Friday, March 1, 2013
မလက်တိုကျေးရွာ ရဲနဲ့လယ်သမား အဓိကရုဏ်း (ရုပ်သံ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
11:54 AM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
Posted by
ဒေါက်တာလွဏ်းဆွေ
at
11:54 AM
Labels: ဗွီဒီယိုမှတ်တမ်း
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
1 comment:
အင်တာနက်ခေတ်ကြီးမှာ ဒီရဲမှူးကြီးက အရင်ခေတ်လို ဗြောင်လိမ်၊ ဗြောင်စား၊ ဟောက်စားလုပ်လို့ မရတော့ဘူးဆိုတာ သိပုံမရဘူး။ တောင်သူလယ်သမားတွေက စက်ရုံ၊ အလုပ်ရုံတွေကို ဖျက်ဆီးနေတာလည်းမဟုတ်.. နိုင်ငံတော်ကို ပုန်ကန်နေတာလည်းမဟုတ်၊ နိုင်ငံတော်ပုန်ကန်သူတွေကိုတောင် အမျိုးသားသင့်မြတ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှု ဦးစားပေးနေချိန်ပါ။ သူတို့ခမြာ လယ်လုပ်ချင်လို့၊ စိုက်ပျိုးရေးလုပ်ချင်လို့ ကိုယ့်ရဲ့ဓါးမဦးချ မြေတွေကို ပြင်မလို့လုပ်တာကို ညှိနှိုင်းမရလို့ဆိုပြီး ပုဒ်မ၁၄၄ထုတ် အကြမ်းဖက်နည်းနဲ့ နှိမ်နင်းဖို့ အမိန့်ပေးတာကိုက အင်မတန်လွဲလွန်းနေတာပါ။ ကြားလို့ကို မကောင်းပါဘူး။ သူတို့က စတင်အကြမ်းဖက်နှိပ်ကွပ်ခဲ့တာကို သူတို့ကိုလာအကြမ်းဖက်လို့ပဲ ကာကွယ်ရတဲ့ပုံမျိုး ပုဒ်မတွေ တသီတတန်းကြီးရွတ်ပြီး ပြောနေပေမယ့် သူတို့ရဲ့ ပြည်သူအပေါ် အကြမ်းဖက်မှုတွေ ရုပ်ရော၊ အသံပါ ကမ္ဘာကမြင်တွေ့နေကြတာကို မသိရှာလို့လား။
ကိုယ့်နိုင်ငံသမ္မတကြီးက နိုင်ငံတကာကို မျက်နှာထွက်ပြ အမှတ်ယူနေချိန်မှာ ပြည်တွင်းမှာက ဒီအခိုက်တံ့လေးမှာတောင် ပြဿနာ အခြေအနေကို အေးချမ်းအောင်မကိုင်တွယ်နိုင်ပဲ ရုပ်ဆိုးအကျည်းတန်စွာ အကြမ်းဖက်နှိမ်နင်းခိုင်းတဲ့ တာဝန်ရှိသူတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို အံ့သြမိပါတယ်။ ဒါဟာ ကမ္ဘာကို မျက်နှာလှည့်ပြနေတဲ့ သမ္မတဦးသိန်းစိန်ရဲ့မျက်နှာကို ခွေးချေးသုပ်လိမ်းတဲ့ ဦးဏှောက်မရှိတဲ့ အာဏာပိုင် တစ်ချို့ရဲ့ အမိန့်လုပ်ရပ်တွေပါ။ အခုတော့ ကမ္ဘာ့အလယ်မှာ အရှက်ရစရာ ဖြစ်ရပြီ။
Post a Comment