Sunday, February 3, 2013

ငြိမ်းချမ်းရေး ရရှိဖို့အတွက် လမ်းလျှောက်သူများ နေပြည်တော် ရောက်ရှိ

ငြိမ်းချမ်းရေး ရရှိဖို့အတွက် လမ်းလျှောက်သူများ နေပြည်တော် ရောက်ရှိ
RFA ၊ 2013-02-02

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အထိ လမ်းလျှောက်တဲ့အဖွဲ့ဟာ ဒီကနေ့ဆိုရင် နေပြည်တော်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့ ခရီးစဉ်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်က နှောင့်ယှက်တာတွေ ရှိခဲ့ပေမယ့် စစ်ပွဲဖြစ်နေတဲ့ လိုင်ဇာအထိ ရောက်အောင်သွားပြီး ငြိမ်းချမ်းရေးအလံ စိုက်ထူမယ်လို့ လမ်းလျှောက်ရာမှာပါဝင်တဲ့ ဦးမောင်စန်းက RFA ကို အခုလိုပြောပါတယ်။

"စစ်ပွဲဖြစ်နေတဲ့ နေရာတွေမှာ ငြိမ်းချမ်းသွားဖို့အတွက် ပြည်သူလူထုမှာ တာဝန်ရှိတယ်၊ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ယူဆတာကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ လိုင်ဇာမြို့အထိ လမ်းလျှောက်ပြီး ငြိမ်းချမ်းရေးအလံတိုင်ကို စိုက်ထူမယ်"

ရန်ကုန်မြို့က စတင်ထွက်ခွာလာတာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိတဲ့အထိ ၁၃ ရက် ကြာမြင့်ခဲ့ပြီး ခရီးစဉ်တလျှောက်ရရှိခဲ့တဲ့ အလှူငွေ ၄၉ သိန်းနဲ့ အဝတ်အထည်၊ ဆေးဝါးအားလုံးကို ကချင်စစ်ဘေးသင့်ပြည်သူတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

အဲဒီ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတွေဟာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ နန်းအောကျေးရွာမှာ ဒီကနေ့ ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။

7 comments:

မောင်ပြောချင် said...

ရန်ကုန်က စလျှောက်သူတွေ ဘယ်နှစ်ယောက်ကျန်သေးသလဲ။တောက်လျှောက် လျှောက်တဲ့သူပဲပြောတာနော်။ကားစီးလိုက်လျှောက်လိုက်သမားတွေမပါဘူးနော်။သတင်းတင်ရင်လည်းပြည့်ပြည့်စုံစုံနဲ့ ဖြစ်နိုင်ချေရှိတာတင်ကွာ။

Anonymous said...

ငြိမ်းချမ်းရေးရဖို့အတွက်လမ်းလျှောက်သူများလို့ ခေါင်းစဉ်မတပ်ပါနဲ့
"လုပ်စားဖို့နာမည်တလုံးရ ရေးအတွက် လမ်းလျှောက်သူများ"
"အလုပ်မရှိအကိုင် မရှိ၍လမ်းလျှောက်သူများ"
"ဂွင် ဖန် ရန်လမ်းလျှောက်သူများ"အဲဒီလို တပ်ပါ
အခုလမ်းလျှောက်တဲ့လုပ် ရပ်က ကချင်ငြိမ်းချမ်းရေးအတွက်တစက်
မှအ ထောက်အကူမဖြစ်ဘူးဆိုတာလူလိုဦးနှောက် ရှိရင် သိတယ်။
ကချင် ငြိမ်းချမ်းရေးလို့ခေါင်းစဉ်တပ်ပြီး နားမလည်တဲ့လူတွေရဲ့
ထောက်ခံမှုရ အောင် လုပ်စားဖို့နာမည် ရ အောင် လုပ်တဲ့
အလုပ်လက်မဲ့ဝေ လေ လေ တစုရဲ့ ဂွင် ပါကွာ။

Anonymous said...

အချိန်တန် ရင် အဖြူအမဲသဲကွဲသွားမှာပါ

Unknown said...

လူ တိုင်း ရဲ့ ကိုယ်ပိုင် ဆန္ဒ အခွင့်အရေး ပါ အလျှင်စလို ဝေဖန်မှုအပြုချင်ပါ

kyawthusukyi said...

အင်း ... တိုင်းပြည်မှာနာမည်ကြီးချင်သူတွေ အာဏာရူးသူတွေ
နေရာယူချင်သူတွေများမှများ ဟန်ဆောင်ကောင်းလုပ်မစား ကြပါနဲ့

win said...

ဟုတ်တယ်
အဓိပ္ပာယ် မရှိတာတွေ လုပ်တဲ့သူကလုပ်တယ်
ရေးတင်တဲ့သူကလဲတင်တယ်
ထူးတာတော့ မဖြစ်နိုင်ဘူး

abcmgmg said...

ငြိမ်းချမ်းရေးရဖို့အတွက်လမ်းလျှောက်သူများလို့ ခေါင်းစဉ်မတပ်ပါနဲ့
"လုပ်စားဖို့နာမည်တလုံးရ ရေးအတွက် လမ်းလျှောက်သူများ"
"အလုပ်မရှိအကိုင် မရှိ၍လမ်းလျှောက်သူများ"
"ဂွင် ဖန် ရန်လမ်းလျှောက်သူများ"အဲဒီလို တပ်ပါ
အခုလမ်းလျှောက်တဲ့လုပ် ရပ်က ကချင်ငြိမ်းချမ်းရေးအတွက်တစက်
မှအ ထောက်အကူမဖြစ်ဘူးဆိုတာလူလိုဦးနှောက် ရှိရင် သိတယ်။
ကချင် ငြိမ်းချမ်းရေးလို့ခေါင်းစဉ်တပ်ပြီး နားမလည်တဲ့လူတွေရဲ့
ထောက်ခံမှုရ အောင် လုပ်စားဖို့နာမည် ရ အောင် လုပ်တဲ့
အလုပ်လက်မဲ့ဝေ လေ လေ တစုရဲ့ ဂွင် ပါကွာ။

Agreed!!! Absolutely Right!!!