွေက ပြောင်းလဲစေသွားတာပါလဲ ၊
ဒါဟာပြည်သူတွေ အံ.အားသင်.သွား ၊ လေးစား ယုံကြည်မှု လျော.သွားစေတဲ. အဓိက နံပါတ် တစ်
ဖြစ်စေခဲ.ပါတယ် ။
- ဒေါ်စုကိုမျက်စိမှိတ် ထောက်ခံသူတွေတောင်သံဃာတော်တွေကို
မီးတင်ရှို.တဲ. တ၇ားခံမဖေါ်ထုတ် တဲ.ကိစ္စ မှာ ခွေးအ
လှည်းနင်း သလို ဖြစ်ကြရ၇ှာတယ် ။

Unknown said...

ကော်မရှင်က အနာဂတ် ဖြစ်သင့်တဲ့ အကြံဥဏ်
အတိတ်နဲ့ လက်ရှိအမှား တွေဖေါ်ထုတ် ကျန်တာ
ကိုယ်သမိုင်း ကိုယ်ရေး ပြီး ကိုယ်နဲ့ ထိုက်တန်တဲ့
အစိုးရ ရကြမှာပါ အဓိကက ဒေါ်စုပြောပြော ဘယ်သူပြောပြော ကိုယ့်ဥာဏ်နဲ့ စဉ်းစားရမှာပါ
စဉ်စားနိုင်လောက်အောင် ဗဟုသုတရှိဘို့ မြန်မာ့သမိုင်း
ကိုစိတ်ဝင် စားဘို့လိုပါတယ် ဆရာကြီးလုပ်ခြင်း လုံးဝမဟုတ်ပါ မြန်မာ့သမိုင်းဟာ စဉ်းစားနိုင်လျင် အဖြေ
တွေ့ဘို့ ရာခိုင်နှုန်း များပါတယ်

မောင်ပြောချင် said...

ဒေါ်စုကမေးတယ် ဆန္ဒပြတဲ့ရွာသားတွေကို အစီရင်ခံစာဖတ်ပြီးပြီလားတဲ့။ ဟား မဖတ်ရသေးဘူး ဆန္ဒသာပြနေတာ။ စိတ်မပူပါနဲ့ ရွာသားတွေရေ။ဖတ်ပြီးလို့ရှိရင် မင်းတို့လက်ခမောင်းထခတ်လို့ရပြီကွ။မင်းတို့တာဝန်ကျေသွားပြီ။စုံကော် အစီရင်ခံစာမှာဖေါ်ပြထားတဲ့ စုံစမ်းတွေ့ရတာကတော့ မတရားလုပ်ထားတာတွေ၊ပစ်စလက်ခ ဂရုမစိုက်ဘဲ လုပ်ချင်သလိုလုပ်ထားတာတွေ နောက်ဘာဖြစ်ဖြစ်ငါတို့သေပြီးရင်ပြီးရော ဒီမြေဒီရေ ဖြစ်သလိုကျန်ခဲ့ပါစေဆိုတဲ့စိတ်ဓာတ်တွေနဲ့လုပ်ဆောင် ထားတာတွေ။ဈေးပေါပေါနဲ့တိုင်းပြည်ကိုရောင်းစားတာတွေကို တွေ့ရတယ်ကွ။ သူတို့စုံစမ်းတွေ့ရှိတာကို တင်ပြထားတာတွေအရဆိုရင်ချက်ချင်းလက်ငင်းပြေးပြီးစီမံကိန်းကိုရပ်ပစ်ချင်စိတ်တွေပေါ်မိတယ်။ဒါပေမယ့် စီမံကိန်းကိုဆက်လုပ်လို့ရအောင်စုံကော်က နတ်လမ်းညွှန် consultant fees မယူဘဲဒီလိုပြင်ဒီလိုလုပ်ဒီလိုလေးတွေလုပ်ပေးရင် ဆက်လုပ်လို့ရအောင် အခမဲ့ ညွှန်ပြလမ်းကြောင်းပေးထားပါတယ်။တောင်ကြီးကိုထိုင်ကြည့်လွမ်းဆွေးတမ်းတစရာမလိုသလိုထိုက်ထိုက်တန်တန် တိုင်းပြည်အကျိုးရရင်တော့ ဆက်တိုးရမှာပေါ့။ ခုသူတို့ပြောတဲ့တိုင်းပြည်အတွက်အကျိုးအမြတ်တဲ့ ကုန်သွယ်ခွန်ကိုပါမယူထားတဲ့တိုင်းပြည်ရမယ့် % က ၁၀% ပဲရှိတယ်။သင်္ဘောသားတစ်ယောက်တိုင်းပြည်ကိုဆောင်ခဲ့ရဖူးတဲ့အခွန်% လောက်နဲ့တော့ တိုင်းပြည်အကျိုးရှိမယ်လို့လာမပြောပါနဲ့။အလုပ်အကိုင်အခွင့်အလမ်းတဲ့။လက်ပတောင်းစက်မှုတော်လှန်ရေးမှာပါဝင်ရတဲ့ရွာသားလယ်သမားတွေအတွက်လုပ်ငန်းပုံစံပြောင်းလဲရာမှာ ဦးပိုင်နဲ့ဝမ်ပိုင်လုပ်ပေးမှရမယ်ဆိုရင်တော့ နေပါစေတော့အမိနိင်ငံတော်ကြီးရယ်အနစ်နာခံပြီးအလုပ်မရှာပေးပါနဲ့တော့။တိုင်းပြည်အကျိုးအမြတ်အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွန့်သွားမှာစိုးလို့အဆင်ပြေအောင်ဖန်ပြီးဆက်လုပ်ရအောင်ကြံပေးတာဆိုရင်တော့သိပ်မ ကြာသေးခင်ကစကားလေးကိုသတိရပေးပါ။သိပ်အလျင်မလိုကြပါနဲ့စောင့်ကြည့်ရဦးမယ်။ဖြေလျော့တာတွေအကုန်မလုပ်သေးနဲ့ဦး။စီးပွားရေးပိတ်ဆို့မှုဆက်လက်လုပ်ထားရဦးမယ်တဲ့။ဒီလိုစီးပွားရေးပိတိဆို့မှုဒဏ်ကိုကြံ့ကြံ့ခံပြီးအာဏာရှင်စနစ်ကို တိုက်ပွဲဝင်ခဲ့တဲ့ပြည်သူတွေရဲ့သွေးဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွန့်သွားမှာကို တွေးကြောက်နေမယ့် သွေးမျိုးတော့မဟုတ်ဘူး။အရင်အိုင်ဗင်ဟိုးကုမ္ပဏီ တုန်းကလောက်တောင်တိုင်းပြည်အတွက်အကျိုးအမြတ်မရနိုင်တဲ့ခွဲတမ်းနဲ့ကြားလူကတဝကြီးစားသွားမှာကို တိုင်းပြည်ရဲ့အနာဂတ်ကြီးပွားရေးအတွက်ဆက်လုပ်သင့်ပါတယ်လို့ နောင်လာနောက်သားတွေကျိန်ဆဲခံရတဲ့အထဲမပါရအောင်ဆက်လုပ်ပါလို့မပြောချင်ပါ။စာချုပ်ပြန်ချုပ်တဲ့အခါမှာအကျိုးအမြတ်ခွဲဝေမှုက အရမ်းအရေးပါသလို ကာလ ကိုလည်းနှစ်အရှည်ကြီးသိပ်မဖြစ်စေရဖို့လိုသလို အလျော်အစားအတွက်လည်းပြတ်ပြတ်သားသားလုပ်ထားပေးနိုင်ရင်တော့ မြန်မာပြည်သားပဲရှေးရိုးသိပ်မစွဲပါဘူးလုပ်ပေါ့။

Kaung Nyi said...

ကိုဇော်ဝင်းရေ
ခင်ဗျားကြိုက်သလိုရေးနိင်ပါတယ်။
ဒီလောက်ကောင်းတဲ့၊ပြီးပြည်စုံတဲ့အစီ၇င်ခံစာမျိုးဘယ်တုန်းကထွက်ဖူးပါသလဲ။
ဘယ်ခေါင်းဆောင်ကများ(မြန်မာပြည်မှာ)ဒီလိုပြည်သူတွေနဲ့တွေ့ဆုံခဲ့ဖူးပါသလဲ။
ဒေါ်စုကဒီလိုဖြစ်မယ်မှန်းသိပါတယ်။ ဒါပေမဲ့သူမ၀င်ရင် ဒီထက်ဆိုးမယ်။ပြည်သူတွေရော၊တိုင်းပြည်အတွက်ရောဒီထက်နာမယ်ဆိုတာသိသိချည်းနဲက၀င်ခဲ့တာပ
လေ့လာသင်ယူတတ်ရင်၊သင်ယူချင်စိတ်ရှိရင် ဒီဖြစ်စဉ်။ဒီအစီရင်ခံစာပေါ်က အများကြီးရနိုင်ပါတယ်။
ထိပ်တိုက်တွေ့တာတွေ။ပွဲဆူအောင်လုပ်တာတွေ ခေတ်ကုန်ပါပြီ။
တကယ်လုပ်ချင်ရင် ၂၀၀၈ ဖွဲ့စည်းပုံမှာဘာတွေပြင်သင်သလဲဆိုတာ ဖတ်ပါတွေးပါ၊ရေးပါ။
အလိုမရှိဆိုတာနဲ့မရတော့ဘူးနော်။
စာဖတ်ဖို့၊စာတတ်ဖို့လိုတယ်။
ခေါင်းစဉ်ကိုလဲပြောင်းလိုက်ပါဗျာ။



koko lusso said...

in Rangoon University home less dogs are too much because of food can get easy there....He He He ZAW win is one of them. Dont say you are 88 . You are 88 home less dog ,,,,,,it true????

Unknown said...

88 တဲ့ လူအထင်ကြီးမယ် ထင်လို့ တပ်ထားတာထင်တယ် -မင်းကိုနိုင်တို့ အရင်ကတော့ ဘာလဲပေါ့ တော်တော် တော်တဲ့ကောင်တွေလားပေါ့ အထင်ကြီးမိတာ-မနေ့ ကတော့ တနင်္လာနေ့ ဈေးပိတ်ချင်တဲ့ ကိစ္စ တောင် ၀င် အားပေးနေတော့ ဒီကောင်တွေ ဘာကောင်တွေလဲ -----ရူးနေကြဘီလား

ှဲKaung said...

ဒါမျိုး အနှစ်တွေသိထားရမယ် ဖတ်ကိုဖတ်ရမယ့် စာတွေဖြစ်ပါကြောင်း။ ရေးထားတာတွေက သိပ်လေးနက်ပါတယ်။

“ Golden Gateကို ဖွင့်ပေးသူ အောင်ဆန်းသမီး ”

နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ

ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီး
တစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊
နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။
မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး
ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင်
လက်ပန်တောင်းတောင်က ကိစ္စကိုလည်းအားလုံးက ဒီလိုပဲ
“အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ်
ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။”
ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။

အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊
Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ
တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့
“အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့
အကျိုးမြတ်ကို ရရှိနိုင်မှာ” ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့
ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။ ”

- ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
(ကိုထွန်းဝေ ဖေ့ဘွတ်မှ)

bluegyi said...

ကိုဇော်ဝင်းခင်ဗျား ...
အပြုသဘောဆောင်တယ်ဆိုတာ ကောင်းသောစိတ်ထားတဲ့သူများ သာလုပ်နိုင်တယ် ၊ လုပ်တတ်တယ် .. ကိုယ့်ရဲ့အပြုသဘောမဆောင် တတ်တဲ့စိတ်နဲ့ထင်ရာမပြောစေချင်ပါဘူး ..
တိုင်းပြည်အတွက်အရမ်းအနစ်နာခံ၊ အရမ်းအလုပ်လုပ်နေသူကို ဘေးကနေ မကောင်းမြင်တတ်တဲ့စိတ်နဲ့ဘေးထိုင်၊ ဘုပြောနေရာ ရောက်ပါတယ် ...
နေရာရစေလိုတဲ့စိတ်နဲ့အာ ဇာနည်တွေဟာမလုပ်တတ်ပါဘူး .. ပြည်သူတွေကသာတိုင်းပြည်ရှေ့ကိုအမြန်ထိုးတင်ပေးနိုင်မယ့်သူ့ကိုနေရာပေးနေခြင်းဖြစ်ပါတယ် ... OK ခင်ဗျားပြောနိုင်တယ် .. ဒေါ်စုဟိုတလောကသမ္မတလုပ်ချင်ကြောင်း ၊ ဘာကြောင့်သူပြောခဲ့ ရတယ်ဆိုတာ အတွေးအခေါ်ရှိတဲ့သူ၊ အသိညာဏ်ရှိသူတိုင်းသိပါ တယ် ... သူမအသက် ၆၇ ကျော်ပါပြီ .. သူမရဲ့နောက်ဆုံးမီးစာမ ကုန်ခင်လေးမှာ တိုင်းပြည်ကို အရှိန်နဲ့တွန်းတင်ပေးခဲ့ချင်လို့ပါ .. တန်ဘိုးအရမ်းကြီးတဲ့ပတ္တမြားကို နားမလည်တတ်ပဲ ဇယ်ခုတ်တာလောက်ပဲသိတဲ့ မြန်မာပြည်ကခင်ဗျားတို့လိုလူတွေ အရင်ကများခဲ့လို့ ပြန်စဉ်းစားကြည့်လိုက် .. မသုံးလိုက်ရပဲပျောက် ပျက်သွားတာတွေ.. (ကနောင်မင်းသားကြီး၊ ဗိုလ်ချုပ်အောင်ဆန်း ... )

Unknown said...

ဒီမယ်မောင်ရင်ဇေိာဝင်း မောင်ရင်တို့ ၈၈ ဆိုတဲ့ကောင်တွေဟာ အားအားနေတိုင်းပြည် ကို ဘယ်လိုကယ်တင်ရမယ်ဆိုတာကိုလည်း မကြိုးစားသူတပါးကြိုးစားတော့လည်းဝေဖန်
ဘာအတွက်လဲဘယ်သူ့အတွက်လဲ မောင်ရင် တို့ထောင်ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက်ထောင် ကျတာကိုတိုင်းပြည်အတွက် ငါတို့တော်တော်ပေးဆပ်ခဲ့ပြီးလို့ထင်နေလား နားထောင်မောင်ရင်ဒေါ်စုမှားလားမှန်လားဆိုတာ အစီရင်ခံစာဖတ်တဲ့ပြည်သူတွေက ဆုံးဖြတ်လိမ့် မယ် သူများကိုပြောချင်ကိုယ်ကိုကိုယ်ပြန်ကြည့် ပြီးရင်လေးတယ်ကွာလို့ပြောနိုင်အောင်အရင် ကြိုးစားကြည့်လိုက်။ နားလည်လားဦးနှောက် မရှိတဲ့လူ့ကန့်လန့်တွေ။

Unknown said...

(တခြားတဘက်မှာ ပြည်သူတွေနဲ့ စိတ်ဝမ်းကွဲရပြီ။ ထိုက်တန်ရဲ့လား။ )
စိတ်ဝမ်းကွဲပြီလို့..ခင်ဗျားကိုဘယ်သူပြောလို့တုန်း..

Unknown said...

လက်ပတောင်းကိုသေဒဏ်ပေးသလို 88 တွေကိုလဲသေဒဏ်ပေးလိုက်သလိုဘဲ
ခုမှ အလကားကောင် ၀ါးတာတားတွေမှန်း
ပြည်သူတွေသိကုန်တာပေါ့ ဇော်ဝင်းရ

kyawthusukyi said...

မှန်လိုက်တာ

yarzar said...

သနားစရာကောင်းလိုက်တဲ့ဒေါ်စုနောက်လိုက်တွေ..
ဆဲဖို့နဲ့အပနာပပြောဖို့လောက်ပဲရေးတတ်တာပါလား.ကိုဇော်ဝင်းလိုဆောင်းပါးမျိုးရေးပြီးသေချာပြန်ချေပ
တတ်ရင်ဆောင်းပါးလေးဘာလေးရေးကြပါ.စာတွေ
ဘယ်လောက်ဖတ်ထားလဲသိရတာပေါ့..၈၈တွေက
သူတို့ထမင်းသူတို့စားပြီးပြည်သူဘက်ကရပ်တာနော်.
သမ္မတဖြစ်ချင်လို့ဦးပိုင်နဲ့တရုတ်ကိုတောင်တွေထိုးကျွေး
တာမဟုတ်ဖူး.ခင်ဗျားတို့ပြောသလိုပြန်ပြောရဦးမယ်.
ဒေါ်စုကိုမထောက်ခံတဲ့လူတွေကိုချည်းအပြစ်တင်တဲ့commentလေးရေးတတ်ရုံမဟုတ်ပဲ.ုံတရုတ်တွေအကြောင်းဗဟုသုတလေးရအောင်လည်းလေ့လာလိုက်ကြပါဦး.

Unknown said...

88 ဇော်ဝင်းရေ
၁။ဗုံးခွဲတဲ့သူကိုအရေးယူချင်ရင် ဥပဒေနဲ့အရေးယူရမယ်။လက်ရှိဥပဒေက ပါမစ်ရမှ ဆန္ဒပြလို့ရပါတယ်။ကျမ အဲဒီညက မုံရွာကိုရောက်နေတာပါ။ရဲတွေက သပိတ်စခန်းတွေကို သိမ်းခိုင်းနေတာကြာပါပြီ။ဒါပေမဲ့ ပြည်သူကမသိမ်းဘူး။ဒါဆိုပြည်သူဘက်ကစပြီး ဥပဒေချိုးဖောက်တာဖြစ်သွားပါပြီ။ပါမစ်ရမှ လုပ်လို့ရတဲ့ ဥပဒေကို ပြင်မှ ဒါကို အရေးယူလို့ရမှာပါ။
၂။သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ဆိုရင် ဘာတွေလုပ်ရမလဲ မပြောဘူးတဲ့။စာချုပ်သစ်ပြန်လည်ချုပ်ဆိုဖို့ အကြံပြုထားပါတယ်။လက်ရှိ စာချုပ်ဟာ ပြည့်ပြည့်စုံစုံမပါတဲ့အတွက် အခုစာချုပ်ပြင်ရင် အများကြီးလုပ်ရမှာပါ။ဒါကို အခုအစီရင်ခံစာမှာ ဘယ်လိုလုပ်ဘာလုပ်ပါမယ်ဆိုတာဖော်ပြလို့ပြီးမှာတဲ့လား။
၃။ဒီအစီရင်ခံစာမှာ ဦးပိုင်ဖက်ကနစ်နာစရာတွေရော လူထုဘက်ကနစ်နာစရာတွေကိုပါ ဖော်ပြထားပါတယ်။
၎။နိုင်ငံအကျိုးစီးပွား ဆိုတာ ပြည်သူ့အကျိုးနဲ့ ကိုင်းကျွှန်းမှီနေပါတယ်။စာရေးသူသဘောက ဦးပိုင်ဘဲရမှာဘဲ ဒီဒေသကလူတွေတော့မချမ်းသာနိုင်ပါဘူးလို့ဆိုလိုတယ်ထင်ပါတယ်။ဒါကွန်မြူနစ်ဆန်တဲ့ အတွေးအခေါ်ပါ။အားလုံး ချမ်းသာဖို့တော့ဘယ်ဖြစ်နိုင်မလဲ။ဒါပေမဲ့ ဦးပိုင်လဲ နိုင်ငံသားတွေပါ။
၅။ဆက်လုပ်မဲ့သူတွေက ဘယ်သူတွေဘဲဖြစ်ပါစေ ဦးပိုင်နဲ့ဝမ်ပေါင်က အစီရင်ခံစာအတိုင်းလိုက်နာပါမယ်လို့ဆိုထားတော့ ဒီအစီရင်ခံစာထဲကအတိုင်းလုပ်ရင် ဒေသနေလူထုအကျိုးတွေချည်းပါ။ဘယ်အဖွဲ့အစည်းမှာဘဲဖြစ်ဖြစ် ခေါင်းဆောင်က decision ဘဲချတာပါ။လုပ်ဆောင်တာက သူ့နောက်လိုက်တွေပါ။ဘယ်သူတွေလုပ်မှာမို့လို့ဆိုပြီး စိတ်ပူဖို့မလိုဘဲ အစီရင်ခံစာအတိုင်းလုပ်ဖို့ကိုဘဲ စိတ်ပူပါ။
၆။ဒီအစီရင်ခံစာဟာတော်တော်ပြည့်စုံပါတယ်။ဘက်ပေါင်းစုံကနေ လက်ရှိ နိုင်ငံရဲ့ဥပဒေ အောက်မှာ အတတ်နိုင်ဆုံးလုပ်သွားတာပါ။
၇။မကြိုက်ရင် ဥပဒေကို အရင်ပြင်ဖို့လိုပါတယ်။
၈။စာရေးသူအနေနဲ့ အစီရင်ခံစာကို ပြန်ဖတ်ကြည့်သင့်တယ်ထင်တယ်။သေချာဖတ်မထားဘူးလို့ထင်ပါတယ်။
၉။တောင်ကြီးတစ်တောင်ဖြစ်ဖို့ကြာပါတယ်။ဆိုတော့ တောတောင်တွေကာကွယ်တဲ့ ဥပဒေ တွေပေါ်လာဖို့လိုပါတယ်။ကျမတို့ ခံစာချက်တွေထက် professional ကျကျ အလုပ်လုပ်တတ်ဖို့လိုပါတယ်။
၁၀။အဓိက က ကောင်းမွန်တဲ့ ဥပဒေတွေပေါ်လာဖို့လိုပါတယ်။ဒါအတွက်ပဲ ကြိုးစားပါလို့ အကြံပြုချင်ပါတယ်။